(006SV) အသက်မပြည့်သေးသော ကလေးနှင့် လူငယ်များကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမဆို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းများမှာ ပါဝင်စေခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခမှာ အသုံးပြုခြင်းကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေး စီဒီအမ်အဖွဲ့က ကြေညာသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ပညာရေးနှင့် လူမှုရေးအခြေအနေများအပေါ် ချင်းပြည်ပညာရေး CDM များ၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက် ကြေညာချက်မှာ ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ ကလေးသူငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် လက်နက်ကိုင်အဖွဲ့များတွင် စုဆောင်းအသုံးပြုခြင်းသည် ကလေး သူငယ်အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများအတွက် ကြီးမားသော ချိုးဖောက်မှု ဖြစ်သည်ဟု UNICEF ကို ကိုးကား၍ ချင်းပြည်ပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်သည်။ “ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လုံခြုံရေး၊ ပညာသင်ယူခွင့်နှင့် အနာဂါတ်ဘဝအခွင့်အရေးများကို ကာကွယ်ပေးရန် တောင်းဆိုအပ်ပါသည်” ဟု ချင်းပြည်ပညာရေးစီဒီအမ်အဖွဲ့ ဆိုသည်။ CDM များ၏ လူမှုဘဝနှင့် စီးပွားရေး အခက်အခဲများကို ထည့်သွင်းစဉ်းစား၍ CDM များကို အခွန်အခနှင့် အခြားသက်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သင့်လျော်သော ကင်းလွတ်ခွင့်များ ပေးပါရန်လည်း ချင်းပြည်ပညာရေးစီဒီအမ် အဖွဲ့က တောင်းဆိုသည်။ CDM များ၏ သားသမီးများသည် မိဘများ၏ ရပ်တည်ချက်နှင့် ဆက်စပ်၍ အခွင့်အရေးများ ဆုံးရှုံးခြင်း သို့မဟုတ် အတင်းအဓမ္မ စစ်မှုထမ်းရခြင်း မဖြစ်ပေါ်စေရန် ကာကွယ်ပေးပြီး သက်ဆိုင်ရာ စည်းမျဉ်း၊ မူဝါဒများအရ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ်…
Author: Editor
(006SV) ချင်းပြည်နယ်၊ မရာချင်းတော်လှန်ရေး အင်အားစုတစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) / မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MDF) တို့၏ ဥက္ကဌ Dr Bik သည် ပြီးခဲ့သော ရက်ပိုင်းက ကျင်းပခဲ့သော ပုံမှန်ဗဟိုကောင်စီ အစည်းအဝေးတွင် နုတ်ထွက်စာတင်၍ နုတ်ထွက်သွားသည်ဟု သိရသည်။ တတိယအကြိမ် မရာပြည်သူ့ ညီလာခံသက်တမ်း၊ တတိယအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌမှ တင် သွင်းသော နုတ်ထွက်စာကို ဆွေးနွေးအတည်ပြုခဲ့သည်ဟု ယင်းကောင်စီအစည်းအဝေးနှင့် ပတ်သက်၍ ယနေ့ စက်တင် ဘာလ ၂၂ ရက်တွင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ “အဓိကကတော့ တော်လှန်ရေးမှာ ပါ၀င်လာတာ ၅ နှစ်ကျော်လောက်ရှိနေပြီး၊ မိသားစုနဲ့ဝေးကွာနေရတာကြာတော့ မိသားစုကို အချိန်ပြန်ပေးချင်တာတွေကြောင့် ဗဟိုကောင်စီအစည်းအဝေးမှာ နုတ်ထွက်စာ တင်လာရတာပါ။ ဥက္ကဌ အသစ်ကိုတော့ မရွေးချယ်ရသေးပါဘူး” ဟု MTC/ MDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ MTC/ MDF တွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Dr. Bik ၏ လစ်လပ်နေသော နေရာတွင် လက်ရှိမှာ ဥက္ကဌသစ်ကို မရွေးချယ်ရသေးကြောင်း၊ လာမည့် ဗဟိုကောင်စီအစည်းအဝေးတွင် ဥက္ကဌသစ်ကို ရွေးချယ် ခန့်အပ်သွားမည်ဟု သိရသည်။ ကြားကာလတွင် မရာချာတာ (Mara Charter) အရ ဒုဥက္ကဌ ၁ T. Biekhai က ယာယီတာဝန်ခံအဖြစ် ဆောင်ရွက်သွားမည်ဟု သိရသည်။ ဒုတိယညီလာခံ သက်တမ်းကတည်းက ပြဌာန်း၍ အကောင်အထည်ဖော်နေသော…
