(004SS) အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထောင်ချခဲ့သော ချင်းလူငယ်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးသည် ကင်ဆာရောဂါကြောင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူများထံမှသိရသည်။ အသက် ၃၂ နှစ်အရွယ် Salai Van Ceu Thawng သည် ထောင်မှလွတ်မြောက်ခဲ့ပြီးနောက်မှာ အကြိတ်ကင်ဆာရောဂါခံစား နေရကြောင်းသိရှိကြပြီး ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူစဉ် စက်တင်ဘာ ၁၃ ရက်နေ့က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ထောင်ကလွတ်လာပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာပဲ ကျန်းမာရေး သွားစစ်တာပါ။ ကလေးမြို့က ဆရာဝန်တွေက ရန်ကုန်ကို လွှဲလိုက်လို့ ရန်ကုန်ဆေးရုံမှာ စစ်ဆေးချက်အရ နှလုံးနဲ့ အဆုတ်ကြား အရေးကြီးတဲ့နေရာမှာ အကြိတ်ရှိနေတာ တွေ့ရ တယ်။ ချက်ချင်းခွဲဖို့ အဆင်မပြေလို့ ၆ လအတွင်း ကင်ဆာဆေးသွင်းပြီးမှ ၂၀၂၆ ဇူလိုင် ၃၁ ရက်မှာ ခွဲစိတ်ခဲ့တာပါ။ အဲဒီနောက် ဆေးရုံကို ထပ်ခါထပ်ခါ ပြန်ပြခဲ့ရပေမဲ့ မကောင်းလာတော့ဘဲ စက်တင်ဘာ ၁၃ ရက် မနက် ၁၀ နာရီခွဲမှာ ဆုံးသွားခဲ့တာပါ” ဟု ဆွေမျိုးတော်စပ်သူ အစ်ကိုဖြစ်သူက ပြောသည်။ ကွယ်လွန်သူ Salai Van Ceu Thawng သည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ဟားခါးမြို့ရှိ ဖွံဖြူးရေးလုပ်ငန်း လုပ်ကိုင်သည့်ရုံးတစ်ခုတွင် COVID-19 ပရောဂျက်မှာ တာဝန်ထမ်းဆောင်နေစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ကလေးမြို့အကျဉ်း ထောင်သို့ပို့ဆောင်ခဲ့ပြီး စစ်ကြေရေးတွင် နှိပ်စက် ခံထားရသည့်…
Author: Editor
ရေး – ဆလိုင်းကျော်အောင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက် နေ့သည် ULA/AA မှ ချင်းပြည်၊ပလက်ဝမြို့နယ်တစ်ခုလုံး ၏ စစ်ကော်မရှင် စခန်းကြီးငယ်များနှင့် အုပ်ချုပ်ရေးယန္တရားအလုံးစုံကို ချုပ်ငြိမ်းစေနိုင်သည့် နေ့တစ်နေ့ဖြစ်သည်။ ULA/AA သည် ၂၀၁၅ခုနှစ်၊ ဧပြီလတွင် ပလက်ဝမြို့နယ်၊ပြိုင်စိုကျေးရွာတွင် စကမနှင့်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ သည်။ ဆယ်စုနှစ်တစ်ခု စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ ဒေသခံလူထုအနေဖြင့် စစ်ကို ခါးသီး စွာ ဖြတ်သန်းနေရသည်။ အသက်နှင့်ကိုယ်လက်အင်္ဂါပေးဆပ်ရသူလည်း မနည်းလှပေ၊နေရပ်စွန့် ခွါရသူထဲတွင် ခူမီး (ချင်း) လူမျိုး နှင့် ချင်းမျိုးနွယ်စုများသည် အများဆုံးဖြစ်ခဲ့ရသည်။ ပလက်ဝမြို့နယ်သည် ချင်းမျိုးနွယ်စုဝင်အများဆုံးနေထိုင်သည့် နယ်မြေဒေသဖြစ်ပြီး ရခိုင်လူမျိုးနှင့်မ တူသည့် သီးခြားဘာသာစကား၊ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ကိုယ်ပိုင်နယ်နိမိတ်တို့ဖြင့် လွတ်လပ်သော ပလက်ဝနယ်မြေကို အင်္ဂလိပ်တို့က (The Arakan Hills Civil Justice Regulation – 1874-76 ) ၊ ရခိုင်တောင်တန်း တရားမဥပဒေ -၁၈၇၄-၇၆ နှင့် (Arakan Hills Regulation Act – 1916) ရခိုင်တောင်တန်း နည်းဥပဒေ-၁၉၁၆ ကို ပြဌာန်းကာ အုပ်ချုပ်ရေးကို လည်ပတ်စေခဲ့သည်။ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေးကို လက်မခံသည့် ခူမီး(ချင်း)မျိုးချစ်ခေါင်းဆောင်များဖြစ်သည့် တောင်မင်းဆိန်ဒါ(တတ္တူးစို)နှင့် တောင်မင်းဆပန် (နင်မ်းလောက်)တို့ ဦးဆောင်၍ တင်းမကျေးရွာ(ယခု ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်အတွင်းပါဝင်) မှ စတင်ခုခံတိုက်ပွဲဝင်ခဲ့သည့် သမိုင်းသက်သေများလည်းရှိသည်။ ၁၈၇၄-၇၆ မှ ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အချိန်ထိ နှစ်ပေါင်း ၇၀ကျော် သူ့ကျွန်ဘဝသို့…
(004SS) ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများထံ လက်နက်များပါရှိသည့်အတွက် ဒေသခံပြည်သူ များအနေဖြင့် ခရီးသွားလာခြင်းနှင့် တောလိုက်ခြင်းများ ခေတ္တရှောင်ကြဉ်ကြရန် ZFU/PDF-Zoland က အရေးပေါ် သတိ ပေးနှိုးဆော်ထားသည်။ အထူးသဖြင့် တီးတိန်၊ ကပ်တဲလ်၊ လိုင်လွီး နှင့် မဏိပူရမြစ် ( ဒေသအခေါ် Meitei gun) ဝန်းကျင်ဒေသများသို့ သွားလာ ခြင်း၊ နယ်မြေဖြတ်သန်းခြင်း ခေတ္တပိတ်ပင်ထားကြောင်း သိရသည်။ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများ၏ လက်ထဲတွင် လက်နက်များ ပါရှိသွားသည့်အပြင် လမ်းခရီး အန္တရာယ်ရှိနေသည့် အတွက် နယ်မြေလုံခြုံရေးအရ ဒေသခံများ သွားလာရေး အထူးသတိပြုကြရန် PDF-Zoland က အသိပေးထားခြင်း ဖြစ်သည်။ အဆိုပါ ပတ်ဝန်းကျင်တွင် လူစိမ်း သို့မဟုတ် မသင်္ကာဖွယ်ရာ ခရီးသွားများကို တွေ့ရှိပါက PDF-Zoland ၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် ချက်ချင်း ဆက်သွယ်သတင်းပေးပို့ကြရန်လည်း မေတ္တာရပ်ခံထားသည်။ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက ZFU/PDF-Zoland ၏ ထိန်းသိမ်းရေးစခန်း၌ ဂျီးနီးဗားကွန်ဗင်းရှင်း (Geneva Convention) နှင့်အညီ ထိန်းသိမ်းထားရှိသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို စတင်တိုက်ခိုက်ကာ သေနတ်အချို့ကို လုယူ၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသူများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် PDF-Zoland တပ်ဖွဲ့ဝင်များက နယ်မြေ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ တဖက်မှာတော့ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများအနက် ထက် ဝက်ခန့်သည် တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထံ…
