မီဇိုရမ်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တစ်နေရာတွင် မီဇိုရမ်ပြည်နယ်သား ၃ ဦးအသတ်ခံရမှုဖြစ်ပွားပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် အဝင်အထွက်လမ်းကြောင်းတချိူ့ကို မီဇိုရမ်ပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများက အကန့်သတ်မရှိ စတင်ပိတ်ပင်လိုက်ကြသည်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်အတွင်းရှိ လိုင်းလူငယ်အသင်း Young Lai Association Bualpui (NG) Sub- Headquarters မှ မတ်လ ၂၈ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အိန္ဒိယ-မြန်မာနယ်စပ်ဝင်ပေါက် Archhuang, Tial dawngilung နှင့် Vawmbuk လမ်းကြောင်းအားလုံးကို ယနေ့မတ်လ ၂၉ ရက်နေ့ကစ၍ အကန့်သတ်မရှိ ပိတ်ပင်လိုက်သည်ဟု ဖော်ပြထားသည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် Archhuang, Tialdawngilung နှင့် Vawmbuk လမ်းကြောင်းမှတဆင့် မည်သူမျှ နယ်စပ် ဖြတ်ကျော်သွားလာခွင့်မပြုရန်၊ မြန်မာဘက်နှင့်လည်း မည်သည့်ပစ္စည်းကိုမှ လွဲပြောင်းရယူခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ဖော်ပြထားသည်။ ထို့အပြင် Bualpui (NG) Sub- Headquarters ပိုင်းနက်အတွင်းရှိ YLA – branch အသီးသီးတို့ကလည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်များနှင့် ၁၂၅ ဆိုင်ကယ်များ တင်းကြပ်မည့်အပေါ် မတ်လ ၂၉ ရက်နေ့ကစပြီး စတင်ဆောင်ရွက်ကြရန်လည်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။ အလားတူ ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ် Siaha မြို့ကိုဝင်ရောက်သော အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် Niawtlang ဖက်ဝင်ပေါက်ကိုလည်း Young Lai Association (Niawtlang) ပိတ်ပင်ထားသည့်အပြင် Mara Thyuthlia (Lobo) လူငယ်အသင်းကလည်း မတ်လ ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီကစပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းကို…
Author: Editor
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးခိုလုံနေကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်များကို မဏိပူရ်ပြည်နယ်အစိုးရက ယာယီနေထိုင်ခွင့်ကတ်တွေထုတ်ပေးပြီး စစ်ဘေးရှောင်စခန်းကိုလည်းဆောက်လုပ်ပေးရန် စဉ်နေကြောင်း ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များကော်မတီ (Burma Refugee Committee Kabaw Valley (BRCK) ထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ မဏိပူရ်အစိုးရ၏ ဆုံးဖြတ်ချက်အရ မြန်မာစစ်ဘေးရှောင်အရေးကိစ္စများဆောင်ရွက်ပေးရန် ဖွဲ့စည်းထားသောကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဝန်ကြီး ဦးလက်ပေါင် ဟောင်ကစ် ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာစစ်ဘေးရှောင်ပြည်သူများတွေ့ဆုံဆွေးခဲ့ကြရာတွင် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်ဟု ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များ ကော်မတီ နာယက ဦးထန်းဆေး ကပြောသည်။ “စစ်ဘေးရှောင် ဒုက္ခသည်ဘဝကနေ နောက်တစ်ကြိမ် ပြေးနေရတဲ့၊ ပုန်းနေရတဲ့ ဘဝရောက်ခဲ့တာတော့ အင်မတန်မှ ဝမ်း နည်းစရာကောင်းခဲ့တယ်၊ သို့သော် ဒီနေ့ ဒီအချိန်မျိုးရောက်လာတာကတော့ ကျွန်တော်တို့ မြန်မာစစ်ဘေးရှောင် ပြည်သူ အားလုံးအတွက် အတိုင်းတာတစ်ခုအထိ ဝမ်းသာစရာဖြစ်တယ်၊ ဒီလိုမျိုး အခြေနေထိရောက်လာအောင် အဖက်ဖက်မှ ကူညီတိုက်တွန်းပေးကြတဲ့ ဆိုင်ရာဆိုင်ရာအားလုံးကိုလည်း ကျေးဇူးတင်တယ်” ဟု ဦးထန်းဆေးက ပြောသည်။ မဏိပူရ်အစိုးရအနေဖြင့် မြန်မာစစ်ဘေးရှောင်များအတွက် မြန်မာ-အိန္ဒိယ နယ်စပ်တစ်နေရာမှာ စစ်ဘေးရှောင်စခန်း တည် ဆောက်ပေးမှာဖြစ်ပြီး ယင်းအတွက် အိန္ဒီယငွေ ရူပီး သိန်း ၂၀ ထုတ်ပေးသွားမှာဖြစ်သည့်အပြင် ရေးရရှိရေး၊ အစား သောက်၊ ကျန်းမာရေး၊ ပညာရေးနှင့် စစ်ဘေးရှောင်များ၏ လုံခြုံရေးအတွက်လည်း တတ်နိုင်သရွေ့ ထောက်ပံ့ကူညီ မည်ဖြစ်ကြောင်း သိရသည်။ မြန်မာစစ်ဘေးရှောင်များသည် ယာယီကဒ်နှင့်အတူ သတ်မှတ်ထားသည့် စစ်ဘေးရှောင်စခန်းမှာနေထိုင်ပါက…
ချင်းပြည်နယ် ဖလမ်းမြို့ပေါ်တွင်အထိုင်ချထားသော ခလရ ၂၆၈ တပ်ရင်းက ဖလမ်းမြို့နှင့် မိုင် ၂၀ ကျော်ကွာဝေးသော ဘွာလ်ခွါကျေးရွာဘက်ကို ၁၂၂ မမ (122 –Howitzer) အမြောက်ကြီးဖြင့် မတ်လ ၂၉ ရက်နေ့က လှမ်းပစ်ခဲ့သည်ဟု သိရသည်။ “မနေ့ညက ည ၉ နာကျော် ဝန်းကျင်လောက်မှာ ဖြစ်တာ။ စစ်တပ်တွေက လေးကြိမ်ပစ်တာ ရွာထဲတော့ မကျဘူး။ ရွာနားမှာ ကျသွားလို့ တော်သေးတယ်။ အဝေးကြီးကနေ အမြောက်ကြီးနဲ့ပစ်တာဆိုတော့ ပေါက်ကွဲသံကလည်း တော်တော်ကျယ်လောင်တယ် မြေတောင် ခါသွားသေးတယ်” ဟု ဘွာလ်ခွါရွာခံတစ်ဦးက ပြောသည်။ ဘွာလ်ခွါကျေးရွာဒေသခံများမှ ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထားသော ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် စေသနာ့ဝန်ထမ်း ဆရာအဖြစ်သင်တန်း သင်တန်းဆင်းပွဲပြုလုပ်နေစဉ်မှာ စစ်ကောင်စီက အမြောက်ဖြင့် လှမ်းပစ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံကပြောသည်။ ဘွာလ်ခွါကျေးရွာသည် ဖမ်းလမ်းမြို့နှင့် မိုင် ၂၀ ကျော်ခန့်ကွာဝေးပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူများနှင့် လူနေအိမ် ထိခိုက်ပျက်စီမှုမရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွါဖိုး (Khuafo) ကျေးရွာထဲကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ထန်တလန်မြို့မှ ၃ မိုင်ခန့်ကွာဝေးသော ခွါဖိုးကျေးရွာတွင် ယမန်နေ့ မနက်ပိုင်း ၁၀ နာရီခန့်မှာ မြေပြင်တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိပဲ စစ်ကောင်စီတပ်ဖွဲ့က တိုက်လေယာဉ်အပါအဝင် Mi35 ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက “စစ်ကောင်စီရဲ့ဗုံးကြဲလေယာဉ်နဲ့ Mi35 က ဗုံးကြဲတယ် တိုက်ခိုက်တယ် ဗုံးအရေအတွက်က ၉ ကြိမ်လောက်ကြဲချတယ် ခုတလော အဲဒီတဝိုက်မှာ မြေပြင်တိုက်ပွဲတွေဘာမှမရှိဘူး အဲဒီချိန်မှာစစ်ကောင်စီက လာပြီးတော့ ဗုံးကြဲတိုက်ခိုက်မှု လာလုပ်တာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူထဲမှာ အသက် ၆ နှစ်နှင့် ၉ နှစ်အရွယ်ကလေးငယ် ၂ ဦးနှင့် အမျိူးသမီး ၅ ဦးလည်း ပါဝင်သည်ဟု သိရသည်။ ဒဏ်ရာရရှိသူများထဲတွင်လည်း ၉ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပါဝင်သည်ဟု သိရသည်။ ယခုကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီအနေဖြင့် သူလုပ်နေကြ အရပ်သားပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းထက်နီကပြောသည်။ “ရွာထဲမှာ မီးရှိုမှုတွေ တိုက်ခိုက်မှုတွေလုပ်ပြီးဆိုရင်…
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံသို့ မတ်လ ၂၄ ရက်နေ့က နိုင်ငံရေးပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားလိုက်သည်ဟု ၎င်းတို့ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်က ပြောသည်။ “ကျွန်တော်တို့ ပါတီက ၂၀၁၂ ခုနှစ်ကတည်းက မှတ်ပုံတင်ကျပြီးသားဖြစ်တယ်၊ အခုက ပြန် Reform လုပ်တဲ့သဘောပါပဲ။ ကွယ်လွန်တဲ့သူတွေ၊ ထွက်သွားတဲ့သူတွေ အစားထိုးပြီးပြန်ပြင်တယ်။ ပြီးတော့ နည်းနည်းပြောင်းလဲတာက သိန်းတစ်ရာပါပဲ ထူးခြားမှုရှိတာ။ အခု သူတို့လောလောဆယ် လက်ခံထားတယ်။ အတည်ပြုတာတော့ ပြီးမှ သူတို့အကြောင်းကြားအုံးမယ်လေ” ဟု ပူးဂင့်ကမ်းလျန်က ပြောသည်။ ZCD ပါတီသည် ချင်းနိုင်ငံရေးပါတီအများအနက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ပထမဦးဆုံး ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီဖြစ်သည်။ ချင်းပြည်နယ်တွင် ZCD ပါတီအပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပြီး ကျန်ပါတီများသည် ယနေ့ချိန်ထိ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မရှိသေးပေ။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မှာမဟုတ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော ZCD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ၂ နေရာ အသီးသီးရရှိခဲ့သည့် ပါတီဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံရေးပါတီပါတီအဖြစ် ပြန်လည်မှတ်ပုံရသည့် အကြောင်းရင်းကိစ္စနှင့်ပတ်သက်၍ ပူးဂင့်ကမ်းလျန်က “ကျနော်တို့ သုံးသပ်တာ ၁၉၈၈ ခုနှစ်တုန်းကလည်း ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်းတယ် ပြီးတော့ ပါတီစုံရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အားလုံးတင်ကြတာ NLD တောင်…