(004SS) ချင်းအမျိုးသမီးများအနက် ပထမဦးဆုံး Bachelor of Arts(B.A) ဘွဲ့ရရှိသူ Pi Hlawn Kip Thluai သည် စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၇ နာရီတွင် အမေရိကန်ပြည်ထောင်စု၊ Austin, Texas ရှိ သမီးဖြစ်သူ၏ နေအိမ်တွင် ကွယ်လွန်သွားခဲ့ ကြောင်း သိရသည်။ ၎င်းသည် ကွယ်လွန်ချိန်တွင် အသက် ၉၀ အရွယ် ရှိပြီဖြစ်သည်။ Pi Hlawn Kip Thluai သည် ၁၉၃၆ ခုနှစ်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tlauhmun ကျေးရွာ၌ မွေးဖွားခဲ့ပြီး ဇာဟောင် စောဘွား(တိုက်သူကြီး) Pu Thang Tin Lian နှင့် Pi Hniar Cuai တို့၏ သမီးဖြစ်သည်။ ၁၉၅၆ ခုနှစ်တွင် Falam မြို့၌ Matriculation အောင်မြင်ခဲ့ရာ ချင်းအမျိုးသမီးများထဲတွင် ပထမဦးဆုံး အောင်မြင်သူဖြစ် သည်။ ထို့နောက် ၁၉၆၀ ပြည့်နှစ်တွင် Rangoon University မှ Bachelor of Arts ဘွဲ့ကို ရရှိခဲ့သဖြင့် ပထမဦးဆုံး ချင်းအမျိုးသမီး BA ဘွဲ့ရအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ Sydney University မှ Dip.Ed, TEFL ဒီပလိုမာကို ရရှိခဲ့ပြီးနောက် Pu Run Ro Thang နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ ထို့နောက်…
(004SS) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၇ သိန်းခွဲကျော်ကို ချင်းအမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခန့်တွင် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ မညန်ရှန်းဝုန် သို့မဟုတ် ဝုန်ပီး (ခ) ချင်းမ ၏ နေအိမ်ကို ဝင်ရောက်ရှာ ဖွေခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရှာဖွေရာမှ နေအိမ်အတွင်း ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် ၃၇ နှစ်အရွယ် ချင်းအမျိုးသမီး မညန်ရှန်းဝုန် အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူထားပြီး ပါဝင်ပတ်သက်သည့် ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC ထုတ်ပြန်ချက်အရ သိရသည်။ ယခုနှစ် ၂၀၂၆၊ ၉ လတာကာလအတွင်း ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်ပေါင်း ၁၀ ခုထက် မနည်း ရှိခဲ့သည်။ ကလေးမြို့သည် မြေပြန့်နှင့် တောင်ပေါ်ဒေသကို ဆက်သွယ်ပေးသည့် လမ်းဆုံလမ်းခွ ဖြစ်သလို အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့သို့ ဆက်သွယ်ရာ အဓိကကျသည့် မြို့ဖြစ်သောကြောင့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချရာတွင်…
(005MK) မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ၏ ဦးဆောင်မှုဖြင့် တရားမဝင် နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှုနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကိစ္စရပ် အစည်းအဝေးတစ်ရပ်ကို ယနေ့စက်တင်ဘာ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။ ထိုအစည်းအဝေးတွင် Lawngtlai ခရိုင်မှ မြန်မာနိုင်ငံဘက်သို့ ကုန်စည်သယ်ယူပို့ဆောင်ခြင်းနှင့် ကုန်သွယ်မှုပြုလုပ် နေသူများအား ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းရှိမရှိ သေချာစွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ဥပဒေချိုးဖောက်သူ များကိုလည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုကြောင်း မီဇိုရမ်အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြသည်။ ထို့အပြင် အိန္ဒိယနိုင်ငံသား မဟုတ်သူများ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ အခြားသူ၏ အမည်ကို အသုံးပြု၍ မော်တော် ယာဉ် ဝယ်ယူခြင်းတို့အပြင် မော်တော်ယာဉ်များ ခိုးယူခံရခြင်းနှင့် ပြန်လည်ရောင်းချခြင်းများ ရှိနေကြောင်း သတင်း ထွက်ပေါ်နေမှုများကိုလည်း သေချာစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Lawngtlai ခရိုင်သည် နိုင်ငံတကာနယ်စပ်တွင် တည်ရှိနေသဖြင့် ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးကို တင်းတင်း ကြပ်ကြပ်ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းအတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (District Administration) အနေဖြင့် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် လူမှုရေးအသင်းအဖွဲ့ အသီးသီးနှင့် Lawngtlai ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားသည်။ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း KMMTTP လမ်းမကြီးမှတစ်ဆင့် Zorinpui ကို ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ဆောင်ရွက်စရာများစွာ ရှိနေသေးကြောင်း နောင်အနာဂတ်တွင် ကုန်သွယ်ရေးဗဟိုချက်မနှင့် အရေးအကြီးဆုံးနေရာ ဖြစ်လာမည်ဖြစ်သောကြောင့် ဥပဒေနှင့် စည်းကမ်း ထိန်းသိမ်းရေးတွင် တင်းကြပ်စွာ…
(006SV) ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို ထိုးစစ်ဆင်နေသော စစ်တပ်သည် စစ်ယာဉ်တန်း ၁၈၀ ကျော်ဖြင့် စစ်အင်အား တစ်ထောင်ခန့် စစ်ကူဖြည့်ရန် ပြင်ဆင်လျက်ရှိရာ ယင်းစစ်ယာဉ်တန်းသည် ချင်း- မကွေးအစပ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ စက်တင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မကွေးတိုင်း၊ မင်းဘူးမြို့ဘက်မှ တက်လာသော စစ်ယာဉ်တန်း ၁၈၅ ခန့်ဖြင့် စစ်အင်အားတစ်ထောင်ကျော်ပါသော စစ်ကြောင်းသည် ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့ ဖြတ်ကျော်ပြီး စက်တင်ဘာလ ၂၀ ရက် လောင်းရှည် ကပစ ၂၅ အတွင်းသို့ ရောက်ရှိလာပြီးဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ကပစ ၂၅ ကို ရောက်ရှိသော စစ်တပ်စစ်ကြောင်းသည် ဆောမြို့ဘက်သို့ မကြာမီ ထပ်မံ ထွက်ခွာလာနိုင်ပြီး လောင်းရှည်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ဆက်သွယ်ရေးလိုင်းများကို စစ်အုပ်စုက ဖြတ်တောက်ထားသည်ဟု သိရသည်။ ဆော – မင်းလယ်- သီးကုန်း၊ တောင်ဘို့ကြီး – ကာက- လောင်းရှည် လမ်းကြောင်းတစ်လျှောက်ကိုလည်း စစ်တပ်သည် အင်အားများ တိုးမြှင့်ချထားပြီး အဆိုပါ လမ်းပိုင်းကို ထိန်းချုပ်ထားသည်ဟု ဆောမြို့နယ် ပအဖအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ မေလယ်မှ စတင်၍ မကွေး၊ ယောဒေသမှတဆင့် ချင်းတောင်ပိုင်းကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်သည် ၄ လကျော်အတွင်း ယောဒေသနှင့် ချင်းတောင်ပိုင်းသို့ စစ်အင်အား ၄၅၀၀ ခန့် ပို့ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုကဲ့သို့ စစ်အင်အား ထောင်ချီ ထပ်မံဖြည့်တင်းလာခြင်းသည် ယောဒေသကို…
