ချင်းပြည်နယ် ထန်တလန်မြို့တွင် ယမန်နေ့ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီတပ်သား ၆ ဦးကို လက်နက်နှင့်အတူ ချင်းကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီတပ်သား ၆ ဦးကို ထန်တလန်မြို့ CB ဘဏ်အဆောက်အအုံထဲမှာ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထန်တလန်ကလာသော သတင်းရင်းမြစ်ကဆိုသည်။ ၎င်းတို့နှင့်အတူ သေနတ် ၇ လက် မော်တာဗုံးသီး ၈ လုံးလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။ စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးခံရပြီးနောက် ယနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
Author: Editor
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၁)၊ အုံကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။ မင်းတပ်မြို့ပေါ်ရှိ ခလ၇ ၂၇၄ တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အုံကျေးရွာ ဆေးခန်းအနီးတွင် ၃ ကြိမ်ကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်လာသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် အသက် ၄၂ နှစ် အရွယ်အမျိူသမီးတစ်ဦး ဘယ်ညာပေါင်ရိုးထိ၊ အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး လက်မောင်းကျည်ထိ၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်တံတောင်ဆစ်ကျည်ထိ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်လက်ကျည်ထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ ထို့အပြင် ကျေးရွာဆေးခန်း၊ ဂျစ်ကား (၁) စီး၊ လူနေအိမ်တစ်လုံး လက်နက်ကြီးဗုံးဆံ ထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီ၏ ဂျက်တိုက်လေယဉ်များလည်း မင်းတပ်မြို့နယ်အတွင်း နေ့တိုင်း ပျံဝဲလျက်ရှိပြီး လွန်ခဲ့သော (၁) ပတ်အတွင်း (၃) ကြိမ်အထက် ညဉ့်ဦးယံအချိန်များတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ဒုတိယသမ္မတ (၂) တာဝန်ထမ်းဆောင်နေသူ ဦးဟင်နရီဗန်ထီးယူဟာ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း နေအိမ်မှာ မတော်တဆမချော်လဲတာကြောင့် ဆေးကုသမှုခံယူဖို့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို မနက် ၁၁ နာရီခန့်မှာ ရောက်လာတယ်လို့ ဆေးရုံအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “အခု သူနေတဲ့နေရာမှာ ဓာတ်လှေကားမရှိဘူး။ ရိုးရိုးလှေကားပဲ သုံးရတဲ့သဘော။ အဲဒီမှာ ချော်ကျတာ။ ပြုတ်ကျတာပေါ့။ ခေါင်းပေါက်လာတယ်။ မူးတာလည်း နည်းနည်းရှိတယ်။ သီးသန့်အဆောင်မှာ ထားထားရတယ်။ အဲဒီ သီးသန့်အဆောင်ကိုလည်း ရဲတွေ လုံခြုံရေးပေးထားတာမျိုးလည်း တွေ့တယ်” ဦးဟင်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကနေပျောက်နေခဲ့ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲခဲ့တဲ့ ရဟတ်ယာဉ်ဝယ်ယူတဲ့ အမှုမှာတော့ နေပြည်တော်က တရားရုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ကာကွယ်ထွက်ဆိုခဲ့ပါတယ်။ သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွေကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်တိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အရေးပေါ်ကာလ သက်တမ်း (၂) နှစ်ပြည့်အဖြစ် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုလည်း ဦးဟင်နရီဗန်ထီးယူ တက်ရောက်နိုင်ခြင်း မရှိပါဘူး။ အသက် ၆၀ နှစ်ကျော် စစ်တပ်အရာရှိဟောင်း ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD ပါတီဝင်ဖြစ်လာပြီး ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်ကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။ Crd – RFA
