(006SV) ချင်းပြည်နယ်၊ မတူပီမြို့မရဲစခန်းမှ တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကလေး ၂ ဦးနှင့်အတူ တမိသားစုလုံး အလင်းဝင်လာခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF- မတူပီက သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၃၀ ရက်က မတူပီမြို့ပေါ် မြို့မရဲစခန်းမှ တပ်ကြပ် ဦးရန်ရှင်းအောင် (ကိုယ်ပိုင်အမှတ် လ/လ၂၅၀၂၈၆ ) သည် G -3 (၁) လက်၊ ကျည်ဘောက် (၂) ခု၊ ကျည်ဆံ ၁၀၄ တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မတူပီထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့သော ဦးရန်ရှင်းအောင်တို့ မိသားစုကို CDF – မတူပီက ကျပ်သိန်း (၅၀) ကို ချီးမြှင့်ခဲ့သည်။ မတူပီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲသားများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းပေးရန် နောက်ဆုံးအကြိမ်အဖြစ် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF မတူပီက ဒီဇင်ဘာလ ၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည် နိုဝင်ဘာလ ၂၆ ရက်ကလည်း မတူပီမြို့ရဲစခန်းမှ ရဲတပ်သား မိုးကန့်သည် ၎င်း၏ လေးလသားအရွယ် ကလေးငယ် နှင့်အတူ လက်နက်အပြည့်အစုံဖြင့် တစ်မိသားစုံးလုံး အလင်းဝင်ရောက်လာခဲ့သည်။
Author: Editor
(006SV) ချင်းပြည်နယ်၊ မတူပီမြို့တွင် စခန်းသိမ်းတိုက်ပွဲအထိ စစ်ရှိန်မြှင့်မည့် ကနေဦးတိုက်ပွဲအဖြစ် မြို့အဝင်မှ စစ်ကောင်စီ ကာကင်းကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင် ၇ ဦး သေဆုံးကြောင်း CDF – မတူပီ၊ ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မနက် ၉ နာရီခန့်တွင် မတူပီ – မင်းတပ် လမ်းပေါ်ရှိ မတူပီမြို့အဝင်အနီးက စစ်ကောင်စီ ကာကင်းကုန်စခန်းကို သိမ်းပိုက်နိုင်ရန် လက်ဦးမှုယူ၍ စီးနင်းတိုက်ခိုက်ခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူ ပြောသည်။ “အဓိကက သူတို့စခန်းကို ကျနော်တို့ ဝင်စီးတယ်။ အမှန်က ဝင်စီးပြီးမှ အကုန်လုံးကို သိမ်းနိုင်ဖို့ ရည်မှန်းခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဆီမှာထက် သူတို့ဆီမှာ လူအင်အားက နည်းနည်းများသွားတယ်။ ။ လက်ဦးမှု ယူပြီးမှ ပစ်နိုင်တဲ့ လူလောက်ပဲ ပစ်တာ၊ အထဲမှာလည်း လူတွေ ထပ်ရှိမှာဆိုတော့ လူအင်အားချင်း မမျှတာနဲ့ ပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးပြီး MA – 3 (၂) လက်၊ MA – 5 ပစ္စတို (၁) လက်တို့ သိမ်းဆည်းရရှိခဲ့သည်၊ ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက်ကို အတိအကျ မသိသော်လည်း လူနာတင်ကာ ၃ စီးသွားရသည်၊ CDF…
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်အပါအဝင် နေအိမ်များ ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် ၂၀၀၀ ကျော်ကို ပြန်လည်နေရာချထားရေး အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်သည်။ ရေဇွာမြို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄ လုံးမှာ လုံးဝပျက်စီးသွားပြီး နေအိမ် ၆ လုံးနှင့် ZBA Salang ခန်းမဆောင်တို့မှာ ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက နိုဝင်ဘာလ ၃၀ ရက်က ထုတ်ပြန်သည်။ ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံး၊ ကျောင်း၊ ဘဏ်ရုံး အပါအဝင် နေအိမ်များ စုစုပေါင်း ၆၀ ကျော်သည် အမိုးအကားများ ပျက်စီးသွားသည်ဟု ဆိုသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ဒေသခံ ပြည်သူ ၂၀၀၀ ကျော် နေရပ်အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် မြို့တွင်းရှင်းလင်းရေးများ ဆောင်ရွက်နေပြီး၊ ပျက်စီးသွားသော နေအိမ်များ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက် အအုံများနှင့် စစ်ဘေးရှောင်များ ပြန်လည်နေရာချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ထုတ်ပြန်သည်။ ZZLMS ချင်းညီနောင်များဖြစ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang တို့နှင့်အတူ ချင်းအမျိုးသားတပ်မတော် CNF/CNA ၊ CDF မတူပီ တပ်ရင်း ၂ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့သည် ZZLMS Operation ဖော်ဆောင်၍…
(006SV) ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း “နှုံးဘူး” နှင့် “ထရွန်အိုင်ဗျူဟာကုန်း” တို့ကို အပြီးသိမ်း ပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ် – အိန္ဒိယ – မြန်မာ သုံးနိုင်ငံနယ်စပ်အနီးမှာ တည်ရှိသည့် ပလက်ဝမြို့နယ်ထဲက ယင်းစစ်စခန်း (၂) ခုကို ရက္ခိုင့် တပ်တော် (AA) က နိုင်ဝင်ဘာလ ၁၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်အထိ ၁၇ ရက်ကြာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၀ ရက်က ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်ဖျားဒေသဖြစ်သည့် တရွန်အိုင်ရွာအထက်ပိုင်း ၆ မိုင်က မီးဇာရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ စစ်ကောင်စီသည် ယင်းဗျူဟာများကို လေကြောင်းပစ်ကူများသာမက အခြားတပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း AA ၏ သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီနှင့် AA တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ထိုးစစ်ဖြင့် တန်ပြန်တိုက်ခိုက်နေသည်၊ ပေါက်တောမြို့ပေါ်ရှိ နေအိမ်များ မီးလောင်ပျက်စီးမှုများရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး၏ စစ်ရှိန်နှင့်အတူ တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်သော စစ်ဆင်ရေးကြီးအဖြစ် အသွင်ပြောင်း အားကောင်းလာပြီး စစ်ကောင်စီကို အပြီးသတ် ဖြိုလှဲနိုင်ရန် ညီနောင်မဟာမိတ်…
(002MG) စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဒီဇင်ဘာလအတွင်း တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု လူထုအကြား စိုးရိမ်မှုမြင့်တက်လာနေသောကြောင့် ကလေးမြို့ပေါ်ရပ်ကွက်က ပြည်သူတချို့မှာ ကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်သူ ပိုများလာသည်ဟု သိရသည်။ ကလေးမြို့ခံတစ်ဦးက “ ဒီဇင်ဘာ (၁၅) နေ့မတိုင်ခင် ထွက်ရမယ်လို့ပြောကြတာနဲ့ အိမ်နားက စစ်ဘေးလာရှောင်သူတွေလဲ သူတို့ရှာဖက်မှာ နည်းနည်းအဆင်ပြေလာပြီး၊ ဒီမြို့တွင်းမှာလည်း ဆိုးလာမယ်ဆိုပြီး ပြန်ကြတယ်၊ နောက်ပြီး တချို့တွေဆိုရင်လည်း အထုတ်အပိုးနဲ့ ကျေးရွာဖက်ကိုသွားကြတယ်” ဟုပြောသည်။ ကလေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တင်လာတော့မည်ဖြစ်သောကြောင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေရာယူထားသည့် နေရာအနီး၊ စကစတပ်ရင်း၊ တပ်စခန်းများ၊ စကစဂိတ်များ၊ရဲစခန်းများအပါအဝင် ပျူစောထီးကျေးရွာအနီးတို့တွင် နေထိုင် သည့်ပြည်သူများ ဒီဇင်ဘာလ ၁၅ ရက်နေ့မတိုင်ခင် အမြန်ပြောင်းရွှေ့ကြရန် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုကဲ့သို့ ထုတ်ပြန်ပြီးသည့်အချိန်ကစ၍ ကလေးမြို့ပေါ်တွင်နေထိုင်ကြသော ပြည်သူအများစုမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်မှု ပိုမို မြင့်တက်လာနေပြီး စစ်ကောင်စီတပ်စခန်းအနီးတွင် နေထိုင်သူများသာမက မြို့တွင်းနေထိုင်သူများသည် ကျေးရွာဘက်သို့ ပြောင်းရွှေ့ခဲ့ကြခြင်းဖြစ်သည်။ ထို့အပြင် ကလေးမြို့ထဲသို့ ကျေးရွာများဘက်မှ စစ်ဘေးရှောင်လာကြသူများမှာလည်း မိမိကျေးရွာဘက်သို့ ပြန်လည်အခြေချနေထိုင်သူများလာကြောင်း သိရသည်။ တာဟန်းရပ်ကွက်၊ မူးယစ်ရုံးအနီးတွင်နေထိုင်သူပြည်သူတစ်ဦးက ”သူတို့တပ်စွဲထားတဲ့နေရာနဲ့ ကိုက် (၅၀၀) လောက်မှာ ရှောင်ပါလို့ပြောတယ်။ အိမ်က သူတို့တပ်စွဲတဲ့နေရာနဲ့ အရမ်းနီးတာဆိုတော့ ကျမတို့တော့ ရှောင်ရမယ်။ အိမ်ဘေးကတွေ လည်း ရှောင်ကုန်ပြီ” ဟု ပြောသည်။ တဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူများ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ပါက နေအိမ်များ မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မူများလည်းရှိနေသည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့ကို “ZZLMS စစ်ဆင်ရေး” အဖြစ် ဖော်ဆောင်၍ CNA နှင့်CDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်များက ယနေ့တွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်ကောင်စီတပ်သားများကို အရှင်ဖမ်းဆီးရမိသည်ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။ “အော်ပရှင်းရဲ့ ငါးရက်မြောက်နေ့မှာ သိမ်းနိုင်တာပါ။ ကျနော်တို့ တမြို့လုံးကို အားလုံး ထိန်းချုပ်နိုင်ပြီ။ ကျနော်တို့ ဒီ ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲပေါ့နော်။ အဲဒီကနေ အားလုံး စခန်းသိမ်းဖို့ ပြင်ကြတယ်။ အဲဒီကနေ အားလုံးပူးပေါင်းပြီးတော့ ကျနော်တို့ ချင်းပြည်နယ် လွတ်မြောက်လာမယ့် မြို့တစ်ခု တည်ဆောက်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သိမ်းတာပါ” ဟု CDF – Zotung က ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒယ်နီက ပြောသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် ချင်းအမျိုးသားတပ်မတော် CNA/ CNF ၊ CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၅ ရက်တွင် စတင်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၂၅ ရက်မှ စတင်၍ ရေဇွာမြို့ပြည်သူများ နေရပ်စွန့်ခွာစစ်ဘေးရှောင်ကြရပြီး နိုဝင်ဘာလ ၂၆ ရက်မှစတင်၍ ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ချင်းပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ…
(005MK) ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလုံသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ ကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ပြီး ယနေ့တွင် စစ်ကောင်စီထံ ပြန်ပို့လိုက်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြသည်။ လိုင်လင်းပီမြို့က စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြသည်။ ဗိုလ်ကြီးရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာ တပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြသည်။ ထိုသို့ ခိုလုံခဲ့ကြပြီးနောက် ယနေ့မနက်ပိုင်း ၉ နာရီခွဲခန့်တွင် Tuipang ကျေးရွာမှ ရဟတ်ယာဉ်ဖြင့် ခေါ်ထုတ်သွားကြပြီး မဏိပူရ် ပြည်နယ် နယ်စပ်မြို့ မိုးရေကတဆင့် တမူးမြို့ဘက်သို့ လွှဲပြောင်းမည်ဟု မီဇိုရမ်ဒေသတွင်းသတင်း Bengvarna မှာဖော်ပြသည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်ရာမှာ ရိခေါဒါရ်မြို့နှင့် သီးဘွာလ်းတပ်စခန်းက စစ်ကောင်စီတပ်သား ၇၁ ဦးသည် မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံခဲ့ကြပြီး နို၀င်ဘာလအတွင်းမှာပဲ အိန္ဒိယဗဟိုအစိုးရက စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့ပြီးဖြစ်သည်။
(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ် ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ လက်နက်ချအညံ့ခံခဲ့ပြီး ယင်းတို့ကို စစ်ရေးဆိုင်ရာ လုပ်ထုံလုပ်နည်းအရ ဆက်လက်ကိုင်တွယ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ “ရေဇွာမြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄၀ ဦးကို အရှင်ဖမ်းမိတယ်။ ဖမ်းမိသူတွေထဲမှာ ဘယ်လိုရာထူးတွေ ပါသလဲ မသိရသေးဘူး။ ကျနော်တို့မှာ စစ်သုံ့ပန်းဆိုင်ရာ ဥပဒေရှိပါတယ်။ အဲဒါနဲ့ဆက်လက်ဆောင်ရွက်သွားမယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ ရေဇွာမြို့သိမ်းတိုက်ပွဲကို “ZZLMS စစ်ဆင်ရေး” ဟု အမည်ပေးပြီး ချင်းအမျိုးသားတပ်မတော် CNF/CNA ၏ ဦးဆောင်မှုဖြင့် ZZLMS ညီနောင်ချင်းတပ်ဖွဲ့ဟုခေါ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang နှင့် CDF မတူပီ ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရေဇွာမြို့ကို အလုံစုံသိမ်းပိုက်နိုင်ခဲ့ပြီး CNF/CNA မှ ရဲဘော်တစ်ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦး၊ CDF-Lautu မှ (၁) ဦး စုစုပေါင်း (၄) ဦးတို့ ကျဆုံးခဲ့သည်၊ တပ်သား ၅ ဦးမှာ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်မှ ၂ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၄၀ မှာ လက်နက်ချခဲ့ပြီး…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားကြသော ဗိုလ်ကြီးတစ်ဦးအပါအ၀င် စစ်ကောင်စီတပ်သား အယောက် ၃၀ သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင်ထဲကို ၀င်ရောက်ခိုလုံခဲ့ကြသည်ဟု သိရသည်။ လိုင်လင်းပီမြို့မှာ အထိုင်တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နို၀င်ဘာလ ၂၄ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများသည် လက်နက်ချအညံ့မခံဘဲ တဖက်အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားကြခြင်းဖြစ်သည်။ ဗိုလ်ကြီး ရန်နိုင်ဦး ဦးဆောင်သော စစ်ကောင်စီတပ်သား အယောက် ၃၀ တို့သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှီဟာခရိုင် နယ်စပ်ကျေးရွာ Tuipang ရွာမှာတပ်စွဲထားသော အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ နို၀င်ဘာလ ၂၈ ရက်နေ့က ၀င်ရောက်ခိုလုံခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ် ဒေသထုတ်သတင်းများတွင် ဖော်ပြာသည်။ ၎င်းတို့ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ထိန်းသိမ်းထားပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ချင်းပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်ခဲ့ကြပြီး အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း အခြေစိုက်ရာမြို့ ရိခေါဒါရ်မြို့ကို နို၀င်ဘာလ ၁၃ ရက်နေ့မှာ သိမ်းပိုက်ကာ စစ်ကောင်စီတပ်သား ၄၂ ဦးသည် တဖက် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးခိုလုံခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာလ ၁၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် သီးဘွာလ်တပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တိုက်ခိုက်သိမ်းခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂၉ ယောက်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထပ်မံထွက်ပြေးခိုလုံခဲ့ကြသည်။ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးခိုလုံကြသော…
(006SV) ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ချိတ်ဆက်ဆောင်ရွက်ရာမှာ အဓိကအချက်အချာကျပြီး လေယာဉ်ကွင်းရှိသည့် လိုင်လင်းပီမြို့တွင် ပြည်သူ့အုပ်ချုပ်ရေး စတင်လည်ပတ်နိုင်ရန် ချင်းအမျိုးသားတပ်ဦး CNF/CNA နှင့် CDF – Mara တို့ ပူးတွဲ ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာတည်ရှိသည့် လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် ချင်းပူးပေါင်းတပ်များက ရိခေါဒါရ်မြို့ သိမ်းပြီး နောက် နှစ်ပတ်နီးပါးအကြာတွင် ဒုတိယမြောက် သိမ်းပိုက်နိုင်သည့် မြို့ဖြစ်ပြီး အခုရက်ပိုင်းမှာပင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း များဖော်ဆောင်နိုင်ရန် CNF/CNA နှင့် CDF – Mara တို့ ညှိနှိုင်းဆွေးနေပြီဖြစ်သည်။ “ကျွန်တော်တို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ လက်ရှိ CDF-Mara ကနေ ဦးဆောင်မှုနှင့် အဲ့ဒီမှာ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးနှင့် ကျွန်တော်တို့ အဲ့ဒီမြို့အုပ်ချုပ်ရေးကို ဒေသခံတွေကိုယ်တိုင်ဦးဆောင်တဲ့ အုပ်ချုပ်ရေးကို ကျွန်တော်တို့က ဖော်ဆောင်ဖို့ဖြစ်ပါလိမ့်မယ်” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။ ချင်းပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CNF/CNA၊ CDF- Mara၊ CDF- Matupi ၊ CDF- Lautu၊ CDF- Zophei၊ CDF- Thantlang ဒရုန်းတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်သူများကို ဘေးလွတ်ရာသို့ စစ်ဘေးရှောင်ရန် အသိပေးပြီး လိုင်လင်းပီမြို့က ခလရ – ၃၀၄ အထိုင်စခန်းကို စတင်တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ နိုဝင်ဘာလ ၂၄ ရက်တွင် မြို့ကို အပြီးသိမ်းနိုင်ခဲ့ခြင်း ဖြစ် သည်။ စစ်ကောင်စီသည် လိုင်လင်းပီမြို့ မကျရေးအတွက် ဂျက်တိုက်လေယာဉ်ဖြင့် ၁၀…