Author: Editor

(006SV) ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက စပါးစိုက်တောင်သူများ၏ စပါးခင်များသည် ယခင်နှစ်ထက် ပိုမိုအောင်မြင်ဖြစ်ထွန်းကြ သည်ဟု ဒေသခံများက ပြောသည်။ “ဒီနှစ်က အဆင်ပြေတယ်။ စပါးအထွက်နှုန်းလည်း အရင်နှစ်ထက်စာရင် ကောင်းကြတယ်လို့ ပြောကြတယ်။ စပါးအထွက်နှုန်းက တရွာနဲ့တရွာတော့ မတူဘူးပေါ့နော်။ တချို့ နေရာတွေမှာ သိပ်မကောင်းဘူးပေါ့။ အဆင်ပြေတဲ့ ရွာတွေက တော်တော်လေး များတယ်” ပလက်ဝမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ ပလက်၀မြို့နယ်၊ ကုလာတန်းမြစ်အထက်ပိုင်း နှင့် ဆမီးနယ်ဘက်တို့တွင် စပါးခင်အများစုမှာ အောင်မြင်ဖြစ်ထွန်းကြပြီး လေးမြို့ နယ်ဘက်တွင် စပါးခင်တချို့မှာ ဝါးပွင့်ချိန်နှင့် တိုက်ဆိုင်နေ၍ ကြွက်ကိုက်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။ ပလက်oမြို့နယ်ထဲတွင် ယခုနှစ် စိုက်ပျိုးရာသီတွင် မိုးနှောင်းကောင်းသောကြောင့် စပါးများ ကောင်းမွန်ကြပြီး ယမန်နှစ်က စပါးပွင့်ချိန်တွင် မိုးနှောင်း အားနည်းသောကြောင့် စပါးစိုက်တောင်သူများ အခက်အခဲဖြစ်ပေါခဲ့ရသည်ဟု ဒေသခံများက ပြောသည်။ ပလက်ဝမြို့နယ်၏ တချို့ကျေးရွာများတွင် ဆန်တအိတ်ကို အနည်းဆုံး ၇ သောင်းနှင့်အထက်ဈေးဖြင့် ဒေသခံအချင်းချင်း ရောင်းပေးကြပြီး တချို့ကျေးရွာများနှင့် ကုလားတန်မြစ် အနောက်ခြမ်းတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။ ပုံစာ -ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တောင်ယာစပါးခင်း Photo: Ah Win

Read More

(006SV) ချင်းပြည်နယ်၊ ဟားခါးမြို့ ပတ်စ်ပို့စ်ရုံးတွင်လည်း ပြည်ပထွက်၍ အလုပ်လုပ်ကိုင်မည့်သူများ ပတ်စ်ပို့စ်သက်တမ်းတိုးလျှင် အခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှ သက်တမ်းတိုးပေးတော့မည်ဟု ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူများက ပြောသည်။ “အလုပ်လုပ်တဲ့သူတွေပါပဲ။ အသစ်လုပ်တဲ့သူကတော့ ဘာမှ မရှိပါဘူး။ ဟားခါးပတ်စ်ပို့ရုံးမှာရော တောင်းနေပါပြီး။ ပုံစံ ၁၇ သုံးရင်ရပြီး အခွန်ကိစ္စပေါ့နော်။ ဒါက အဟောင်းတွေ သက်တမ်းတိုးတဲ့ လူတွေပေါ့” ဟု ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ နိုင်ငံကူးလက်မှတ်အမျိုးအစား နှစ်ခုဖြစ်သည့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) နှင့် သင်္ဘောသားနိုင်ငံကူး လက်မှတ် (PS) ကိုင်ဆောင်ထားသူများ သက်တမ်းတိုးလျှောက်ထားသည့်အခါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို အခြားလိုအပ်သော စာရွက်စာတမ်း များနှင့်အတူ ယူလာရမည်ဟု ပြောဆိုကြောင်း ဟားခါးပတ်စ်ပို့စ်ရုံးနှင့် နီးစပ်သူများက ပြောသည်။ စစ်ကောင်စီက ပြည်ပနိုင်ငံများမှာ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများထံမှ လက်ရှိ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး အခွန်ကောက်ခံတော့မည်ဟု ထုတ်ပြန်ထားသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ ဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် ပြည်တွင်း ဝင်ငွေခွန်နှုန်းထားဖြင့် ကောက်ခံမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။ ပြည်ပနိုင်ငံအသီးသီးတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် တစ်လလျှင် လုပ်ခလစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံး ၃ လလျှင် ၁ ကြိမ်မှ ၃ လစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို ယခု…

