Author: Editor

ကလေးမြို့နယ်တောင်ပိုင်း ဟံသာဝတီကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဧပြီလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခန့်က လည်ခြားရွာနှင့် ကုက္ကိုလ်ကျေးရွာတို့ကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူ ထောင်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ကုက္ကိုလ်ကျေးရွာမှ ဒေသခံတစ်ဦးထံမှ သိရသည်။ “ကလေးမြို့တောင်ပိုင်း လည်ခြား၊ ကုက္ကိုလ်ရွာကို စစ်ကောင်စီကနေပြီးမှ ဟံသာဝတီဖက်ကနေ လှမ်းထုတယ်။ ကျွန်တော်တို့ပြည်သူတွေအကုန်လုံးထွက်ပြေးနေရတယ်။ ဒီနေ့မှာ သူတို့ တိုက်ပွဲမရှိဘဲနဲ့ရွာထဲတွေကို လှမ်းထုနေတာဗျ။ ညကို ဝေဟင်ကနေလည်း ကျဲမယ်လို့လည်း သတင်းတွေလွင့်နေတယ်” ဟု ကုက္ကိုလ်ကျေးရွာ ဒေသခံက ပြောသည်။ အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးများသည် ပြည်သူနေအိမ်များအပေါ် ပေါက်ကွဲမှုမရှိသော်လည်း လမ်းမပေါ်နှင့် ကျေးရွာအတွင်းလက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ လက်ရှိတွင် လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့တွင် ပြည်သူ နှစ်ထောင်ကျော်တို့မှာ တောထဲ၊ တောင်ထဲတို့တွင် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည့်အပြင် ယခင်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ကုက္ကိုလ်ကျေးရွာမှ အိမ်ခြေပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်သည်။ လည်ခြားကျေးရွာနှင့် ကုက္ကိုလ်ကျေးရွာတို့သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်တို့တွင်ရှိသည့် ကျေးရွာတို့ဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များက ၁၂၀ မမ လက်နက်ကြီးဖြင့် ရမ်းသမ်းခတ်နေသောကြောင့် ကလေး-ဂန့်ဂေါ လမ်းပိုင်းအား မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ယာယီပိတ်ထားကာ ကလေးမြို့တောင်ပိုင်းတွင် ကားများ ဖြတ်သန်းသွားလာခွင့် လက်ရှိအခြေအနေအရ လုံးဝပိတ်ထားကာ အသိပေးချက်များ မလိုက်နာပဲ ဖြတ်သန်းသွားလာရင်း တစုံတခုဖြစ်ပါက တာဝန်ယူမည်မဟုတ်ကြောင်း ပြည်သူများ လိုက်နာပေးကြရန် မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ထားသည်။

Read More

မကွေးတိုင်း ကျောက်ထုဖက်မှ ချင်းပြည်နယ် မင်းတပ်မြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဖက်က ၇ ဦးသေဆုံးခဲ့သည်ဟု CDF-Mindat က ယမန်နေ့က သတင်းထုတ်ပြန်သည်။ ကျောက်ထုမြို့နယ်မှ မင်းတပ်မြို့နယ်စပ်ဘက် ရေရှင်ဖက်ကို ဦးတည်ကာ စစ်ကြောင်းထိုးလာသော အင်အား အယောက် ၈၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို Chinland Defense Force-Mindat ၊ Chinland Defense Force-Kanpetlet နှင့် ယော The Youth Force စသည့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က ဧပြီ ၂၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိနစ် ၃၀ ခန့်အကြာ ပြင်းထန်စွာဖြစ်ပွားသော အဆိုပါတိုက်ပွဲတွင် စစ်ကောင်းစီဖက်မှ တပ်သား ၇ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရသည့်အပြင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး ၆၀ မမ ဗုံးသီးတစ်လုံး၊ ၄၀ မမ တစ်လုံးတို့အပါင်ဝင် MA1 ကျည်ပေါက် နှစ်ခုနှင့် နာဂါပို့ကျည် လေးခု သိမ်းဆည်းခဲ့ရမိခဲ့သည်ဟု CDF-Mindat က ဆိုသည်။ ယင်းတိုက်ပွဲတွင် CDF-Mindat အဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ကျောက်ထုမြို့မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့များသည် မင်းတပ်မြို့အကျော် ၄ မိုင်ခန့်အကွာရှိ ကန်ပက်လက်လမ်းခွဲတွင် CDF-Mindat အဖွဲ့နဲ့ ဧပြီ ၂၄ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၇…

