Author: Editor

ချင်းပြည်နယ် မတူပီမြို့ ခရိုင်ရုံးနှင့် ငလိုင်ရွာအကြားတွင် စက်တင်ဘာလ ၂၅ ရက် ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ၄ ဦးဆုံးသေဆုံးခဲ့ကြောင်း CDF-Matupi က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာ ၂၄ ရက်နေ့က မတူပီ-ဟားခါးလမ်းဘက်သို့ ခြေလျင်စစ်ကြောင်းဖြင့် နယ်မြေရှင်းလင်းရေးပြုလုပ်လာရာတွင် ခရိုင်ရုံးနှင့် ငလိုင်ရွာကြားတွင် ယနေ့မနက်ပိုင်း ၈ နာရီမှ ၁၁ နာရီခန့်အထိ CDF-Matupi တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်သား ၄ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။ CDF-Matupi တပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Read More

မတူပီအခြေစိုက် ခလရ (၁၄၀) တပ်ရင်းမှ ​မတူပီ-ဟားခါးလမ်းဖက်ကို နယ်မြေရှင်းလင်းရေးပြုလုပ်လာသော စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ ယနေ့ မနက် (၇:ဝ၀) နာရီခန့်တွင် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဖက်မှ (၃) ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupi သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် CDF- Matupi ဖက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ပြီး မိဘပြည်သူများအနေဖြင့် မတူပီ-ဟားခါးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန် အသိပေးအပ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာပန်းချီပြပွဲ (International Art Exhibition) တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားလည်း ပါဝင်ပြသထားသည်ဟု သိရသည်။ “Love Revolution” ဟု အမည်ပေးထားသော ယင်းနိုင်ငံတကာပန်းချီပြပွဲကို အိုင်ဇောလ်မြို့ မီလီနီယမ်ကုန်တိုက်တွင် စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး စက်တင်ဘာလ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ပြသထားမည်ဟု သိရသည်။ ယင်းပန်းချီပြပွဲတွင် ချင်းအမျိုးသားတစ်ဦး C. Puia မှ ရေးဆွဲထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပန်းချီကားအပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက ပန်းချီကားများ ပါဝင်ပြသထားကြသည်။ နိုင်ငံတကာပန်းချီပြပွဲကို Lalhmingmawii (Amoii) မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်က နာမည်ကြီး ပန်းချီအနုပညာရှင်များဖြစ်ကြသော Tlangrokhuma, Buta, Lalbiaklara, Rohnuna တို့အပါအဝင် အိန္ဒိယနိုင်ငံမှ ပန်းချီဆရာ ၇၂ ဦးနှင့် နိုင်ငံတကာမှ ပန်းချီဆရာ ၅၀ ဦးတို့၏ အနုပညာလက်ရာများကို ခင်းကျင်းပြသခဲ့ကြသည်ဟု သိရသည်။