Read More

(006SV) ချင်းတောင်ပိုင်းနှင့် မကွေးကို ဆက်သွယ်ထားသည် ကန်ပက်လက်- ဆောလမ်းမကြီး၏ တချို့နေရာများတွင် လမ်းပြိုကျ ပျက်စီးပြီး ပြည်သူများ ဒုက္ခရောက်နေသောကြောင့် ငွေကြေးအကြွေးယူ၍ လမ်းများပြုပြင်ပေးနေရသည် ဟု CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။  ပြီးခဲ့သည့် လက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆော- ကန်ပက်လက်လမ်းမကြီ၏ တချို့နေရာများတွင် ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ပြုပြင်နေသောကြောင့် မနက်ဖြန် အောက်တိုဘာ ၁၉ ရက်မှစ၍ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။ “အဓိက ဒီလမ်းက ကန်ပက်လက်ပြည်သူတွေ အကုန်လုံးအသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေးရှိလို့ ကျနော်တို့ ပြင်ပေးတာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲကို မကြည့်ရက်လို့ ဒီအတိုင်း အကြွေးနဲ့ပဲ ပြင်နေတာပါ။ ပူးပေါင်းနိုင်တဲ့ ပြည်သူတွေကလည်းပူးပေါင်းပေးပေါ့နော်” ဟု တူမီးတပ်ရင်းက တာ၀◌န်ရှိသူကပြောသည်။ ပြီးခဲ့သည့် လက မိုးအဆက်မပြတ်ရွာသွန်းပြီး ဆော- ကန်ပက်လက်လမ်းမပေါ်တွင် ပြိုကျပျက်စီးမှု တချို့ကြောင့် ကုန်တင်ယာဉ် နှင့်ခရီးသည်တင်ယာဉ်များ တစ်ပတ်ကျော် ရပ်ဆိုင်းခဲ့ရကာ ပြည်သူများ၊ အရေးပေါ်လူနာများအတွက် အခက်အခဲကြုံခဲ့ရသည်ဟု သိရသည်။ CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းက ကန်ပက်လက်- ဆောလမ်းကို ၃ ရက်ကြာ ပြုပြင်နေမှုတွင် မြေတူးစက်ကြီးအတွက် နာရီကြေးနှင့် ဒီဇယ်ဆီတို့ကို အကြွေးများ ယူ၍ လုပ်ဆောင်နေရပြီး စုစုပေါင်းကုန်ကျစရိတ်မည်မျှဆိုသည်ကို မတွက်ချက်ရ သေးကြောင်း တာဝန်ရှိသူ ပြောသည်။ ကန်ပက်လက်- ဆော လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် ကတ္တရာပျောက်အောင် ပြိုကျသွားပြီး တခြားတစ်နေရာမှာ အက်ကြောင်ထ နိမ့်ဆင်းသွားသောကြောင့်…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကလေးငယ်အများအပြားတွင် ယားနာနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး တစ်လအတွင်း ၂၀၀ ကျော်အထိ ကုသနေရသည်ဟု မင်းတပ်မြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Save Team မှ တာဝန်ရှိသူက ပြောသည်။ “အရေပြားနဲ့ ပတ်သက်တဲ့ အရေပြားရောဂါတွေပေါ့နော်။ အဲဒါတွေက လောလောဆယ်မှာ အဖြစ်များနေတယ်။ (လူနာ) တစ်ရာမှာ ၆၀ ရာခိုင်နှုန်းလောက် အဖြစ်များနေတယ်။ အဓိက ကလေးတွေမှာပေါ့နော်” ဟု Save Team မှ တာဝန်ရှိသူက ပြောသည်။ ယားနာနှင့် အရေပြားရောဂါဖြစ်ပွားမှုတွင် ၇၀ ရာခိုင်နှုန်းခန့်က ကလေးငယ်များတွင် တွေ့ရှိရပြီး ကျန် ၃၀ ရာခိုင်နှုန်းက လူကြီးနှင့် လူလတ်ပိုင်းတို့တွင် ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရသည်ဟု သိရသည်။ Save Team အရပ်ဖက်ကျန်းမာရေးအဖွဲ့သည် မင်းတပ်မြို့နယ်မှ ကျေးရွာပေါင်း ၁၃ ရွာခန့်တွင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပြီး ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် လူနာပေါင်း ၇၂၀ ခန့်ကို ကုသပေးခဲ့ရာမှာ လူနာ ၂၀၀ ကျော်က ယားနာနှင့် အရေပြားရောဂါများဖြစ်ပွားနေ၍ ကုသပေးခဲ့ရသည်ဟု သိရသည်။ မင်းတပ်မြို့နယ်မှာ ယခုကဲ့သို့ ကလေးငယ်များ ယားနာနှင့် အရေပြားရောဂါအဖြစ်များလာသည့်အခြေအနေနှင့်ပတ်သက်၍ Save Team တာ၀◌န်ရှိသူက ခုလိုဆက်ပြောသည်။ “မနှစ်က ကျန်းမာရေး ဟောပြောတာတို့ ပတ်ဝန်းကျင် သန့်ရှင်ရေးတို့၊ အိမ်သာ သန့်ရှင်းတာတို့ များများ လုပ်နိုင်တော့ ထိန်းချုပ် နိုင်တယ်။ ဒီနှစ်က အဲဒါတွေလည်း လုပ်တယ်။ ကျောင်းကျန်းမာရေးဆိုလည်း တောက်လျှောက်သွားနေတာပဲ။…