Read More

ရေး – မင်းသေ့ ၁။ ဒီဆောင်းပါးဟာ — ချင်းပြည်နယ်ရဲ့ ပထဝီနယ်နိမိတ် အားသာချက်ကို အကြောင်းပြုပြီး ရေးသားထားတဲ့ ဆောင်းပါး ဖြစ်ကြောင်း ဦးစွာ ဝန်ခံတယ်။ ပထမဦးစွာ – ချင်းပြည်နယ်ရဲ့ ပထဝီ နယ်နိမိတ်မျဉ်းကို အပိုင်း (၅) ပိုင်း ကန့်ပြီး ခွဲခြား ကြည့်မြင်နိုင်တယ်။ (၁) ချင်း – စစ်ကိုင်း နယ်စပ်မျဉ်း။ (၂) ချင်း – မကွေး နယ်စပ်မျဉ်း ။ (၃) ချင်း – ရက္ခိုင် နယ်စပ်မျဉ်း။ (၄) ချင်း – အိန္ဒိယ နယ်စပ်မျဉ်း။ (၅) ချင်း – ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း။ ချင်းပြည်ဟာ – နွေဦးတော်လှန်ရေးထဲက ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ်ဆိုတဲ့ မှန်းဆချက်ကို အခု ဖော်ပြတဲ့ နယ်နိမိတ်မျဉ်း ငါးခု ပါ ဖော်ပြချက်တွေက အထောက်အပံ့ပြုပါလိမ့်မယ်။ ၂။ (နွေဦးတော်လှန်ရေးအတွင်းက — ပထမဆုံး လွတ်မြောက်ဒေသ ဖြစ်လာမယ့် ချင်းပြည်)။ ။ စစ်ရေးလွတ်မြောက်ဒေသတွေ ထူထောင်ခြင်းကိစ္စမှာ – မြေပြင် ပထဝီအနေအထားရဲ့ အရေးပါမှုဟာ အထူးအရေးကြီးပါတယ်။ စစ်ရေးပထဝီ သဘောတရားတွေကို လေ့လာတဲ့အခါ၊ မြေပုံတွေကို ဗဟိုပြု လေ့လာရပါတယ်။ ဒါ့အပြင် နယ်မြေတွေရဲ့ အနေအထားကို လိုက်ပြီး အားသာချက် / အားနည်းချက်တွေ ဒွန်တွဲဖြစ်တည်နေပါတယ်။ ချင်းပြည်နယ်ဟာ – ပထဝီအရ အားသာချက်အဖြစ် တခြားသော…

Read More

ပလက်ဝမြို့နယ်အတွင်း ကြားကာလ ပညာရေးလုပ်ငန်း ဆောင်ရွက်မှုမှာ အခက်ခဲ စိန်ခေါ်မှုတွေနှင့် ကြုံတွေ့နေရပြီး မဖြေရှင်နိုင်ပါက ၂၀၂၃-၂၄ ပညာသင်နှစ် ဆက်လက်အကောင်ထည်ဖော်ဆောင်ဖို့အတွက် ခက်ခဲနိုင်ကြောင်း ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကဆိုသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၃၈၀ ကျော်ရှိသည့်အနက် ပလက်ဝ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားနယ်မြေ (Paletwa-CDF Control Area) အတွင်း ကျေးရွာပေါင်း ၆၅ ရွာနှင့် လွတ်မြောက်နယ်မြေရောက် စစ်ဘေးရှောင်စခန်း ၉ ခုတို့တွင် ကြားကာလ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ Paletwa Township Education Board (PTEB) မှ ပြည်သူ့အခြေပြုကျောင်းများကို ဖွင့်လင့်ထားခြင်းဖြစ်သည်။ နိုင်ငံရေး ပဋိပက္ခများကြောင့် ကလေးများ၏ ပညာသင်ယူခွင့် ဆုံးရှုံးလာသည့်အတွက် ပြီးခဲ့သည့် ၂၀၂၂-၂၃ ခုနှစ်မှာ ကြားကာလပညာရေးလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့သော်လည်း ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ၁၀ ရာနှုန်းကသာ CDM ပါဝင်ခြင်းများနဲ့ စေသနာ့ဝန်ထမ်းများမှ ကျောင်းပညာ သင်းရိုးတန်း စနှစ်သစ်များကို သင်ကြားပို့ချရာတွင် အခက်ခဲများနဲ့ ကြုံတွေ့နေရကြောင်း PTEB အဖွဲ့တစ်ဦးက ဆိုသည်။ “အဓိကတော့ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာ CDM လုပ်တဲ့သူ အားနည်းတယ်။ အဲ့လိုမျိုး CDM နည်းတော့ အဓိက သင်ကြားရေးအားနည်းတယ်ပေါ့နော်။ နောက်အရေးကြီးဆုံးက အခုကျွန်တော်တို့ သွားနေတဲ့ စနှစ်သစ်ပညာရေးဟာ အရင် စနှစ်ဟောင်းတွေနဲ့မတူတဲ့အခါကျတော့ သင်တန်းကို ကောင်းကောင်းမွန်မွန်မရပဲနဲ့ ကျွန်တော်တို့က သင်ကြားရေးကို ဝင်တဲ့နေရာမှာ အခက်ခဲအများကြီးရှိတယ်။ ဆိုတော့ သူများမြို့နယ်လို သင်တန်းလေးတွေ Train ပေးတဲ့အနေထားလေး မရှိနိုင်ဘူး။ ကျွန်တော်တို့…

