Author: Editor

(006SV) နွေဦးတော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုပြီး ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် NLD ပါတီ၏ နိုင်ငံရေး မူဝါဒများနှင့်ထပ်တူ လက်တွဲ၍ အဆုံးတိုင် တွန်းလှန်တိုက်ပွဲဝင်သွားမည်ဟု ချင်းပြည် (Chinland) အစိုးရအဖွဲ့က ကြေညာသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်း ၃၈ နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ စက်တင် ဘာလ ၂၇ ရက်က ပေးပို့သော ချင်းပြည်(Chinland) အစိုးရအဖွဲ့၏ ဂုဏ်ပြုသဝဏ်လွှာမှာ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ၂၀၂၁ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် NLD ပါတီ၏ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို လေးစားအသိ အမှတ်ပြုသည်ဟု ချင်းပြည်အစိုးရအဖွဲ့ထံမှ သိရသည်။ “ချင်းပြည်ချင်းလဲန်းအစိုးရအနေဖြင့်လည်း အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ တိုင်းရင်းသား ပြည်သူအားလုံး မျှော်လင့် တောင့်တနေကြသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နိုင်ငံရေး မူဝါဒများနှင့် ထပ်တူ အတူတကွ လက်တွဲ၍ အဆုံးတိုင် တွန်းလှန်တိုက်ပွဲဝင်သွားမည်” ဟု ချင်းပြည်အစိုးရ အဖွဲ့ကိုယ်စား၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီး ဆလိုင်းဇထောင်းက ပြောသည်။ NLD ပါတီ၏ သမိုင်းစဉ်တလျှောက်တွင် ပါတီဥက္ကဌလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီ ခေါင်းဆောင်များ၊ အဆင့်ဆင့်သော ပါတီဝင်များ၏ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ မြန်မာ့ ဒီမိုကရေစီရေး အတွက် စွန့်လွှတ်စွန့်စားမှု၊ ပေးဆပ်မှုများနှင့် ခိုင်မာသည့် နိုင်ငံရေး…

Read More

(006SV) အာရက္ခပြည်၊ ကျောက်တော်မြို့ပေါ်ရှိ အိန္ဒိယဈေးနှင့် ဈေးအနီး ကစ္ဆပနဒီတံတားတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲမှုတွင် အပြစ်မဲ့ အရပ်သားပြည်သူ ၃၃ ဦးတို့ အစုအပြုံလိုက် သေဆုံးခဲ့ရသည်ဟု အာရက္ခတပ်တော် ULA/ AA ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂၈ ရက် နေ့လည် ၁၂ နာရီ ၁၂ မိနစ်ခန့်တွင် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ကျောက်တော်မြို့ပေါ်မှ လူစည်ကားရာ နေရာများဖြစ်သော အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတားတို့ကို ဗုံးကြဲတိုက်ခိုက်သည်ဟု ULA/ AA က ယနေ့မှာ ထုတ်ပြန်သည်။ လက်ရှိအချိန်မှာ ဗုံးကြဲခံရမှုကြောင့် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၆ ဦးအထိ ရှိခဲ့ကြောင်း၊ သေဆုံးသည့်အရေအတွက်မှာ နောက်ထပ်လည်း တိုးလာနိုင်ခြေရှိကြောင်း သိရသည်။ ယနေ့ လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ချိန်တွင် အိန္ဒိယဈေးမှာ ဈေးရောင်းသူ၊ ဈေးဝယ်သူများဖြင့် လူစည်းကာနေချိန်ဖြစ်သည်ဟု ရခိုင်အခြေစိုက်သတင်းဌာနတချို့က ရေးသားသည်။ ယနေ့ ကျောက်တော်မြို့က ဒေသခံပြည်သူများ အစုအပြုံလိုက် သေဆုံးရမှုသည် စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်များတွင် မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရပြီးနောက် အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုဖြစ်သည်ဟု ULA/ AA ထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်အချိန်ကလည်း သံတွဲမြို့နယ်၊ ငပလီကို…