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သောကြောင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးတိုက်ခိုက်မှုတို့မှ ကာကွယ်နိုင်ရန် ပုန်းခိုကျင်းများ တူးထားကြရန် CDF – မင်းတပ်က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။ “မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝေဟင်ကတဆင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။ ပွင့်လင်း ရာသီရောက်ရင် လေကြောင်းတိုက်ခိုက်မှုပိုလုပ်လေ့ရှိပါတယ်။ ကျနော်တို့ လေကြောင်းအန္တရာယ် သတင်းတွေ ရထားတာလည်း ရှိပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ရှိလာရင် အပစ်မဲ့ အရပ်သားတွေပဲ ထိခိုက်သေကြေ မှုပိုကြုံတွေ့နေရလို့ပါ” ဟု CDF – မင်းတပ်မှ တာဝန်ရှိသူက ပြောသည်။ မင်းတပ်ပြည်သူများ၏ အိမ်တိုင်းတွင် ပုန်းခိုကျင်းများ တူးထားကြရန် မင်းတပ် – CDF နှင့် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တို့၏ သတိပေးထုတ်ပြန်ချက်များကို အလေးထားလိုက်နာမှု အားနည်းနေ၍ မကြာခဏ သတိပေးနေရသည်ဟု မင်းတပ်- CDF မှ တာဝန်ရှိသူက ပြောသည်။ CDF – မင်းတပ်၏ မင်းတပ်မြို့နယ်အတွင်းက စိုးမိုးထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းများ မထိုးနိုင်တော့သည့်အတွက် ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဉ်နှင့်ပစ်ခတ်မှုများ မကြာခဏ ပြုလုပ်နေသည်ဟု သိရသည်။ ထိုကြောင့် ယခုတစ်ပတ်အတွင်း အရပ်သားနေအိမ်များ ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ သေဆုံးခြင်း၊ ကျောင်းတက်နေသည့် ကျောင်းသူ/သားနှင့် သက်ကြီးရွယ်အိုများ ယခုတစ်ပတ်အတွင်း ထပ်မံတိမ်းရှောင်နေရသည်ဟု မင်းတပ် CDF က အောက်တိုဘာ လ ၁၅ ရက် ထုတ်ပြန်သည်။ အောက်တိုဘာလ ၂ ရက် စစ်ကောင်စီ၏…

