Author: Editor

ဖလမ်းမြို့နယ်၊ ဖလမ်း-ကေလး ကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် CNDF တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဇန္နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့အခြေစိုက် ခလ၇ ၂၆၈ မွ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ကူခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု CNDF ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် CNDF ဘက်မှ ၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပါသည်။ အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ စစ်ကောင်စီများအား CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး CNDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။

Read More

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအ တိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီဖွဲ့သည် လမ်းခုလပ်တွင်ခြုံခိုတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CDM-Siyin တပ်ဖွဲ့ကထုတ်ပြန်သည်။ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်း ဟိန်ဇင်နှင့် သိုင်ငင်းကျေးရွာအကြားတွင် ရှေ့ဆက်မတိုးနိုင်ပဲ ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကူညီရန် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ကလေးမြို့မှတက်လာသော စစ်ကား ၃ စီးနှင့် စက်သေနတ်ပါကားအသေး ၂ စီးကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNA, CDM Siyin, PDF-Zoland, Kalay PDF 3, Kalay PDF 9, Zomi PDF, Zongam Army, CDF-KKG-2 စသည်တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အမြောက်အများဒါဏ်ရာရရှိခဲ့ကြောင်း CDM-Siyin တပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောသည်။ “ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူဖို့အတွက် ဒီနေ့ စကစက ကားသုံးစီးနဲ့ စက်သေနတ်ပါတဲ့ ကားအသေး ၂ စီး ကလေးမြို့ကနေတက်လာတယ်။ ကျွန်တော်တို့က ကြားထဲကနေဝင် တိုက်လို က်တယ်။ သူတို့ဖက်က အထိနည်းနည်းနာ တော့ သူတို့က ချက်ခြင်းပြန်ခေါက်သွားတယ်။ အနည်းဆုံး ၁၀ ယောက်ထက်မနည်း လုံးဝထိထားတယ်။ အမြောက်အများ ဒဏ်ရာရထားပေါ့။ ကျွန်တော်တို့ ဖက်ကတော့ အထိအခိုက်မရှိပါဘူး” CDM-Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တီးတိန်ကားလမ်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်ဘက်သို့…

Read More

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်များသည် ဇန္နဝါရီလ ၁၄ ရက် မနက် ၃ နာရီအချိန်ခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် (၅) ဦး သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်သည်။ ထို့နောက် ယနေ့ ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ဗားရ်စခန်းမှ ပြန်လည်ထွက်ခွာလာကြရာ ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် CNDF နှင့် နံနက် ၁၀ နာရီအချိန်ခန့်မှ ညေန ၅ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိပါသည်ဟုသိရသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဖက်မှ ချင်းပြည်နယ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်အား CNDF အပါအဝင် CNA, CDF-KKG, Zoland-PDF, CDM ပူးပေါင်းတပ်များနှင့်အတူ တီးတိန်မြို့နယ်၊ ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီး ပစ်ခတ်ခဲ့သည်။ လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖလမ်း – ကေလး လမ်းမကြီးနှင့် ဖလမ်း – ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်ဟု CNDF က ထုတ်ပြန်ထားသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းပေါ်ရှိ ဟိန်ဇင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်လောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ကလေးမြို့မှ ချင်းတောင်ဘက်သို့စစ်ကြောင်းချီလာပြီး ထေးဇန်ကျေးရွာမှာ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ CNA, CNDF, PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) စတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထေးဇန်ကျေးရွာဘက်မှ ဟိန်ဇင်ကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းပုန်းနေသည့်အသက် ၃၀ အရွယ် ဦးမန်ဒိုခုပ်ကို ပစ်သတ်ခဲ့ကြသည်ဟုလည်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့မှ ချင်းတောင်ဘက်သို့ လက်နက်ကြီးများအပါအဝင် စစ်ကားများတက်သွားသည်ဟု သိရသည်။

Read More

တိုက်ပွဲကြောင့် ကျေးရွာစွန့်ခွါ၍ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မွောလ်ဇောလ်ကျေးရွာနှင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဟားခါးလေးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူများကို ကလေးမြို့၊လူမှုကူညီရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဘာသာရေးအသင်းတော်များမှ ဇန်နဝါရီလ ၁၃ ရက် ယမန်နေ့က သွားရောက်ခေါ်ဆောင်လာခဲ့ကြကြောင်း ကလေးမြို့၊ စစ်ဘေးရှောင်ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။ “အခုတော့ ဟားခါးလေးနဲ့ မွောလ််ဇောလ်ရွာပဲ။ သူတို့က ရွာမှာမနေရဲ တော့ ဘူးဆိုပြီးတော့ သူတို့က တောင်းဆိုလာတာ၊ ကလေးမြို့က ပရဟိတအသင်းနဲ့ ဆိုင်ရာဆိုင်ရာ အသင်းတော်တွေစုပြီးတော့ သူတို့ကိုသွားခေါ်လိုက်တာ” ဟု ကလေးမြို့၊ စစ်ဘေးရှောင် ကူညီပေးနေသူ ဦးပွီးရာ ကပြောသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်း ချောင်းခွရွာနှင့် ဟားခါးလေး ရွာကြားနှင့် ဇန်နဝါရီလ ၇ ရက်နေ့က မွောလ်ဇောလ်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် PDF/ Kalay/ CNDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အနီးအနားကျေးရွာရှိ ပြည်သူများ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ အဆိုပါ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူများမှာ ဖလမ်းမြို့နယ်၊ မွောလ်ဇောလ် ကျေးရွာမှ ၁၂၁ ဦး၊ ကလေးမြို့နယ် ဟားခါးလေးကျေးရွာ ၄၆ ဦး၊ ချောင်းခွရွာမှ ၃ ဦး တို့ဖြစ်ကြပြီး ၎င်းတို့ကို ကလေးမြ်ိုသို့ခေါ်ဆောင်လာကြပြီးနောက် အများစုမှာ ဆွေမျိုး အိမ်များတွင် သွားရောက်ခိုလှုံနေကြသည့်အပြင်၊ ဆွေမျိုးမရှိသူတစ်ချို့မှာ လူမှုကူညီရေးအဖွဲ့မှ နေရာထိုင်ခင်းစီစဉ်ပေးထားကြောင်းလည်းသိရသည်။ စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများကြောင့် ကလေးမြို့နယ်မှ ပြည်သူ အများအပြားသည် ကလေးမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြရပြီး…