Read More

(006SV) မိုးနှောင်းရာသီမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသော ချင်းပြည်- ပလက်ဝ- ရခိုင် အစပ်ဒေသများအပါအဝင် ရခိုင်နှင့် မကွေး၊ ပဲခူး၊ ဧရာဝတီအစပ်ဒေသများ၊ စစ်တွေ၊ ကျောက်ဖြူ စစ်မျက်နှာပြင်နှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် လက်ရှိ မိုးအကုန် ဆောင်း အကူးတွင် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်ကြောင်း သိရသည်။ စက်တင်ဘာလ ၂၆ ရက် ထုတ်ဝေသော ရခိုင်အအမျိုုးသားအဖွဲ့ချုပ် (ULA) ပါတီ စာစောင်တွင် ULA/ AA ၏ ဒုဥက္ကဌ ၁ Dr. ညိုထွန်းအောင်က ယင်းကဲ့သို့ ထည့်သွင်းပြောခြင်းဖြစ်သည်။ အဆိုပါဒေသများတွင် အာဏာသိမ်းစစ်တပ်သည် လက်ရှိအသုံးပြုနေသော စစ်အင်အားထက် နှစ်ဆ၊ သုံးဆအထိ တိုးမြှင့် အသုံးပြုလာနိုင်ပြီး ကြည်း၊ ရေ၊ လေ ထိုးစစ်ကြီးကို တပြိုက်နက်တည်း လုပ်လာနိုင်သည့် စစ်ရပ်စစ်ငွေ့များကို တွေ့မြင်ရသည်ဟု Dr. ညိုထွန်းအောင်က ပြောသည်။ ချင်းတောင်ပိုင်း ပလက်ဝမြို့အထိ ထိုးစစ်ဆင်နိုင်သည်ဟူ၍ သတင်းများ ထွက်ပေါ်နေသော မကွေး၊ ယောဒေသမှ မင်းတပ်၊ ကန်ပက်လက်ကို မေလလယ်မှ စတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေမှုတွင် စစ်တပ်သည် ယခု စက်တင်ဘာလ နှောင်းပိုင်းတွင် အင်အားတစ်ထောင်ခန့် ထပ်မံ ဖြည့်တင်းနေသည်ဟု သိရသည်။ လက်ရှိ ချင်းတောင်ပိုင်းသို့ စစ်တပ်က ထိုးစစ်ဆင်နေမှုကို ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၊ CB အဖွဲ့ဝင်များ၊ ယောဒေသ တပ်များဖြစ်သော YA ၊ YDF နှင့် ULA/ AA အပါအဝင်…

Read More

(006SV) ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်၊ ကျင်ဒွေးနှင့် မင်းတပ်မြို့အနီး နေရာများနှင့် ချင်း- မကွေးအစပ်၊ ယောဒေသသည် ယနေ့မှာ အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ မင်းတပ်နှင့် ကန်ပက်လက်မြို့ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ယခုရက်ပိုင်းအတွင်း ချင်း- မကွေးအစပ်သို့ စစ်အင်အား တစ်ထောင်ခန့် ထပ်မံဖြည့်တင်းလာပြီးနောက် ယနေ့တွင် Y – 12 နှင့် ဂျက်ဖိုက်တာများ အသုံးပြု၍ နေရာဒေသ ၄ ခုကို လေကြောင်းဗုံးကြဲမှု ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၂၆ ရက် နေ့လည် ၁ နာရီ ၂၀ မီနစ်ခန့်က ကန်ပက်လက်မြို့နယ်မှ ကျေးရွာတစ်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းမှ ၂ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်သည်ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနထံမှ သိရသည်။ ကျေးရွာကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နေအိမ် ၅ လုံးခန့် လုံးဝပျက်စီးသွားခဲ့ပြီး တစိတ်တပိုင်းထိခိုက်ပျက်စီးသွားသော နေအိမ်များလည်း ရှိကြောင်း၊ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါဌာနက ယနေ့မှာ ထုတ်ပြန်သည်။ ထို့အပြင် ယနေ့ ညနေ ၅ နာရီခန့်တွင် ကျင်းဒွေမြို့ဒေသက တစ်နေရာကိုလည်း စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်၊၊ ယနေ့ ညနေ ၄ နာရီ ၄၅ မီနစ်မှ ၅ နာရီခွဲအချိန်အတွင်းမှာလည်း…

