Author: Editor

သြစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ် Dean Smith သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေးနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ်အကြီးအကဲအုပ်ချုပ်ရေးမှူး (Governor) နှင့် အောက်တိုဘာလ ၆ ရက်နေ့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Hari Babu Kambhampati သည် သြစတေးလျအထက်လွှတ်တော်အမတ်ကို Raj Bhavan တွင် လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများ ပြောဆိုဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရပြန်ြကားရေးဌာနက ထုတ်ပြန်သည်။ ယင်းတွေ့ဆုံမှုတွင် Dean Smith က သူ့အနေဖြင့် မီဇိုရမ်ပြည်နယ်သို့ လာရောက်ရသည့်အကြောင်းရင်းတစ်ခုမှာ မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများအရေးနှင့်ပတ်သက်၍ လာရောက်ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ပြည်သူများအတွက် ဆောင်ရွက်ထားမှုအခြေအနေများအား မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို မေးမြန်းခဲ့သည်။ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံသားအမြောက်အများ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြပြီး အများစုမှာ ချင်းပြည်နယ်က ချင်းလူမျိုးများဖြစ်ကြကြောင်း၊ မီဇိုရမ်ပြည်သူများအနေဖြင့်လည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ခဲ့ကြသည့်အပြင် အစိုးရအနေဖြင့်လည်း အရေးကြီးသည့်ကိစ္စရပ်များတွင် လုပ်ဆောင်ပေးလေ့ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ Dean Smith ကလည်း ချင်းနှင့် မီဇိုးလူမျိုးများသည် ညီအကိုများဖြစ်သည်ဟု သိရှိနားလည်ထားကြောင်း၊ သြစတေးလျနိုင်ငံတွင်လည်း ချင်းလူမျိုးအမြောက်အများနေထိုင်ကြပြီး အစိုးရကလည်း ဂရုစိုက်ပေးကြောင်းပြောဆိုခဲ့သည်။ အိန္ဒိယနိုင်ငံသည် မိတ်ဆွေကောင်းဖြစ်သည့်နည်းတူ မြန်မာနိုင်ငံက စစ်ဘေးရှောင်များအား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးရန်လည်း သြစတေးလျ အထက်လွှတ်တော်အမတ်က တောင်းဆိုခဲ့သည်။ သြစတေးလျအထက်လွှတ်တော်အမတ်သည် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါးကိုလည်း သူ၏ရုံးခန်းတွင် တွေ့ရှိခဲ့သည်အပြင် မီဇိုရမ်ပြည်နယ်တွင် အင်အားအကြီးဆုံး လူမှုအဖွဲ့အစည်း မီဇိုးလူငယ်များအသင်း (CYMA) ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ တီးတိန်မြို့ စကောလမ်းရပ်ကွက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီကျော်ကျော်ခန့်က မိုင်းပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦးထိမှန်ပြီး ယောကျာ်းဖြစ်သူ ပွဲချင်းသေဆုံးကာ ဇနီးဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “ညမှာ သူတို့အိမ်ရှေ့မှာ ကွဲတယ်။ သူကတော့ ဆုံးသွားတယ် သူ့အမျိုးသမီးတော့ တော်တော်လေးပြင်းထန်တယ်၊ အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ပြောတယ်၊ ၂၆၉ တပ်ရင်းအောက် တပ်ရင်းနဲ့ နီးနီးလေးပဲ အဲ့ကနေလမ်းလျှောက်ရင် မကြာဘူး။ အခုဖြစ်တဲ့နေရာက လမ်းမကြီးရဲ့ဘေး တပ်ရင်းက အပေါ်နားလေး။ သူ့ကတော့ ဗမာလူမျိုးပါ ဒီမှာနေတာကြာပြီ ကျွန်တော်ငယ်ငယ်လေးကတည်းကပဲ သူ့ကိုလည်း ကျွန်တော်တွေ့ဖူးပါတယ်” ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွာသည့်နေရာမှာ တီးတိန်မြို့၊ စကောလမ်းရပ်ကွက် စစ်ကောင်စီတပ်ရင်း ၂၆၉ တပ်ရင်းအောက် ဒေါ်စန်းချိုထမင်းဆိုင်ရှေ့တွင်ဖြစ်သည်။ ယခုမိုင်းပေါက်ကွဲမှုသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့်မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။ သေဆုံးသူအမျိုးသားမှာ အသက် (၅၀) ဝန်းကျင်ရှိသည်ဟု သိရပြီး ဒဏ်ရာရှိသူအမျိုးသမီးမှာ ကလေးမြို့ ကုတင် (၁၀၀) ဆံ့ စစ်ဆေးရုံသို့ ဆေးကုသမှုခံယူနေသည်ဟု သိရသည်။ ပြီးခဲ့သည့်ရက် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဟားခါးမြို့ပေါ်ရှိ၊ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သော အသက် ၃၀ အရွယ် ဦးဗျက်ကျုံးသည် တောထဲတွင် ဟင်းရှာသွားစဉ် မြေမြုပ်မိုင်းနင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံခဲ့ရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြသည်ဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့က ချင်းလူမှုကူညီရေးအသင်းတစ်ခုအတွက် အလှူရှင်တစ်ဦးမှ လှူဒါန်းသော ကားတစ်စီးကို ရွှေဘိုမြို့ စစ်ဆေးရေးဂိတ် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ယနေ့ချိန်ထိ ပြန်မရသေးကြောင်း သိရသည်။ Toyota Alphard အမျိုးအစားဖြစ်သည့် အဆိုပါကားကို အလှူရှင်တစ်ဦး၏ လှူဒါန်းမှုဖြင့် ရန်ကုန်မြို့တွင် သွားရောက်ဝယ်ယူခဲ့ပြီး ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က အငှားယာဉ်မောင်းနှင့်လွှတ်ကာ ကလေးမြို့သို့ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု ချင်းလူမှုကူညီရေးအသင်းဝင်တစ်ဦးထံမှ သိရသည်။ “အဲမှာ စစ်ဆေးတဲ့သူ (စစ်သား) က ကား driver ကို ခင်ဗျားက ချင်းလား၊ ဗမာလားဆိုပြီး မေးတယ်တဲ့၊ ကားသမားက ဗမာလို့ပြောတော့၊ ခင်ဗျားက ချင်းဆိုရင် ဒီမှာတင်သတ်ပစ်မှာ၊ ချင်းတွေက အားလုံး သူပုန်တွေ ဘာလို့ သူပုန်ကားမောင်းတာလဲ၊ တောခိုတဲ့လူတွေနဲ့ ခင်ဗျားတို့ အချိတ်အဆက်ရှိသလား၊ ဘာညာနဲ့ မေးတော့တာပေါ့ ခင်ဗျား မုံရွာကဆိုတော့ မုံရွာမှာပြန်လိုက်၊ ကားကတော့ သိမ်းထားလိုက်မယ်ဆိုပြီး ပြောပြီးမှ ကားသမားကလည်း မုံရွာကို ထွက်သွားတယ်လို့ သတင်းကြားတယ်” ဟု ချင်းလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါကားသည် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော မော်တော်ယာဉ်မှတ်တင်သက်သေခံလက်မှတ်လည်း ရှိထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လူမှုရေးအသင်းကားအား ဖမ်းဆီးခံရပြီးနောက် ၆ ရက်မြောက်နေ့တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာသို့ အကြောင်းကြားပြီး ရွှေဘိုမြို့အထိ လိုက်သွားကာ ပြန်လည်ရရှိနိုင်ရန် တောင်းခံခဲ့သော်လည်း ယနေ့အထိ ပြန်လည်ရရှိခြင်းမရှိကြောင်း သိရသည်။ ချင်းလူမှုကူညီရေးအဖွဲ့ဝင်က “ကျွန်တော်တို့က ဘယ်သူမဆို လူမျိုးဘာသာမရွေးဘဲနဲ့ ကူညီပေးတဲ့ ပရဟိတအဖွဲ့ဖြစ်တယ်၊…

Read More

Chinland Defense Force- Mara (CDF-Mara) တပ်သားများသည် အောက်တိုဘာလ ၃ ရက်နေ့က ဌာနချုပ်မှ အပြန်လမ်းတွင် Mara Administrative Territorial Council – MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရသည်ဟု CDF-Mara က သတင်းထုတ်ပြန်သည်။ CDF-Mara ဌာနချုပ်မှ တပ်မဟာ (၂)၊ အမှတ် (၃) တပ်ရင်းသို့ လက်နက်မပါဘဲ (အရပ်ဝတ်ဖြင့်) ပြန်လာကြေသာ CDF-Mara တပ်သားများသည် အောက်တိုဘာလ (၃) ရက်နေ့က MATC/MDF ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံခဲ့ကြရခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CDF-Mara တပ်သားများဟာ လက်နက်မပါသောကြောင့် ပြန်ခုခံနိုင်ခြင်းမရှိဘဲ၊ အထိအခိုက်မရှိအောင် ဆုတ်ခွာခဲ့ကြရသည်ဟု သိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့ကလည်း MATC/MDF မှ လက်နက်မဲ့ CDF-Mara