မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများအား ဆက်လက်ကူညီ ထောက်ပံ့ရေးအဆိုကို မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော လွှတ်တော်အစည်းအဝေး (Assembly Budget Session) တွင် အတိုက်ခံ (INC) ပါတီလွှတ်တော်ကိုယ်စားလှယ် Lalrindika Ralte က စစ်ဘေးရှောင်များအရေးနှင့်ပတ်သော ယင်းအဆိုကို တင်သွင်းခဲ့ရာတွင် မူရင်းအဆို၏ စာသားအနည်းငယ်ပြောင်းလဲကာ လွှတ်တော်ကတညီတညွတ်တည်း အတည်ပြုခဲ့ကြသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် Lalrindika Ralte က “အိမ်နီးချင်းနိုင်ငံတို့မှ ဘေးကင်းလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများကို အစိုးရအနေဖြင့် နေရာထိုင်ခင်းများစီစဉ်ပေးကာ ကြင်နာစွာပြုစုပေးပြီး၊ တစုတစည်းတည်း နေထိုင်နိုင်ရေးအတွက် သီးခြားနေရာတစ်ခုစီစဉ်ပေးရန်” ဆိုသည့်အဆိုကို တင်သွားခဲ့သည်။ ယင်းအဆိုကို တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းသာကြိုဆိုကြပြီး အားတက်သရော ဆွေးနွေးခဲ့ကြရာတွင် ယင်အဆို၏ မူရင်းဆိုလိုရင်းမပြောင်းဘဲ “အိမ်နီးချင်းနိုင်ငံ မြန်မာနှင့် ဘင်္ဂလားဒေရှ့်တို့မှ ဘေးကင်းလုံခြုံရေးအတွက် ရောက်ရှိလာကြသော မိမိတို့ညီအကို စစ်ဘေးရှောင်များကို မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူလူထုမှ ကောင်းမွန်စွာလက်ခံကြိုဆိုသည့်အပေါ် ကျေးဇူးတင်ကြောင်း၊ လိုအပ်သလို ဆက်လက်ကူညီပြီး ၎င်းတို့နေထိုင်ရေးနှင့် လိုအပ်ချက်များအား ဆက်လက်ကူညီဖြည့်ဆည်းပေးရန်” ဟု ပြင်ဆင်ကာ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ချင်းလူမျိုးအများစုသည် မီဇိုရမ်ပြည်နယ်ဘက်သို့ အိုးအိမ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူများအား လက်မခံဘဲ ပြန်လည်ပို့ဆောင်ရန် ဖိအားပေးမှုခံခဲ့ရသော်လည်း မီဇိုရမ်ပြည်နယ်အစိုးရသည် အိန္ဒိယဗဟိုအစိုးရကို…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပိီမြို့တွင် (၃) လနီးပါး မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကာ ကြိုးဖုန်းဖြင့် မိသားစုဝင်များနှင့် ဆက်သွယ်နေကြရပြီး ဖုန်းပြောမိနစ်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြုံရသည့်အပြင် လွတ်လပ်စွာ ဖုန်းပြောဆိုနိုင်ခြင်းမရှိသောကြောင်း ခက်ခဲများကြုံနေကြရသည်ဟု ခရီးဝေးရောက် မတူပီမြို့ခံတစ်ဦးက ပြောသည်။ “မိုဘိုင်းတော့မရဘူး၊ ကြိုးလိုင်းရတယ် (အိမ်ဖုန်း) ရှေးသရောအခါက ကြိုးဖုန်းတွေတော့ရတယ်၊ သူတို့ ခေါ်လိုက်တဲ့အချိန်မှာ ၅ မိနစ်လောက်တောင်မကြာဘူး ၁ထောင်ကျော်ကုန်သွားတယ်၊ နေကောင်းလား လောက်ပဲပြောလို့ရတယ်။ ကျန်တဲ့ဟာပြောလို့မရဘူး အခြေအနေဘယ်လိုရှိလဲမေးရင် မသိဘူးလို့ပဲပြောတာ မပြောရဲကြဘူး” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်းတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်နေခြင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းများပိတ်ထားခံရပြီး ဖုန်းတိုင်တို့တွင် ဒီဇယ်ဆီများ ပြတ်တောက်ရာမှ ဖုန်းလိုင်းပြတ်တောက်ခြင်းများ ကြုံလာကြရခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် မင်းတပ်မြို့တွင်လည်း မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်းကြောင့် ဒေသခံပြည်သူများ ဖုန်းလိုင်းရှိသည့်နေရာအထိသွားရောက်ဆက်သွယ်အသုံးပြုနေရပြီး သတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ဖုန်းလိုင်းများအရေးကြီးကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။ “အခုလည်း ဖုန်းလိုင်းရတဲ့နေရာလေးရောက်လို့ ပြောလို့ရတာ၊ရတဲ့နေရာကရတယ် မရတဲ့နေရာက တော်တော်များတယ်၊ ဒီမှာတော့ စုပြီးတော့မှ လိုင်းမိတဲ့နေရာက ဘယ်နားလေးလဲဆိုပြီးတော့ ပြောဆိုနေရတာ။ သွားရေးလာရေးအတွက် တအားခက်ခဲရှိတာပေါ့၊ မီဒီယာခေတ်ဆိုတော့ ပြောဆိုရတာက အင်တာနက်လိုင်း မရရင်တောင်မှ ဖုန်းလိုင်းက နေရာတကာရင်ကောင်းမှာ” ဟု မင်းတပ်မြို့ခံက ပြောသည်။ ချင်းပြည်နယ်တွင် ဟားခါးမြို့မှအပ ကျန်သည့်မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယခုတွင်လည်း မတူပီမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးများ ပြတ်နေသည်မှာ (၃) လ နီးပါးရှိနေပြီဖြစ်သည်ဟု သိရသည်။ မိုဘိုင်းဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်နေသည့် မတူပီမြို့တွင်…
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စနေနှင့် တနင်္ဂနွေနေ့နှစ်ရက်အတွက် ဘုရားကျောင်းဝတ်ပြုအစည်းအဝေးများကို စစ်ကောင်စီထံကြိုတင်ခွင့်တောင်းစရာမလိုပဲ ပြန်လည်ခွင့်ပြုလိုက်ပြီဟု ဟားခါးမြို့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ေ ဆာင်များအဖွဲ့ (HCMF) ထံမှသိရသည်။ ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များသည် ဟားခါးမြို့အခြေစိုက် စစ်ဗျူဟာမှူးကို သွားရောက်တွေ့ဆုံပြီး ဘုရားကျောင်းတက်နိုင်ရေး တင်ပြတောင်းဆိုရာမှာ ခုလိုပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့က ဓမ္မအမှုတော်ဆောင်ဆရာတော်တစ်ပါးကပြောသည်။ “ဘုရားကျောင်းဘယ်နေရာမှာရှိသလဲ၊ တာဝန်ခံ သင်းအုပ်ဆရာ တော်ကဘယ်သူလဲ ဆက်သွယ်နိုင်မယ့် ဖုန်းနံဘတ်ပေါ့နော် အသင်းတော်မှာ ပုံမှန်ဝတ်ပြုကိုးကွယ်တဲ့လူဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အကြမ်းဖျင်းတင်ပြထားတယ် အဲဒီ တင်ပြတဲ့အပေါ်မှာ လက်ခံပေးပြီးတော့ ခွင့်ပြုပေးတာဖြစ်တယ်” ဟု ဓမ္မအမှုတော်ဆောင်ဆရာတော်ကပြောသည်။ ဟားခါးမြို့ပေါ်တွင် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီစဉ်နှင့် အခြားအစီစဉ်များကို မနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ခွင့်ပြုထားပြီး စနေနေ့အတွက် ဝတ်ပြုခြင်း၊ သီချင်းတိုက်ခြင်းနှင့် အခြားအစီစဉ်များကို မနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ စစ်ကောင်စီကခွင့်ပြုထားကြောင်း ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။ အဆိုပါခွင့်ပြုချက်သည် ဟားခါးမြို့ပေါ်အခြေစိုက် ဘုရားကျောင်းများအတွက်သာဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ရက်အချိန်များတွင်သာ မြို့အုပ်ချုပ်ရေးမှူးရုံးထံ ခွင့်ပြုချက်တောင်းခံရန်မလိုဘဲ သတ်မှတ်ချိန်အတွင်း လွတ်လပ်စွာ ဝတ်ပြုနိုင်မည်ဟုသိရသည်။ သို့သော်လည်း ဘုရားကျောင်းတွင် ဘာသာရေးနဲ့ သက်ဆိုင်သည့် အစည်းအဝေးများ၊ သင်တန်းများ၊ မင်္ဂလာဆောင်ပွဲများနှင့် ဆုတောင်းပွဲများအတွက် စနေ၊ တနင်္ဂနွေနေ့မကျလျှင် သတ်မှတ်ပုံစံအတိုင်း စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးရုံးတွင် ၅ ရက်ကြိုတင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်ဟု သိရသည်။ ထို့အပြင် နာရေးကိစ္စရပ်များတွင်လည်း ခွင့်ပြုချက် ရယူရန်ဖြစ်ပြီး မိဘပြည်သူများအနေနဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း…
ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ တပ်သား ၂ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံသို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလင်းဝင်ရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် MA3 သေနတ်တစ်လက်၊ MA1 သေနတ်တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည်ကဒ် ၉ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀မမ ဗုံးသီး ၃ လုံးနှင့် အခြားပစ္စည်းများနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။ ယခုကဲ့သို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သား ၂ ဦးကို တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ဒေသစံတော်ချိန်ည ၇ နာရီတွင် စတင်ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ချီးမြင့်ခဲ့သည်။ ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါအပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO နှင့် မဏိပူရ်ပြည်နယ်မှ Kuki-Inpui စသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြသည်။ ချင်းအမျိုးသားနေ့ ညအခမ်းအနားတွင် Mizo Student Union (Kulva Cultural Club), Zomi Cultural Society, MZP အဖွဲ့တို့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယပိုင်းအစီစဉ်ကို တေးဂီတဖျော်ဖြေမှုဖြင့် ဆက်လက်ကျင်းပခဲ့ကြရာ Guy from Chin, Zaii Hauchhum, The Matupians, David Darlong, Sawmtea Chhangte, Thawm Kham တို့မှ သီဆိုဖျော်ဖြေပေးခဲ့ကြသည်။ (Photos – Khonumthung Media Group)
တပြည်နယ်လုံးနီးပါး စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး လူ ၅ ဦးထက်ပိုမစုရနှင့် ညအထွက်အမိန့်များပါ ထုတ်ပြန်ထားသည့် ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ကျရောက်သော ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်နေသည်။ ဖေဖော်ဝါရီလ ၂၀ ရက်သည် ချင်းလူမျိုးများ၏ နေ့ထူးနေမြတ်ဖြစ်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ဖြစ်ပြီး စစ်အာဏာမသိမ်းခင်နှစ်များကဲ့သို့ စည်းကာသိုက်မြိုက်စွာကျင်းပနိုင်ခြင်းမရှိကြတော့ဘဲ စစ်ကောင်စီလက်အောက် ယမ်းခိုးငွေများဝေနေသည့် ချင်းတောင်းတန်ကြီးတွင် ချင်းအမျိုးသားနေ့သည် တိတ်ဆိတ်ခြောက်ကပ်နေသည်ဟု ဆိုရမည်။ ချင်းအမျိုးသားနေ့ရောက်လေတိုင်း ပူးဝမ္မသူးမောင်အားကစားကွင်းတွင် အရောင်းအသွေးစုံလင်သော ရိုးရာဝတ်စုံများ၊ ရိုးရာယဉ်ကျေးမှုအက၊ ဓလေ့ထုံးတမ်းအစဉ်အလာများဖြင့် ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိသည့် ပြည်နယ်၏ မြို့တော် ဟားခါး မြို့မှာ ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ပြည်သူလူထုအနေဖြင့် အကျဉ်းရုံးသဘောဖြင့်လည်း ကျင်းပခြင်းမျိူးပင်မရှိခဲ့ကြောင်း ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ကျွန်တော်သိသလောက်ကတော့ ပြည်သူတွေကတော့ မလုပ်ကြဘူး၊ အသင်းတော်အနေနဲ့လည်း ဒီနေ့ကျတော့ ဘာမှမလုပ်ဘူး။ ဒါပေမယ့် အစိုးရဌာနတွေကျတော့ အခမ်းအနားတော့ လုပ်တယ်လို့ကြားတယ် ဝန်ထမ်းတွေက” ဟု ဟားခါးမြို့ခံပြောသည်။ ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင်လည်း ချင်းအမျိုးသားနေ့အခမ်းအနားကို ယခင်ကဲ့သို့ ကျင်းပနိုင်ခြင်းမရှိကြပဲ ဘုရားကျောင်းများတွင် ဆုတောင်းခြင်းအစီအစဉ်ဖြင့်သာ အကျဉ်းရုံးသဘောပြုလုပ်ခဲ့ကြသည်ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ တီးတိန်မြို့ပေါ်မှာတော့ စစ်ကောင်စီလက်အောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ချင်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသော်လည်း Non-CDM ဝန်ထမ်းအသိုင်းအဝန်းတချို့နှင့်သာ ကျင်းပခဲ့ကြသည်ဟု တီးတိန်ဒေသခံတစ်ဦးက ပြောသည်။ “ထွေအုပ်က ဦးစီးပြီးတော့ ကျင်းပတယ်၊ သီချင်းဆိုတဲ့သူတွေ၊ ကတဲ့သူတွေ၊ သူတို့ အားကစားပြိုင်ပွဲလုပ်တဲ့ဟာတွေကိုလည်း ဆုချီးမြှင့်တယ်။ လူတော့ သိပ်မများပါဘူး အနည်းဆုံး အယောက် ၅၀၀ တော့ကျော်မယ်။ အရင်တုန်းကထက်စာရင်တော့ မစည်းကားပါဘူး၊…
တူမီးသေနတ်တွေကိုစွဲကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတဲ့ ချင်းလူမျိုးတွေအနေနဲ့ နွေဦးတော်လှန်ရေးရဲ့တပ်ဦးမှာ ဆက်လက် ဦးဆောင်ပေးကြရန် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (UNG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ ဦးဆောင်မှုနဲ့ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ကြရာမှာ ယာယီသမ္မတ ဒူဝါလရှိးလက ထိုကဲ့သို့တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့ နှစ်နှစ်က မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အခါမှာလည်း ချင်းလူမျိုးတွေဟာ မိမိတို့ ရိုးရာဓလေ့အမဲလိုက်ရာမှာ အသုံးပြုတဲ့ တူးမီးသေနတ်တွေကိုကိုင်ပြီး မောင်းပြန်ကိုင်တဲ့ စစ်အာဏာရှင်တွေကို ပထမဦးဆုံး စတင်တိုက်ခိုက်ကြပြီးတော့ တူမီးတော်လှန်ရေးကို စတင်ခဲ့ကြတယ်။ ဒါဟာ ချင်းလူမျိုးတွေရဲ့ သူမတူတဲ့ ရဲစွမ်းသတ္တိကြောင့်လို့ ပြောလို့ရပါတယ်။ အဲဒါထက် အရေးကြီးတာက ဘာလဲဆိုရင် ချင်းလူမျိုးတွေဟာ ဒီမိုကရေစီကို ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြသလဲဆိုတဲ့ သက်သေသာဓကဘဲ ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောပါတယ်။ ယခုလက်ရှိဆင်နွှဲနေတဲ့ တော်လှန်ရေးကို ကြည့်မယ်ဆိုရင်လည်း ချင်းလူမျိုးများဟာ တော်လှန်ရေးတပ်ဦးမှာ အနစ်နာခံ ပေးဆပ်ပါဝင်တိုက်ခိုက်နေကြတာကိုတွေ့ရပြီး ယခုဆိုရင် ချင်းပြည်နယ်ရဲ့ နယ်မြေအားလုံး နီးပါးကို ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) နဲ့ CJDC ဦးဆောင်တဲ့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ CDF တွေက ထိန်းချုပ်ထားတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ဆိုပါတယ်။ ဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့…
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ်နိုင်ငံတို့မှ ထွက်ပြေးခိုလုံလာကြသော စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေသိန်း ၄၀၀ ကျော် အသုံးပြုထားပြီဟု မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောဆိုသည်။ မီဇိုရမ်ပြည်နယ်တွင် ယခုကျင်းပလျှက်ရှိသော (Assembly Budget Session) လွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်အခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထဲရေးဝန်ကြီးက ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ်တမ်းအရ ယခုနှစ်ဇန်နဝါရီလ ၂၇ ရက်နေ့အထိ မီဇိုရမ်ပြည်နယ်အတွင်းနေထိုင်သော စစ်ဘေးရှောင်ဦးရေ ၃၁၅၀၈ ရှိသည့်အနက် ၃၁၀၅၀ တို့မှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြပြီး ၄၅၈ ဦးတို့မှ ဘင်္ဂလားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်များဖြစ်ကြသည်ဟု ပြည်ထဲရေးဝန်ကြီးက ဆိုသည်။ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးတွင် ရူပီးငွေ သိန်း ၃၈၄ ကျော်အသုံးပြုပြီဖြစ်ကာ ဘင်္ဂလားဒရှေ့်က စစ်ဘေးရှောင်ပြည်သူများအတွက် ရူပီးငွေသိန်း ၃၀ စုစုပေါင်း စစ်ဘေးရှောင်ပြည်သူအားလုံးအတွက် ရူပီး သိန်း ၄၁၄ သိန်းကျော် အသုံးပြုထားပြီဟု Pu Lalchamliana က ပြောသည်။ စစ်ဘေးရှောင်များအတွက် အဓိကအသုံးပြုခဲ့သောအရာများမှာ ယာယီစစ်ဘေးရှောင်စခန်းတည်ဆောက်ရေး၊ လျှပ်စစ်မီးဖြန့်ဝေရေး၊ ရေဖြန့်ဝေရေး၊ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အခြားလိုအပ်သည့်အရာများ ဝယ်ယူရာတွင် အဓိကအသုံးပြုခဲ့ကြသည်ဟု ဝန်ကြီးကဆိုသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းကတော့ မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိနေကြသော မြန်မာစစ်ဘေးရှောင်ပြည်သူဦးရေသည် ၄ သောင်းကျော် ၅ သောင်းနီးပါးခန့်ရှိပြီဟု ခန့်မှန်းထားကြသည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ် စတောမ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ညနေပိုင်း ၅ နာရီလောက်မှာ ချင်းအမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိလို့ ညာဘက်ခြေထောက်တဖက် ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိလို့ ခြေထောက်ဆုံးရုံးလိုက်သူမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် Pi Laltanpuii ဖြစ်ပြီး ဖလမ်းမြို့နယ် Leilet ကျေးရွာက အမျိုးသားထံသွားရောက်စဉ် စတောမ်ကျေးရွာအနီးမှာ မိုင်းနင်းမိခဲ့တာဖြစ်တယ်လို့ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းက