By မိုးကျော် – အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေပြင်ဆင်ချက် Citizenship (Amendment) Bill, 2016 တွင် ချင်းလူမျိုးများလည်း ပါဝင်ထည့်သွင်းရန် Chakma community လက်အောက်ရှိ အဖွဲ့ (၈) ခု ပူးပေါင်းပြီး အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးထံ တောင်းဆိုသည့်အပေါ် စိုးရိမ်စရာမရှိကြောင်း မီဇိုရမ်ရှိ ချင်းအဖွဲ့အစည်းများမှ ဦးဆောင်သူများက ပြောသည်။ ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကတည်းက လွတ်လွတ်လပ်လပ်နေထိုင်လာခဲ့ကြကြောင်း၊ ချင်းနှင့် မီဇိုးများသည် ညီအကိုမောင်နှမများဖြစ်ကြပြီး အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဥပဒေပြင်ဆင်ချက်တွင် Chakma လူမျိုးများအနေဖြင့် ချင်းလူမျိုးများအတွက် တောင်းပေးစရာမလိုကြောင်း ချင်းအမျိုးသားတပ်ဦး ဗဟိုတရားရုံး တရားသူကြီး ဦးလာလ်ရမ်းလောမ်မာက ပြောသည်။ “ချင်းဆိုတာ မီဇိုးပါဘဲ၊ မီဇိုရမ်အစိုးရ အရင်အစိုးရဖြစ်စေ၊ ယခုအစိုးရမှာလည်း မီဇိုရမ်မှာ လွတ်လွတ်လပ်လပ်နေထိုင်ကြတယ်၊ တကယ်တန်း ဥပဒေအရဆိုရင် တစ်ညတောင်အိပ်ခွင့်မရှိဘူး၊ ဒါပေမယ့် အခုဆိုရင် နှစ်နဲ့ချီနေထိုင်လာကြတယ်၊ ပြီးတော့ ချင်းတွေကို မီဇိုးတွေက ညီအကိုများဖြစ်ကြတယ်ဆိုပြီး ချစ်ကြတယ်၊ ဒါကြောင့် ချင်းလူမျိုးအတွက် တောင်းပေးစရာမလိုဘူး၊ လိုချင်ရင် ကျနော်တို့ကိုယ်တိုင်တောင်းလို့ရတယ်၊ ကျနော်တို့မတောင်းဘဲ၊ သူတို့က တောင်းပေးတာက သွေးရိုးသားရိုးမဟုတ်ဘူး၊ ဒါမေတ္တာမဟုတ်ဘူး၊ Chakma တွေရဲ့ရည်ရွယ်ချက်ဟာ ပေါ်လွင်ပါတယ်၊ ဒါကြောင့် ဘာမှ စိုးရိမ်စရာမရှိပါဘူး” ဟု ပြောသည်။ ဆက်လက်ပြီး မီဇိုရမ်ပြည်နယ်တွင် ချင်းလူမျိုးများစွာနေထိုင်ကြသည်ဟုဆိုကာ အဆိုပါ Citizenship (Amendment) Bill တွင် မြန်မာနိုင်ငံ၊ ချင်းပြည်ကို ထည့်သွင်းလိုခြင်းမှာ နိုင်ငံခြားသားအနေဖြင့် ယခု Bill တွင် ပါဝင်ပါက သူတို့ Chakma လူမျိုးများအနေဖြင့် အလိုလို…
Author: Editor
By လားနွန် – ချင်းအမျိုးသားတပ်ဦး (CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ်ပါဝင်ပံ့ပိုးကြရန် ချင်းပြည်သူလူထုတရပ်လုံးကို ချင်းအမျိုးသားတပ်ဦး (CNF) မှ တိုက်တွန်းလိုက်သည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့နှင့်စပ်လျဉ်း၍ ချင်းအမျိုးသားတပ်ဦးက ယမန်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပြီး ချင်းပြည်သူတရပ်လုံးကို ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ချင်းပြည်သူလူထုအနေဖြင့် အမျိုးသားရေးအကျိုးစီးပွားကိုဦးထိပ်ထားလျက် ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိ ရေးဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးတို့အတွက် (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် အားသစ်လောင်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုလုပ်ငန်းစဉ်များတွင် မဆုတ်မနစ် ပါဝင်ပံ့ပိုးကြရန် တိုက်တွန်းနှိုးဆော်အပ်သည်ဟု ၎င်းတို့၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားရေးအကျိုးစီးပွားဖြစ်သည့် ချင်းလူမျိုးတို့ ရသင့်ရထိုက်သော ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးအခွင့်အရေးများကို ပြန်လည်ရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူများနှင့်အတူ နှစ်ပေါင်း (၃၀) ကျော်ကြာ လက်နက်ကိုင်တော်လှန်နေခြင်းဖြစ်သည်ဟု CNF က ဆိုသည်။ ချင်းအမျိုးသားနေ့၏ အနှစ်သာရမှာ ချင်းမျိုးနွယ်စုအားလုံးသည် ချင်းလူမျိုးတစ်မျိုးတည်းဖြစ်ကြောင်းထုတ်ဖော် ပြသခြင်း၊ အမျိုးသားဂုဏ်အင်လက္ခဏာကိုထိန်းသိမ်းခြင်း၊ အမျိုးသားရေးစိတ်ဓာတ်နိုးကြားခြင်း၊ အမျိုးသားသွေး စည်းလုံးညီညွတ်ခြင်းတို့ဖြစ်ကြောင်း၊ ယင်းအမျိုးသားရေးအနှစ်သာရများ ဆက်လက်ရှင်သန်နိုင်ရေးအတွက် နှစ်ပေါင်း (၇၀) ကြာ ပြည်တွင်းစစ်ကိုအဆုံးသတ်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတဆင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အမျိုးသားတန်တူမှုရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားကြရမည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
By လားနွန် – ဖိလစ်ပိုင်နိုင်ငံ၏မြို့တော် မနီလာမြို့တွင် ဇန်န၀ါရီ (၂၀) မှ (၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Little & Teen Glam International Pageant အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ချင်းတိုင်းရင်းသူ Regina Noi (ရီဂျီနာ နိုးဗီး) ကို ခိုနူမ်းသုန်မီဒီယာအဖွဲ့မှ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ အမည် – Regina Noi (Lalngurdawli)အသက် – (၁၉) နှစ်ပညာအရည်အချင်း – 2nd Year, English Majorယှဉ်ပြိုင်ခဲ့သည့်ပြိုင်ပွဲများ – Miss Myanmar Beauty Paradise Chin State, Miss Myanmar Beauty Paradise 2019, Miss Teen Glam International 2019ရရှိခဲ့သည့်ဆုများ – Best in Swim Wear, Miss Spoke Model Regina ရဲ့ မိသားစုအကြောင်းလေး နည်းနည်းပြောပြပေးလို့ရမလား။Regina တို့မှာ မိသားစုဝင် (၆) ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ ညီအစ်မ (၄) ယောက်ရယ်ပေါ့။ Regina ကျတော့ အကြီးဆုံးကနေ သုံးယောက်မြောက်ပေါ့။ အနုပညာလောကထဲမဝင်ခင် Regina ရဲ့ သာမန်ဘဝအနေနဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှု၊ လုပ်ဆောင်မှုလေး ပြောပြပေးမလား။အနုပညာလောကထဲမဝင်ခင် Regina ကလေးတက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနဲ့ ဒုတိယနှစ်အထိ ပညာသင်ကြားတယ်။ ပညာသင်ကြားရင်းနဲ့ ဆရာကြီး Professor J. Khuma…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် (AA) တပ်ဖွဲ့အကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ခမောင်းဝကျေးရွာအပါအ၀င် ကျေးရွာပေါင်း (၈) ရွာခန့် ပျက်ဆီးသွားပြီး ဒေသခံများသည် နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်ပိုင်းက မြန်မာ့တပ်မတော်နှင့် AA အကြားတိုက်ပွဲကြောင့် တပ်မတော်မှ စစ်ရဟတ်ယာဉ်များဖြင့် ဗုံးကြဲချသည့်အတွက် ကျေးရွာပျက်ဆီးခဲ့ရပြီး တရွာလုံးထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခမောင်းဝရွာသားတစ်ဦးကပြောသည်။ “ကျွန်တော်တို့ထွက်ပြေးလာတာက ရွာထဲမှာ လေယာဉ်နဲ့ဗုံးကြဲလို့ဖြစ်တယ်၊ အခုက အိမ်တွေလည်းမရှိဘူး၊ ဘယ်လိုမှနေလို့မရတော့ဘူးဆိုတဲ့ အခြေအနေပါ၊ ကျွန်တော်တို့ အဲဒီရွာမှာနေတာက ကိုယ့်မိသားစုနဲ့ ကိုယ့်ညီအစ်ကိုမောင်နှမအသိုင်းအ၀ိုင်းနဲ့ သိုက်သိုက်မြိုက်မြိုက် လုပ်ကိုင်စားသောက်ခဲ့တာ၊ အခုတော့ အိုးအိမ်တွေကိုလည်းစွန့်ခွာပြီး၊ နေရပ်စွန့်ခွာပြီး ရုန်းကန်နေရတဲ့အခြေအနေဖြစ်နေပြီ” ဟု ခမောင်းဝ ရွာသားကပြောသည်။ အဆိုပါတိုက်ပွဲများကြောင့် ခမောင်းဝ၊ ကင်းတလင်း၊ ခေါစာချောင်း၊ ကူချောင်းဖျားရွာ၊ စတင်ဝရွာ၊ ဖွေလိုက် ၀ရွာ၊ ပီတောင်ရွာ၊ သာယာကုန်းရွာစသည်တို့သည် ပျက်စီးသွားပြီး လူဦးရေ (၁၀၀၀) ခန့်တို့သည် ပလက်ဝမြို့၊ ကျောက်တော်နှင့် ဘင်္ဂလားဒေရှ့်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်ဟု သူကဆက်ပြောသည်။ ပလက်ဝမြို့ဘက်သို့ ထွက်ပြေးလာသည့် ဒုက္ခသည်များကို နီးစပ်ရာဆွေမျိုးများထံသို့ ထားရှိကြပြီး ဒုက္ခသည်စခန်းအနေဖြင့် သီးသန့်ထားရှိခြင်းမျိုးမရှိကြောင်း၊ စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးနေသည့် ကိုတင်ထွန်းအောင်ကပြောသည်။ “ပလက်ဝက ကျွန်တော်တို့ ရခိုင်လူမျိုးတွေဆိုရင် ရခိုင်ကျေးရွာတွေမှာနေရာချထားပေးတယ်၊ ချင်းပြည်နယ်အစိုးရကိုယ်တိုင်က ထိထိရောက်ရောက်မလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ ကိုယ့်လူမျိုးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးတယ်၊ နေရာချထားပေးတယ်၊ ရွာကိုတော့ ပြောလို့မရဘူး၊ ဘာကြောင့်လဲဆိုရင် သက်ဆိုင်ရာက သူတို့ကို လာပြီးခြိမ်းခြောက်နိုင်တယ်၊ မင်းတို့ ကိုယ့်ရွာကိုပြန်ရမယ်ဆိုတာမျိုးပေါ့၊ ဒါကြောင့် စစ်ဘေးဒုက္ခသည်တွေကို…
