ချင်းအမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် CNLD ပါတီက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည် မဟုတ်ကြောင်း ၎င်းတို့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းကပြောသည်။ “လောလောဆယ်အခြေအနေမှာတော့ မှတ်ပုံတင်မှာမဟုတ်ဘူး၊ အဓိက အချက်ပြောရင် ပါတီဝင်တွေနဲ့ ပြန်တွေ့ရမယ့် အနေအထားမျိုး ကျွန်တော်တို့က အချိန်လုံလုံလောက်လောက်မရှိဘူး၊ လုံခြုံရေးအရလည်း ဘယ်လိုမှအဆင်မပြေဘူး၊ ချင်းပြည်နယ်ရဲ့ အနေအထားမှာကလည်း ပါတီစည်းရုံးရေးဆင်းဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့က အခြေအနေပြန်ပြီးစောင့်ကြည့်ရမယ့် အခြေအနေမျိုးတွေရှိလာတဲ့အခါ ကျွန်တော်တို့ မှတ်ပုံမတင်ဖို့က ပိုပြီးများပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောသည်။ စစ်ကောင်စီသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားသည်။ ချင်းနိုင်ငံရေးပါတီ ၃ ခုဖြင့် စုပေါင်းဖွဲ့စည်းထားသည့် CNLD ပါတီသည် ချင်းနိုင်ငံရေးပါတီများအနက် အင်အားအကြီးဆုံး ပါတီဖြစ်ပြီး ၂၀၂၀ ခုရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့အထိ မဲဆန္ဒနယ်မြေ ၅၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီဖြစ်သည်။ ယခုအခါ CNLD ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်တော့မှာမဟုတ်သည့်အတွက် ဥပဒေကြောင်း လမ်းအရ နိုင်ငံရေးပါတီ အဖြစ်မှ ပျက်ပြယ်သွားမည့်အနေအထားတွင်နေရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ပါတီအထွေထွေအတွင်းရေးမှူး က ယခုပြောဆိုသည်။ “ပါတီကေတာ့ ပျက်ပြယ်သွားမယ်၊ ပါတီပျက်ပြယ်သွားပေမယ့်လည်း ပြည်သူလူထုရဲ့ စိတ်ထဲမှာ ချင်းပါတီရှိ နေဖို့ပဲ အရေးကြီးဆုံးပါ။ နောက်ပြီးတော့ စစ်ကိုင်း၊…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၃၀၄) မှ ကား (၃) စီးအပါအဝင် တပ်အင်အား (၈၀) ခန့်သည် မတ်လ ၂၀ ရက်နေ့က မတူပီ- ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေးစခန်းသို့ တပ်အင်အားနှင့် စားနပ်ရိက္ခာများ ဖြည့်ရန် သွားနေစဉ် CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကို အာရွန် ပြောသည်။ “စုစုပေါင်းတိုက်ပွဲက ၄ ကြိမ်ဖြစ်တယ်။ အဲ့ထဲမှာ ၁၂ ယောက်လောက် စကစဘက်က ကျတယ်။ ကျွန်တော်တို့ဘက် ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ တိုက်ပွဲက ဆက်လက်ပြင်းထန်လာနိုင်သေးတယ်။ ထယ်ဘွေးစခန်း မရောက်မချင်းပေါ့။” ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအာရွန်က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် မတူပီ-ပလက်ဝလမ်း ခြောက်မိုင်၌တကြိမ်၊ ညနေ ၁ နာရီတွင် ခုနှစ်မိုင်နှင့် ရှစ်မိုင်ကြားမှာ တကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း မတူပီ-ပလက်ဝလမ်းကြား ကိုးမိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲနှစ်ကြိမ် ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား…
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ရန်ကုန်၊ မန္တလေးသို့ ပြေးဆွဲနေသော လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြှင့်တက်လာသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း ခရီးသည်တစ်ဦးပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့်လတွင် ကလေးမြို့ – ရန်ကုန် ခရီးစဥ် လေယာဉ်လက်မှတ်တစ်စောင်တွင် ကျပ် ၂၃၀၀၀၀ ရှိခဲ့သော်လည်း ဖေဖော်ရီလဆန်းမှစတင်ပြီး လက်မှတ်တစ်စောင်တွင် ၂၇၀၀၀၀ ကျပ်အထိ မြှင့်တက်သွားခြင်းဖြစ်သည်ဟု ကလေးမှ ရန်ကုန်သို့ သမီးဖြစ်သူရဲ့ မဂ်လာဆောင်သွားရောက်ရန် လေယာဉ်လက်မှတ်ဖြတ်ထားသူ အမျိုးသားတစ်ဦးက ပြောသည်။ “အခုချိန်က မလွဘ်ဘူး ကျွန်တော်တိုဆို ကလေးကနေ ရန်ကုန်ကို လူ ၅သွားဖို့ရှိတာ မြေပြင်ကနေလဲ သိပ်မသွားရဲဘူး လေယာဉ်လက်မှတ်ကလဲ အသွား ၂၇၀၀၀၀ ဖြစ်နေတော့ ကျွန်တော်တို့ ၅ ယောက်အတွက်ဆို အများကြီးပေါ့နော် ဆိုတော့ ကျွန်တော်တို့ အခုစိုးရိမ်ပေမဲ့လဲ အသွားကို အဝေးပြေးကားနဲ့ပဲသွားမယ် အပြန်ကိုတော့ လေယာဉ် လက်မှတ်ဖြတ်ထားတယ်” ဟု ပြောသည်။ ယင်း လေယာဉ်လက်မှတ်ဈေးနှုန်းမြှင့်တက်ရခြင်း အကြောင်းရင်းကိုမူ အတိအကျ မသိနိုင်သော်လည်း ပြည်တွင်း/ပြည်ပ ခရီးသွားများပြားလာပြီး လက်မှတ်အပြောင်း အလဲများခြင်းကြောင့်ဖြစ်နိုင်သည်ဟု ၁၀ နှစ်ကျော်ကြာ လေယာဉ်လက်မှတ်ရောင်းနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ခရီးသည်တအားများလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားလမ်းကိုဘယ်သူမှ မသွားရဲကြတော့ဘူးလေ၊ ပြီးရင် အခုက နိုင်ငံခြားသွားဖို့ သံရုံးဝင်တဲ့သူတွေကလဲ အရမ်းများတယ်လေ အဖွဲ့လိုက်အဖွဲ့လိုက်နဲ့ဆိုတော့ သူတို့ အတူသွားချင်တာနဲ့ ဘယ်လောက်ပဲကုန်ကုန် namechange လေးလုပ်ပေးလိုက်ပါဆိုတော့ ကျွန်မတို့က တင်ပေးလိုက်ရော namechange နဲ့ဆို ပိုက်ဆံထပ်ပေးရတာကို အခုချိန်မှာ အဓိက အဲတာများတယ်နော်။” က ၁၀ နှစ်ကျော်ကြာ…
ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ CDF-Hualngoram ထိန်းချုပ်ထားတဲ့ နယ်မြေဒေသမှာ စစ်ကောင်စီနဲ့ ပတ်သက်သော တင်ဒါလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုမ္ပဏီ John and Joshua Company အဖွဲ့ဝင်တချိူ့ကို စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတယ်လို့ CDF-Hualngoram က ထုတ်ပြန်ပါတယ်။ John and Joshua ကုမ္ပဏီဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအောက်မှာ တရားမဝင် တင်ဒါလုပ်ငန်း ဆောင်ရွက်နေတာကြောင့် မတ်လ ၁၈ ရက်နေ့က ကုမ္ပဏီအဖွဲ့ဝင်တချို့ကို (အသက်မပြည့်ကလေးငယ်နဲ့ သက်ကြီးရွယ်အိုများမပါ) စစ်ဆေးမေးမြန်းဖို့ ထိန်းသိမ်းထားတာလို့ CDF-Hualngoram က မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို ဖော်ပြထားတာမရှိပေမယ့် ယခုကိစ္စမှာ ပါဝင်ပတ်သက်တဲ့ မည်သူမဆိုကို ထိထိရောက်ရောက် ဆက်လက်အရေးယူသွားမယ်လို့ CDF-Hualngoram က ဆိုပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ ကုမ္ပဏီအဖွဲ့ဝင်လုပ်သား ၁၂ ဦးလို့သိရပြီး ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ Ticirh ကျေးရွာထိပ်က ချောင်းကူးတံတား ဆောက်လုပ်နေစဉ်မှာ ဖမ်းဆီးခေါ်ဆောင်သွားကြတာလို့ အဖမ်းခံရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။ “၁၈ ရက်နေ့ မနက်ပိုင်း တစ်နာရီလောက် အစ်ကိုနှင့် online ကနေ စကားပြောဖြစ်သေးတယ်။ ညနေ ၆ နာရီ လောက်အချိန်မှာ ဖမ်းခေါ်သွားကြတာလို့တော့ ကြားတယ်။ သူတို့စခန်းမှာ ထိန်းသိမ်းထားတယ်လို့ ကြားတယ်။ အခုဆို သုံးကြိမ်လောက်ဖုန်းဆက်ပြီး တွေ့ဖို့တောင်းဆိုတာ၊ တွေ့ခွင့်မရဘူး ဆိုတော့ စိတ်ထဲမှာ မကောင်းဘူးပေါ့နော်” လို့ ပြောပါတယ်။ CDF-Hualngoram အနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသအတွင်း စစ်ကောင်စီနဲ့ပတ်သက်တဲ့ မည်သည့်တင်ဒါလုပ်ငန်းကိုမဆို…