Read More

ကလေးမြို့မှ ချင်းတောင်သို့ ရိက္ခာသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ကား ၄ စီးကို CDM Siyin တပ်ဖွဲ့မှ ဟိန်ဇိန်ရွာအနီးတစ်နေရာတွင် ဧပြီ ၂၄ ရက် ယမန်နေ့ မနက်ပိုင်းက ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် ၄ ဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦးဒါဏ်ရာရရှိပြီး အရပ်သားတစ်ဦးလည်း ထိခိုက်မှုရှိကြောင်း CDM Siyin မှ CS ပြောပြချက်အရ သိရသည်။ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDM-Siyin သည် လမ်းတစ်လျှောက်တွင် ပဒေသာမိုင်းကွင်းများ ထောင်ထားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ ၎င်းမိုင်းကွင်းအတွင်း ရောက်ရှိနေချိန် ဖောက်ခွဲခဲ့ခြင်းဟု CDM-Siyin မှ Chief Stuff ပြောသည်။ “ကျွန်တော်တို့မိုင်းကွင်းနံပါ (၂) ကိုခွဲလိုက်တော့ အလောင်းတော့မတွေ့ဘူး လေးယောက်တော့ ဒါဏ်ရာရတယ်တဲ့၊ စစ်သားတွေကလဲ ရှေ့လာလာတိုးတာလေဆိုတော့ နောက်ထပ်မိုင်းကွင်းကို ကောင်းကောင်းမြင်ရတဲ့နေရာကနေ ထပ်ခွဲလိုက်တာလေ ပဒေသာမိုင်းဆိုတော့ တစ်ခါနှိပ်လိုက်ရင် အကုန်လုံး ကွဲတဲ့ဟာဆိုတော့လေ ဝိုင်ယာကုတ်ဆွဲထားတာနှိ ပ်လိုက်တာ အဲမှာ ပွဲချင်းပြီး ၄ ယောက်ကျသွားတယ်၊ အတိအကျက အဲလောက်ပဲ ရတယ်” ဟု ပြောသည်။ ဧပြီလ ၁၉ ရက်နေ့တွင် ကလေးမြို့မှ ချင်းတောင် သိုင်ငင်း၊ ကနေဒီစခန်းနှင့် တီးတိန်မြို့ပေါ် အခြေချသည့် စစ်တပ်စခန်းများသို့ ရိက္ခာများပို့ဆောင်ရန် အင်အား ၆၀ မှ ၈၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်သားများ ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ကာ လမ်းတစ်လျှောက်တွင် CDM-Siyin မှ ခြုံခို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ…