Read More

(006SV) ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ စာသင်ကျောင်းများအနေဖြင့် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပညာရေးဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ ပြုလုပ်နေလျှင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဟု ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ကြေညာသည်။ ချင်းပြည်(Chinland) အစိုးရ၊ ချင်းပညာရေးဝန်ကြီးဌာန၏ လက်အောက်ခံ ကျောင်းများကို အာဏာသိမ်းစစ်တပ်အစိုးရ၏ လက်အောက်ခံ စာသင်ကျောင်းများနှင့် ချိတ်ဆက်ရန် အဓိက မြှူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ခြင်း ခံနေရသည်ဟု ချင်းပညာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်မှာ ထုတ်ပြန်သည်။ “ပြည်သူလူထုအနေဖြင့် ဤလုပ်ရပ်များကို နားမယောင်မိစေဘဲ တော်လှန်ပြည်သူပီပီ ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်ရန် အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်” ဟု ချင်းပညာရေးဝန်ကြီးဌာနက ဆိုသည်။ စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားခြင်း၊ မြှူဆွယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို နားယောင်ပြီး အာဏာသိမ်း စစ်တပ်အစိုးရ၏ လက်အောက်ခံ စာသင်ကျောင်းများ၊ ရုံးများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းများ ရှိပါက အပြင်းအထန် အရေးယူသွားမည်ဖြစ်သည်။ ချင်းပြည်အတွင်း ပြည်သူများအနေဖြင့် စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းများ၊ ရုံးများနှင့် လုံးဝချိတ်ဆက် ဆောင်ရွက်ခြင်း မပြုရန်နှင့် ချိတ်ဆက် ဆောင်ရွက်မှု ရှိပါက အမြန်ဆုံး ရပ်တန့်ရန် ချင်းပညာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် သတိပေး ထားသည်။ စစ်တပ်သည် ပြည်သူများအကြား တရားဝင်မှု ရရှိရေးအတွက်း နည်းမျိုးစုံဖြင့် ကြုးစားလျက်ရှိပြီး မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူများကို လိမ်လည်လှည့်ဖြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ မြှူဆွယ်ခြင်းများဖြင့် အာဏာရှင်များ၏ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်တွင် စာသင်ကျောင်းများကို CDMer ဆရာ၊…

Read More

(005MK) မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်မှ ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်ဘက်သို့ ဆက်သွယ်သော ကုန်သွယ်ရေး လမ်းကြောင်းများပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် ULA/AA နှင့် မရာလူငယ်အဖွဲ့ MTP ဌာနချုပ်မှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယမန်နေ့ကစ၍ ပြန်လည်ဖွင့်ပေးလိုက်ပြီဟုသိရသည်။ အာရက္ခတပ်တော် ULA/AA ၏ နယ်စပ်ရေးရာတာဝန်ရှိသူများ နှင့် မရာလူငယ်အဖွဲ့ MTP ဌာနချုပ်တာဝန်ရှိသူများ သည် စက်တင်ဘာ ၂၄ ရက်နေ့က ရှာဟာမြို့တွင်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ယင်းဆွေးနွေးပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီ (Khaikhy) တွင် ဖြစ်ပွားခဲ့သော အခြေအများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ နောင်အနာဂတ်တွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန်ဆွေးနွေးခဲ့ ကြသည်ဟု မရာလူငယ်အဖွဲ့ MTP ဌာနချုပ်က စက်တင်ဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်သည်။ ထိုသို့ဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ကစ၍ ယာယီပိတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်း ၃ ခု ဖြစ်သော ခိုင်ခီ (Khaikhy)၊ လိုမာဆူး (Lômasu) နှင့် လိုဒေါ (Lôdaw) ကျေးရွာလမ်းကြောင်းများကို စက်တင်ဘာ လ ၂၄ ရက်ညနေပိုင်း ၄ နာရီကစ၍ ပြန်လည်ဖွင့်လှစ်လိုက်သည်ဟု MTP က ထုတ်ပြန်သည်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် ခိုင်ခီကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်ပစ္စည်းသယ် ယူရေးကိစ္စ နှင့်ပတ်သက်၍ မရာလူငယ်အဖွဲ့ MTP နှင့် ရခိုင်လှေလုပ်သားများအကြား အငြင်းပွားမှုဖြစ်ပွားကာ ရခိုင်လှေလုပ်သားများက MPT ဂိတ်ကို…

