ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သော ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်းအမှတ်စဉ် ၁ ကို ယနေ့စက်တင်ဘာလ ၃ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။ အခြေခံရဲသင်တန်းကို သြဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းတွင် ပြုလုပ်ခဲ့ကြပြီး သင်တန်းသား ၇၁ ဦးထံ သင်ကြားပို့ချခဲ့သည်ဟု CNO က ဆိုသည်။ အဆိုပါသင်တန်းတွင် စစ်ရေး၊ ဥပဒေနှင့် အမှုစစ်နည်းများကို အဓိကပို့ချခဲ့ကြပြီး သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) စိုးမိုးနယ်မြေတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဥပဒေအတိုင်းလုပ်ငန်းများကို တာဝန်ခွဲဝေ ထမ်းဆောင်သွားကြမည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Author: Editor
အိန္ဒိယ- မြန်မာနယ်စပ် ကျန်ဖိုင်းခရိုင်၊ ဇိုခေါထာရ်ကျေးရွာတွင် မြန်မာနိုင်ငံသားတစ်ဦးထံမှ ရူပီး ၇၉ သိန်းကျော်တန်ဖိုးရှိသော ဘိန်းဖြူကို ယမန်နေ့စက်တင်ဘာလ ၂ ရက်နေ့က ဒေသတွင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူပေါင်းပြီး ဇိုခေါထာရ်ကျေးရွာ အောက်ရပ်ကွက်တွင် ယမန်နေ့က စစ်ဆေးမှုပြလုပ်ရာတွင် နေအိမ်တစ်အိမ်မှ ဘိန်းဖြူ ၁၅၉ ဂရမ်နှင့်အတူ မြန်မာနိုင်ငံသား ချင်းအမျိုးသမီးတစ်ဦး အသက် ၄၀ အရွယ် Tial Duh Rem ကို ဖမ်းဆီးခဲ့သည်ဟု မီဇိုရမ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယင်းဘိန်းဖြူ၏တန်ဖိုးမှာ နိုင်ငံတကာဈေးကွက်တွင် ရူပီးငွေ ၇၉ သိန်းကျော်တန်းဖိုးရှိသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရထားဘူတာ သံလမ်းအနီးတွင် မူးယစ်ဆေးအသုံးလွန်၍ သေဆုံးနေသော အသက် ၁၇ နှစ်အရွယ် ချင်းလူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ သေဆုံးသူသည် ချင်းပြည်နယ် တီးတိန်မြို့နယ် Tauleng ရွာမှ ယခုကလေးမြို့နယ် အိတ်စွတ်ကျေးရွာတွင်နေထိုင်သူ မောင်ဆုမ်ရှန်းမုန်ဟုသိရပြီး သူ၏လက်မောင်းတွင် ဆေးထိုးအပ်တန်းလန်းစိုက်ထားသည်ဟု သိရသည်။ “အနာဂတ်အတွက် အားကိုးရမယ့် လူငယ်လေးတွေ ဒီလိုမူးယစ်နွံထဲမှာ နစ်မြုပ်သွားတာ တကယ်ရင်နာဖို့ကောင်း၊ ခေတ်ကိုက မကောင်းတော့၊ အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ ပိုပိုဆိုးလာတယ်ဗျာ၊ တကယ်စိတ်မကောင်းဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက Zomi Youth Association – Headquarter မှ လူနာတင်ကားဖြင့် သွားရောက်သယ်ယူကြပြီး ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်လတာအတွင်းဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ယနေ့ ထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၁၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စကစဘက်မှ သေဆုံးသူ (၁၃၃) ဦးခန့်ရှိသည်ဟု CNO/CNDF က ဆိုသည်။ ယင်း ၂ လတာတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး (၅) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ် (Timit) လွင်ပြင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့် တစ်လတာတိုက်ပွဲတွင် စစ်ကောင်စီဘက်ကတပ်သား ၆၀ ထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ကပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး ခေါင်းစဉ်တပ်ပြီး ဟားခါးနှင့် ထန်တလန်အကြားရှိ ပြည်သူလူထုအသုံးမပြုတော့သော သီမစ်ချောင်းတံတားအား ပြင်ဆင်တည်ဆောက်ရန် စစ်ရေးအရ အင်အားဖြည့်တင်းလာခဲ့ပြီး ဇူလိုင် ၃၀ ရက်နေ့က ယင်းဒေသသို့ အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သြဂုတ်လ ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သီမစ်လွင်ပြင်ဒေသသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA, Chinland Join Defense Force Committee- Special Force (CJDC), CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha စသည့် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပြီး ၃၁ ရက်ကျော်ကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။ ဇူလိုင်လ ၃၀ ရက်နေ့ကစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ တစ်လတာတိုက်ပွဲအတွင်း ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၆၀ ထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီး အများအပြား ဒဏ်ရာရစေနိုင်ခဲ့သည်ဟု CNF က ဆိုသည်။ ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က CDF-Hakha တပ်ဖွဲ့မှ ရဲဘော်တစ်ဦးသည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ပြီး ရဲဘော် ၅ ဦးခန့် မစိုးရိမ်ရသည့်ဒဏ်ရာများ…
ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်အခြေစိုက် တပ်မ (၅၅) လက်အောက်ခံ ခလရ (၃) တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် သြဂုတ်လ ၂၉ ရက်နေ့က CDF-Daai တပ်ဖွဲ့ထံသို့ အလင်းဝင်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Daai က ထုတ်ပြန်သည်။ အဆိုပါတပ်ကြပ်အနေဖြင့် စစ်ခေါင်းဆောင်များမှ မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားကာ အသေခံတပ်သားအဖြစ် အသုံးပြုနေမှုကို မလိုလားသည့်အတွက် တပ်ဆုတ်ခွါသည့်လမ်းကြောင်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု CDF-Daai က ဆိုသည်။ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိဘဲ ပြည်သူ့ရင်ခွင်သို့ ခိုလုံလိုသူ ပြည်သူ့တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆိုလက်ခံသွားမည်ဟု CDF-Daai က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက် ပြည်နယ်လမ်းဦးစီးဌာနဝင်းအတွင်းရှိ ဆောက်လုပ်ရေးဧည့်ရိပ်သာ ယနေ့နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားပြီးနောက် လမ်းဦးစီးဌာနက ဝမ်းထန်များအပါအဝင် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေသည်ဟု သိရသည်။ ဆောက်လုပ်ရေးဧည့်ရိပ်သာသည် ယနေ့ နံနက် ၂ နာရီကျော်ကျော်ခန့်ကစ၍ ၃ နာရီခန့်အထိ မီးလောင်ခဲ့ခြင်းဖြစ်ပြီး မီးသတ်ကားများရောက်ရှိလာပြီးနောက် မီးငြိမ်းသတ်ခဲ့ရာ မနက်ပိုင်း ၄ နာရီကျော်ကျော်ခန့်တွင် မီးညွန့်ကျိူးသွားခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။ “ဒီမနက် ၂ နာရီ ခွဲလောက်မှာ အိပ်လို့မရတော့ဘူး၊ ဆူညံသံတွေကြားတော့ ထကြည့်တာ အဲနှစ်ထပ်အိမ်က မီးလောင်နေတာ၊ တော်သေးတာက မနက် ၃ နာရီဝန်းကျင်လောက်ဖြစ်မယ်၊ မီးသတ်ကား ၃ စီးကရောက်လာ လို့ မီးငြိမ်းနိုင်ခဲ့တာ၊ အချိန်မီလို့ပေါ့၊ မဟုတ်ရင် ဘေးကဆောက်လုပ်ရေးကွာတာတွေလဲ ဆက်သွားနိုင်တယ်” ဟု ပြည်တော်သာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါဧည့်ရိပ်သာတွင် သီမစ်တံတားတည်ဆောက်ရေးအတွက် ခေတ္တတည်းခိုနေကြသော ဆောက်လုပ်ရေးအင်ဂျင်နီယာများအပါအဝင် အစိုးရဝန်ထမ်းနှင့် လုပ်သား ၁၁ ဦးခန့် မီးလောင်မှုဖြစ်ပွားပြီးနောက် ပျောက်ဆုံးသွားသည်ဟု သိရသည်။ “အဲဒီ ၁၁ ဦးပျောက်တယ်ဆိုတာက သီမစ်ဘက်မှာတံတားဆောက်မယ့်အဖွဲ့တွေလို့ပြောတယ် အင်ဂျင်နီယာတွေရောပါတယ်တဲ့” ဟု