Read More

(004SS) ပြည်တွင်းလေယာဉ်လက်မှတ်စေ◌ျးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်ဖြင့် ခရီးသွားလာသူများပြားကာ လေယာဉ်လက်မှတ်များ ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။ “ အခုလေယာဉ်လက်မှတ်ဈေးထပ်တက်တယ်၊ဒါပေမဲ့ ကြိုတင်ဝယ်ယူသူများလို့ ဒီလအတွက်‌ေတာင် မရတော့ဘူး နောက်လ နိုဝင်ဘာ ၂၄ ရက်နေ့အတွက် ၂ ခုံပဲ ကျန်တော့တယ်” ဟု ‌က‌ေလးမြို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။ ယ‌ေန့ အောက်တိုဘာလ ၁၆ ရက်နေ့မှ စ၍ ကလေး- ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ကျပ် ၂၉၀၀၀၀ မှ ၃၂၀၀၀၀ ကျပ်၊ ရန်ကုန်- ကလေး မှာ ကျပ် ၂၂၇၀၀၀ မှ ၂၅၅၀၀၀ ကျပ် စသည်ဖြင့် ကျပ် ၃၀၀၀၀ ဝန်းကျင် မြင့်တက်သွားခြင်းဖြစ်သည်။ လက်ရှိတွင် ကလေးမြို့မှာ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေကြောင်း သိရသည်။ ကလေးမြို့မှ ရန်ကုန်အပါအဝင် ပြည်မဘက်သို့ဆက်သွယ်သော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ဆို့ခြင်းများနှင့် အစစ်အဆေးများခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် စျေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းဖြင့်သာ သွားလာသူ များပြားနေသည်ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။ “ခရီးကတော့ တော်တော်သွားကြတယ်။ အခု ကလေးမြို့မှာ ဆို လေယာဉ်လက်မှတ် လိုချင်တဲ့ချိန်ဖြတ်လို့မရဘူး။ အရင်ကလို တစ်ပါတ်မပြောနဲ့ အခုက တစ်လကြိုတင်ဖြတ်မှ ကိုယ်သွားလိုရာ ရောက်မဲ့သဘောရှိတယ်။ ကုန်းလမ်း ကလဲ သွားလို့ အဆင်မပြေဘူး၊ လမ်းပျက်တာရယ်၊ အစစ်အဆေးများတာရယ်၊ ပြီးတော့ အခုက ကလေးမြို့ကနေ ပြည်မဘက်သွားချင်ရင် ဟို…