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင်လာကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူအယောက် ၈၀ ကို မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့မနက်ပိုင်း ၇ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။ မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်သည့် မိုရေးမြို့နှင့် ၄ ကီလိုမီတာခန့်အကွာ လန်းချန်းကျေးရွာနင့် နီးယူဆလ်ဘုန်းကျေးရွာတွင် ခိုလှုံနေ ကြသော မြန်မာစစ်ဘေးရှောင်အယောက် ၈၀ ကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ေဆာင်သွားခဲ့ခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။ “အဲ့ဒီဒေသက ရွာသူကြီးအချင်းချင်းကြား နယ်မြေကိစ္စ အငြင်းပွားမှုပြသာနာနဲ့ သူတို့အချင်းချင်း အမှုဖွင့်တိုင်ကြားတဲ့အတွက် အဲ့ဒီတိုင်ကြားချက်အရ ရဲက တာဝန်အရ လာစစ်ဆေးရင်းနဲ့ ဒီ ကျွန်တော်တို့ စစ်ဘေးရှောင်တွေကို စစ်ဆေးတဲ့အခါကြတော့ တရားဝင်လုပ်ထားတဲ့ ကဒ်ပြားတွေ နေထိုင်ခွင့် permit တွေ မရှိတဲ့အတွက် ခေါ်ယူဖမ်းဆီးသွားတာဖြစ်တယ်” ဟု စစ်ဘေးရှောင်အရေး ကူညီနေသူက ပြောသည်။ ယခုအဖမ်းခံရသူအများစုသည် ချင်းလူမျိုးများဖြစ်ကြပြီး တမူးခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးခိုလုံနေကြသူများဖြစ်သည်ဟု သိရသည်။ မဏိပူရ်ပြည်နယ်ရဲတပ်ဖွဲ့က အမျိုးသားများကိုသာ ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသမီးနှင့် ကလေးငယ်များကိုမူ ဖမ်းဆီးခြင်းမရှိကြောင်း သိရသည်။ ၎င်းတို့ကို မိုရေး မြို့ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ပြန်လည်လွှတ်မြောက်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီသူကပြောဆိုသည်။ မဏီပူရ်ပြည်နယ် မိုရေးမြို့နယ်စပ်ဘက်တွင် မြန်မာစစ်ဘေးရှောင် လူဦးရေ ၃၀၀၀ ဝန်းကျင်ခန့် ခိုလုံလျှက်ရှိကြသည်ဟု သိရသည်။
FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါး ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ စော်ဘွား (၇) ရပ်ကွက်တွင် ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက အဆိုပါရပ်ကွက်နေ သားအမိ ၃ ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်းသိရသည်။” လို့ရေးသားထားပါတယ်။ ဆက်လက်ပြီး “အဆိုပါရပ်ကွက်နေ ဒေါ်စန်းစန်းဝင်း (၄၅) နှစ် နှင့် ၎င်း၏သားများဖြစ်ကြသည့် ကိုမင်းခန့်ကျော် (၂၀) နှစ်၊ ကိုမင်းဇော် (၁၈) နှစ်တို့သည် နေအိမ်ခြံဝန်းအတွင်းရှိနေစဉ် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်စန်းစန်းဝင်းပါ ၃ ဦးတို့တွင် သေနတ်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။” လို့ဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းအမှားနဲ့ပတ်သက်ပြီး ဖြစ်စဉ်ကိုရှာဖွေကြည့်တဲ့အခါ “စစ်ကိုင်းတိုင်း၊ တမူးမြို့စောဘွားအင်းရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် ည ၉ နာရီကျော်အချိန်က ကင်းလှည့်နေတဲ့ ပျူစောထီးတွေက လူနေရပ်ကွက်ထဲ ပစ်ခတ်ရာကဒေသခံ ပြည်သူသုံးဦးကျည်ထိပြီး ဒဏ်ရာတွေရခဲ့တယ်လို့ တမူးမြို့ခံတွေဆီကသိရပါတယ်။” လို့ DeltaNewsAgency သတင်းဌာနမှာဖော်ပြထားပါတယ်။ Link>>>https://bit.ly/3kUuEy9 တမူးမြို့ ဒေသခံတစ်ဦးက “အဲ့ဘက်က ပျူစောထီးပိုများတဲ့နေရာပေါ့ဗျာ၊ မြို့အနေနဲ့ဆို၊ညနေမိုးချုပ်တာနဲ့အပြင်မထွက်ကြတော့ဘူး၊ ညအ ပေါ့သွားချင်လို့ အိမ်ထဲကနေထွက်တာမှာ ပျူစောထီးတွေက လှန့်ပြီးပစ်တဲ့သဘောပဲ” လို့ပြောပါတယ်။ အိမ်ထဲကနေအိမ်ပြင်ထွက်လာတဲ့ ဒေသခံတဦးကို ပျူစောထီးတွေက ပစ်ခတ်လို့ထိမှန်ခဲ့တဲ့အပြင် သေနတ်သံ ကြားလို့ အိမ်အပြင်ဘက် ပြေးထွက်လာတဲ့ အမျိုးသားနှစ်ဦးလည်း ထပ်ပြီး အပစ်ခံရကာ ကျည်ထိဒဏ်ရာ တွေရခဲ့ကြတာလို့ ဆိုပါတယ်။ “သားအဖတွေလို့ပြောကြတယ်၊ဘယ်သူကအရင်ထွက်ပြီးဘယ်သူကအရင်မှန်တယ်တော့မသိဘူး” လို့ မြို့ခံတဦးကဆိုပါတယ်။…
FactCheck ဒီသတင်းအမှားကို လမင်းတမာန်ဘကောင်း ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မလူကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် အဆိုပါကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၁၀ လုံး၊ လယ်ထွန်စက် ၃ စီး၊ စပါးကြိတ်စက် ၃ လုံး၊ ထော်လာဂျီယာဉ် ၁ စီးနှင့် ရေစုပ်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တမူးမြို့နယ်၊ မလူကျေးရွာခံတစ်ဦးက “ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း (၃) တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးတာ အဲ့ဒီလို ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD ပါတီတာဝန်ခံဟောင်း ကိုတင့်ကိုနေအိမ်ကနေ ခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ရွာခံ NLD ပါတီ ဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ” လို့ပြောပါတယ်။ ဆက်လက်ပြီး “ရွာထဲမှာတော့ ကမ္ဘာပျက်သလိုပဲ၊ သူတို့ဘက်က ပျူတွေသေတယ်ဆိုတော့ ပြန်လက်စားချေမယ်ဆိုပီး မင်းသမီးရွာကပျူတွေကိုပါခေါ်လာတာ၊ အကုန်ထွက်ပြေးရတာ၊ ကိုတင့်ကိုလည်း သူတို့ပဲသတ်ပစ်လိုက်ကြတာ၊ တခြားNLDကလူတွေ မိသားစုလိုက်ကိုထွက်ပြေးကြရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ တမူးမြို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ် ရှားမှုအားကောင်းသလို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေလည်း…
အာဏာသိမ်းစစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် သူတို့ဘာပြောကြသလဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ တနိုင်ငံလုံးမှာ လူဦးရေသန်းခေါင်စာရင်းတွေ လိုက်လံကောက်ခံနေပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တင်းကြပ်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေတွေ ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထား အမြင်ရှိကြပါသလဲ။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အလားအလာ၊ ဘယ်လောက်အတိုင်းအတာထိကျင်းပနိုင်မလဲ။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိလဲ။ ဒီအပေါ်မှာ သက်ဆိုင်ရာ ချင်းလက်နက်ကိုင်အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းတချိူ့ရဲ့ သဘောထားအမြင်ကို စုစည်းတင်ပြလိုက်ပါတယ်။ ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ၊ ချင်းအမျိုးသားတပ်ဦး-CNF) “စကစ ရဲ့ နိုင်ငံရေးပါတီ ထူထောင်ခွင့်ဆိုင်ရာ စည်းမျဉ်းကို ကြည့်လိုက်ရင် လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံလူဦးရေ အနေအထားနဲ့လုံးဝ မဟပ်စပ်ဘူး။ အထူးသဖြင့် ဗမာမဟုတ်တဲ့ လူနည်းစုတိုင်းရင်းသားတွေအတွက် နိုင်ငံရေးလုပ် ဆော င်ခွင့်ပိတ်လိုက်တာပါပဲ။ အဓိက စစ်ယူနီဖောင်းချွတ် (ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ) USDP ကဲ့သိုသော လူများစုဖြစ်တဲ့ လူမျိုးတမျိုး သို့တည်းမဟုတ် မဟာ ဗမာလူမျိုးကြီးစစ်ဝါဒီတွေရဲ့ နိုင်ငံရေးကစားကွက်ပါပဲ၊ တနည်းအားဖြင့် နာဂစ်ကာ လမှာ ၂၀၀၈ ဖွဲ့စည်းပုံကို အကွက်ဆင် အတည်ပြုသလို ခုလည်း တိုင်းပြည် မငြိမ်သက်ချိန်ကို အခွင့်ကောင်းယူပြီး ကစားတာပါပဲ။ ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ် ရှိတယ်၊ အဲဒီ ၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်’’ Peter Thang (စစ်ဦးစီးချုပ် ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-CNDF) “ရှိပြီးသားရွေးကောက်ပွဲကို သူ့အနေနဲ့(စစ်ကောင်စီ)လက်မခံဘဲ အာဏာသိမ်းခဲ့တာပေါ့နော်၊…
FactCheck ဒီသတင်းအမှားကို အမွှေစိန် မျိုးချစ်မြန်မာဆိုတဲ့ အကောင့်ကနေပြီး “စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းဘုရား ထီးတင်ပွဲအတွက် လာရောက်တာဝန်ယူပေးကြသော စကစ နှင့် Pdf တို့ ထုံးဘိုလေးရွာတွင် ထိတွေ့ဖြစ်ပွားကြရာ ပဒက်များမှ ဆုတ်ပြေးပြေးရင် ဘုန်းကြီးကျောင်းနှင့် အိမ်များအား မီးရှို့သွားခဲ့ရာ အိမ်ခြေ ၅၀ နီးပါး မီးလောင် ပျက်စီးသွားပြီး ရွာသားတစ်ဦး မီးလောင်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဒေသခံ ရွားသားမှ ပြောပြ၍ သတင်းရရှိပါတယ်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီတော့ စစ်ကိုင်းမြို့နယ် ဒေသခံတစ်ဦးက “ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀နာရီလောက်မှာ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ထုံးဘိုရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့တာ နေအိမ် ၁၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်။ ပြီးတော့ ဒေသခံပြည်သူတစ်ဦးကိုလည်း ခြေလက်များဖြတ်ကာ မီးရှို့သတ်ဖြတ်ခံခဲ့တာ” လို့ပြောပါတယ်။ ဒါ့အပြင် “စစ်ကောင်စီတပ်သားတွေက မင်းကွန်းဘုရား ထီးတင်ဖို့ ကင်းစောင့်လာပြီး ဘုန်းကြီး ကျောင်းဆောင် ပြည်သူပိုင်၊ အိုးအိမ်များကိုပါ မီးရှို့ ဖျက်ဆီးသွားတာပါ။” လို့ Wetlet Information Network အဖွဲ့က ပြောပါတယ်။ ဒေသခံနောက်တစ်ဦးကလည်း “ထုံးဘိုတင်မကဘူး။ စစ်ကောင်စီမီးရှို့လို့ အဲဒီဘက်မြစ်ကမ်းတလျှောက် ရွာတွေပြေးနေရပြီ။” လို့ပြောပါတယ်။ ဒါကြောင့် သတင်းအမှားမှာဖော်ပြထားသလို PDF များမှ ဘုန်ကြီကျောင်းနဲ့ အိမ်များကိုမီးရှို့ဆိုတာ သတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။