(004SS) စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်လိုင်ရပ်ကွက်တွင် နာရေးမဏ္ဍပ် ဆောက်လုပ်ပေးနေသည့် ချင်းလူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့ပြီး ကျပ်သိန်း ၂၀၀ ဖြင့် ပြန်လည်ရွေးခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် တနင်္လာနေ့က မွန်းလိုင်ရပ်ကွက်ရှိ MZBC အသင်းသားတစ်ဦး၏ နာရေးတွင် မဏ္ဍပ် ဆောက်၍ ကူညီလုပ်ကိုင်ပေးနေသည့် လူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ည်ဟု သိရသည်။ “ပြီးခဲ့တဲ့တနင်္လာနေ့က မွန်လိုင်မှာ MZBC အသင်းတော်က အသုဘမှာ မဏ္ဍပ်ဆောက်နေတဲ့ လူငယ် ၂ ဦးကို စစ်သားတွေက ဖမ်းလိုက်တယ်။ တစ်ယောက်က Pu Lal Rin Zual ရဲ့သားပေါ့နော်။ သု့ကို သိန်း ၂၀၀ နဲ့ ရွေးခိုင်းတယ်။ အဲလိုနဲ့ ၁၄ ရက်နေ့ က လွှတ်ပေးတယ်။ နောက်သူနဲ့အတူ ဖမ်းခံရတဲ့ တစ်ယောက်ကိုတော့ ဘယ်လောက်နဲ့ရွေးခိုင်းမလဲ မသိဘူး။” ဟု ကလေး မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ထို့အပြင် စက်တင်ဘာ ၁၆ ရက်နေ့ကလည်း တောင်ဖီလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ နက်ပြာရောင်ဝတ်စုံဝတ်ဆင်သော ပြည်သူ့စစ်များ ဝင်ရောက်စီးနင်းခဲ့ရာ အိမ်ထဲမှာရှိနေကြသော လူငယ် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း ပြည်သူ့စစ်များသည် နေအိမ်ထဲရှိနေသော မိခင်ဖြစ်သူကို အဓမ္မဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင် ကျပ်သိန်း ၃၀ ပေးဆောင်ပါက ဖမ်းဆီးမည်မဟုတ်ကြောင်းပြောဆိုကာ ခြိမ်းခြောက်၍ငွေညှစ်တောင်းခံခဲ့ကြောင်း…
(004SS) National University of Zoland – NUZ သည် “အသက်မွေးဝမ်းကျောင်းနှင့် အထက်တန်းလွန်ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့” Diploma in Vocational and Post-secondary Education သင်တန်းသစ်ကို ဖွင့်လှစ်သွားမှာဖြစ်ပြီးလျှောက်လွှာများကို အောက်တိုဘာလ ၃ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုဖွင့်လှစ်မည့် ဒီပလိုမာသင်တန်းသည် ပညာရေးလမ်းကြောင်း အဆက်ပြတ်ခဲ့သည့် လူငယ်များအတွက် ပြန်လည်စတင် နိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ သင်တန်းကို NUZ ၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျောင်းသားများအနေဖြင့် မိမိတို့၏ ဝါသနာနှင့် အနာဂတ်ရည်မှန်းချက်များအပေါ် မူတည်၍ ရွေးချယ်နိုင်ရန် GED Track နှင့် Vocational Track ဟူ၍ သင်ကြားမှု ပုံစံနှစ်မျိုး ခွဲခြားထားသည်။ GED Track ကို ရွေးချယ်သည့် ကျောင်းသားများသည် အခြေခံဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဒီဂျစ်တယ်ကျွမ်းကျင် မှုနှင့် နိုင်ငံသားပညာရေးတို့ကို သင်ယူရမည့်အပြင်၊ GED ဘာသာရပ်များဖြစ်သော ဘာသာစကားအနုပညာမှတစ်ဆင့် ဆင်ခြင်တုံတရားဆန်းစစ်ခြင်း၊ သင်္ချာ၊ လူမှုရေးသိပ္ပံနှင့် သိပ္ပံဘာသာရပ်များကိုလည်း လေ့လာကြရမည်ဖြစ်သည်။ ထို့ပြင် Programming Graphic Design၊ Video Editing၊ A+ and Networking၊ Web Design and Programming ကဲ့သို့သော သက်မွေးပညာ ရွေးချယ်စရာဘာသာရပ်များထဲမှ အနည်းဆုံး နှစ်ဘာသာကို ရွေးချယ်သင်ယူရမည်ဟု ဖော်ပြထားသည်။ GED Track သို့ တက်ရောက်လိုသူများသည် စနစ်သစ် Grade-12 သို့မဟုတ် စနစ်ဟောင်း…