Read More

(006SV) အာဏာသိမ်းစစ်တပ်အစိုးရက ထိန်းချုပ်ထားသော ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦး၏ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းသည် ဘာသာရေးရေး လွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်နေ၍ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့် နိုင်ငံ (CPC) အဖြစ် သတ်မှတ်ရန် အမေရိကန်အစိုးရထံသို့ Burma Research Institute (BRI) က တောင်းဆိုလိုက်သည်။ အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့် ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ စစ်အစိုးရ၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ကြောင်း BRI က စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်သည်။ “စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ စစ်ကောင်စီက ဘာသာရေး လွတ်လပ်ခွင့်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေကြောင်း ထပ်မံပြသလိုက်တဲ့ သာဓကတွေ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က စနစ်တကျ၊ ဆက်တိုက်နဲ့ အလွန်ဆိုးရွားတဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ခံအကြံပြုထားတဲ့အတိုင်း အပြည်ပြည်ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အက်ဥပဒေအရ ထရန့်အစိုးရအနေနဲ့ မြန်မာကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံ…

Read More

(004SS) ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ရှိ Zomi Youth Association-ZYA ဌာနချုပ်ဝန်းအတွင်း မော်တော်ယာဉ် တိုက်မိမှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ တီးတိန်မြို့နယ် ဆိုင်းဇန်ကျေးရွာဇာတိဖြစ်ပြီး ZYA Head Quarter ဝန်းအတွင်းနေထိုင်သူ Pa Dal Sian Mang နှင့် Nu Ciin Thawn Cing တို့၏ သားဖြစ်သူ ၁၁ နှစ်အရွယ် မောင်ထန်လမ်ကိမ်း ဟု သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက်က မောင်ထန်းလမ်ကင်း နှင့် အစ်ကိုဖြစ်သူ မောင်ဇမ်ကင်းမုန်း တို့ ရေချိုးနေစဉ် ZYA ရုံးကားတစ်စီးသည် ရေချိုးဆောင်ဘက်သို့ ဦးတည်ဝင်ရောက်လာကာ အရှိန်မထိန်းနိုင်ဘဲ ညီအစ်ကိုနှစ်ဦးအား ဝင်ရောက်တိုက်မိခဲ့ ခြင်းဟု ကနဦးသိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် မောင်ထန်းလမ်ကင်းမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး အစ်ကိုဖြစ်သူ မောင်ဇမ်ကင်း မုန်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးနေရကြောင်း ကလေးမြို့ဒေသခံများက ပြောသည်။ ထို့အပြင် အဆိုပါ မော်တော်ယာဉ်သည် ဝန်းအတွင်းရှိ ခြံစည်းရိုးနှင့် အဆောက်အအုံများကိုလည်း ဝင်ရောက်တိုက်မိခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် ZYA တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