တပ်ခွဲမှူး (ရဲ CDM) ကို သတ်ဖြတ်ခြင်း၊ စစ်ဦးစီးချုပ်နှင့် အခြားတပ်သား နှစ်ဦး (စုစုပေါင်း သုံးဦး) ဒဏ်ရာရစေခြင်းများ ကျူးလွန်ခဲ့သည့်အပြင် ယခုလည်း CDF-Mara အား ရည်ရွယ်ချက်ရှိရှိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု CDF-Mara က ဆိုသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး CDF-Mara အနေဖြင့် လိုအပ်သလို တုန့်ပြန်မှုများ ပြုလုပ်သွားမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတဝန်းလုံးတွင် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့ကြပြီး ချင်းပြည်နယ်တွင်လည်း မြို့နယ်ကိုအခြေခံ၍ ဖွဲ့စည်းသော လက်နက်ကိုင်အဖွဲ့နှင့်…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့၏ အဝင်/အထွက်ဂိတ်အားလုံးကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ထားပြီး ကုန်ပစ္စည်းများ ဝင်ရောက်ခြင်းမရှိသောကြောင့် အခြေခံစားသုံးကုန်ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် မြို့တွင်းနေပြည်သူများ စားနပ်ရိက္ခာများ စတင်ပြတ်လပ်လာပြီဟု သိရသည်။ “အခုထိတော့ လုံးဝပိတ်နေဆဲပဲ။ လက်ရှိမှာ ကုန်လက်ကျန်တွေနဲ့ စုဆောင်းထားတဲ့ဟာတွေကို ကျွန်တော်တို့စားနေကြတယ်၊ အခုထိတော့မြို့ပြင်လည်းထွက်မရသေးဘူး။ ဒီတစ်ပတ် နောက်အပတ်လောက်ထိ ဆက်ပြီးပိတ်မယ်ဆိုရင်တော့ ဓာတ်ဆီတွေလည်း မြို့ပေါ်မှာ ပြတ်တော့မှာ ကုန်တော့မှာ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တို့ မြို့အနီး တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က မတူပီမြို့ အဝင်/အထွက်အားလုံးပိတ်ပင်ပြီး ခရီးသွားလာခွင့်၊ ကုန်ပစ္စည်းများသယ်ယူခွင့်များကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ မတူပီမြို့ အဝင်/အထွက်လမ်းမကြီး ၃ ခုဖြစ်သည့် မတူပီ-မင်းတပ်၊ မတူပီ-ဟားခါးနှင့် မတူပီ-ပလက်ဝမြို့သို့ ဆက်သွယ်ထားသော ကားလမ်းမကြီးများတွင် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များထားရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြုခြင်းဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့ပတ်ပတ်လည်တွင်လည်း တပ်ချထားသည့်အပြင် မြို့ပြင်တွင် အလံနီများကိုလည်း စိုက်ထားသည်ဟု သိရသည်။ “မြို့ပတ်ပတ်လည်မှာ သူတို့ အကုန်လုံးဝိုင်းထားတယ် အလံနီတွေစိုက်ထားပြီးတော့ မြို့ပတ်ပတ်လည်ကို လုံခြုံရေးယူထားတယ် စကစတွေက၊ လက်နက်ကြီးပစ်ခတ်တာတို့ကတော့ နေ့တိုင်းရှိတယ်” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့သည် ပထဝီအနေအထားသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ချင်းပြည်နယ်တွင် အချက်အချာကျသည့်မြို့ဖြစ်ပြီး စစ်ကောင်စီ၏ စစ်ဗျူဟာအခြေစိုက်ရာမြို့နှင့် စစ်ကောင်စီတပ်ရင်း ၂ ခု အခြေစိုက်ထားသည့်မြို့ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Matupi တပ်ဖွဲ့တို့သည် စက်တင်ဘာလ ၁၉ ၊ ၂၄ ၊ ၂၅ ၊…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) မွန်းလွဲပိုင်းက လာရောက်ပြသသည့် လူနာများနှင့် လူနာစောင့် အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးပြီး ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအဝင်/အထွက်များစစ်ဆေးကာ ဆေးရုံပြင်ပလူနာဌာနသို့လာပြသည့် လူနာနှင့် ဆေးရုံအတွင်းရှိ လူနာစောင့် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများအား ဟားခါးမြို့ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ပြီးနောက် ဆေးရုံက ဝန်ထမ်းတစ်ချို့နှင့် အသင်းတော်လူကြီးတစ်ချို့က ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ရာ ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ “မနေ့က အဖမ်းခံရတဲ့သူတွေထဲမှာ လူနာစောင့်တွေပါတယ် ပြီးတော့ ဆေးခန်းပြဖို့လာတဲ့ လူတစ်ချို့လည်းပါတယ်။ သူတို့ကို ဆေးရုံဝန်းထဲက ကွင်းပြင်မှာ စုထားပြီးတော့ စစ်သားတွေက အယောက် ၂၀ ပြည့်ပြီ သွားမယ်လို့ ပြောတယ်ဗျ။ အဖမ်းခံရတဲ့သူတွေကို ရဲစခန်းမှာ ဖုန်းတွေကို စစ်ပြီးတော့ ဘာမှမတွေ့လို့ ထင်တယ်၊ ညနေပိုင်းမှာ ပြန်လွှတ်ပေးတာဗျ။ သူတို့ကို ဆေးရုံလူနာတင်ကားက သွားကြိုတယ်” ဟု ဟားခါးြမို့ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့အား ရဲစခန်းတွင် စစ်ဆေးရာမှာလည်း ရဲဝန်ထမ်းများမှ ဖမ်းဆီးရသည့်အကြောင်းအရင်း မသိသည့်အတွက် အဖမ်းခံရသည့်သူများအား မည်သည့်ကိစ္စကြောင့် အဖမ်းခံလာရသည်ကို ပြန်လည်မေးမြန်းခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ကို အထက်အမိန့်အရဟုဆိုကာ စစ်သားများက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည် သိရသည်။

Read More

ချင်းပြည်နယ် မြောက်ပိုင်းမြို့များနှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် MPT, Telenor ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသည်မှာ ရက်သတ္တပတ်ခန့်ရှိနေပြီဖြစ်ကာ ဒေသခံပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။ ဖုန်းလိုင်းများ ဆက်တိုက်ပျောက်နေတာကြောင့် ဒေသခံပြည်သူများ အချင်းချင်းဆက်သွယ်ရာမှာသော်လည်းကောင်း၊ လုပ်ငန်းခွင်မှာသော်လည်းကောင်း အခက်အခဲများနှင့် ဆုံးရှုံးမှုများ ရင်ဆိုင်နေကြရသည်ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။ “ဖုန်းလိုင်းရတဲ့ချိန်ဆို ကိုယ်နေတဲ့နေရာကနေ အရေးကြီးကိစ္စဆို ချက်ချင်းသိ၊ ချက်ချင်းဆောင်ရွက်လို့ရတာပေါ့နော်။ ဖုန်းလိုင်းက ရတချက်၊ မရတချက်ဖြစ်နေတာပေါ့နော်။ ကျွန်တော်တို့ အလုပ်က အချင်းချင်းဖုန်းနှင့် ဆက်သွယ်ရတယ် အလုပ်သမားတွေကို ဖုန်းနှင့် လှမ်းမှာပြီး ဆောင်ရွက်ရတဲ့ အလုပ်ဆိုတော့ ဖုန်းခေါ်လို့မရရင် ကိုယ်တိုင် ကား၊ ဆိုင်ကယ်နှင့် နေရာတကာသွားနေရတယ်လေ၊ ဆီကုန် လူပင်ပန်း အလုပ်မှာလည်း နှောင့်နှေးနေပြီဗျာ။” ဟု ကလေးမြို့တွင် လုပ်ငန်းခွင်ဦးဆောင်သူတစ်ဦးက ပြောသည်။ ယခုရက်ပိုင်းအတွင်း MPT, Telenor ဖုန်းလိုင်းများအား ဆက်တိုက်ဖုန်းခေါ်၍မရသည်မှာ ၇ ရက်နီးပါးရှိနေပြီး Ooredoo ဖုန်းလိုင်းရသော်လည်း ခေါ်ဆိုရန် အဆင်မပြေကြောင်း ၎င်းကဆက်ပြောသည်။ ဖုန်းလိုင်းများ ပြတ်တောက်ပြီး မိုဘိုင်းဒါတာများ အသုံးပြု၍မရတော့သောကြောင့် အင်တာနက်သုံးစွဲ၍လည်းမရကြောင်း Wifi လိုင်းဆွဲနိုင်သည့် သူအချင်းချင်းသာ အင်တာနက်အသုံးပြု၍ ဆက်သွယ်လို့ရကြောင်း သိရသည်။ ချင်းပြည်နယ် မြောက်ပိုင်းမြို့များဖြစ်သည့် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တီးတိန်မြို့များတွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်နေပြီး wifi အင်တာနက်လိုင်းများလည်း နှေးနေတာကြောင့် လိုအပ်သည့်အချိန်တွင် ဆက်သွယ်ရန် ခက်ခဲမှုများ ကြုံနေရကြောင်း ဒေသခံများထံမှ သိရသည်။ တီးတိန်မြို့ခံတစ်ဦးက “ဒီမှာ MPT နဲ့ Telenor လိုင်းမရတာကြာပြီ Ooredoo လိုင်းတော့ သုံးလို့ရတယ်၊…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဒေသခံပြည်သူတစ်ဦး တောထဲဟင်းထွက်ရှာရင်း မြေမြုပ်မိုင်းနှင်းမိပြီး ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရသည်ဟု သိရသည်။ ဟားခါးမြို့ပေါ်ရှိ ဟားခါးထာရ်ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ အရွယ် ဦးဗျက်ကျူံးသည် အောက်တိုဘာလ ၁ ရက်နေ့က တောထဲသို့ ဟင်းထွက်ရှာသွားနေစဉ်မှာ မြေမြုပ်မိုင်းနင်းမိခဲ့ပြီးနောက် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ ခွဲစိတ်ကုသမှုခံယူကာ ဘယ်ဖက်ခြေထောက် ဖြတ်ခံလိုက်ရသည်ဟု ၎င်းနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ “ပြီးခဲ့တဲ့စနေနေ့တုန်းက ခွဲစိတ်ခန်းဝင်ပြီး ဘယ်ခြေထောက် ခြေမျက်စိ အထက်နားကနေ ဖြတ်လိုက်ရတယ်၊ အခု သူ့အခြေအနေကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ဆေးရုံတော့ ရက်ရှည်နေရမယ်ထင်တယ်” ဟု လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါမြေမြှုပ်မိုင်းသည် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မိုင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ဟားခါးမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဟားခါးမြို့ပေါ်က အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီဟု ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသည် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ယင်းကြံ့ခိုင်ရေးပါတီရုံးသည် လူကြီးခရီးစဉ်ရှိ၍ စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးအပြည့်ယူထားသည့်ကြားမှ မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြိုခံတစ်ဦးက ပြောသည်။ “ရွေးကောက်ပွဲအတွက်လာကြမယ့် လူကြီးစဉ်ခရီးရှိတယ်လို့ကြားတယ်။ ဒီတောတွင်းကတော့ အဲရုံးမှာ သန့်ရှင်းရေးလည်း လုပ်ကြတာတွေ့ရတယ်။ လုံခြုံရေးလည်း အပြည်ထားထားတယ်၊ ပြီးတော့ ဒီ ၃ ရက်အတွင်း မိုးလည်းရွာတယ်လေ၊ ဒီကြားကမှ မီးလောင်တယ်ဆိုတာ တော်တော်အံ့ဩတယ်။” ဟု ဟားခါးဒေသခံတစ်ဦးကပြောသည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ တိတိကျကျမသိရသေးပေ။ ၎င်းအဆောက်အဦးသည် ယမန်နေ့ည သန်ခေါင်ယံကျော်ကျော်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်နိုင်ခဲ့သည့်အတွက် အဆောက်အဦးတခုလုံး ပြာကျသွားခြင်းမရှိသော်လည်း ရုံးထဲရှိ စာရွက်စာတမ်းများ၊ ပစ္စည်းများ အကုန်လောင်ကျွမ်းသွားသည်ဟု သိရသည်။ ဟားခါးြမို့တွင် ပြီးခဲသည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း ပြည်တော်သာရပ်ကွက်ရှိ ဆောက်လုပ်ရေးခရိုင်ရုံး လမ်းဦးစီးရိပ်သာလည်း မီးလောင်မှု ဖြစ်ပွါးခဲ့ပါသည်။

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာ ငိုင်းတမ်မောင်းကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ (စက်တင်ဘာ ၃၀) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ၂၀၂၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေေ ရွးကောက်ပွဲတွင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျအပ်နှင်းလိုက်သည့် အာဏာကို ကျင့်သုံးလျက် ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် ကြေညာချက်အမှတ် (၁၉/ ၂၀၂၁) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဒေါက်တာ ငိုင်းတမ်မောင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု CRPH ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ဒေါက်တာ ငိုင်းတမ်မောင်းသည် ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ် မင်းတပ်မြို့နယ်(အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၆) မှ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီက အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ နာယက တာဝန်ယူထားသူလည်းဖြစ်ကြောင်း သိရသည်။

Read More