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မတ်လ ၂၅ ရက်နေ့က မီးရှို့ခဲ့ရာမှာ တရွာလုံးနီးပါး မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ တမူးမြို့မှ ၆ မိုင်ခန့်ကွာဝေးသော ကွန်းတောင်းရွာသစ် (ခေါ်) ချင်းရွာသည် အိမ်ခြေ ၂၉ လုံးသာရှိပြီး မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ်ခြေ ၂၄ လုံး ပြာကျသွားခဲ့သည်ဟု ကွန်းတောင်းရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။ “ကိုယ်က ချွေးနှဲစာနဲ့ဆောက်ထားတဲ့အိမ်ကို အခုလို စစ်ကောင်စီက မီးဝင်တိုက်သွားတာ။ ကျွန်တော်တို့ကတော့ တော်တော်လေး စိတ်တော့ ထိခိုက်တာပေါ့။ ဒါပေမဲ့ ကျွန်တာ်တို့လည်း တတ်နိုင်တဲ့အကြောင်းရင်လည်း မရှိတော့ ဒီတိုင်းပဲ စိတ်ခံစားနေရုံကလွဲရင် ဘာမှ တတ်နိုင်တာမရှိဘူး။ တစ်ရွာလုံးကလည်း လုံးဝကို စိတ်မကောင်းဘူး၊ စစ်ကောင်စီက ဒီလောက် ရက်စက်ရလားပေါ့ တစ်ချို့ဆိုရင် တော်တော်လေးခံစားပြီးမှ ငိုနေကြတယ်” ဟု မီးရှို့ဖျက်စီးခံရသော အိမ်ရှင်တစ်ဦးက ပြောသည်။ ကွန်းတောင်းကျေးရွာအနီးတွင် ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် PDF-Tamu တပ်ဖွဲ့တို့ကြား တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးသူနှင့် အထိခိုက်များသည့်အတွက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။ ကွန်းတောင်းရွာသစ်ရှိ အရပ်သားပြည်သူများမှာ တိုက်ပွဲဖြစ်ပွားနေချိန် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာတွင် ဆက်လက်နေရာယူထားကြသည်ဟုလည်း သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် လာမည့် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး သောက်ရေသန့် ၂၀ လီတာဗူးကြီး တစ်ဗူးလျှင် လက်လီ ၁၀၀၀ ကျပ်ဖြင့် စတင်ရောင်းချမှာဖြစ်ပြီး လက်ကားဝယ်ယူသူအတွက် ၉၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ကလေးမြို့ သောက်ရေသန့်လုပ်ငန်းရှင်များအသင်းမှ မတ်လ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်သည်။ ကလေးမြို့တွင် လက်ရှိ သောက်ရေသန့် ၂၀ လီတာဗူးကြီးတစ်ဗူးလျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချပေးလျှက်ရှိသော်လည်း သောက်ရေသန့် စက်ရုံသုံး အခြေခံပစ္စည်းများဖြစ်သည့် စက်သုံးဆီ၊ ရေသန့်ဗူး၊ ပါကင်လိပ်နှင့် လုပ်အားခများ မြှင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ ရေသန့်ဈေးတက်ရခြင်းဖြစ်သည်ဟု သိရသည်။ ကလေးမြို့က သောက်ရေသန့် စက်ရုံတစ်ရုံမှ အမျိုးသမီးတစ်ဦးက “ကျွန်မတို့ အခုလောလောဆယ်ကပေါ့နော် နေ့ခင်းမှာ မီးမလာတော့ အဓိကစက်ရုံမှာ ဒီဇယ်ဆီနဲ့ပဲ အကုန်သုံးရတာဆိုတော့လေ။ ဒီဇယ်ဈေးကလဲ မကျနိုင်ဘူးဆိုတော့ ကြာ လာတော့ လုပ်ငန်းအတွက် နဲနဲပါးပါးတက်လိုက်ရင်ပိုပြီးအဆင်ပြေမလားပေါ့နော် ဒါကြောင့်လဲ သူတို့ရေသန့်တွေ အစည်းအဝေးခေါ်ပြီးတော့ အခုလိုဈေးတက်ရတာပါ။ ပြည်သူတွေကိုလဲ အားနာပါတယ်။ အလုပ်သမားတွေကတော့ ခါတိုင်းလိုပါပဲ အဓိက ဒီဇယ်ကြောင့် ဈေးတက်တာလို့ ပြောလို့ရပါတယ်။” ဟု ပြောသည်။ ယခုလက်ရှိ ကလေးမြို့တွင် ဒီဇယ်ဆီ ပေပါပုံးတစ်ပုံးမှာ ၇၀၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး ရေသန့်စက်ရုံများတွင် တစ်ပေပါကို နှစ်ရက် သုံးရက်ခန့်သာ အသုံးပြုနိုင်သည်ဟု ၎င်းကဆက်ပြောသည်။ ကလေးမြို့တွင် ယခုနောက်ပိုင်း ဒေသခံပြည်သူများအနေဖြင့် သောက်ရေသန့်များကို တွင်ကျယ်စွာ မှာယူသောက်သုံးလာကြပြီး ချက်ပြုရာတွင်လည်း ရေစိမ်းကိုအသုံးပြုရာမှ ရေသန့်ဖြင့် ချက်ပြုတ်ခြင်းများလည်း ပိုရှိလာသည်ဟု သိရသည်။ “အခုလို…
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်များသည် မတ်လ ၂၃ ရက်နေ့က အရပ်သားကုန်တင်ကား အစီး ၁၀၀ ခန့် ချောဆွဲထားပြီး ကလေးမြို့ ဒကစတွင် ထားရှိကာ ထောက်ပို့အတွက် ထပ်မံအသုံးပြုလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲမှ တာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။ “ကျွန်တော်တို့ သတင်းရတာတော့ ဒကစမှာ ကားအစီး ၁၀၀ နီးပါလောက်ရှိတယ်၊ ကလေးမြို့ထဲကကားလဲ တော်တော်များများပါတယ်၊ တခြားဟာတော့ အတိအကျ ပြောလို့မရဘူး၊ ပြီးတော့မနေ့ညကဘဲ ကလေးဝဘက်ကို ၆ ဘီးကား ၄ စီးသွားတယ်လို့ကြားတယ်၊ အခု သူတို့ချောဆွဲထားတဲ့ကားတွေကို ထောက်ပို့အတွက် အဓိကသုံးကြတာပေါ့နော်၊ အခုနောက်ပိုင်း သူတို့က ပြည်သူပိုင်ကားတွေကို အဲလိုသုံးတာ တွေရှိလာတယ်“ ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါချောဆွဲခံထားရသည့် ကားများကို ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်းများရှိနေကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။ “သူတို့ ကားတွေ အစီးတော်တော်များဖမ်းတယ်၊ အဲထဲမှာ ပိုက်ဆံပေးနိုင်တဲ့သူတွေကို လွှတ်ပေးတယ်။ မပေးနိုင်တဲ့သူတွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်ပြီးတော့သုံးဘီးတွေကိုတောင် အဲလိုလုပ်ကြတယ် လို့ သတင်းရထားပေမဲ့ ချောဆွဲခံရတဲ့ သူတွေနဲ့တော့အဆက်အသွယ်မရနိုင်သေးဘူး” ဟု သူကပြောသည်။ ၎င်းတို့အား ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းမှုအပေါ် ခိုနူမ်းသုန်သတင်းဌာနအနေဖြင့်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ စစ်ကောင်စီတပ်များသည် မတ်လ ၉ ရက်နေ့တုန်းကလည်း ပြည်သူပိုင်ကားများ ချောဆွဲပြီး သံချပ်ကားအပါအဝင် ကုန်တင်ကား အစီး ၃၀ ဖြင့် ရိကွာ၊ လက်နက်များတင်ဆောင်ပြီး ချင်းတောင်ဖလမ်း၊ ဟားခါးဘက်သို့ ချီတက်လာခဲ့ရာ လမ်းတစ်လျှောက် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေပါသည်။
ချင်းအမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် CNLD ပါတီက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည် မဟုတ်ကြောင်း ၎င်းတို့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းကပြောသည်။ “လောလောဆယ်အခြေအနေမှာတော့ မှတ်ပုံတင်မှာမဟုတ်ဘူး၊ အဓိက အချက်ပြောရင် ပါတီဝင်တွေနဲ့ ပြန်တွေ့ရမယ့် အနေအထားမျိုး ကျွန်တော်တို့က အချိန်လုံလုံလောက်လောက်မရှိဘူး၊ လုံခြုံရေးအရလည်း ဘယ်လိုမှအဆင်မပြေဘူး၊ ချင်းပြည်နယ်ရဲ့ အနေအထားမှာကလည်း ပါတီစည်းရုံးရေးဆင်းဖို့ဆိုတာ တော်တော်လေး မလွယ်တဲ့ကိစ္စဖြစ်တယ်၊ ကျွန်တော်တို့အနေနဲ့က အခြေအနေပြန်ပြီးစောင့်ကြည့်ရမယ့် အခြေအနေမျိုးတွေရှိလာတဲ့အခါ ကျွန်တော်တို့ မှတ်ပုံမတင်ဖို့က ပိုပြီးများပါတယ်” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးရှိန်းထွန်းက ပြောသည်။ စစ်ကောင်စီသည် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယင်းဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားသည်။ ချင်းနိုင်ငံရေးပါတီ ၃ ခုဖြင့် စုပေါင်းဖွဲ့စည်းထားသည့် CNLD ပါတီသည် ချင်းနိုင်ငံရေးပါတီများအနက် အင်အားအကြီးဆုံး ပါတီဖြစ်ပြီး ၂၀၂၀ ခုရွေးကောက်ပွဲတွင် ချင်းပြည်နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို့အထိ မဲဆန္ဒနယ်မြေ ၅၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီဖြစ်သည်။ ယခုအခါ CNLD ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်တော့မှာမဟုတ်သည့်အတွက် ဥပဒေကြောင်း လမ်းအရ နိုင်ငံရေးပါတီ အဖြစ်မှ ပျက်ပြယ်သွားမည့်အနေအထားတွင်နေရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ ပါတီအထွေထွေအတွင်းရေးမှူး က ယခုပြောဆိုသည်။ “ပါတီကေတာ့ ပျက်ပြယ်သွားမယ်၊ ပါတီပျက်ပြယ်သွားပေမယ့်လည်း ပြည်သူလူထုရဲ့ စိတ်ထဲမှာ ချင်းပါတီရှိ နေဖို့ပဲ အရေးကြီးဆုံးပါ။ နောက်ပြီးတော့ စစ်ကိုင်း၊…
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် မတူပီ-ပလက်ဝ လမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၃၀၄) မှ ကား (၃) စီးအပါအဝင် တပ်အင်အား (၈၀) ခန့်သည် မတ်လ ၂၀ ရက်နေ့က မတူပီ- ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေးစခန်းသို့ တပ်အင်အားနှင့် စားနပ်ရိက္ခာများ ဖြည့်ရန် သွားနေစဉ် CDF-Matupi တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကို အာရွန် ပြောသည်။ “စုစုပေါင်းတိုက်ပွဲက ၄ ကြိမ်ဖြစ်တယ်။ အဲ့ထဲမှာ ၁၂ ယောက်လောက် စကစဘက်က ကျတယ်။ ကျွန်တော်တို့ဘက် ရဲဘော်တွေကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး၊ တိုက်ပွဲက ဆက်လက်ပြင်းထန်လာနိုင်သေးတယ်။ ထယ်ဘွေးစခန်း မရောက်မချင်းပေါ့။” ဟု CDF-Matupi တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအာရွန်က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီတွင် မတူပီ-ပလက်ဝလမ်း ခြောက်မိုင်၌တကြိမ်၊ ညနေ ၁ နာရီတွင် ခုနှစ်မိုင်နှင့် ရှစ်မိုင်ကြားမှာ တကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ရာ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း မတူပီ-ပလက်ဝလမ်းကြား ကိုးမိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲနှစ်ကြိမ် ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား…