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ PDF Zoland ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်းများ၏ ပစ်ခတ်မှုကြောင့် သိက္ခာတော်ရ သင်းအုပ်ဆရာ Rev. Dal Thawn Tuang သေဆုံးသွားခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။ PDF Zoland ၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၃ ရက်နေ့တွင် ZFU/PDF Zoland က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း အယောက် ၈၀ ခန့် ထွက်ပြေးလွတ်မြောက်သွားခဲ့ရာ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကပ်တဲလ်ကျေးရွာအနီး ခရီးသွားလာနေသည့် Lamzang နှစ်ခြင်းအသင်းတော်မှ Rev. Dal Thawn Tuang ကို လမ်းခုလတ်တွင် ပစ်ခတ်သတ် ဖြတ်ခဲ့ကြခြင်းဟု ဆိုသည်။ ဆုံးပါးသွားသည့် ဆရာတော်၏ ရုပ်အလောင်းကို PDF Zoland က သွားရောက်ရယူကာ Lamzang ကျေးရွာသို့ ပို့ဆောင် ပေးခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ Rev. Dal Thawn Tuang ကွယ်လွန်သွားခြင်းသည် ဘုရားသခင်၏ အမှုတော်လုပ်ငန်းအတွက်သာမက ဇိုဂမ်နှင့် ဇိုမီး၊ မိသားစုဝင် တစ်ရပ်လုံးအတွက် ကြီးမားသည့် ဝမ်းနည်းဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ZFU/PDF Zoland က ထုတ်ပြန်ထားသည်။
(006SV) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် Lamzang နှစ်ခြင်းအသင်းတော်၏ သင်းအုပ် ဆရာတော်ကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခြင်းအတွက် အမေရိကန်အစိုးရအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် Burma Research Institute (BRI) က တောင်းဆိုလိုက်သည်။ အဆိုပါ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ BRI က စက်တင်ဘာလ ၁၇ ရက်မှာ အမေရိကန် သမ္မတဒေါ်နယ်ထရန်နှင့် အစိုးရအဖွဲ့ထံ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ “ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ လူသားမျိုးသားနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအဖြစ် အမေရိကန်သမ္မတ ထရမ့်အနေနဲ့ သတ်မှတ်သင့်ပါတယ်။ သင်းအုပ်ဆရာတော်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသားတွေကို ချက်ချင်း ခြွင်းချက် မရှိ ပြန်လွှတ်ပေးနိုင် ရေးအတွက် အာဏာသိမ်းစစ်တပ်ကို အိမ်ဖြူတော်အနေနဲ့ ဖိအားပေးသင့်ပါတယ်” ဟု BRI ဥက္ကဌနှင့် CEO ဖြစ်သူ Pu Zo Tum Hmung က ပြောသည်။ သိက္ခာတော်ရဆရာတော် Rev. Dal Thawn Tuang သည် မိတ်ဆွေတစ်ဦးနှင့် တွီးတော့ကျေးရွာကို အသင်းတော်ကိစ္စ ကူညီဆောင်ရွက်ပေးရန် သွားရောက်ခဲ့ပြီးနောက် Lamzang ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ကပ်တဲလ်တံတားအနီးတွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ သင်းအုပ်ဆရာတော်၏ ရုပ်အလောင်းကို စစ်ဆေးကြည့်ရာ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်ကို ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ပေါင်တို့မှာ တွေ့ရှိရပြီး ယင်းအခြေအနေသည် မတော်တဆ ကျည်ထိမှန်ခြင်း မဟုတ်ဘဲ…