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြန်လည်ဖျက်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများအား ရဲတပ်ဖွဲ့မှ ရာဘာကျည်ဆံဖြင့် ပစ်ခတ်ဖြိုခွဲမှုအပေါ် ကန့်ကွက်ရှုံ့ချသည်ဟု ချင်းလူငယ်များကွန်ယက်က ယနေ့ကြေညာချက်တစ်ဆောင်ထုတ်ပြန်လိုက်သည်။ ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တု တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ သပိတ်မှောက်ဆန္ဒပြနေသည့် လူငယ်များအား စေ့စပ်ညှိနှိုင်းအဖြေရှာသည့်နည်းလမ်း မလုပ်ဆောင်ဘဲ အင်အားသုံးဖြိုခွဲသည့် ကယားပြည်နယ်အစိုးရ၏လုပ်ရပ်သည် ဒီမိုကရေစီလမ်းကြောင်းနှင့် တိုင်းရင်းသားအချင်းချင်းအကြား ရင်ကြားစေ့ရေးကို ပိုမိုထိခိုက်စေနိုင်သည့်အပြင် လူငယ်များအနေဖြင့် ပြည်ထောင်စုအပေါ် အယုံအကြည်မဲ့စေလာနိုင်သည့်အတွက် ချင်းလူငယ်များကွန်ယက်အနေဖြင့် အထူးပင် ကန့်ကွက်ရှုံ့ချသည်ဟု ၎င်းတို့ကြေညာချက်တွင် ဖော်ပြထားသည်။ ထောင်နှင့်ချီသော ဗိုလ်ချူပ်ကြေးရုပ်ဖျက်သိမ်းရေး ဆန္ဒပြသူများသည် ကြေးရုပ်ထားရှိသည့် ကန္တာဟေ၀န်ပန်းခြံဆီကို စစ်ကျောင်း (၄) ကျောင်းဖြင့် ချီတက်ခဲ့ကြပြီး ရဲတပ်ဖွဲ့က ရာဘာကျည်များဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ (၁၀) ယောက်ခန့် ဒဏ်ရာရရှိခဲ့ကြသည်။ ယနေ့လွိုင်ကော်မြို့ ချီတက်ဆန္ဒပြမှုတွင် ချင်းလူငယ်များကွန်ယက်မှ ချင်းလူငယ် (၄) ဦးလည်း သွားရောက်ပါဝင်ကြသည်ဟု ချင်းလူငယ်များကွန်ယက်မှ ဗဟိုကော်မတီဝင် ဆလိုင်းမွန်ဘွေးကပြောသည်။ “ကျွန်တော်တို့တွေ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဖြစ်တယ်၊ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီပြီး ဖက်ဒရယ်ဒီမိုကရေစီကို သွားနေတာဖြစ်တယ်၊ အဲဒီအရွေ့မှာ အချင်းချင်း ၀န်းရံဖေးမတယ်၊ ရဲဘော်စိတ်ဓာတ်နဲ့ ကျွန်တော်တို့က လာပြီးဝန်းရံတာဖြစ်တယ်” ဟု ဆလိုင်းမွန်ဘွေးကပြောသည်။ ယခုလက်ရှိတွင် ဆန္ဒပြခေါင်းဆောင်အချို့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းနေသည်ဟု သူကဆက်ပြောသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ကို ဒေသခံများ၏ ကန့်ကွက်မှုကြားထဲက ယခုလ (၂) ရက်နေ့က ပြည်နယ်အစိုးရက ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချူပ်ကြေးရုပ် ပြန်လည်ဖျက်သိမ်းပေးရေးအတွက် ယနေ့ ပြည်ထောင်စုနေ့တွင် ဒေသခံပြည်သူများက ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံတွင် မတ်လ (၈) ရက်နေ့၌ ကျင်းပမည့် One Championship ဘက်စုံသုံး ကိုယ်ခံပညာပြိုင်ပွဲတွင် ချင်းကစားသမား Tial Cung Thang သည် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth နှင့် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ထိုးသတ်ကြမည်ဟု သိရသည်။ Tial Cung Thang သည် MMA ခေါ် ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲတွင် ပထမဦးဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် ချင်းလူမျိုးဖြစ်လာမည်ဖြစ်သည်။ “လာမယ့် ၂၀၁၉ မတ်လ (၈) ရက်နေ့ကျရင် သုဝဏ္ဏအားကစားကွင်းမှာ ကျွန်တော် တီာလ်ထန်ရယ်, ဖိုးသော်ရယ်, အန်တိုနီယာရယ်က မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ပါဝင်ထိုးသတ်ရမှာဖြစ်ပါတယ်၊ မြန်မာပရိသတ်တွေ ဂုဏ်ယူစေနိုင်လောက်တဲ့ရလာဒ်မျိုး ပေါ်ထွက်လာဖို့ ကြိုးစားနေကြတာမို့ အားပေးကြဖို့ မျော်လင့်ပါတယ်” ဟု Tial Cung Thang က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။ Tial Cung Thang နှင့် ယဉ်ပြိုင်မည့် ကမ္ဘောဒီးယားနိုင်ငံသား Rin Saroth သည် MMA ပြိုင်ပွဲတွင် စုစုပေါင်း (၅) ကြိမ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး (၂) ကြိမ်အနိုင်ယူကာ (၃) ကြိမ်ရှူံးနိမ့်ထားသည်ဟု သိရသည်။ “MMA မှာဝင်ခဲ့တာ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့ဖြစ်တယ်၊ MMA မှာ ကျွန်တော့အနေနဲ့ အနိုင်ရရှိမှုမှတ်တမ်း တစုံတခုမှ ပြောစရာမရှိသေးပါဘူး၊ အခုပြင်ဆင်မှုက ကောင်းပါတယ်၊ မိသားစုနဲ့ခွဲပြီး တခြားနေရာမှာ လေ့ကျင့်မှုလုပ်နေပါတယ်၊ ကျွန်တော့်လေ့ကျင့်ဖော်တွေက တော်တော်တောင့်တဲ့သူတွေဖြစ်တယ်၊ သူတို့နဲ့လေ့ကျင့်နေရတာ အများကြီး စိတ်ချမှုရှိတယ်၊ ကျန်းကျန်းမာမာ ဘုရားသခင်က လမ်းပြမှုကြောင့် ဒီတခါပွဲမှာ အနိုင်ရလိမ့်မယ်လို့…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ကူးတံတားတည်ဆောက်မှုသည် (၅၇) ရာခိုင်နှုန်းကျော် ပြီးစီးပြီဟု ပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်လျှပ်စစ်စက်မှုဝန်ကြီး ဦးစိုးထက်နှင့် ချင်းပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးကံတင့်တို့မှ ကုလားတန်မြစ်တည်ဆောက်ရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး တံတားတည်ဆောက်ရေးအထူးအဖွဲ့ (၁) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်မှ ရှင်းလင်းတင်ပြခဲ့ရာ တစ်စင်းလုံး၏ (၅၇) ရာခိုင်နှုန်း ပြီးစီးကြောင်းတင်ပြခဲ့သည်။ ၀န်ကြီး ဦးစိုးထက်က “ကျွန်တော်တို့က ဒီကုလားတန်မြစ်ကြီးခံနေတဲ့အတွက် ကုလားတန်မြစ်အနောက်ဖက်နှင့် အိန္ဒိယနယ်စပ် ဘင်္ဂလားဒရှ်နယ်စပ်မှာရှိတဲ့လူတွေတော်တော်များများက ကားတောင်မှမတွေ့ဖူးဘူး၊ ကားတောင်မှမစီးဖူးဘူး၊ အခုဒီကျောက်တော်နှင့် ပလက်ဝကားလမ်းပြီးပြီ၊ မတူပီနှင့် ပလက်ဝကားလမ်းပြီးတဲ့အတွက် ဒီကုလားတန်မြစ်ရဲ့အနောက်ဖက်မှာတော့ ကားတွေသွားလာနေတာပေါ့၊ ဒီကုလားတန်မြစ်ကူးတံတားပြီးသွားရင်တော့ ဒီကုလားတန်မြစ်အနောက်ဖက်မှာရှိတဲ့ ရွာခြင်းဆက်လမ်းတွေကို အခုဖောက်တဲ့ ကားလမ်းတွေကနေပြီးတော့ ကျေးရွာလူထုတွေကိုလည်း သယ်ယူပို့ဆောင်ရေးတွေလုပ်နိုင်မှာပေါ့၊ လူနေမှုအဆင့်တွေဖွံ့ဖြိုးလာမှာပေါ့” ဟု