ယောဒေသ ထီးလင်းမြို့မှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ထွက်ကြိုလာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ကို ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က မတ်လ ၁၉ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၃ ဦး ပွဲချင်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ထုတ်ပြန်သည်။ ထီးလင်းမြို့မှထွက်လာသော စစ်ယာဉ်တန်းအား ထွက်ကြိုလာသည့် ခလရ (၅၀) မှကား ၄ စီးကို မတ်လ ၁၉ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဂန့်ဂေါမြို့နယ် ရှောက်ပင်နှင့် ခေါက်ခူရွာကြားတွင် YPDF တပ်ဖွဲ့မှ အသင့်ပြင်ဆင်ထားသော မိုင်းကွင်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများ အယောက် ၂၀ ခန့်မှာ ပြေပြင်သို့လဲကျသွားခဲ့ပြီး ၃ ဦးမှာ ပွဲချင်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု YPDF က ဆိုသည်။ မိုင်းဒဏ်ကြောင့် အထိနာသွားသော စစ်ကောင်စီစစ်ကြောင်းသည် မိုင်းမိသည့်နေရာတွင် ခေတ္တရပ်နားကာ ရှေ့ဆက်မတိုးတော့ပဲ ဂန့်ဂေါမြို့ဘက်သို့ နောက်ကြောင်းပြန်လှည့်သွားခဲ့ပြီး YPDF ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။ ထီးလင်းမြို့မှ ထွက်ခွါလာသော ယာဉ်တန်းစစ်ကြောင်းသည်လည်း လမ်းတစ်လျှောက် ကာကွယ်ရေးတပ်ဖွဲ့များ၏ အသင့်စောင့်ကြိုတိုက်ခိုက်မှုများကြောင့် အထိနာနေကြပြီး ယာဉ်တန်းဖြတ်သန်းရာလမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ခေတ္တတိမ်းရှောင်ကြရန် အချိန်မရွေး တိုက်ပွဲကြီးငယ်ဖြစ်လာနိုင်သောကြောင့် သတိအနေအထားဖြင့်နေပေးကြရန် YPDF က မေတ္တာရပ်ခံထားသည်။ ထို့အပြင် ယောဒေသရှိ စစ်ကောင်စီတပ်များရှိရာနေရာသို့ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်သည့်အတွက်…
Author: Editor
စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဲဒီပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံ ပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပါတီတွေကို ပါတီမှတ်ပုံပြန်လည်တင်ကြဖို့ပြောဆိုနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ် မကျင်းပဘူးဆိုတာ အသေအခြာပြောဆိုထားတာမျိုးလည်းမရှိပါဘူး။ နိုင်ငံရေးလေ့လာသုံးသူတွေတချိူ့ကတော့ လက်ရှိနိုင်ငံရေး စစ်ရေးအခြေအနေကြောင့် စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သုံးသပ်တာမျိုးရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီထုတ်ပြန်တဲ့ အဲဒီဥပဒေသစ်အရ နိုင်ငံရေးပါတီတွေဟာ မှတ်ပုံပြန်မတင်ဘူးဆိုရင် တရားဝင်နိုင်ငံရေး ပါတီအဖြစ်ကနေ ပြယ်ဖျက်ခံရမယ့်အခြေအနေမှာလည်းရှိနေပြီး နိုင်ငံရေးပါတီ ၂၀ ဝန်းကျင်လောက်ကတော့ ပါတီမှတ်ပုံ ပြန်လည်တင်ပြီလို့ သိရပါတယ်။ လက်ရှိ ချင်းပြည်နယ်မှာ ချင်းပါတီ သုံးပါတီပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ Zomi Congress for Democracy ပါတီ၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပါတယ်။ ယခုကဲ့သို့အခြေအနေမျိုးမှာ ချင်းနိုင်ငံရေးပါတီတွေကလည်း ပါတီမှတ်ပုံတင်ရေး မတင်ရေးအပေါ် ဒွိဟဖြစ်နေကြပြီး ယနေ့ချိန်ထိတော့ ဘယ်ချင်းနိုင်ငံရေးပါတီမှ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်တာမျိုးတော့မရှိသေးဘူး။ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး စစ်ရေးအခြေအနေကြားထဲမှာ ချင်းနိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံ ပြန်တင်သင့် လား မသင့်လားဆိုတဲ့အပေါ်မှာ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနှင့်ပြည်သူလူထု တွေရဲ့သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။ Salai Mang Hre Lian (Program Director- Chin Human Right Organization) အခုစစ်ကောင်စီရဲ့ အဓိက နိုင်ငံရေးထွက်ပေါက်က ရွေးကောက်ပွဲပေါ့နော်။ ဆိုတော့ ရွေးကောက်ပွဲကျင်းပပြီးတော့…
ရေး – Salai Van Cung Lian (UK) တို့ဗမာအစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ ၁၉၃၆ ခုနှစ် မတ်လအတွင်း အဖွဲ့၏ ညီလာခံကြီးအား ကျင်းပခဲ့ကြပြီး လိုလားချက်များကို ပြည်မနိုင်ငံရေး ပါတီများက ထောက်ခံလာအောင်ဆောင်ရွက်ရင်း တို့ဗမာအစည်းအရုံးအဖွဲ့ နှင့် ချင်းအမျိုးသားများ စည်းလုံးညီညွတ်ရေးအဖွဲ့တို့ ရင်းနှီးစွာဆက်သွယ်မိကြသည်။ တို့ဗမာအစည်းအရုံးသည်လည်း သခင်ဝါဒအား တောင်တန်းနယ်များသို့ တိုးချဲ့ရန် ဆုံးဖြတ်ပြီးသည် နှင့်အမျှ ချင်းတောင်တွင် ဦးဝမ္မသူးမောင်း (သခင်အောင်မောင်း)၊ ဦးကီးဖေလိန်း (သခင်အောင်မင်း)၊ ဦးအွမ်နိန် (သခင်အောင်ညွန့်) စသော တို့ဗမာ အစည်းအရုံးဝင် ချင်းအမျိုးသားသခင်များ ပေါ်ပေါက်လာခဲ့သည်။ ကန်ပက်လက်အရေးခင်း (၁၉၄၀ ဖေဖော်ဝါရီ ၂၀) ဝရဲရွာညီလာခံ၏ ဆုံးဖြတ်ချက်များအရအဖွဲ့၏ တောင်းဆိုချက်များကို အရေးဆိုရန် ဦးအွမ်နိန် နှင့် ဦးကီးမာန်တို့အား ပခုက္ကူမြို့ ဝံသာနု အမတ်များမှတစ်ဆင့် လည်းကောင်း၊ ဦးထန်တမ် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၂၇ ဦးနှင့်အတူ ပါလီမန်သို့လည်းကောင်း၊ နောက်ပြီး ဦးဝမ္မသူးမောင်းကိုယ်တိုင် ဗဟိုအစိုးရသို့ အဖွဲ့၏တောင်းဆိုချက်များအား တင်ပြခဲ့သည်။ အဖွဲ့၏လှုပ်ရှားမှုသည်လည်း တစ်နေ့တစ်ခြားပြင်းထန်လာပြီး ဗြိတိသျှအာဏာရှင်တို့သည်လည်း အဖွဲ့၏လှုပ်ရှားမှုများအား အလေးထားလာခဲ့သည်။ ကန်ပက်လက်ဒေသ မငြိမ်မသက်ဖြစ်မှုများအား ဖြေရှင်းရန်အတွက် မကွေးတိုင်းဝန်ရှင်တော်မင်းကြီး Mr.Mcracken နှင့် ချင်းတောင်အရေးပိုင် Mr.Naylor တို့သည် ဗဟိုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဦးဝမ္မသူးမောင်း ခေါင်းဆောင်သော အဖွဲ့၊ နောက်ပြီး ကန်ပက်လက်၊ မင်တပ်နယ် တိုက်သူကြီး နှင့် ရွာသူကြီးတို့သည် ကန်ပက်လက် ဘော်လုံးကွင်း၌ ၁၉၄၀ ခုနှစ် ဖေဖော်ဝါရီ (၂၀) တွင်…
