Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်ပြည်နယ်ကအင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၃ ခုတွေ့ဆုံ၊ မြန်မာစစ်ဘေးရှောင်များအရေးဆွေးနွေး

မီဇိုရမ်ပြည်နယ်ကအင်အားကြီး အရပ်ဖက်အဖွဲ့အစည်း ၃ ခုတွေ့ဆုံ၊ မြန်မာစစ်ဘေးရှောင်များအရေးဆွေးနွေး

0
By Editor on April 21, 2023 Khonumthung

မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးသော အရပ်ဖက်အဖွဲ့အစည်းများဖြစ်သည့် CYMA, CYLA နှင့် MTP တို့သည် ဧပြီလ ၁၈ ရက်နေ့က Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်အရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Central Young Mizo Association, Central Young Lai Association နှင့် Mara Thyutlia Py စသည့်အဖွဲ့ ၃ ဖွဲ့မှေ ခါင်းဆောင်များသည် Lunglei မြို့တွင် တွေ့ဆုံခဲ့ကြပြီး အိမ်နီးနိုင်ငံတို့မှ ဝင်ရောက်လာကြသော စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

Central YMA ဥက္ကဌ Pu R. Lalngheta က “အိမ်နီးချင်းနိုင်ငံတွေကနေ အသက်ဘေး လုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူတွေနဲ့ပတ်သက်ပြီး စည်းစည်းလုံးလုံးနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးခဲ့ကြတယ်” ဟု ပြောဆိုကြောင်း သတင်းစာကဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် စစ်ဘေေးရှာင်အရေးနှင့်ပတ်သက်၍ ဆွေးနွေးကြေသော အချက်တချို့မှာ အိမ်နီးချင်းနိုင်ငံမှ အသက်ဘေးလုံခြုံရေးအတွက် စစ်ဘေးရှောင်လာကြသူများအား သေချာလေ့လာပြီး နည်းစနစ်တကျဖြင့် စာရင်းပြုစုရန်၊ စစ်ဘေးရှောင်နှင့်ပတ်သက်သော သတင်းအချက်အလက် ဖလှယ်ရန်၊ မီဇိုရမ်ပြည်နယ်သူ/ပြည်နယ်သားများ၏ ဆန္ဒသဘောထားအတိုင်း နေထိုင်ရမည်၊ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရာထိုင်ပြောင်းရွှေ့မည်ဆိုပါက ရပ်ကွက်၊ ကျေးရွာက အရပ်ဖက်အဖွဲ့အစည်းများကို အသိပေးအကြောင်းကြားရန်၊ CYMA, CYLA နှင့် MTP တို့မှ စစ်ဘေး ရှောင်အတွက် လူဦးရေစာရင်း (Census) ကောက်ခံပါက အခြား NGO အဖွဲ့အစည်းများမှ ပါဝင်စွပ်ဖက်ခြင်းမပြုရန်၊ အကယ်၍အခြားအဖွဲ့အစည်းက လိုအပ်သည်ဆိုပါက မိမိတို့ပြုစုသောစာရင်းကိုသာ ယူသုံးရန် စသည်တို့ပါဝင်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.