Read More

မီဇိုးစကားအသုံးမပြုသော အုတ်ဂူများကိုလည်း တစ်ပတ်အတွင်းပြန်ပြင်ခိုင်း (005MK) မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မီဇိုးလူငယ်အသင်း- YMA က ၎င်းတို့ကျေးရွာ သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာ စကားကို မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်းနှင့် မီဇိုးစကားအသုံးမပြုသော ရှိနှင့်ပြီးသားအုတ်ဂူများ ကိုလည်း တစ်ပတ်အတွင်းပြန်လည်ပြင်ဆင်ရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။ Zokhawthar ကျေးရွာသည် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်ပြီး ချင်းလူမျိုးစစ်ဘေး ရှောင်ထောင်နှင့်ချီနေထိုင်ကြသည့်နယ်စပ်ရွာကြီးတစ်ရွာဖြစ်သည်။ မကြာသေးခင်ရက်ပိုင်းက Zokhawthar YMA က ကြေညာချက်ထုတ်ပြန်ကာ Zokhawthar ကျေးရွာအတွင်းရှိ သင်္ချိုင်းဂူများတွင် မီဇိုဘာသာစကားမဟုတ်သော အခြားဘာသာစကားများဖြင့် ရေးသားထားမှုများကို တစ်ပတ် အတွင်း ပြန်လည်ပြင်ဆင်ရန် အသိပေးထားသည်ဟု မီဇိုရမ်ဒေသတွင်း Maipawl သတင်းဌာနကထုတ်ပြန်သည်။ သတ်မှတ်ထားသည့်ကာလအတွင်း ပြင်ဆင်ခြင်းမရှိပါက Zokhawthar Branch YMA အနေဖြင့် လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုလည်းဖော်ပြထားသည်။ Zokhawthar ကျေးရွာ သင်္ချိုင်းမှာ မီဇိုဘာသာစကား အသုံးမပြုချင်သူများအတွက် မြှုပ်နှံခွင့်မရှိကြောင်း နှင့် သင်္ချိုင်းကျောက်စာများကိုလည်း မီဇိုဘာသာစကားဖြင့်သာ ရေးသားကြရန်အသိပေးထားသည်။ ယခုကိစ္စနှင့်ပတ်သက်၍ နယ်စပ်တွင်နေထိုင်သောချင်းအမျိုးသားတစ်ဦးက အလွန်အစွန်းရောက်သည့်လုပ်ရပ်ဖြစ် သည်ဟု ပြောဆိုသည်။ “ကိုယ့်သင်္ချိုင်း အုတ်ဂူမှာ ကိုယ့်နာမည်၊ ဘာသာစကားတောင် ရေးသားဖော်ပြခွင့်မရှိဘူးဆိုတာကတော့ အလွန်ကို အစွန်းရောက် လွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုအမိန့်တွေထုတ်ကြလဲမသိဘူး တကယ်စိတ် ပျက်ဖို့ကောင်းပါတယ်” ဟု ချင်းအမျိုးသားတစ်ဦးကပြောသည်။

Read More

(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောန်ဇန် ကျေးရွာ၏ စပါးခင်းအောက်ဘက်ရှိ မဏိပူရမြစ်ကမ်းနားတွင် အမည်မသိ အမျိုး သားတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက ယနေ့တွေ့ရှိခဲ့ကြသည်။ “ဆွောန်ဇန်စပါးခင်းအောက်က မြစ်ကမ်းနားမှာ လူသေအလောင်းတွေ့ရပါတယ်။ အမျိုးသားတစ်ဦးအလောင်းပါ။ ဦးရေပြား ကလဲ ကွာစပြုနေပြီ။ အလောင်းကတော့ ပျက်စီးနေပါပြီ” ဟု အလောင်းတွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယခုတွေ့ရှိထားသည့် ရုပ်အလောင်းနှင့် ပတ်သက်၍ မိသားစုဝင်များ၊ ဆွေမျိုးတော်စပ်သူများ ရှိပါက ဆက်သွယ်နိုင်ရန် ကျေးရွာဒေသခံများက အသိပေးနှိုးဆော်ထားသည်။ မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်အထိ ဆွေမျိုးများ လာရောက်ဆက်သွယ်ခြင်း မရှိပါက ရုပ်အလောင်းကို ဆွောန်ဇန် ရွာသားများ၏ အစီစဉ်အတိုင်း သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။ နီးစပ်ရာ ပတ်ဝန်းကျင်၊ အိမ်နီးနားချင်းများ သို့မဟုတ် မိတ်ဆွေများအကြား လူပျောက်ဆုံးနေသူများရှိပါက အမြန်ဆုံး အကြောင်းကြား ဆက်သွယ်ပေးကြပါရန်လည်း တိုက်တွန်းထားသည်။ သေဆုံးသူမှာ စက်တင်ဘာလ ၁၃ ရက်နေ့က PDF -Zoland အချုပ်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်သုံ့ပန်းများထဲက ဖြစ်နိုင်ကြောင်း ထင်ကြေးပေးတာမျိုးလည်းရှိနေသည်။

Read More