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မောချောင်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ စာသင်ကျောင်း နှင့် နေအိမ်တချို့ပျက်စီးခဲ့ကြောင်းသိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာ မောင်ချောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် နှင့် နေအိမ်တချို့ပျက်စီးခဲ့သည်ဟု သိရသည်။ မောချောင်ကျေးရွာသည် ကန်ပက်လက်မြို့မှ မိုင် ၃၀ ကျော်ကွာဝေးပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းလည်းပိတ်ထားရကြောင်းသိရသည်။ နောက်ထပ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်မည်ကို စိုးရိမ်ကြသည့်အတွက် ကျောင်းသူကျောင်းသားများနှင့် ဒေသခံပြည်သူ ၃၀၀ နီးပါးသည် ရွာထဲမနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟုသိရသည်။
(004SS) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့သည့် Lamzang နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ၏ ခန္ဓာကိုယ်တွင် သေနတ်ကျည်ဒဏ်ရာ ၃ ချက်တွေ့ရှိရပြီး မတော်တဆကျည်ထိမှန်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။ သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang သည် သူငယ်ချင်းဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာသို့ အသင်းတော်ဆိုင်ရာ ကိစ္စဖြင့်အကူအညီပေးရန်သွားရောက်ခဲ့ပြီးနောက် ကပ်တဲလ်ကျေးရွာတွင်သူငယ်ချင်းဖြစ်သူနှင့်လမ်းခွဲကာ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက Lamzang ကျေးရွာသို့ဆိုင်ကယ်ဖြင့် တစ်ယောက်တည်းပြန်လာစဉ် ကပ်တဲလ်တံတားအနီး၌ ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ အစကနဦးပိုင်းတွင် Rev. Dal Thawn Tuang သေဆုံးမှုနှင့်ပတ်သက်၍ PDF-Zoland နှင့် ထွက်ပြေးသွားသည့် စစ်သုံ့ပန်း များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခြင်းကြောင့် မတော်တဆဆုံးပါးသွားသည်ဟု ယူဆခဲ့ကြသော် လည်း သင်းအုပ်ဆရာ၏ရုပ်အလောင်းကို သေချာစစ်ဆေးကြည့်သည့်အခါ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်တွေ့ရှိရသည်ဟု အခြေအနေကိုသိရှိသူ Lamzang ကျေးရွာဒေသခံတစ်ဦးကပြောသည်။ “သူ့ကို တစ်ဖွဲ့ဖွဲ့က ရန်သူထင်ပြီး ပစ်သတ်လိုက်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်ခတ်မှုကြား ရောက်နေလို့ ပစ်ခတ်ခံရတာဆိုရင် ဒဏ်ရာအနေအထားက တစ်မျိုးသိသာတာပေါ့။ အခုက သူ့ခန္ဓာကိုယ်ပေါ်မှာ ကျည်ထိမှန်ဒဏ်ရာ ၃ ချက်ရှိတယ်။ အကုန်လုံးက အရှေ့ကနေ ပစ်ခတ်ခံရတဲ့ အနေအထားမှာ ရှိတယ်။ သူ့ဆိုင်ကယ်ကလည်း အရှေ့ကနေ ပစ်ခတ်ခံရပြီး တော်တော် ပျက်စီးသွားတယ်။ ဒဏ်ချက်တွေကတော့ ရင်ဘတ်မှာတစ်ချက်၊ ဝမ်းဗိုက်မှာတစ်ချက်၊ ပေါင်မှာတစ်ချက်…
(005MK) အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခိုင်ခီကျေးရွာက မရာလူငယ်အဖွဲ့ MTP ကုန်သွယ်ရေးဂိတ်ကို ရခိုင်လှေသမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရခိုင်ဘက်သွားသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို မာရာ လူငယ်အဖွဲ့-ဌာနချုပ် (MTP) က ယာယီပိတ်ပင်လိုက်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီကျေးရွာ မရာလူငယ်အဖွဲ့ MTP ဌာနခွဲဂိတ်ကို