Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မူးယစ်ဆေး၀ါးနှင့် တရားမ၀င်လုပ်ငန်းတွင် ပါ၀င်ပတ်သက်ခြင်းမပြုရန် ချင်းပြည်သူများကို CNF တိုက်တွန်း

မူးယစ်ဆေး၀ါးနှင့် တရားမ၀င်လုပ်ငန်းတွင် ပါ၀င်ပတ်သက်ခြင်းမပြုရန် ချင်းပြည်သူများကို CNF တိုက်တွန်း

0
By Editor on July 19, 2023 Khonumthung

(05MK)

အိမ်နီးချင်းနိုင်ငံသို့ရောက်ရှိနေကြသော ချင်းလူမျိုးများအဖြင့် မိမိတို့နေထိုင်ရာနိုင်ငံအတွက် အနှောက်အယှက်ဖြစ်စေမည့် မူးယစ်ဆေး၀◌ါးနှင့် တရားမ၀င်လုပ်ငန်းများတွင် ပါ၀င်ပတ်သက်ခြင်းမပြုကြရန် ချင်းအမျိုးသားတပ်ဦး CNF က တိုက် တွန်းသည်။

ချင်းအမျိုသားတပ်ဦး CNF က အိမ်နီးချင်းနိုင်ငံများနှင့်ပတ်သက်သော သဘောထား ပေါ်လစီကို ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် ချင်းပြည်သူများအပေါ် ထိုကဲ့သို့ တိုက်တွန်းဖော်ြပခဲ့ခြင်းဖြစ်သည်။

ချင်းပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိနေကြသော နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာများတွင် ပါ၀င်စွပ်ဖက်ခြင်းမပြုကြရန်၊ တရားမ၀င်သောနည်းလမ်းဖြင့် နိုင်ငံသားအသိမှတ်ပြုကဒ်များ ရယူခြင်များကိုလည်း မပြုလုပ်ကြရန် ချင်းအမျိုးသား တပ်ဦးကဆိုသည်။

ထို့အပြင် တရားဉပဒစိုးမိုးရေးကို ထိခိုက်စေနိုင်သော လုပ်ငန်းများတွင်ပါ၀င်ပတ်သက်ခြင်းမပြုရန် အထူးသဖြင့် မူးယစ်ဆေး၀◌ါးရောင်း‌၀ယ်ဖောက်ကားမှုလုပ်ငန်းများတွင် ပါ၀င်ပတ်သက်ဆက်နွယ်သူများအား လုံး၀သည်းခံ မည်မဟုတ်ကြောင်း CNF က အသိပေးထားသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံတွင် နေရပ်စွန်ခွါကြသော ချင်းလူမျိုးများ လုံခြုံစိတ်ချစွာခိုလှုံ နေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်‌ဆောက်နိုင်ရန် ကြိုးစားအားထုတ် လျှက်ရှိရာမှာ ချင်းလူမျိုးများကို တန်ပြန်ထိခိုက်စေမည့် တရားမ၀င်‌သော လုပ်ငန်းလုပ်ကိုင်သူများကို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း CNF ၏ ထုတ်ပြန်ချက်တွင်ဖော်ြပထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ချင်းလူမျိုး ၄ သောင်းကျော်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည် နယ်တွင် ထွက်ပြေးခိုလုံခဲ့ကြရသည်။

မီဇိုရမ်ပြည်နယ်ကအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်း YMA က မြန်မာစစ်ဘေး ရှောင်များအား လေ့လာမှုတစ်ခုတွင် စစ်ဘေးရှောင်တချို့တွင် အိန္ဒိယနိုင်ငံသားအသိမှတ်ပြုကဒ်(Adhar card) များ တရားမ၀◌င်နည်းလမ်းဖြင့် ပိုင်ဆိုင် မှုရှိသည်ကို တွေ့ရှိခဲ့ကြသည်ဟုဆိုသည်။

ထို့အပြင် မိဇိုရမ်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဖက်က တင်သွင်းလာသော ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြား ဖမ်းဆီးမှုလည်း နှစ်ဆနီးပါးခန့်မြင့်တက်လာခဲ့ပြီး ဘိန်းဖြူနှင့်အတူ ဖမ်းဆီးခံရသူအများစုသည် အိန္ဒိယအမျိုသားနှင့် မီဇိုရမ် ပြည်နယ်သားများဖြစ်ကြသော်လည်း မြန်မာနိုင်ငံသားတချို့လည်း ပါ၀◌င်ပတ်သက်ဆက်နွယ်မှုရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.