သူနာပြုဆရာမတစ်ဦးက ပြောပါတယ်။ “သူမက ဇိုခေါထာရ်ကျေးရွာသူ သူ့အမျိုးသားက နေမကောင်းလို့ Leilet ရွာကသူ့မိဘအိမ်မှာသွားနေတာ သူ့အမျိုးသားကို သွားကြည့်ရင်းနဲ့လမ်းတဝက်မှာ မတော်တဆမိုင်းနင်းမိသွားတာ သူ့ရဲ့ညာဘက်ခြေထောက်ဆုံးရှုံးလိုက်ရတယ်” လို့ အထက်ပါသူနာပြုဆရာမ ပြောပါတယ်။ Pi laltanpuii ဟာ အမျိုးသားရဲ့ ညီဖြစ်သူနှင့်အတူ ဇိုခေါထာရ်ကျေးရွာကနေ Leilet ကျေးရွာကို ဆိုင်ကယ်နဲ့သွားပြီး စတောမ်ကျေးရွာအရောက် လမ်းဘေးတနေရာမှာ အပေါ့အပါးသွားတဲ့အချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ ည ၁၀ နာရီလောက်မှာ ဇိုခေါထာရ်ကျေးရွာ Mercy ဆေးခန်းသို့ရောက်ရှိလာကာ အရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ပြီးနောက် ကျန်ဖိုင်မြို့ဆေးရုံးသို့ ဆက်လက်လွှဲပြောင်းပေးခဲ့တယ်လို့သိရပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေတော့ မရှိဘူးလို့ သိရပါတယ်။ မြေမြုပ်မိုင်းနင်းမိတဲ့နေရာ စတောမ်ကျေးရွာဟာ အိန္ဒိယနယ်စပ်အနီး ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာတည်ရှိပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာနဲ့ မိုင် ၂၀ လောက်ကွယ်ဝေးတယ်လို့ သိရပါတယ်။ မြေမြုပ်မိုင်းတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့တွေက ထောင်ထားတယ်ဆိုတာကိုတော့ မသိရပါဘူး။ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ကုန်ကြောင်း လေကြောင်းကနေပါ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်တာနဲ့အမျှ မြေမြုပ်မိုင်းအန္တရာယ်လည်း ပြည်သူတွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရသော ZCD ပါတီ အထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်အစား ချင်းပြည်နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဒေါက်တာမှုထန်ကို အစားထိုးခန့် အပ်လိုက်သည်ဟု ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ကြေညာလိုက်သည်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ပြင်ဆင်ဖွဲ့စည်းလိုက်ရာတွင် ပူးဂင်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခန့်အပ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ကြိုတင်သိရှိမှုမရှိဘဲ လက်ခံမည် လက်မခံမည်ကို ပြောဆို၍မရကြောင်း ပူးဂင်ကမ်းလျန်က ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက ဒေါက်တာမှုထန်ကို အစားထိုးခန့်အပ်လာခြင်းဖြစ်သည်။ ထန်တလန်မြို့နယ်ဇာတိဖြစ်သည့် ဒေါက်တာမှုထန်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ချင်းပြည်နယ်ထန်တလန်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံရသူဖြစ်သည်။ ဒေါက်တာမှုထန်၏ ဇာတိ ထန်တလန်မြို့သည် စစ်ကောင်စီတပ်ဖွဲ့၏ မီးရှိုမှုကြောင့် ပြာပုံအတိဖြစ်ခဲ့ရပြီး ဒေသခံပြည်သူအားလုံးမှာလည်း မြို့ကိုစွန့်ခွါ၍ စစ်ဘေးတိမ်းရှောင်နေကြရသည်။ ယခုကိစ္စနဲ့ပတ်သက်၍ ဒေါက်တာမှုထန်အနေဖြင့် လက်ခံခြင်းရှိ/မရှိကိုမူ ခိုနူမ်းသုန်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