ပြောသည်။ ယင်းမြစ်ကူးတံတားသည် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးရန်ရည်ရွယ်ထားသော်လည်း ဘတ်ဂျက်ပေါ်မူတည်ကြောင်း လက်ရှိတွင် ဘတ်ဂျက် ကျပ်ငွေ (၁၂) ဘီလီယံ လိုနေသေးကာ ၎င်းအတွက် ပြည်ထောင်စုအစိုးရမှတစ်ဝက်နှင့် ချင်းပြည်နယ်အစိုးရမှ တစ်ဝက်ဆောင်ရွက်ရန်လျာထားခဲ့ကြောင်းလည်း ၀န်ကြီးကပြောသည်။ ကုလားတန်မြစ်ကူးတံတားတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၆ နှစ်ကုန်ပိုင်းကစ၍ တံတားအထူးအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်ထားပြီး ကျပ်ငွေ (၂၇) ဘီလီယံ အသုံးပြုနေကြောင်းလည်းသိရသည်။ (ဓာတ်ပုံ – ပလက်ဝ ပြန်/ဆက်)
By လားနွန် – ချင်းပြည်နယ် ပညာရေးသမိုင်းတွင် အစောဆုံးဘွဲ့ရသူနှစ်ဦးဖြစ်သည့် Pu Siah Luai နှင့် Pi Hlawn Kip Thluai တို့၏ ကြေးရုပ်တုကို ဖလမ်းမြို့၊ အ.ထ.က (၁) ကျောင်းဝင်ပေါက်တွင် ယနေ့မနက် (၉) နာရီက ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ ဖွင့်လှစ်ခဲ့သည်။ မျိုးဆက်သစ်ချင်းလူငယ်များအတွက် ချင်းသမိုင်းပိုမိုသိရှိလာစေရေးနှင့် အတုယူအားကျပြီး ပညာရေးပိုင်းမှာ ကြိုးစားလာစေရန်အတွက်ရည်ရွယ်ပြီး ၎င်းကြေးရုပ်ကို Global Falam Youth Organization (GFYO) မှ စိုက်ထူခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ GFYO မှ အတွင်းရေးမှူး ကို Van Bawi Lian က “ကျွန်တော်တို့ ချင်းပြည်နယ်သမိုင်းမှာပေါ့နော် ဖလမ်းမြို့သူ မြို့သားကနေ ပထမဆုံး ဘွဲ့ရပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ဟာ နောင်လာနောက်သားတွေသိပြီးတော့ ကျွန်တော်တို့ ဒီသူတို့ကို အတုယူပြီးတော့ ပညာရေးဖက်မှာပိုစိတ်ဝင်စားဖို့၊ ပြီးတော့ ပညာရေးက တိုင်းပြည်လူမျိုးအတွက်ပေါ့နော် တိုးတက်ပြောင်းလဲနိုင်တဲ့အရာဖြစ်တယ်ဆိုတာခံယူပြီးမှ ပညာရေးကိုအလေးအနက် လေ့လာသင်ယူနိုင်ဖို့အတွက်ရည်ရွယ်ပြီး စိုက်တာပါ” ဟု ပြောသည်။ ချင်းအမ်ျိုးသားထဲတွင် ပထမဦးဆုံး B.A ဘွဲ့ရရှိသူ Pu Siah luai သည် ချင်းတော်လှန်ရေးသူရဲကောင်း ဗိုလ်ကြွမ်ဘိခ်၏ မြေးဖြစ်ပြီး ၁၉၃၈ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်တွင် B.A ဘွဲ့ရရှိခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် B.Ed ဘွဲ့ထပ်မံရရှိပြီး ချင်းပြည်နယ်၏ ပညာရေးမှူး အထိတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူသည် ၁၉၁၆ ခုနှစ်မှာ မွေးဖွားကာ ၁၉၇၃ (၅၇) နှစ်တွင်ကွယ်လွန်ခဲ့သည်။ ချင်းအမျိုးသမီးထဲတွင် ပထမဆုံး…