Read More

မီဇိုရမ်ပြည်နယ်တောင်ပိုင်း ဆိုင်ဟား (Siaha) ခရိုင်တွင် မြန်မာနိုင်ငံသား ၅ ဦးပါအဝင် လူ ၇ ဦးထံမှ စစ်သုံးပစ္စည်များနှင့် စပ်ဆိုင်သော ပစ္စည်းအမြောက်အများကို စက်တင်ဘာလ ၂၁ ရက်နေ့က အာသံရိုင်ဖယ်တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ လေသေနတ်၊ လေသေနတ် ကျည်ဆန်များ၊ တိုက်ခိုက်ရေး ယူနီဖောင်းများ၊ ရေဒီယို ဝတ်စုံများ၊ နည်းဗျူဟာ အင်္ကျီများ၊ နည်းဗျူဟာ လက်အိတ်များနှင့် ဖိနပ်များ အပါအဝင် ရူပီး ၁၆ သိန်းဝန်းကျင် တန်ဖိုးရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး Mahendra Rawat က ပြောဆိုကြောင်း အိန္ဒိယအခြေစိုက် Indo-Asian News Service (IANS) သတင်းဌာနကဖော်ပြသည်။ အဆိုပါပစ္စည်းများနှင့်အတူ မြန်မာနိုင်ငံသား ငါးဦးနှင့် အိန္ဒိယနိုင်ငံသား ၂ ဦးကိုလည်း ဖမ်းဆီးထားသည်ဟုဆိုသည်။ အာသံရိုင်ဖယ်တပ်နှင့် မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆိုင်ဟားခရိုင်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် Niawtlang အနီးတွင် ယာဉ်နှစ်စီးကို စစ်ဆေးရာတွင် အဆိုပါပစ္စည်းများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။ သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား ဆက်လက်စုံစမ်းစစ်ဆေးရန်နှင့် တရားဥပဒေအရ အရေးယူရန် ဆိုင်ဟားရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ၅၁၀ ကီလိုမီတာအကွာဝေးရှိသော ခြံစည်းရိုးခတ်ထားခြင်းမရှိသည့် နယ်စပ်လမ်း ကြောင်းမှမဆင့် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများ၊ ရွှေများ၊ ထူးခြားဆန်းပြားသော တိရစ္ဆာန်များ၊ ဆေးရွက်ကြီးထွက်ပစ္စည်းမျိုးစုံနှင့် အခြား မှောင်ခိုကုန်ကူးမှုများစွာကို မကြာခဏဖြစ်ပွားလေ့ရှိသည်ဟု IANS သတင်းစာတွင် ဖော်ပြထားသည်။

Read More

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့နယ်တွင် ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အိုင်ဇောလ်မြို့နယ် Tuirial ကျေးရွာတွင် စက်တင်ဘာလ ၂၀ ရက်နေ့က အသက် ၃၂ နှစ်အရွယ် Van Cung Bia ထံမှ ဘိန်းဖြူ ၂၀၂ ဂရမ်ဖမ်းဆီးခဲ့သည်ဟု သိရသည်။ ၎င်းသည် စစ်ကိုင်းတိုင်း ကလေးမြို့နယ် Haikhawl-Tuingo ကျေးရွာ တွင်နေထိုင်သူ ဖြစ်သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း Tuirial ကျေးရွာတွင် အသက် ၃၂ အရွယ် Thasui နှင့် အသက် ၂၅ နှစ်အရွယ် Duhneimawi ထံမှ ဘိန်းဖြူ ၁၄၇ ဂရမ်ကို ဖမ်းဆီးရမိသည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးသည် ကလေးမြို့ တာဟန်း (C, B) ရပ်ကွက်တွင် နေထိုင်သူများဟုသိရသည်။ Thasui နှင့် Duhneimawi တို့နှစ်ဦးသည် မိမိကိုယ်ကိုယ် စစ်ဘေးရှောင်များဟု ပြောဆိုကြကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ်တွင် မူူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနနှင့် မီဇိုးလူငယ်အသင်းမှဖွဲ့စည်းထားသော Central Anti-Drugs Squad (CADS) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အရှိန်မြင့်တင်လျှက်ရှိရာတွင် စက်တင်ဘာလ ၁၀ ရက်မှ ၂၁ ရက်နေ့အတွင်း ဘိန်းဖြူ တစ်ကီလိုကျော် ဖမ်းဆီးရမိသည်ဟု သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်သည်။ Chinland Defense Force-Kanpetlet တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့ကစ၍ ၎င်း၏ ထိန်းချုပ်နယ်မြေ နယ်စပ်နေရာများသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ၄ နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး အလောင်း ၃ လောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုဟ်ပေးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့ကဆိုသည်။ တိုက်ပွဲအပြီး နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် MA ကျည် – ၂၀၁ တောင့်၊ 40mm – ၃လုံး၊ ကျည်ကာ-တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Kanpetlet က ထုတ်ပြန်ထားသည်။ အလားတူ မင်းတပ်မြို့တွင်လည်း စက်တင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ/မရှိကိုမူ မသိရသေးကြောင်း CDF-Mindat က ထုတ်ပြန်သည်။