ရေး – Salai Van Cung Lian (UK) နိဒါန်း လူမျိုးတစ်မျိုးတွင်အမျိုးသားနေ့ ရှိအံ့ရှိထိုက်သည့် အားလျော်စွာ ချင်းလူမျိုးတို့အတွက် ချင်းအမျိုးသားနေ့ ကိုရုပ်လုံး ပေါ်အောင်အကောင်အထည်ဖော်ရာတွင် အဓိကဗိသုကာ တစ်ဦးဖြစ်သူ၊ တိုင်းတစ်ပါးသား လက်အောက်ဘဝ၌ ကောင်းစားနေရခြင်းထက် အချုပ်အချာအာဏာပိုင် လွပ်လပ်သောနိုင်ငံသားဘဝတွင် ဆင်းရဲသားအဖြစ်နေရသည်က ပို၍မွန်မြတ်သည် ဟုခံယူပြီး ဗြိတိသျှနယ်ချဲ့တော်လှန်ရေးအား ဦးဆောင်ခဲ့သည့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ အကြောင်းမကြားဖူးသူ ရှိလိမ့်မည်မထင်။ ဦးဝမ္မသူးမောင်း အကြောင်းမသိသေးသူ၊ မကြားဖူးသူ ရှိနိုင်သော် ငြားလည်းဘဲ သူဦးဆောင် အကောင်ထည်ဖော်ခဲ့သည့် ချင်းအမျိုးသားနေ့သည် ချင်းလူမျိုးတို့အတွက် မော်ကွန်းတင်ရသည်သာမက နောင်အစဉ် ထာဝရဥဒါန်းတွင်ရပ်မည့် နေ့ထူနေ့မြတ်ကိုမူ အားလုံးသိရှိကြမည် ဟုယုံကြည်မိပါသည်။ ဤဆောင်းပါတွင် ဦးဝမ္မသူးမောင်း၏ အမျိုးသားရေးအတွက် ဆောင်ရွက်ချက်များကို ဖော်ပြသွားမည်ဖြစ်သည်။ ငယ်စဉ်ဘဝနှင့် ဗြိတိသျှစစ်တပ်ထဲသို့ အမှုထမ်းခြင်း ဦးဝမ္မသူးမောင်းသည် ၁၉၀၀ ခုနှစ် ဧပြီလတွင် ဦးမောင်းထန်းပက်နှင့် ဒေါ်လောမာန်ရောင်တို့မှ ဖွားမြင်ပြီး၊ မွေးရပ်ဇာတိ ဝမ္မသူးရွာ (မင်းတပ်မြို့နယ်) ကိုအစွဲပြု၍ ဝမ္မသူးမောင်းဟု ခေါ်ကြခြင်းဖြစ်သည်။ သူ၏နာမည် အရင်းမှာ ထန်းပက်မောင်းဖြစ်ပြီး နယ်ချဲ့ဗြတိသျှ နှင့် ဖက်ဆစ်ဂျပန် တော်လှန်စဉ်ကာလအချိန်များတွင် သခင်အောင်မောင်း ဟုလူသိများခဲ့သည်။ ဦးဝမ္မသူးမောင်းသည် ၁၉၁၀ ခုနှစ်တွင်မင်းတပ်မြို့ အစိုးရမူလတန်းကျောင်း၌ စတုတ္ထတန်းအထိ သင်ကြားခဲ့ပြီးနောက် ၁၉၁၅ ခုနှစ်တွင် ယောဒေသ တောင်းတက် ဘုန်းကြီးကျောင်း၌ ပညာဆက်လက်သင်ယူခဲ့သည်။ ၁၉၁၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ဗြိတိသျှကျေးစားတပ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၁၈ တွင်အန္ဒိယရာထူးအဆင့် Havildar (တပ်ကြပ်ကြီး)၊ ၁၉၁၉…