Read More

(006SV) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် – NCAကို အခြေခံသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ လမ်းကြောင်းအားလုံး ရပ်တန့်၊ ပျက်ပြယ်သွားပြီဖြစ်ပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ခြင်းမရှိဘဲ မည်သည့်ဆွေးနွေးပွဲမှ ပြုလုပ်ရန်မရှိကြောင်း CNF၊ KNU နှင့် ABSDF တို့က ဘုံသဘောထားများကို ထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီသည် NCA စာချုပ် ၈ နှစ်ပြည့်နှစ်ပတ်လည်အထိန်းအမှတ်ပြုလုပ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများအား ဖိတ်ခေါ်နေသည့်အချိန်တွင် NCA စာချုပ်လက်မှတ်ထိုးထားပြီး လက်ရှိမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက် နေသည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က ဘုံနိုင်ရေး ရည်မှန်းချက်နှင့် ရည်တည်ချက်များကို အောက်တိုဘာလ ၁၂ ရက်က ထုတ် ပြန်ခဲ့ရာမှာ ထိုကဲ့သို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် ကြည်း၊ ရေ၊ လေတပ်များဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ နိုင်ငံ တကာဥပဒေများကို ချိုးဖောက်သကဲ့သို ယင်းလုပ်ရပ်များသည် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေသည်ဟု ချင်းအပါအဝင် အပစ်ရပ် (၃) ဖွဲ့က ထုတ်ပြန်သည်။ NCA ကို အခြေပြု၍ ဖိအားပေးကာ ဟန်ပြအကောင်အထည်ဖော်မှုများနှင့် ကျင်းပရန်ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲများသည် နိုင်ငံ၏ အကြပ်အတည်းကို ပိုမိုနက်ရှိုင်းအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ CNF အပါအဝင် အဖွဲ့ (၃)ဖွဲ့၏ ဘုံနိုင်ငံရေးရေးမှန်ချက်တွင် နိုင်ရေးမှာ စစ်တပ်ပါဝင်နေမှုကို အဆုံးသတ်ရန်၊ စစ်တပ်ကို အရပ်သားအုပ်ချုပ်မှုအောက်၌ ထားရန်၊…

Read More

(004SS) ချင်းပြည်နယ် ဟားခါးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပါတ်စ်ပို့ရုံး) တွင် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။ ကြိုတင်အသိပေးခြင်းမရှိဘဲ နယ်ကျော်ပါတ်စပို့ ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်ရခြင်းကြောင့် နယ်ခြားမှ ပါတ်စပို့လုပ်ရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများ အခက်တွေ့နေကြောင်း ဟားခါးမြို့ကို ပါတ်စပို့လုပ်ရန် ရောက်ရှိနေသော ချင်းအမျိုးသားတစ်ဦးက ပြောသည်။ “ရုံးဘက်ကတော့ ဒီလိုပဲ ပိတ်ခိုင်းလို့ ဒီနေ့ ပိတ်လိုက်တာ၊ နယ်ခြားဆို လက်မခံတော့ဘူးလို့ ပြောတယ်။ အခု ကျွန်တော်တို့ဆို ၅/ ပေါ့ ကလေးမြို့ကနေလာတာ ရက်ချိန်းယူပြီးစောင့်တာပေါ့ ဒီနေ့ဆို ကျွန်တော်တို့ ရက်ချိန်း ရတဲ့နေ့ပဲ အခု မလုပ်ပေးဘူး၊ ပြန်လှည့်ရတော့မယ်” ဟု ကလေးမြို့မှ ဟားခါးမြို့သို့ ပါတ်စပို့လုပ်ရန် ရောက်နေသည့် ချင်းအမျိုးသားတစ်ဦးကပြောသည်။ ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နယ်ခြားမှ ရောက်ရှိလာသူများသည် ကြိုတင်ရက်ချိန်းယူကြရကာ နေစရိတ် စားစရိတ်နှင့် သွားလာရေးလမ်းစရိတ်များအား ကုန်ကျခဲ့ရပြီး၊ ယခုကဲ့သို့ ရက်ချိန်းနေ့တွင် ရုတ်တရက် ပြုလုပ်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် နစ်နာမှုများ ကြုံနေကြရသည်ဟု သိရသည်။ ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုးများအများစုနေထိုင်ကြသော ကလေးမြို့နယ်၊ တမူးမြို့နယ် နှင့် ဂန့်ဂေါမြို့နယ်မှ ချင်းပြည်သူများ၏ အခက်အခဲအား ဖြေရှင်းပေးသည့်အနေဖြင့် ဟားခါးမြို့တွင် တင်ပြညှိနှိုင်းချက်အရ ပါတ်စပို့ နယ်ကျော်လုပ်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် ချင်းပြည်နယ်အတွင်းရှိ ၄/ များအတွက်သာ လက်ခံကာ ပြုလုပ်ပေးနေကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း ၄/ များအတွက် ပါတ်စပို့ပြုလုပ်ရာတွင်…