FactCheck ဒီသတင်းအမှားကို ယိမ်းနွဲ့ပါးဆိုတဲ့ အကောင့်ကနေပြီး “မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရန် တစ်ရွာကို တစ်သိန်းဆီတောင်းသဖြင့် ရွာသားများ အခက်တွေ့နေ” လို့ ပုံနဲ့တကွရေးတင်ထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မွတ်ဆလင်နှင့် ရခိုင် မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် ယိမ်းနွဲ့ပါးအကောင့်မှာဖော်ပြသလို AA က တရွာကိုတစ်သိန်း ဆီတောင်းခံတယ်ဆိုတာကတော့ မဟုတ်မှန်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။ ဒီအကြောင်းအရာကို နီးစပ်ရာမှာရှိတဲ့ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်ကြည့်ရာ “ULA/ AA က ဦးဆောင်ပြီး မွတ်ဆလင်နဲ့ ရခိုင်တွေကြား ဆက်ဆံရေးပိုမိုကောင်းလာအောင် လုပ်နေတာတော့အမှန်ပါ…. ဒါပေမဲ့ ငွေကြေးကောင်ခံတယ်ဆိုတာကတော့ မဟုတ်ဘူးထင်တယ်… တခါတလေကျတော့ လူ့အခွင့်အရေးအမည်ခံ အပြင်ကမွတ်ဆလင်ပွဲစားတွေက ပွဲဆူအောင်တမင်တကာဖန်တီးပြီးလုပ်နေတာတွေလည်းရှိပါတယ်….” လို့ပြောပါတယ်။ ဒါကြောင့် မောင်းတောမြို့နယ်၊ တမန်းသားရွာတွင် AA စစ်ဒေသမှူးဦးဆောင်ပြီး ရခိုင်-ဘင်္ဂါလီ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပတာကတော့ မှန်ပေမယ့် တစ်ရွာကို တစ်သိန်းဆီတောင်းတဲ့အတွေက် ရွာသားများ အခက်တွေ့နေတယ်ဆိုတာ သတင်းအမှားသာဖြစ်ပါတယ်။
ရေး – ဆလိုင်းထွန်းလှကျော် ရခိုင်ဒေသကို “ယဉ်ကျေးမှု (Culture) တစ်ခုတည်းနဲ့ ဖွဲ့စည်းတည်ဆောက်ထားသော လူမျိုးအုပ်စုတစ်ခုတည်း မှီတင်းနေထိုင်၊ ပိုင်ဆိုင်တဲ့ဒေသတစ်ခု” လို့ မြန်မာ့နိုင်ငံရေးသမား (စစ်အစိုးရ၊ NLD အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ အခု NUG ခေါင်းဆောင်တွေ) အများစုက သာမန်ပဲ ရှုမြင်နားလည်ထားကြပါတယ်။ သူတို့ ရှုမြင်နားလည် ထားတဲ့အပေါ်မှာ မူတည်ပြီးတော့မှပဲ ရခိုင်ပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ရခိုင်လူမျိုးတစ်ခုတည်းနဲ့ပဲ ဆွေးနွေး၊ အဖြေရှာ ကိုင်တွယ်တတ်ကြပါတယ်။ မြန်မာ့နိုင်ငံရေးသမားတွေရော၊ ရခိုင့်နိုင်ငံရေးသမားတွေပါ ရခိုင်ပြည်ရဲ့ နိုင်ငံရေးကို ကိုင်တွယ်၊ ဆွေးနွေး၊ အဖြေရှာကြတဲ့အခါမှာ ရခိုင်ပြည်ရဲ့ ပကဓိမြေပြင်အခြေအနေမှာ ကွဲပြားခြားနားစွာ တည်ရှိနေကြတဲ့ ရခိုင်နဲ့မတူတဲ့ လူမျိုးအုပ်စုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖော်/ဖက် (Political Dialogue Partner) အဖြစ် အသိအမှတ်မပြုကြတာဟာ ပြီးပြည့်စုံတဲ့ နိုင်ငံရေး အဖြေရှာဖွေရေးနဲ့ တည်ငြိမ်တဲ့ အခင်းအကျင်း တည်ဆောက်ရေးတွေမှာ အားနည်းချက်တွေ ဖြစ်စေနိုင်ပါတယ်။ ရခိုင်ဒေသထဲက မတူကွဲပြား ခြားနားတဲ့ လူမျိုးအုပ်စုတွေရဲ့ အသံတွေ၊ သဘောထားတွေ မပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေး၊ အဖြေရှာမှုတွေဟာလည်း ရခိုင်ရဲ့ နိုင်ငံတည်ဆောက်ရေး (State Building) နဲ့ တိုင်းပြည်တည်ဆောက်ရေး (Nation Building) ဖြစ်စဉ်တွေမှာ အတားအဆီးတွေ ဖြစ်လာနိုင်တဲ့အပြင် တစ်ဖက်မှာလည်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုသံသရာကို ရေရှည် လည်ပတ်နိုင်စေဖို့ အတွက် လမ်းခင်းပေးနေသလို ဖြစ်နေပါတယ်။ ဤအတွက် အကောင်းဆုံး နမူနာတစ်ခုမှာ Ideology (မြန်မာ၌ ဝါဒရေးရာအရ ကွန်မြူနစ်တောခိုမှု)…