Read More

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ပြည့်ဖြိုးဇင်၊ (တသ၊ လ-၂၆၆၇၂၉) သည် လက်နက်နှင့်အတူ CDF-Kanpetlet တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ ရဲတပ်သား ပြည့်ဖြိုးဇင်အနေဖြင့် အလင်းဝင်လိုကြောင်း ဆက်သွယ်ခဲ့ရာ သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့သည်ဟု CDF-Kanpetlet အဖွဲ့က ယနေ့ထုတ်ပြန်သည်။ CDF-Kanpetlet အနေဖြင့် ၎င်းကို ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ငွေကို ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။ ပြည်သူနှင့်ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကိုမဆို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်း CDF-Kanpetlet က ထုတ်ပြန်ထားသည်။ ရဲတပ်သား ပြည့်ဖြိုးဇင်နှင့်အတူပါလာသော လက်နက်များမှာ -(၁) G3 (၁) လက်(၂) M16 (၁) လက်(၃) G3 ကျည်ဘောက် (၃) ခု(၄) M16 ကျည်ဘောက် (၂) ခု(၅) 7.62 ကျည် (၁၁၀) တောင့်(၆) 9mm ကျည် (၅) တောင့်(၇) ကျည်ကာ (၁) ထည် ဖြစ်ပါသည်။

Read More

ထန်တလန်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဦးဆောင်မှုဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲလုပ်ငန်းသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ကို ထန်တလန်မြို့နယ် တစ်နေရာရှိ သင်တန်းကွင်းတွင် စက်တင်ဘာလ (၅) ရက်မှ စက်တင်ဘာလ (၂၀) ရက်နေ့အထိ သင်တန်းပေးပို့ချခဲ့သည်ဟု သိရသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား ၅၆ ဦးတက်ရောက်ခဲ့ပြီး ကရာတေး (karate)၊ အခြေခံရဲလုပ်ငန်း၊ ဥပေဒ ၊အမှုစစ်နည်းများကို သင်ကြားပို့ချကာ သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကိုလည်း သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။ သင်တန်းပြီးမြောက်ပြီးသော ရဲတပ်ဖွဲ့များအနေဖြင့် ရဲတပ်ဖွဲ့၏ ရည်မှန်းချက်အတိုင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို CDF-Thantlang စိုးမိုးနယ်မြေရှိရွာများတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တရားဥပဒေနှင့်အညီ လုပ်ငန်းတာဝန််အသီးသီး ထမ်းဆောင်သွားကြမည်ဟု ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယနေ့ထုတ်ပြန်သည်။