By လားနွန် – ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ဘက်တွင် မြန်မာ့တပ်မတော်မှ စစ်အင်အား အလုံးအရင်းနှင့် တိုးချဲ့လာမှုအပေါ် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ချင်းနိုင်ငံရေးပါတီများက စိုးရိမ်မကင်းဖြစ်နေကြသည်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးဇိုဇမ်းက “တကယ်တမ်းတော့ မတူပီတို့ဘာတို့ စစ်မျက်နှာပြင်ဖွင့်လာမယ်ဆိုရင် လက်နက်ကိုင်တဲ့ AA ဖက်ကရော၊ တပ်ဖက်ကရော ခံရတာက ကျွန်တော်တို့ပြည်သူ တွေကခံရတာကိုး၊ နောက်အေးအေးဆေးဆေးဖြစ်နေတဲ့ ကျွန်တော်တို့ ချင်းပြည်နယ်ကို စစ်မျက်နှာပြင်အနေနဲ့ အဲလိုရှေ့တန်းမျက်နှာပြင်တစ်ခုအနေနဲ့ ဖြစ်လာမှာကို တော်တော်စိုးရိမ်တယ်” ဟု ပြောသည်။ မတူပီမြို့နယ်သည် ယခုလက်ရှိ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) အကြား တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ခြင်းထိစပ်နေပြီး ဖေဖော်ဝါရီ (၃) ရက်နေ့က စစ်ကားအစီး (၁၀၀) ကျော်နှင့် စစ်ရဟတ်ယာဉ် (၂) စီးရောက်ရှိလာပြီး တပ်မတော်ဖက်မှ တပ်အင်အားတိုးချဲ့လာခဲ့သည်။ ယခုကဲ့သို့ မတူပီမြို့နယ်တွင် မြန်မာ့တပ်မတော်မှ တပ်ရင်းအမြောက်အများနှင့် အလုံးအရင်းလာရောက်သည့်အတွက် တပ်မတော်နှင့် AA အကြားတိုက်ပွဲသည် ပလက်ဝမြို့နယ်တွင်သာမက မတူပီမြို့နယ်ဘက်သို့ ကူးစက်လာမည်ကို စိုးရိမ်စရာရှိသည်ဟု ချင်းဒီမိုကရေစီအဖွဲ့ချူပ် (CLD) ပါတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းကပြောသည်။ “အခု AA က ပလက်ဝနေရာတစ်ခုတည်းကို နေရာယူထားတယ်လေ၊ ယူထားတဲ့အခါကြတော့ မတူပီမှာ စစ်တပ်ဗျူဟာ (မြန်မာ့တပ်မတော်) ရှိတဲ့အခါကျတော့ မတူပီဗျူဟာကနေတဆင့် AA ကို ထိန်းချင်တဲ့သဘောရှိတယ်၊ AA က ရခိုင်ပြည်နယ်နဲ့ ပလက်ဝမှာ စစ်ရေးလှုပ်ရှားနေတဲ့အခါကြတော့ မတူပီက AA တွေအတွက် ကချင်ပြည်ဘက်ကိုသွားတဲ့လမ်းကြောင်းဖြစ်နေတယ်၊ အဲဒီလမ်းကြောင်းကနေ သူဖြတ်တောက်ပြီးတော့မှ ထိန်းချုပ်မယ့် သဘောမှာရှိတယ်၊ အဲလိုထိန်းချုပ်တဲ့အခါမှာ ဘာဖြစ်လာမလဲဆိုလို့ရှိရင်…
By လားနွန် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် (၇၁) နှစ်မြောက်ချင်းအမျိုးသားနေ့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးလျန်ဒါးလ်ကပြောသည်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖေဖော်ဝါရီ (၁၉) ရက်နေ့နှင့် (၂၀) ရက်နေ့အထိ ခိုင်ကမ်းမြို့၊ မြို့မအားကစားကွင်းတွင် (၂) ရက်တာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ချင်းအမျိုးသားနေ့အခမ်းအနားအစီအစဉ်တွင် ရိုးရာအစားအစာရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲအမျိုးမျိုးများနှင့် ကံစမ်းမဲဖောက်ခြင်းများ၊ ညအစီအစဉ်၌ ရိုးရာအကများ၊ ရိုးရာဝတ်စုံပြပွဲများနှင့် Stage Show များပါဝင်မည်ဖြစ်ကြောင်း ဦးလျန်ဒါးလ်ကပြောသည်။ ချင်းအမျိုးသားနေ့ကို ခိုင်ကမ်းမြို့တွင် ၂၀၁၈ နှစ်မှစတင်ကာ ကျင်းပခဲ့ကြသည်ဟုသိရသည်။