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း ပြုလုပ်မည် မပြုလုပ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၎င်းတို့ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။ “ကျွန်တော်တို့ ဆွေးနွေးနေတုန်းပါ။ အခု ကျွန်တော်တို့ နယ်တွေ ဘာတွေနဲ့ဝေးတော့ ဆက်သွယ်ရခက်နေတယ်။ ကျွန်တော်တို့ zoom Meeting လုပ်ဖို့လည်း ဟိုးတောင်ပေါ်မှာဆိုတော့ လိုင်းမရှိဘူးလေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။ စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အသစ်ပြဋ္ဌာန်းလိုက်သော ယင်းပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ယင်းဥပဒေသစ်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့်ကာလသည် ၁၀ ရက်ခန့်သာကျန်တော့ပြီး မတ်လ ၂၆ ရက်နေ့တွင်ကုန်ဆုံးတော့မှာဖြစ်သည်။ “ကျွန်တော်တို့ ပါတီအဟောင်းတွေအနေနဲ့တော့ ပြဿနာမရှိဘူးလေ၊ ထပ်တင်မယ်ဆိုရင် သိန်း ၁၀၀ သွင်းဖို့ ဒါပဲရှိတော့တာ သွင်းမယ်ဆိုရင် မခက်ပါဘူး။ ဒါပေမယ့် ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ မသေချာတော့ ကောင်းကောင်းမပြောနိုင်ဘူး” ဟု ပူးဂင့်ကမ်းလျန်ကပြောသည်။ ယခုလက်ရှိအချိန်ထိ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်လျှောက်ထားသူ ၂၃ ပါတီရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယင်းတို့မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် ပြည်နယ်နှင့်တိုင်းတစ်ခုမှာပဲ စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိပြီဟု သိရသည်။
မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများသည် အကူညီရရှိမှု နည်းသထက်နည်းပါးလာနေသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအခက်ကြုံလာနေကြရသည်ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် ZORO အဖွဲ့က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံက အထူးသဖြင့် ချင်းမျိုးနွယ်စုများသည် မီဇိုရမ်ပြည်နယ်တွင် လာရောက်ထွက်ပြေးခိုလုံကြသည်မှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်ကာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူညီထောက်ပံ့ရရှိမှုသည်လည်း နည်းသထက်နည်းပါးလာသည့်အတွက် နေ့စဉ်စားဝတ်နေ ရေးမှာ ပိုမိုခက်ခဲလာနေသည်ဟု မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Aizawl Press Club တွင် ယနေ့ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zo Reunification Organization (ZORO) က ပြေဆိုလိုက်ခြင်းဖြစ်သည်။ “သူတို့ (စစ်ဘေးရှောင်) ရဲ့အခြေအနေက တော်တော်ဆိုးပါတယ်၊ အလုပ်အကိုင်လည်းမရှိကြဘူး၊ အရင်တုန်းကလို ကူညီထောက်ပံ့မှုတွေက သူတို့မရရှိကြတော့ဘူး၊ ပြည်သူလူထု၊ YMA နဲ့ အစိုးရတွေထံကနေ ထောက်ပံ့မှုတွေကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တချိန်တည်းမှာပဲ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေက ပြောင်းလဲမသွားဘူး ပိုလို့တောင်တိုးလာနေတယ်” ဟု ZORO Refugee Committee အဖွဲ့မှ အတွင်းရေးမှူး Dr. Lalrinawmi Ralte က ပြောသည်။ ယခုလက်ရှိအနေအထားတွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေး ကူညီထောက်ပံ့ရန် အထူးလိုအပ်နေကြသည်ဟု ZORO က ဆိုသည်။ ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ကလည်း Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ဆန်အိတ် ၂၀ ၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊…
Zomi Reunification Organization (ZRO) ဒုတိယအဖွဲ့အစည်းအဖြစ် ဇိုမီးပြန်လည်စည်းလုံးညီညွတ်ရေးအစည်းအရုံး Zomi Reunification Organization (ZRO) ဖြစ်ပေါ်လာပုံ အကြောင်းအကျဉ်းချုံ့ဖော်ပြသွားမည် ဖြစ်ပါသည်။ ZORO နှင့် ZRO မှာ မတူညီကြပေ။ နောက်ခံလှုပ်ရှားမှု သမိုင်းများအားနားလည်မှသာ လက်ရှိအခြေအနေများအားပိုမို နားလည်နိုင်မည်ဖြစ်ပါသည်။ မဏိပူရပြည်နယ်တွင် ကသည်း (Meitei) တို့မှာ ပထမလူဦးရေအများဆုံးဖြစ်ကာ၊ ဒုတိယအနေဖြင့် ချင်းအနွယ်ဝင်များဖြစ်သည်။ တတိယတွင် နာဂအနွယ်ဝင်များဖြစ်လေသည်။ ချင်းအနွယ်ဝင်များတွင် အုပ်စု လေးစုခွဲနိုင်သည် (၁) ထာဒိုဘာသာ စကား ပြောအုပ်စုများ၊ (၂) လူရှိုင်းဘာသာစကားနှင့်နီးစပ်သောအုပ်စုများ (၃) ဇိုမီး (တီးတိန်) ဘာသာစကားပြောအုပ်စုများ (၄) ရှေးကူကီး (Old Kuki) ခေါ်အုပ်စု တို့ဖြစ်လေသည်။ ၁၉၄၀ ခုနှစ်တွင် ထာဒို-ကူကီးစော်ဘွားတစ်ဦးဖြစ်သူ Pu Za Vum မှ မဏိပူရနယ်အတွင်းရှိ ချင်းမျိုး နွယ်စုအားလုံးအား ဖိတ်ခေါ်ကာ မျိုးနွယ်စုစည်းလုံးရေးနှင့် အနာဂတ်အရေးအားဆွေးနွေးခဲ့ကြလေသည်။ ထိုအချိန်က ကူကီးဆိုသည့် စကားလုံးမှာ ချင်းမျိုးနွယ်များအား လုံးအား ခေါ်ဆိုသည့် မဏိပူရတွင် တွင်ကျယ်စွာအသုံးပြုသည့်စကားလုံးဖြစ်လေသည်။ မျိုးနွယ်စုပေါင်း (၂၁) မျိုးရှိလေသည်။ သို့သော် ထိုအစည်းအဝေးသည် ဝမ်းနည်းဖွယ်ရာအဆုံးသတ်သွားလေသည်။ အချို့သော သမိုင်းဆရာများ၏ မှတ်တမ်းအရ ထာဒို-ကူကီးစော်ဘွားမှ ဘုံဘာသာစကားအဖြစ် ထာဒိုဘာသာစကားအားအသုံးပြုရန် အဆိုပြုသောကြောင့်ဟု ဆိုလေသည်။ (က) #ခူလ်မီးအစည်းအရုံး(၁၉၄၈) Khulmi Union (1948) ၁၉၄၆ ခုနှစ်တွင် Kuki National Assembly (1946) အားဖွဲ့စည်းပါသည်။ ရည်ရွယ်ချက်မှာ ချင်းတိုင်းရင်းသားများအား လုံးအား…
ရေး – Ro Sang Zo Reunification Organization (ZORO) မြန်မာနိုင်ငံတွင် ချင်းလူမျိုးဟုအသိအမှတ်ပြုထားသော တိုင်းရင်းလူမျိုးများအား အိန္ဒိယနိုင်ငံဖက်တွင် မီဇိုး (Mizo) ဟုလည်းကောင်း၊ ကူကီး (Kuki) ဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ချင်း (Chin) ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ နိုင်ငံကွဲပြားခြင်း၊ ရှေးမှတ်တမ်း များကွဲပြားခြင်း၊ ပြည်နယ်များကွဲပြားခြင်းကြောင်း