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) ကို မတ်လ (၂၁) ရက်နေ့က Victoria Base တွင် လက်မှတ်ရေးထိုးခဲ့သည်ဟု YPDF က ထုတ်ပြန်သည်။ နွေဦးတော်လှန်ရေးကာလ ပြီးဆုံးချိန်ထိ စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ထုတ်တော်လှန်ရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေးတို့အတွက် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား သဘောတူညီချက်ရယူကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု YPDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ နားလည်မှု စာချွန်လွှာကို ချင်းအမျိုးသားတပ်မတော် (CNA) မှ စစ်ဦးစီးချုပ်နှင့် ကာကွယ်ရေးဌာန တာဝန်ရှိသူများ၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးနှင့် တပ်ဖွဲ့တာဝန်ရှိသူများ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ယောနယ်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော၊ လောင်းရှည် စသည့်မြို့နယ်အတွင်းရှိ ယောဒေသ၊ ယောလူမျိုးအကျိူးကိုအမှန်တကယ်လိုလားပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေးကို လိုလားသူများစုပေါင်းကာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံလာကြသော မြန်မာစစ်ဘေးရှောင်များကို နိုင်ငံတကာ လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Adventist Development and Relief Agency က အကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ DC အစည်းအဝေးခန်းမတွင် ယနေ့မတ်လ ၂၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီမှာ မြန်မာစစ် ဘေးရှောင်များအား ကူညီထောက်ပံ့မည့်စီမံကိန်း ‘Protection and Humanitarian Assistance to new arrivals from Myanmar in Mizoram 2023’ ကို Adventist Development and Relief Agency အဖွဲ့နှင့် Champhai District Level Committee on Myanmar Refugees မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရ ပြန်ကြားရေးဌာနကထုတ်ပြန်သည်။ Adventist Development and Relief Agency သည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း ခရိုင် ၄ ခုတွင် စစ်ဘေးရှောင်ကူညီရေး အစီစဉ်များကို ယမန်နှစ်က စတင်ခဲ့ပြီးနောက် ယခုနှစ်တွင် အဆိုပါ ခရိုင် ၄ ခုအပြင် ကျန်ဖိုင်းနှင့် အိုင်ဇောလ်ခရိုင်အတွင်းရှိ မြန်မာစစ်ဘေးရှောများအား ကူညီထောက်ပံ့မည့်စီမံကိန်းကို စတင်မည်ဟုဆိုသည်။ ယင်းစီမံကိန်းတွင် စစ်ဘေးရှောင်များအား ရိက္ခာထောက်ပံ့ခြင်းနှင့် ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းနေရွယ်ကလေးငယ်များ၏ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်းနှင့် Children Friendly Space များဖန်တီးပေးခြင်းတို့ပါဝင်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၁၂ လကြာမြင့်မည်ဟု သိရသည်။…
မီဇိုရမ်ပြည်နယ် ရှီဟာခရိုင် တွီပန်းကျေးရွာက စစ်ဘေးရှောင်စခန်းတွင် မတ်လ ၁၆ ရက်နေ့က ကြားကာလအခြေခံပညာ အထက်တန်းကျောင်းဖွင့်လှစ်ခဲ့ကြသည်ဟု သိရသည်။ ယင်းကျောင်းဖွင့်ပွဲအခမ်းအနားကို မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် Matupi Chin Refugee Community တို့မှဦး ဆောင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ တွီးပန်းကျေးရွာစစ်ဘေးရှောင်စခန်း အခြေခံပညာရေးအထက်တန်းကျောင်းတွင် Kg တန်းမှ Grade 10 အထိရှိပြီး ကျောင်းသားကျောင်းသူ ၇၀ ကျော်နှင့် ကျောင်းဆရာ၊ ဆရာမ ၇ ဦးရှိသည် မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။ မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေဖြင့် မီဇိုရမ်ပြည်နယ်အတွင်းရှိ အိုင်ဇောလ်၊ လုံးလဲ၊ လောင်တလိုင်နှင့် ရှီဟာ စသော ခရိုင် ၄ ခုအတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် ကျောင်းပေါင်း ၄၀ ကျော်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ တစ်ထောင်ကျော် သင်ကြားပေးလျက်ရှိသည်ဟု သိရသည်။ အလားတူ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း ကျောင်းပေါင်း တစ်ရာကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသားကျောင်းသူ ၉ ထောင်ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခုလက်ရှိအနေအထားတွင် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသင်ထောက်ကူပစ္စည်းများလိုအပ်သည့်အပြင် ကျောင်းဆောင်အတွက်လိုအပ်ချက်များလည်းရှိနေသည်ဟု သိရသည်။ ဓာတ်ပုံ – MCRC, Chris Born
ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Kanpetlet တပ်ရင်း-၅ (ခေါ်နူးတပ်ရင်း) အတွက် မောင်းပြန်တစ်လက်ဝယ်ယူရန် ရံပုံငွေ ရှာဖွေသည့်အနေဖြင့် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ဆိုသည့် ကံစမ်းမဲအစီစဉ်ကို ယနေ့ မတ်လ ၂၀ ရက်နေ့ကစတင်လိုက်သည်။ ယင်းအစီစဉ်ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိသတ်မှတ်ကာ လက်မှတ်တစ်စောင်ကို မြန်မာကျပ်ငွေ တစ်သောင်းကျပ်သတ်မှတ်ပြီး ပထမဆုရရှိသူသည် ချင်းလူမျိုးများ တန်ဖိုးထားသော နွားနောက်တစ်ကောင် ရရှိမည်ဖြစ်သည်။ နွားနောက်သည် ချင်းလူမျိုးများ၏ ဘာသာရေးပွဲများ၊ လူမှုရေးပွဲ များတွင် မရှိမဖြစ်အသုံးပြုကြရသော ဘိုးဘွားစဉ်ဆက် တန်ဖိုးထားလက်ဆင့်ကမ်းမွေးမြူလာခဲ့ကြသော ချင်းတောင်၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည်။ ချင်းလူမျိုးများအနေဖြင့် သား/ သမီးများအား ဂုဏ်ပြုပေးချင်သည်အခါတွင်သော်လည်းကောင်း၊ ချီးမြှင့်ချင်သည့် အခါတွင်သော်လည်းကောင်း နွားနောက်ကိုသာ တန်ဖိုးထား ပေးကမ်းကြသည့် အစဉ်အလာများလည်းရှိပြီး အိမ်ထောင်ပြုသည့်အခါတွင်လည်း နွားနောက်ကို မင်္ဂလာကြေးအဖြစ် မရှိမဖြစ် ထည့်သွင်း ပေးဆောင်ရသော တန်းဖိုးကြီးပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ နွားနောက်သည် ချင်းလူမျိုးများ၏ လူနေမှုဘဝထဲတွင် အခြားသောပစ္စည်းများထက်ပို၍ ပေးကမ်းရာတွင်လည်းကောင်း၊ ရယူပိုင်ဆိုင်ရာတွင် လည်းကောင်း အမြတ်တနိုးတန်ဖိုးထားကြပြီး ယခုကမ်းစမ်းမဲအစီစဉ်တွင် ထိုကဲ့သို့ ချင်းလူမျိုးများအတွက် တန်ဖိုးရှိသော နွားနောက်ကို ရယူနိုင်မည့်အခွင့်အလမ်းရရှိမည်ဖြစ်သည်။ CDF-Kanpetlet အတွက် ရံပုံငွေရှာဖွေသော ယခုကံစမ်းမဲအစီစဉ်တွင် ဆုမဲပေါင်း ၄ ဆုနှင့် အထူးဆုများပါဝင်ပြီး ယင်းတို့မှာ ပထမဆု-နွားနောက်ထီး (၁)ကောင် (ကာလတန်ကြေး-၁၀သိန်း)၊ ဒုတိယဆု- ဖုန်း (ကာလတန်ကြေး-၅ သိန်း)တတိယဆု- ဂစ်တာ (ကာလတန်ကြေး-၂သိန်း)၊ စတုတ္တဆု- Charles & Kate အိတ် ( ကာလတန်ကြေး…
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ တက်လာသော စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်တွင် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး စစ်ကောင်စီတပ်သား အယောက် (၃၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ သံချပ်ကာကား ၂ စီးအပါအဝင် ကုန်တင်ကားအစီး ၃၀၊ အင်အား ၁၀၀ ကျော်ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က ကလေးမြို့မှ ချင်းတောင်သို့ချီတက်လာကြပြီး ဖလမ်းမြို့မဝင်ခင် လမ်းခရီးတစ်လျှောက်လုံးတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အနည်းဆုံး ၃၀ ခန့်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။ “ဖလမ်းမြို့နယ်မဝင်ခင်တုန်းက တပ်ဖွဲ့ ၄ ခုပေါင်းပြီး သိုင်းငင်းနဲ့ဗားလုံကြားထဲမှာ သူတို့တိုက်ပွဲဖြစ်ကြတယ်။ အဲ့မှာ သေချာပေါက် ခြောက်ယောက်သေတယ်။ ဗားလုံကနေ ထင်းရှုးစခန်းကြားထဲမှာ သုံးရက်ဆက်တိုက် တိုက်ခိုက်တာပေါ့ မိုင်အားဖြင့် ရှစ်မိုင်လောက်ဝေးပေမယ့် အဲ့မှာတင် သုံးညဆက်တိုက်အိပ်တယ်လေ ကျွန်တော်တို့ တိုက်ခိုက်လွန်းလို့။ အဲ့မှာတော့ အယောက် (၃၀) ထိခိုက်ကျဆုံးတာ။ ဒါပေမယ့် ကျန်တဲ့ထိခိုက်မှုကိုတော့ ကျွန်တော်တို့ အတိအကျမပြောနိုင်ခဲ့ဘူး။ လူကိုယ်တိုင်လမ်းလျှောက်ပြီး မိုင်းရှာနေတဲ့ ရှေ့ပြေးဖွဲ့တွေကို မိုင်းထောင်ထားတဲ့ အပေါ်တည့်တည့်မှာရပ်နေလို့ မိုင်းဆွဲလိုက်တာ လူပါပျေက်သွားတဲ့ဟာတွေနဲ့” ဟု CNDF တပ်မဟာမှုး ကို Lian No က ပြောသည်။ စစ်ကောင်စီယာဉ်တန်းသည် ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ဘဲကမ်နှင့် နယူးစွမ်ပီးကျေးရွာကြား၊ ဗားလုံးနှင့် ထင်းရှှုးစခန်းအကြား၊ စီဇာမွလ်နှင့် ကြောင်ဟဲကျေးရွာတို့တွင်…
ယခုလက်ရှိဆင်နွှဲနေသော တော်လှန်ရေးတိုက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် အရေးတော်ပုံအောင်မြင်သည်အ ထိ လက်တွဲတိုက်ပွဲဝင်ကြရန် မတ်လ ၂၀ ရက်နေ့ကျရောက်သော ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့တွင် ချင်းအမျိူးသားတပ်ဦး CNF က တိုက်တွန်းတောင်းဆိုလိုက်သည်။ မတ်လ ၂၀ ရက်နေ့သည် ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေးအတွက် ချင်းအမျိူးသားလက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့သည့် ၃၅ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်ပြီး ချင်းအမျိုးသားများဆုံးရှုံးနစ်နာခဲ့သော အခွင့်အရေးများအတွက် နိုင်ငံရေး၊ စစ်ရေးအပြင် သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြင့်တိုက်ပွဲဝင်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးကဆိုသည်။ “ပြည်သူလူထုတရပ်လုံးအနေနဲ့ မိမိကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲတိုက်ပွဲဝင်ကြပါရန်နှင့် တဆက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊ အခွင့်အရေးတောင်းဆိုမှုများကို အထူးရှောင် ရှားကြရန် အလေးအနက် တိုက်တွန်းသည်” ဟု ၃၅ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ချင်းအမျိုးသားတပ်ဦး/တပ်မတော် သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာစွဲကိုင်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးရပ် တည်ချက်တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲကာ အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။ တော်လှန်ရေးကာအတွင်း အသက်ပေးလှူကြသည့် အာဇာနည်ရဲဘော်ရဲမေများ၊ ချင်းအမျိုးသားပြည်သူများအား ဦးညွတ်ဂါရဝပြုသည်ဟု CNF ကဖော်ပြသည်။ စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရာတွင် ချင်းအမျိုးသားပြည်သူများ၏ အနစ်နာခံမှု၊ ပံ့ပိုးကူညီမှုနှင့် ပေးဆပ်မှုများ အပေါ် အထူးဂုဏ်ယူလေးစားကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး စစ်ရေးအကြပ်အတည်း ကြောင့် လူမှုဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူနှင့် တနိုင်ငံလုံးပြည်သူများအား စာနာနားလည်ပေးပါကြောင်း အလေးအနက်ဖော်ပြလိုသည်ဟု CNF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့်ပြည်သူများဆုံးရှုံးခဲ့ရသော လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်…
