Author: Editor

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်းကျေးရွာ၊ ရဲစခန်းတွင်တာဝန်ထမ်းဆောင်သော ရဲအုပ် ရဲမင်းထွဋ်(အသက် ၃၈) သည် ယနေ့ နိုဝင်ဘာလ ၂၅ ရက်မနက် (၄) နာရီအချိန်ခန့်က ကိုယ့်ကိုကိုယ် သေနတ်ဖြင့်ပစ်ခတ်အဆုံးစီရင်သွားသည်ဟု သိရသည်။ ဖလမ်းမြို့ခံတစ်ဦးက” သူ့ကိုယ်သူသေနတ်နဲ့ပစ်တာ ဒီနေ့မနက်အလောင်းသွားယူတာ။ အခုဖလမ်းဆေးရုံကြီး မှာ ရင်ခွဲစစ်ဆေးတာထိတော့ ကျွန်တော်တို့သိထားတယ်။ သူ့အကျိုးအကြောင်းတော့မသိဘူး။” ဟု ပြောသည်။ ရဲအုပ် ရဲမင်းထွဋ္ဋ်သည် ဖလမ်းမြို့မှ ဗားရ်ရဲစခန်းသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

Read More

မကွေးတိုင်း ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်က မီးတင်ရှိုခဲ့ပြီး နေအိမ် ၃၄ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ ယောတော်လှန်ရေးတပ်-YRA (ထီးလင်း) နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဝင်ရောက်၍ မီးငြိမ်းသတ်ခဲ့ကြရာ ဝါးရင်းချိုင်ကျေးရွာရှိ အိမ်ခြေစုစုပေါင်း (၆၁) လုံးအနက်မှ အိမ်ခြေ (၃၄) လုံးမီးလောင်ကျွမ်းခဲ့ကြောင်း Gangaw Youth Voice က ဖော်ပြသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထီးလင်းမြို့နယ်၌ နှစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးခဲ့သည့်ကာလအတွင်း စုစုပေါင်းကျေးရွာ (၁၁) ရွာမှ အိမ်ခြေပေါင်း (၁၆၈) လုံးအထိ မီးရှို့ခဲ့ကြပြီးဖြစ်သည်ဟု YRA (ထီးလင်း) က ထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် Project Kimo သိန်း ၅၀၀၀ ကမ်ပိန်းသည် သတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ပြည့်မီသေးပြီး ပြည်သူများအနေဖြင့် ဆက်လက်ပါဝင်အားဖြည့်ပေးကြရန် ဦးဆောင်စီစဉ်သူများက ဖိတ်ခေါ်တောင်းဆိုထားသည်။ ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ ဦးဆောင်မှုဖြင့်ဆောင်ရွက်သော Project Kimo သည် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF-Paletwa မှ နယ်မြေစိုးမိုးထိန်းချုပ်လာစေရေး အားဖြည့်ရန်နှင့် ပလက်ဝမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သော ငွေကြေးများထောက်ပံ့နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေသော ပရောဂျက်ဖြစ်သည်။ ယခုပြုလုပ်လျက်ရှိသော Project Kimo သည် လာမည့်ဒီဇင်ဘာ ၁၁ ရက်အထိ သတ်မှတ်ထားသည်ဟုသိရပြီး ကမ်ပိန်းသတ်မှတ်ချက်ပမာဏ၏ ၁၄ ရာခိုင်နှုန်းသာ ရရှိသေးသည့်အတွက် ပြည်တွင်း/ပြည်ပက တိုင်းရင်းသားညီအကိုများအနေဖြင့် အားဖြည့်ပါဝင်ပေးကြရန် ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဒီ Project Kimo က ပလက်ဝနယ်မြေရှိ တော်လှန်ရေးအင်အားစုတွေ နယ်မြေစိုးမိုးနိုင်ဖို့အတွက် အဓိက အခြေခံအုတ်မြစ်ဖြစ်တယ်၊ ကျန်တဲ့အရာတွေက လူမှုဝန်ဆောင်မှုလုပ်ငန်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကမ်ပိန်း သိန်း ၅၀၀၀ ကို ပြည့်မီနိုင်အောင်အတွက် ဝိုင်းဝန်းပြီးမှ ပါဝင်လှူဒါန်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းကပြောသည်။ Project Kimo သည် အလှူငွေထည့်ဝင်သည့် Donation ပုံစံဖြစ်သည်နှင့်အညီ အလှူရှင်များ၏ မေတ္တာ စေတနာကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အလှူငွေအမေရိကန်ဒေါ်လာ ၂၀ နှင့်အထက် လှူဒါန်းသူများအတွက်…