ဟားခါးမြို့ခံတစ်ဦးကပြောသည်။ အဆိုပါ ပုဂ္ဂိုလ် ၁၁ ဦးသည် မည်ကဲ့သို့ပျောက်ဆုံးသွားသည်ကိုမူ မသိရသော်လည်း ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။ စစ်ကောင်စီသည် ဟားခါးနှင့် ထန်တလန်မြို့အကြား ပျက်စီးနေသော သီမစ်တံတားကို ပြန်လည်ပြုပြင်ရန်ကြိုးစားနေပြီး ယင်းဒေသတွင် ဇူလိုင်လ ၃၀ ရက်ကတည်းက ချင်းအမျိုးသားကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေ ကြသည်။ စစ်ကောင်စီသည် ထန်တလန်မြို့ပြန်လည်ထူထောင်ရေးဆိုသည့်အကြောင်းပြချက်ဖြင့် သီမစ်တံတားကို ပြုပြင်နိုင်ပါက ထန်တလန်မြို့နယ်ထဲသို့ စစ်ကူနှင့်…
ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ၏ဦးဆောင်မှုဖြင့် ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် သင်္ချိူင်း သန့်ရှင်းရေးလုပ်ရန်သွားကြသော ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ကအကြောင်းမဲ့ပစ်ခတ်ခဲ့ရာတွင် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ကန်ပက်လက်မြို့ အ.ထ.က ကျောင်းဝန်းအတွင်း စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် သင်္ချိူင်းသန့်ရှင်းရေးလုပ်ရန်သွားကြသော ပြည်သူများထဲမှ တစ်ဦး၏ ညာဘက်ရင်အုံတွင် ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်တော့မစိုးရိမ်ရကြောင်း CDF-Kanpetlet ကထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ပစ်မှတ်ထား ပစ်ခတ်မှုများဆက်လက်လုပ် ဆောင်နေပါက ပြင်းထန်စွာတုံ့ပြန်အရေးယူသွားမည်ဟု CDF-Kanpetlet က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်တွင်ရှိသော ဆောက်လုပ်ရေးရိပ်သာ ၂ ထပ်တိုက်တစ်လုံးသည် ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ဆောက်လုပ်ရေးရိပ်သာသည် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းအပေါ်နားတွင်တည်ရှိပြီး ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်မှစ၍ ၃ နာရီခန့်အထိ မီးလောင်ပျက်စီးသွားသည်ဟု ဟားခါးမြို့ခံ တစ်ဦးကပြောသည်။ ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်း ခြင်းဖြစ်သည်ဟု သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ ယင်းဆောက်လုပ်ရေးရိပ်သာတွင် သီမစ်တံတားတည်ဆောက်ရန် တည်းခိုနေသူအချိူ့လည်းရှိသည်ဟုသိရပြီး မီးလောင်မှုကြောင့် လူတချိူ့ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ ၆ လမ်းဆုံ ဟားခါး ထာရ်ရပ်ကွက်ဘက်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့ ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယနေ့ နံနက်ပိုင်း ၆ နာရီခန့်ကစ၍ ဟားခါးထာရ်ရပ်ကွက်ဘက်တွင် နှစ်နာရီကျော်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ နေအိမ်အတွင်း ထမင်းစားနေကြသော ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ဒီမနက်မှာ ဟားခါးထာရ်ရပ်ကွက် ၆ လမ်းဆုံမှာ လူငယ်တွေနင့် စစ်ကောင်စီဘက် အပြန်လှန်ပစ်ခတ်ကြတယ်၊ နည်းနည်းတော့ကြာတယ်။ သူတို့ပစ်ခတ်တာကတော့ စကစဘက်ကလည်းလက်နက်ကြီးတွေနဲ့ သူတို့ထင်ရာဆိုင်းပစ်ခတ်တာပေါ့” ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကုသမှုခံယူလျှက်ရှိကြသည်ဟု သိရသည်။ ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီရမ်းသမ်းပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး သြဂုတ်လ ၁၀ ရက်နေ့ကလည်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးအား ထိမှန်သေဆုံးသွားခဲ့သည်။