Read More

အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တက္ကသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို ချင်းရေးရာအဖွဲ့ချုပ် (ICA) နင့် မီဇိုရမ်တက္ကသိုလ် (MZU) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စတင်သင်ကြားနိုင်တော့မည်ဟု သိရသည်။ မီဇိုရမ်တက္ကိသိုလ်တွင် မြန်မာဘာသာရပ်သင်ကြားမှုကို လာမည့်အောက်တိုဘာလမှ စတင်မည်ဖြစ်ပြီး မြန်မာဘာသာ ရပ်ဒီပလိုမာနှင့် Communication Skill တို့ သင်ကြားပေးမည်ဟု ICA နှင့် MZU တို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Mizoram University မှ ပါမောက္ခတစ်ဦးဖြစ်သော Prof. Lalnilawma က “ကျနော်တို့အဓိကရည်ရွယ်ချက်ကေတာ့ တက္ကသိုလ်ကျောင်းသားတွေအပြင် အခြားသော ဌာနဆိုင်ရာသီးသီးက သင်ယူချင်တဲ့သူတွေအတွက်ဖြစ်ပါတယ်၊ သင်ကြားချင်တဲ့သူတိုင်း စရင်းသွင်းပေးသွင်းနိုင်ပါတယ်။ မြန်မာဘာသာရပ်သင်ကြားပေးမယ့် သူကရှိပြီးဖြ စ်ပါတယ် သူကသင်ကြားပေးပါလိမ့်မယ်၊ ဒီလို မြန်မာဘာသာစကား တတ်မြောက်ထားခြင်းအားဖြင့် နယ်စပ်ကုန်သွယ်ရေး အခန်းကဏ္ဍမှာဖြစ်ဖြစ်၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံလည်း ပြန်ကောင်းလာပြီဆိုရင် အစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO မှာလုပ်တဲ့ အခါမှာဖြစ်ဖြစ် မြန်မာစာတတ်မြောက်ထားရင် အလုပ်ကိုင်အခွင့်အလမ်းတွေရှိလာနိုင်တယ် ဒါကြောင့် နိုင်ငံတကာဆက်ဆံ ရေးမှာဖြစ်ဖြစ် တခြားစီမံကိန်းလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မြန်မာဘာသာရပ်ကို တတ်မြောက်ထားရင်ကောင်းမယ်ဆိုပြီး ခုလိုစီစဉ်ရတာဖြစ်တယ်” ဟု ခိုနူမ်းသုန်ကိုပြောသည်။ မြန်မာစာပေသင်ကြားပေမည့် ဆရာမမှာ မြန်မာစာဘာသာရပ်ဖြင့် Ph.D ဘွဲ့ရရှိထားသူ Dr. Elis Thangi ဖြစ်ပြီး မြန်မာဘာသာနင့် မီဇိုးဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ အဆိုပါတက္ကသိုလ်တွင် ကျောင်းသူ/ကျောင်းသားများအနေဖြင့် မြန်မာအက္ခရာ၊ ဝေါဟာရ၊ သဒ္ဒါဖွဲ့စည်းပုံနှင့် စကားပြော၊ စကားပြေအရေးအသားတို့ကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု သိရသည်။ ယင်းသင်တန်းတွင် Semester နှစ်ခုရှိပြီး၊ သင်ကြားမည့်ကာလသည် ၁၀ လကြာမြင့်မည်ဖြစ်ကာ နာရီပေါင်း ၁၂၀…

Read More

ဒီသတင်းအမှာကို GT Golden Triangle ဆိုတဲ့ Facebook Account ကနေပြီး “မိုင်တိုင် (၃၄/၃၅) အနီးရောက်ရှိနေတဲ့ AA အဖွဲ့များက စစ်ရေးအခြေအနေမဟန်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ဆုတ်ခွာထွက်ပြေးနေကြောင်း နယ်စပ်သတင်းများအရ သိရတယ်။ ဉီးဆောင်ထွက်ပြေးသူများထဲမှ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ခေါင်းဆောင်ရဲ့ ပြောစကားများအရ ကျည်ဆံမရှိတော့တဲ့အတွက် ပြန်လည်ဆုတ်ခွာထွက်ပြေးလာတာဖြစ်တယ်လို့” လို့ ရေးသားထားပါတယ်။ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီများကြား တိုက်ပွားဆက်တိုက်ဆိုသလိုဖြစ်ပွားနေတာဖြစ်ပါတယ်။ ချင်းပြည်နယ် ပလက်၀မြို့နယ် အေအေတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီး၊ ရဟတ်ယာဉ် ၂ စီးနဲ့ ၁၁ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) သတင်းနှင့်ပြန်ကြားရေးက စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။ ပလက်ဝနှမဒါကျေးရွာက အေအေတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာမှာ အခုဆို ၇ ကြိမ်မြောက် ရှိပြီဖြစ်ပေမဲ့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်တွေက ကြံ့ကြံ့ခံတိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ ပြီးခဲ့တဲ့လကစလို့ တကျော့ပြန်တိုက်ပွဲ တွေ ဖြစ်ပွားနေပြီး အေအေက မောင်တောမြို့နယ်မှာရှိတဲ့ တပ်စခန်းတချို့ကို တိုက်ခိုက်သိမ်းပိုက်ထားသလို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာလည်း ရှိလာနေပါတယ်။ ရခိုင်ပြည်နယ်အတွင်း အရင်ကတည်းက နေရပ်စွန့်ခွာပြီး အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၈၀,၀၀၀ လောက်ရှိပြီး အခုလို တကျော့ပြန်တိုက်ပွဲတွေ…

Read More