သီးခြားလူမျိုးအဖြစ် သတ်မှတ်ခဲ့ကြလေသည်။ သို့သော် ထိုတိုင်းရင်းသားလူမျိုးအကြားတွင် မျိုးနွယ်စုပြန်လည်စည်းလုံးရေး ပြန်လည်ကြိုးစားခြင်းအား ၁၉၀၀ ပတ်ဝန်းကျင်ခန့်လောက်မှ စတင်လှုပ်ရှားလာရာ ထိုလှုပ်ရှားမူအား ဗဟုသုတအဖြစ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇိုပြန်လည်စည်းလုံးရေးအစည်းအရုံးမူလအစ (Original of Zo Reunification Organization) ၁၉၈၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မီဇိုရမ်းပြည်နယ်မှ Brig T. Sailo ဦးဆောင်သော People’s Conference (PC) နှင့် မဏိပူရ ပြည်နယ်မှ T. Gougin ခေါင်းဆောင်သော Zomi National Congress(ZNC) တို့ပါတီကြီး နှစ်ရပ်တို့၏ တွေ့ဆုံ အစည်းအဝေးအား မဏိပူရပြည်နယ်၊ လမ်ကား (Lamka) မြို့၌တွေ့ဆုံကြကာ နိုင်ငံတကာရှိ ချင်းတိုင်းရင်းသားလူမျိုးများ အမျိုးသားပြန်လည်စည်းလုံးမှု တည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြလေသည်။ ထို့နောက် နောက်ဆက်တွဲအားဖြင့် ၁၉၈၈ ခုနှစ် မေလ ၁၈-၁၉ ရက်နေ့၊ မီဇိုရမ်းပြည်နယ်၊ ချန်ဖိုင်းမြို့(Champhai) ချင်းပြည်နယ်အနီးတွင် ပထမဆုံး ကမ္ဘာဇိုမီးကွန်ဗင်ရှင်း (First World Zomi Convention) အားပြုလုပ်ကျင်းပခဲ့ကြပါသည်။ မှတ်တမ်းများအရ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလား…
ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့တို့ မတ်လ ၁၄ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သည်။ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာသောစစ်ကောင်စီတပ်များကို ဝလံပီးနှင့် ကလားကြား (ကလောင်စိုင်း) တွင် CDF-Matupi တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။ CDF-Matupi ဘက်ကတော့ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့ကြသည်ဟု ဆိုပါသည်။
အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောသည်။ မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ တောင်ကုန်တွင်အခြေစိုက်သော စစ်ကောင်စီစခန်းကို CDF-Hualngoram တပ်ဖွဲ့က ၄၀ မမ အပါဝင် လက်နက်ငယ်များဖြင့် လှမ်းပစ်ခဲ့ရာမှ စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ “ဗုံး သုံးကြိမ် ပေါက်ကွဲသံကြားတယ်။ ပြီးတော့ သေနတ်ပစ်သံတွေကြားရတယ်။ ပြည်သူလူထုတွေ အကုန်လုံးက တစ်ဖက် အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အခုတော့ ပစ်သံတော့ ငြိမ်ပြီ။ ဒါပေမဲ့ ဘယ်သူမှ ရိဖက်ကို ပြန်မသွားရဲကြသေးဘူး။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း ရိခေါဒါရ် မြို့အနီးတဝိုက်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိဘူးလို့လည်း သိရသည်။