Read More

(005MK) မြန်မာနိုင်ငံကနေ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) တစ်ကောင်ကို မီဇိုရမ်ပြည်နယ် အခွန်ဦးစီးဌာနတာ၀န်ရှိသူများက အောက်တိုဘာလ ၁၁ ရက်နေ့ကဖမ်းဆီးရမိခဲ့သည်။ အိန္ဒိယ-မြန်မာနယ်စပ်ကတဆင့် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ကားတစ်စီးဖြင့် တင်ဆောင်လာစဉ် Seling ရွာအ၀င်နီးမှာ တာ၀န်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခုဖမ်းဆီးရမိသည့် မျောက်၀ံမျိုးစိတ်သည် ကမ္ဘာပေါ်တွင် မျိုးသုဉ်းပြောက်ကွယ်လုနီးပါးဖြစ်နေသော ရှားပါးတိရိစ္ဆာန်မျိုးစိတ်ဖြစ်ပြီး မလေးရှာနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်သာ တွေ့ရှိနိုင်သည်ဟုသိရသည်။ တရားမ၀င် သယ်ဆောင်လာသော ယာဉ်မောင်းနှင့် ယာဉ်ကိုလည်း အခွန်ဦးစီးဌာနက ထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ ရှားပါးမျောက်၀ံမျိုးစိတ် (orangutan) ကိုတော့ မီဇိုရမ်ပြည်နယ် Enviroment, Forest& Climate Change ဌာနတွင် လွဲပြောင်းအပ်နှံခဲ့ကြသည်ဟုသိရသည်။ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသော မီဇိုရမ်ပြည်နယ်တွင် ယခင်ကလည်း ယခုကဲ့သို့ တရားမ၀င်သယ်ဆောင်လာသော ရှားပါးမျိုးစိတ်တိရိစ္ဆာန်များကို မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။

Read More

(002HH) ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဇောင်လေးကျေးရွာက အသက် (၅၀) နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦး ယနေ့ မနက် (၈) နာရီအချိန်ခန့်က တောထဲ လပ်ပြာဉဆေးမြစ်ရှာသွားစဉ် လမ်းဘေးထောင်ထားသည့် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားသည်ဟု သိရသည်။ ”ဆေးပင်ရှာပြီးမှ ဆန်တွေဝယ်ရတာဆိုတော့ သွားရှာမယ်ဆိုပြီး ကားလမ်းဘေးကနေ အတက်ပဲရှိသေးတယ် စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းနင်းမိလို့ ခြေထောက်တဖက်က ကြေမွသွားတယ်၊ဘယ်ဘက်ခြေထောက်က ဒူးအောက်က နေပြတ်သွားတာ ပွဲချင်းဆုံးသွားတယ်” ဟု ဆွေးမျိုးတော်စပ်သူအမျိုးသားတစ်ဦးက ပြောသည်။ မိုင်းနင်းမိ၍ သေဆုံးသူမှာ Pi Biak Za Nem ဟုသိရပြီး ဇောင်လေးကျေးရွာနှင့် (၇) မိုင်ဝေးသော Hlan Zawl ကျေးရွာ အဝင်လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်ပြီး ၎င်းတွင် သားသမီး (၆) ဦးကျန်ရစ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ယခုမိုင်းနင်းမိပေါက်ပွဲမှုဖြစ်ပွားသည့်နေရာအနီး သူဖေးကျေးရွာထိပ်တွင် တပ်စွဲထားပြီး ၎င်းတို့ထောင်ထားသော မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။ ဇောင်လေးကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် ၃၀ နီးပါးကွာဝေးပြီး အိမ်ခြေ (၄၀) ရှိသည်ဟု သိရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းနင်းမိမှုကြောင့် ချင်းလူမျိုး ၂၀ ဦး သေဆုံးပြီဖြစ်ကာ ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

Read More