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ် Zimte ကျေးရွာရှိ ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ စခန်းငယ်တစ်ခုကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် CNA ရဲဘော် ၂ ဦးကျဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့နေ့လယ်ပိုင်း ၁၁ နာရီ ၄၅ မိနစ် ဝန်းကျင်ခန့်က Zimte ကျေးရွာအနီးက CNA တပ်မဟာ ၄ တပ်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CNA ရဲဘော်တစ်ဦး ထိုနေရာတွင် ပွဲချင်းပြီးကျဆုံးကာ ၅ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု CNA နီးစပ်သော မြေပြင်သတင်းရင်းမြစ်က ဆိုသည်။ ထို့နောက် ဒဏ်ရာရရှိသူထဲမှ ဆေးတပ်ဖွဲ့က ရဲမေတစ်ဦးလည်း ပြင်းထန်ဒဏ်ရာကြောင့် ထပ်မံကျဆုံးခဲ့ရသည်ဟု သိရသည်။ ယခုလက်ရှိတွင် ဒဏ်ရာရရှိသူ ရဲဘော် ၄ ဦးထဲမှ ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်ရှိ ခလရ (၂၇၄) တပ်ရင်းမှ အရပ်သားပြည်သူများ နေအထိုင်သော ကျေးရွာများတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က ထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်နေ့ညနေပိုင်း ၄ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၃ ဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဟုဆိုသည်။ ထို့အပြင် ယနေ့ဧပြီလ ၂၃ ရက်နေ့ညနေ ၄ နာရီနှင့် ၅ နာရီခန့်တွင် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၂ ဖက်တွင် လက်နက်ကြီးများဖြင့် အရပ်သားပြည်သူများအား ထိခိုက်စေလိုသော ရည်ရွယ်ချက်ရှိရှိဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟ CDF-Mindat ကဆိုသည်။ ထိုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဘေးရန်မှ ကာကွယ်နိုင်ရန်နှင့် ထိခိုက်မှုများနည်းစေရန်အတွက် သတိဖြင့် နေထိုင်ကြရန် CDF-Mindat က သတိပေးထားသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့က ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ၂ နှစ်အတွင်း တိုက်ပွဲပေါင်း ၂၁၈ ကြိမ် ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၄၅၄ ဦးတို့ကို သုတ်လင်းရှင်းလင်းခဲ့ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) တပ်ဖွဲ့ဝင် ၅၅ ဦး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးဆပ်ခဲ့ကြရသည်ဟု တော်လှန်ရေး (၂) နှစ်ပြည့်နေ့ ယမန်နေ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ရီလ (၂) ရက်ညမှ စတင်ပြီး အကြမ်းမဖက်သည့်နည်းဖြင့် စစ်အာဏာရှင်အား မထောက်ခံကြောင်း လမ်းမကြီးများပေါ်တွင် Spray Compaign စတင်ကာ မင်းတပ်မြို့ပေါ်တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သပိတ်ဖြိုခွင်းခြင်း၊ ပြည်သူများအား ဖမ်းဆီးခြင်းများ ပြုလုပ်လာပါက ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့် ပြန်လည်ခုခံတုံပြန်သွားမည်ဖြစ်ကြောင်း သပိတ်မိန့်ခွန်းများတွင် အကြိမ်ကြိမ် ထည့်သွင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် လူမဲ့သပိတ် “NUG” ဟူသော စာတမ်းရေးသားနေသည့် အရပ်သား ပြည်သူ (၇) ဦးကို စစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ဧပြီလ ၂၄ ရက်နေ့ ညမှစကာ မင်းတပ်မြို့နယ်အတွင်းရှိ ပြည်သူတစ်ရပ်လုံးက စစ်ကောင်စီအား ရရာ လက်နက်ဖြင့် ပြန်လည်ခုံခံတော်လှန်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် စစ်ကောင်စီတို့သည် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှ ၂၀၂၃ ခုနှစ် ဧပြီလ…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ကားအဝင်အထွက်များမရှိသည့်အတွက် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးတက်နေပြီး ကုန်ပစ္စည်းတချို့မှာပြန်လပ်မှုလည်းရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဟားခါးမြို့သည် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားကုန်များကို ကလေးမြို့မှ အဓိကသယ်ယူလေ့ရှိကြပြီး ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးချီတက်လာခဲ့သည့် အတွက် ကလေး-ဖလမ်း-ဟားခါးလမ်းမကို ယနေ့ချိန်ထိ အသုံးမပြုနိုင်ကြသောကြောင့် ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိဘဲ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာနေခြင်းဖြစ်သည်။ ထို့အပြင် ဂန်ဂေါ-ဟားခါးလမ်းသည်လည်း တိုက်ပွဲဖြစ်ပွါးမှုများကြောင့် လမ်းပိတ်ထားပြီး ကုန်တင်ကားများ အဝင်/အထွက်မရှိကြောင်း သိရသည်။ မတ်လကုန်ပိုင်းနှင့် ဧပြီလဆန်းပိုင်းတွင် ကာနန်ဧရာမင်းကော်ချက် ဆန်တစ်အိတ်ကို ၈၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဆန်အသစ် တစ်အိတ်-တစ်သိန်းကျော်၊ ဆန်အဟောင်းတစ်အိတ် – ၁၃၀,၀၀၀ ကျပ်၊ လုံးသွယ်မွှေး၊ ပေါ်ဆန်းမွှေး တစ်အိတ်ကို ၁၄၀,၀၀၀ ကျပ်ဖြင့် တနင်္လာနေ့ကဝယ်ယူခဲ့ရပြီး နောက်တနေ့အင်္ဂါနေ့တွင်မူ ဝယ်ယူရန်ပင် မရှိတော့ကြောင်း ဒေသခံ CDM ဆရာမတစ်ဦးကပြောသည်။ “ဒီလိုဆန်တွေပြတ်လပ်တာက တိုက်ပွဲဖြစ်တယ်၊ လမ်းပိတ်မယ်ဆိုရင်ကို ပိုက်ဆံရှိတဲ့သူတွေက တခါတည်း အများကြီးစု ဝယ်တယ်ပေါ့နော်၊ ပိုက်ဆံမရှိတဲ့သူတွေမှာကျတော့ စားဖို့လောက်ရှိရင် ထပ်မဝယ်နိုင်တော့ဘူးလေ။ ကျွန်မတို့ဆို အခု ဆန်တစ်အိတ်ပဲရှိတယ်၊ လမ်းပြန်ပွင့်သွားမှာပါ ဆိုတဲ့စိတ်နဲ့ နေနေတာပေါ့နော်” ဟု ၎င်းကပြာသည်။ အလားတူ ဟားခါးမြို့တွင် ကြက်သား ငါး စသည်တို့မှာ ဝယ်ယူရန်ပင်မရှိကြောင်းလည်း သိရသည်။ ထို့အပြင် ဟားခါးမြို့ပေါ်ထွက် ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ ချဉ်ပေါင်၊ အာလူး၊ ဆူးပုတ်၊ ဂေါ်ခါးညွန့် စသည့် ဟင်းသီးဟင်းရွက်များလည်း…

Read More

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေယာဉ်မောင်းသူများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်ဖိုးရှိသော မြေကွက် ချီးမြှင့်မည်ဟု CDF-Mindat က ကြေညာသည်။ ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ပြီး စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေးရွာများအတွင်းရှိ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပြီး ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက်သော စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား စုံစမ်းဖော်ထုတ်လျှက်ရှိသည်ဟု CDF-Mindat က ဆိုသည်။ ယင်းစုံစမ်းမှုအရ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် လေယာဉ်မောင်းသူ ၂ ဦးမှာ ဗိုလ်မှူးနေဝင်းကျော်နှင့် ဗိုလ်မှူးသက်လင်းမောင် တို့ဖြစ်ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အထူးအားကိုးသည့် Pilot များဖြစ်ကြောင်း ကြားသိရသည်ဟု CDF-Mindat ကြေညာချက်တွင် ဖော်ပြထားသည်။ ထို လေယာဉ်မောင်းနှင်းသူ နှစ်ဦးတို့မှာ နေပြည်တော်၊ တံတားဦးနှင့် မှော်ဘီမြို့နယ် စသည့် ၃ နေရာအတွင်းရှိ Yak အုပ် စစ်ဆင်ရေးကို ဦးဆောင်အုပ်ချုပ်တာဝန်ယူနေသူ ဒု-ဗိုလ်မှူးကြီး ရဲဇော်နိုင်လက်အောက်တွင် တာဝန်ယူထမ်းဆောင်နေကြသူများဖြစ်ကြကြောင်းလည်း ဖော်ပြထားသည်။ ထို့ကြောင့် မင်းတပ်မြို့နယ် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒု-ဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် လေယာဉ်မောင်းသူ (Pilot) နှစ်ဦးတို့နှင့်တူ ပူးပေါင်းသူများအား အပြစ်ပေးစီရင်ကာ သက်သေပြနိုင်သည့် အဖွဲ့အစည်းများကို ကျပ်ငွေ ၅၀၀…

Read More