Read More

အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်နယ်စပ်အနီး ဘင်္ဂလာဒေရှ့်ပိုင်နက် စစ်တကောင်းတောင်တန်းဒေသတွင်နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများသည် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တို့ကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရပြီး ၎င်းတို့ထဲက အယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံအတွင်း နေထိုင်ကြသော ချင်း (ဇိုး) မျိုးနွယ်စုများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေသော Kuki-Chin National Army (KNA) ကို ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည့်အတွက် စစ်တကောင်းတောင်တန်းဒေသက ဒေသခံပြည်သူအယောက် ၃၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာ Parva ရွာသို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သတင်းစာကဆိုသည်။ ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဘင်္ဂလားဒေရှ့်နိုင်ငံက ချင်း(ဇိုး) မျိုးနွယ်စုများအား အကူ အညီများပေးအပ်နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ်ရှိ အကြီးဆုံးသော အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သည့် မီဇိုးလူငယ်အသင်း (CYMA) က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို သွားရောက်တွေ့ဆုံခဲ့ကြပြီး စစ်ဘေးရှောင်ပြည်သူများ ဘေးကင်းလုံခြုံစွာနှင့် အေးအေးချမ်းချမ်းဖြင့် နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကလည်း Parva ကျေးရွာမှာ စစ်ဘေးရှောင်လာကြသော Bawm (ချင်း မျိုးနွယ်စု) ညီအကိုများ၏ အခက်အခဲများအားဖြေရှင်းရန် မီဇိုရမ်အနေဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း မီဇိုရမ်အစိုးရနှင့် မီဇိုးလူငယ်အသင်းမှ ဦးဆောင်သူများနှင့် အရေးပေါ်အစည်းအဝေးများပြုလုပ်ကာ ယခုလက်ရှိရင်ဆိုင်နေရသော အခက်အခဲများ ဖြေရှင်းနိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု သူ၏ Instagram လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။ နိုဝင်ဘာလ…

Read More

FactCheck အဲ့သတင်းအမှားကို Ko Sitt ဆိုတဲ့အကောင့်ကနေပြီး “၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ ည ၉ နာရီခန့်တွင် မြိတ်-ထားဝယ်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၂) အနီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်း ကျေးရွာ အနီးတွင် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ ထွက်ခွာလာသော အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး စီးနင်းလိုက်ပါလာသည့် ဖောကား ၁ စီးအား PDF အကြမ်းဖက်အဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခြင်းအပြင် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၎င်းတို့အနက် ၂ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။ ဒဏ်ရာရ ပြည်သူများအား သရက်ချောင်းမြို့နယ်၊ ရငဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော PDF အကြမ်းဖက်သမားများ ဆုတ်ခွာရာသို့ တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး “ပြည်သူ့ကာကွယ်ရေးတပ်အမည်ခံ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် အကြမ်းဖက် တိုက်ခိုက် _တ်ဖြတ်ခြင်းများ ကျူးလွန်နေမှုများကြောင့် ပြည်သူအများမှ ရွံရှာမုန်းတီးနေကြကြောင်း သိရပြီး ၎င်းတို့လှုပ်ရှားမှုသတင်းများရပါက နီးစပ်ရာ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးအဖွဲ့များထံ သတင်းပေးပို့ကြပါရန် တိုက်တွန်းလိုက်ရပါသည်။” လို့ရေးသားထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်များအဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး အဲဒီဖြစ်စဉ်မှာ ပြည်သူလူထုစီးလာတဲ့ ကားမဟုတ်ဘဲ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီး တွေမောင်းနှင်လာတဲ့ကားကို တိုက်ခိုက်တာသာဖြစ်တယ်လို့ ဆိုပါတယ်။ ညီနောင်မဟာမိတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ “ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊…

Read More

ချင်းအဆိုတော် Rebecca Fanai သည် သူမ၏ ဂရုဏာစီမံကိန်း The Compassion Project ကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများထံသွားရောက်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်လျှက်ရှိသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၂ ရက်နေ့က မြန်မာနိုင်ငံက စစ်ဘေးရှာင်ပြည်သူအများအပြားခိုလုံကြသော ကျန်ဖိုင်းခရိုင်အတွင်းရှိ Zote (ITI) နှင့် Uilui စစ်ဘေးရှောင်စခန်း ၂ သို့ သွားရောက်ကာ အကူအညီများပေးအပ်ခဲ့သည်ဟု သိရသည်။ ယနေ့တွင် ကျန်ဖိုင်းခရိုင် ဇိုခေါထာရ်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းများထံ သွားရောက်ကာ အကူအညီများ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။ အမေရိကန်ပြည်ထောင်စုတွင်နေထိုင်သည့် Rebecca Fanai သည် စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရန်အတွက် မီဇိုရမ်ပြည်နယ်သို့ အောက်တိုဘာလ ၁၁ ရက်နေ့က ရောက်ရှိလာပြီး နိုဝင်ဘာလဆန်းပိုင်းက၍ သူမ၏ The compassion Project ကို စတင်ခဲ့သည်။ The Compassion Project တွင် အဓိက အချက် ၃ ချက်ပါဝင်ပြီး စစ်ဘေးရှောင်ပြည်သူများအား ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးဆိုင်ရာအသိပညာပေးခြင်း၊ ကလေးငယ်နှင့် အမျိုးသမီးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခြင်း၊ အရေးပေါ်လိုအပ်ချက်များ ကူညီထောက်ပံ့ခြင်းများ ပါဝင်သည်။ နိုဝင်ဘာလ ၆ ရက်နေ့ကစတင်သည့် The Compassion Project တွင် Rebecca Fanai နှင့်အတူ Chin Health Organi zation (CHO), Myanmar Refugees Relief Committee-Mizoram (MRRCM), NGO United…

Read More

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဘွာလ်သဲကျေးရွာက အသက် ၅၆ နှစ်အရွယ် Pa Hau Cung Nung (မသန်စွမ်း) ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ဘွာလ်သဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး ယင်းနေ့တွင် Pa Hau Cung Nung သည် ပျောက်ဆုံးသွားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ဒဏ်ရာဖြင့်သေဆုံးနေသည့် သူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ “သူက မသန်စွမ်းတစ်ဦးဖြစ်တယ်၊ ဦးနှောက်ပိုင်းချိူ့ယွင်းတယ်၊ နားလည်းသိပ်မကြားဘူး၊ တိုက်ပွဲဖြစ်တဲ့ချိန်မှာ ရွာထဲမှာရှိတယ်လို့ပြောကြတယ်၊ သူက ရွာထဲကနေ ထွက်မပြေးချင်တာလို့ပြောတယ်” ဟု ဘွာလ်သဲရွာဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့သည် နိုဝင်ဘာလ ၁၅ ရက်နေ့ကစ၍ သီးဘွာလ်ကျေးရွာနှင့် ဘွာလ်သဲကျေးရွာအနီးတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားကာ အနီးနားကျေးရွာများမှ ဒေသခံပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။ ထိုကဲ့သို့ ထွက်ပြေးတိမ်းရှောင်ကြသည့်အချိန်တွင် Pa Hau သည် ထွက်မပြေးဘဲ ရွာထဲတွင်ကျန်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့သည်ဟု CNDF က ထုတ်ပြန်ထားသည္။ Photo – The Rihli Voice

Read More

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်ချောင်းအနီးတဝိုက်တွင်ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်တချိူ့ကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိသည်ဟု သိရသည်။ တိုက်ပွဲအတွင်းသိမ်းဆည်းရမိသည့် လက်နက်များမှာ MA 1 တစ်လက်၊ MA2 တစ်လက်၊ MA3 တစ်လက်၊ Machine gun တစ်လက်နှင့် ကျည်ဆံတစ်ထောင်ကျော်လည်း သိမ်းဆည်းရမိသည်ဟု The Chin Post က ဖော်ပြသည်။ ဟားခါးမြို့မှ ၅ မိုင်ခန့်ကွာဝေးသော သီမြင်ချောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသည်မှာ ၂ ပတ်ကျော်ခန့်ရှိပြီဖြစ်ကာ ထိခိုက်သေဆုံးမှုအခြေနေကိုမူ မသိရသေးပေ။ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ဟားခါးမြို့တွင် အထိုင်ချသည့်တပ်ကလည်း လက်နက်ကြီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်။ Video crd- The Chin Post

Read More

ကလေးမြို့ အနောက်မြောက်ဘက်ဘက် ဆည်ကြီး (Vaphai) ကျေးရွာတွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ကလေးမြို့ အနောက်မြောက်ဘက်ကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု သိရသည်။ အဆိုပါလက်နက်ကြီးသည် ဆည်ကြီးကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့အဖြစ်ဆိုးမျိုး ကြုံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ ကလေးမြို့တွင် ယခုရက်ပိုင်းအတွင်း သေနတ်သံ လက်နက်ကြီးသံများ မကြာခဏကြားနေရပြီး မြို့တွင်းမှာလည်း လုံခြုံရေးစစ်ဆေးမှုများ ယခင်ကထက် တင်းကြပ်ထားသည်ဟု သိရသည်။

Read More

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်တဝိုက်ကို ယနေ့နေ့လယ် ၁၂ နာရီခန့်ကစ၍ စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်နှင့် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ကလေးမြို့ဘက်မှတက်လာသော စစ်ကောင်စီ၏ ရဟတ်ယာဉ်သည် ဟားခါးမြို့ကို ပတ်ကာပျံဝဲပြီးနောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များရှိသည်ဟု ယူဆသော သီမြစ်လွင်ပြင်တဝိုက်နှင့် အနီးနားတောင်ကုန်းများကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ဟားခါးမြို့ပေါ်မှာအထိုင်ချသော စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ထပ်မံလှမ်းထုနေသည်ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ “ရဟတ်ယာဉ်နဲ့ပစ်ပြီးတဲ့နောက်မှာ အခု ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ လှမ်းထုနေတယ် အကြိမ်ရေကလည်း များနေပြီ ခုထိကြားနေရတုန်းပဲ” ဟု ဟားခါးဒေသခံကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ချင်းတောင်တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာခဲ့ပြီး ဖလမ်းမြို့နယ် သီးဘွာလ်ရွာအနီးတိုက်ပွဲတွင်လည်း ဂျက်လေယာဉ်နှင့် တိုက်ပွဲသုံး ရဟတ်ယာဉ်များဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကလည်း အစောပိုင်းက ပြောဆိုခဲ့ပြီးဖြစ်သည်။

Read More