ရခိုင်လှေလုပ်သားများက မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချသည်ဟု မာရာလူငယ်အဖွဲ့-ဌာနချုပ် (MTP) က စက်တင်ဘာ ၁၆ ရက်နေ့က ထုတ်ပြန်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်နေ့က အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပကာ ရခိုင်လှေလုပ် သားများ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြသသည့်အနေဖြင့် ရခိုင်ဘက်သို့ ဦးတည်သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို စက်တင်ဘာလ ၁၆ ရက် ည ၇:၀၀ နာရီမှစ၍ ယာယီ ပိတ်ထားလိုက်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ကုန်သွယ်ရေးလမ်းကြောင်းပိတ်ပင်မှုတွင် Lodaw၊ Lomasu နှင့် Khaikhy ကုန်သွယ်ရေးလမ်းကြောင်းများသာ ပါဝင်သည်ဟုဆိုသည်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Siaha ခရိုင် ခိုင်ခီကျေးရွာတွင် စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်ပစ္စည်းသယ်ယူရေး ကိစ္စ နှင့်ပတ်သက်၍ မရာလူငယ်အဖွဲ့ MTP နှင့် ရခိုင်လှေလုပ်သားများအကြား အငြင်းပွားမှုဖြစ်ပွားကာ အခြေအနေတင်းမာ လာပြီးနောက် ရခိုင်လှေလုပ်သားများက MTP ဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။ ခိုင်ခီ နယ်စပ် ကုန်သွယ်ရေးသည် မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်သို့ အိန္ဒိယ ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်သည့်ဒေသတစ်ဖြစ်ကြောင်းသိရသည်။
(006SV) အိန္ဒိယ-မြန်မာနယ်စပ်၊ မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခိုင်ခီကျေးရွာက မရာလူငယ်အဖွဲ့ MTP ကုန်သွယ်ရေးဂိတ် မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဦးဆောင်သူ ကိုဇော်နိုင်လင်းအပါအဝင် လူငယ်တချို့ကို ULA/ AA ၏ ဒီလပ်ဌာနက ဖမ်းဆီးထိန်းသိမ်းပြီး အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။ အဆိုပါပဋိပက္ခကို လက်ရှိမှာ ပြေလည်အောင် ဖြေရှင်းပြီးဖြစ်သကဲ့သို့ မှားသော လူများကလည်း တောင်းပန်ရမည့် လူများကို တောင်းပန်ထားကြောင်း ULA/ AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက Arakan Princess Media ကို ယနေ့ စက်တင်ဘာလ ၁၇ ရက်မှာ ဖြေကြားသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၄ ရက်က ကျောက်တော်မြို့၊ ဇလိန့်တောင်ရွာမှ ကိုဇော်နိုင်လင်းသည် ဆိုင်းဟားခရိုင်၊ ခိုင်ခီရွာရှိ MTP ၏ စက်လှေကြီးကြပ်ရေးကော်မတီရုံးသို့ လာရောက်ပြီး ၎င်း၏ စက်လှေကို အလှည့်ချပေးရန် ပြောဆိုရာမှ တင်းမားမှု စတင်လာခဲ့ကြောင်း သိရသည်။ “ဒီကိစ္စတွေ မဖြစ်ခင် တစ်ရက်၊ စက်တင်ဘာလ ၁၃ ရက်က ခိုင်ခီရွာဆိပ်ကမ်းကို ရောက်ရှိလာတဲ့ ကုန်ကား ၇ စီးက ကုန်ပစ္စည်းတွေကို အိန္ဒိယဖက်က စက်လှေသမားတွေကို ဦးစားပေးပြီး ယင်းကုန်ကား ၇ စီးက ကုန်အားလုံးကို တင်ပေး လိုက်တဲ့အတွက် ပလက်ဝ၊ ရခိုင်ဖက်က စက်လှေသမားတွေ ကုန်တင်ခွင့် မရလိုက်တဲ့ ပုံစံဖြစ်တယ်။ တဖက်မှာ ကိုဇော်နိုင်လင်းရဲ့ စက်လှေက လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ကော်မတီရုံးမှာ စာရင်း တင်ထားပြီးသားဖြစ်လို့ ပလက်ဝဖက်သို့ ဆင်းရဖို့…
(004SS) တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာတွင် ပျဉ်ထောင်နှစ်ထပ်အိမ် တစ်လုံး မီးလောင်ပြာကျခဲ့ပြီး လက်ရှိ ကာလ ဒေသပေါက်ဈေးနှင့် တွက်ချက်မှုများအရ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့တွင် အဆိုပါ နေအိမ်၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးစတင်လောင် ကျွမ်းချိန်တွင် အိမ်ရှင်ဖြစ်သူများဘက်မှ သတိမပြုမိခဲ့ကြကြောင်း သိရသည်။ ” အိမ်ကတော့ တိုင်က ကွန်ဂရက် တခြားဟာတော့ ပျဉ်ပေါ့နော် ပျဉ်ထောင်အိမ် နှစ်ထပ်ပေါ့နော်။ သူတို့ မီးလောင်တာကို အိမ်ရှင်က မသိလိုက်ဘူး။ ဘေးအိမ်က လူတွေက မီးလောင်နေပြီဆိုပြီး လာပြောပြီး ကူညီလုပ်ပေးကြမှပဲ သိရတာ။ အိမ်ကတော့ မီးလောင်ပြာကျသွားတာပဲ။ ဆုံးရှုံးမှုကတော့ ဒေသပေါက်စျေးနဲ့ဆို သိန်း ၁၀၀၀ ကျော်မယ်။ တခြား သူတို့မှာ ရှိတဲ့ ပိုက်ဆံတွေ၊ အဝတ်စားကအစ ဘာပစ္စည်းမှ မထုတ်နိုင်ခဲ့ဘူး။” ဟု အိမ်ရှင်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ နေအိမ်မီးလောင်ပြာကျသွားခဲ့သော်လည်း မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ သို့သော် အိမ်အတွင်းရှိ ပိုက်ဆံ၊ အဝတ်အစားနှင့် အိမ်သုံးပစ္စည်းများ အပါအဝင် မည်သည့်ပစ္စည်းကိုမျှ ထုတ်ရယူနိုင်ခြင်း မရှိဘဲ အကုန်လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု အိမ်ရှင်နှင့် နီးစပ်သူက ပြောသည်။ ယခု မီးလောင်မှုသည် မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းသည်ကို အတိအကျ မသိရသေးဘဲ လက်ရှိတွင် မီးဘေးသင့်အိမ်ထောင်စုအတွက် ကူညီထောက်ပံ့ပေးလိုပါက KPay – 09256129315 ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
(004SS) ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်းရှိ PDF-Zoland ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်သုံ့ပန်း ၈၀ ကျော်အနက် ထက်ဝက်ခန့်မှာ တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းထံဝင်ရောက်သွားပြီး ၂၀ ခန့်ကိုတော့ ပြန်လည်ဖမ်းဆီးရမိထားကြောင်း PDF-Zoland နှင့် နီးစပ်သူများထံမှ သိရသည်။ “ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၈၀ ကျော်ထဲက ထက်ဝက်ကျော်လောက် မနေ့မနက်အစောပိုင်းမှာ တီးတိန်ရောက်ပြီလို့ သိရတယ်။ ပြန်မိထားတာ ၂၀ လောက်ရှိမယ် ကျန်တာတော့ ပျောက်ဆုံးပေါ့နော်။ ဒီ စစ်သုံးပန်းတွေကတော့ ဖလမ်း တိုက်ပွဲတုန်းက ဖမ်းဆီးရမိသူတွေလည်း ပါတာပေါ့။” ဟု PDF-Zoland နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းစစ်သုံ့ပန်းများသည် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက တီးတိန်မြို့နယ်အတွင်းရှိ PDF-Zoland ထိန်းသိမ်းရေး စခန်းတွင် အချုပ်စောင့်တပ်ဖွဲ့ဝင်ကို ရိုက်နှက်ပြီးသေနတ်နှင့် ကျည်ဆန်များ လုယူကာ အစုလိုက် ထွက်ပြေးသွားကြ ခြင်းဖြစ်သည်။ ထို့သို့ထွက်ပြေးသွားကြပြီးနောက် PDF-Zoland တပ်ဖွဲ့က တောနင်းလိုက်ရှာကာ ကပ်တဲလ်ကျေးရွာအနီးတွင် စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း ဘာသာရေးကိစ္စတစ်ခု ဖြင့် ခရီးမှပြန်လာသော Lamzang ကျေးရွာနှစ်ခြင်းအသင်းတော်က သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang ကျည် ဆံထိမှန်သေဆုံးခဲ့ရသည်။ ထွက်ပြေးသွားသည့် စစ်သုံ့ပန်းများမှာ စစ်ရေးအရ အရေးပါသော ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲများ၊ ဖလမ်းမြို့နယ် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များအတွင်း ဖမ်းဆီးရမိထားသည့် ဗိုလ်မှူး၊ ဗိုလ်ကြီးများ အပါအဝင် ၈၀ ကျော်ဖြစ်သည်။ ယခု ထွက်ပြေးသွားသည့်…
ကလေး-တီးတိန် လမ်းပိုင်းတွင်လည်း စစ်တပ်က ယာဉ်အတက်များကို ပိတ်ထား (004SS) ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ရိဒ် ခေါဒါရ် ကြားဆက်သွယ်သည့် အမှတ် -၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အများပြည်သူ လုံခြုံရေးအတွက် CDF-Hualngoram က နောက်ထပ် ထုတ်ပြန်ချက် မထုတ်ပြန်ခင်အထိ ယာယီပိတ်ထား ကြောင်း စက်တင်ဘာ ၁၆ ရက်နေ့စွဲဖြင့် အသိပေးထုတ်ပြန်လိုက်သည်။ ယင်းကဲ့သို့ တီးတိန်-ရိဒ် လမ်းမကြီး ပိတ်ပင်လိုက်ရခြင်းမှာ လက်ရှိ စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်မှုမရှိစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ “လက်ရှိမှာ တီးတိန်ကနေ မံဆောင်းတံတားဘက်မှာ လှုပ်ရှားမှုရှိလို့ ကျွန်တော်တို့က စစ်ရေးအရ ပြည်သူတွေရဲ့ လုံခြုံရေး အတွက် ပိတ်တာဖြစ်တယ်။ လုံခြုံရေးအခြေအနေ ပြန်ကောင်းတာနဲ့ ချက်ချင်း ပြန်ဖွင့်ပေးမှာပါ” ဟု CDF-Hualngoram စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် တီးတိန်မြို့ဘက်မှ ရိဒ်ခေါဒါရ်ဘက်သို့ ဦးတည်လာသည့် စစ်တပ်၏ စစ်ကြောင်းတစ်ခုသည် မဏိပူရမြစ်ကူး မံဆောင်းတံတားဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး၊ အသေးစိတ် အခြေအနေများနှင့် ပတ်သက်၍ ခိုနူးမ်းသုန်သတင်းဌာနက ဆက်လက် စုံစမ်းအတည်ပြုလျက်ရှိသည်။ အလားတူ ကလေးမြို့နှင့် ချင်းပြည်မြောက်ပိုင်းဆက်သွယ်ရာ အဓိကလမ်းမကြီးဖြစ်သည့် သိုင်းငဲင်းလမ်းပိုင်းကိုလည်း စစ်တပ်က အဆင်းယာဉ်များကိုသာ သွားလာခွင့်ပြုထားပြီး အတက်ယာဉ်များကိုမူ ဖြတ်သန်းသွားလာခွင့် မပြုဘဲ ပိတ်ပင်ထားကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်သည် သိုင်းငဲင်း စခန်းကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ကလေးမြို့အထွက် ၈ မိုင်/၉ မိုင် မှစ၍ တီးတိန်မြို့အထိ စစ်တပ်၏ စစ်ဆေးရေးဂိတ် ၈ ခုခန့် ရှိသည်ဟုသိရသည်။