Read More

ကလေး-တီးတိန်ကာလမ်းမပေါ်ရှိ ထေးဇန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံးကြောင်း PDF-Zoland က ထုတ်ပြန်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဇန်နဝါရီလ ၁၂ ရက်နေ့က ကလေးမြို့မှ အင်အား ၁၀၀ ကျော်နှင့် ချင်းတောင်ဘက်သို့ စစ်ကြောင်းချီတက်လာပြီး ထေးဇန်ကျေးရွာသို့ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ယနေ့မနက်ပိ်ုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိ်ုက်ပွဲဖြစ်ပွားပြီး နေ့လည်ပိုင်း ၂ နာရီခန့်တွင် ထေးဇန်းကျေးရွာ ကော်ဖီခြံမှ အိမ်သုံးလုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု PDF-Zoland ၏ ထုတ်ပြန်ချက်အရသိရသည်။ ချင်းတောင်ပေါ်သို့စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်ကို ကလေး-သိုင်ငင်းကျေးရွာအကြားတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) တို့မှ ပူပေါင်းစစ်ဆင်လျှက်ရှိကြောင်း သိရသည်။ ကလေး-သိုင်ငင်း-တီးတိန်-ရိခေါဒါရ်ကားလမ်းတွင် အချိ်န်မရွေး စစ်ဘေးအန္တရာယ်ကျရောက်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုကြရန်လည်း PDF-Zoland က ထုတ်ပြန်ထားပါသည်။

Read More

နိုင်ငံတကာမြန်မာ့သတင်း-BNI ကို စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ပူးသွီဒင်း (Pu Tuidim) ကို အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏မူလအဖွဲ့အစည်းဖြစ်သည့် ခိုနူမ်သုန် (Khonumthung) သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့များက ချင်းပြည်နယ်၊ မတူပီမြို့နယ် ကီလုန်းနှင့် လုံလှောကျေးရွာအကြား မတူပီ-ဟား ခါးကားလမ်းပေါ်တွင် ခရီးသွားလာနေသည့် အရပ်သားပြည်သူ ၁၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ ရှေ့တန်းစစ်မြေပြင်သို့ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ရာတွင် ပူးသွီဒင်းလည်း ပါဝင်ခဲ့သည်။ ပူးသွီဒင်းသည် နိုင်ငံတကာမြန်မာ့သတင်း (BNI) ကို ၂၀၀၃ ခုနှစ်၊ စတင်တည်ထောင်ခဲ့စဉ်က နိရိဉ္ဇရာ၊ မဇ္ဈိမ၊ ကုလားတန်သတင်းဌာနများနှင့်အတူ ချင်းသတင်းဌာနဖြစ်သည့် ခိုနူမ်သုန်ကိုယ်စား ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၎င်းသေဆုံးသွားခဲ့ခြင်းမှာ BNI အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်။ သူသည် ခိုနူမ်သုန်သတင်းဌာန တည်ထောင်သူထဲပါဝင်သကဲ့သို့ အယ်ဒီတာချုပ်အဖြစ်လည်း နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ချင်းပြည်နယ်ရှိ သတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သည့် ဝါရင့်တိုင်းရင်းသား သတင်းသမားတစ်ဦးလည်းဖြစ်သည်။ ပူးသွီဒင်း သေဆုံးသွားခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမီဒီယာများအတွက်သာမက တစ်နိုင်ငံလုံး၏ မီဒီယာအသိုင်းအဝိုင်းအတွက်ပါ များစွာသော ဆုံးရှုံးမှုဖြစ်သည်ဟု နိုင်ငံတကာမြန်မာ့သတင်း (BNI) က မှတ်ယူသည့်အပြင် ကျန်ရစ်သူ မိသားစုဆွေမျိုးသားချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ထုတ်ပြန်အပ်ပါသည်။ အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ အသံတိတ်သပိတ် လှုပ်ရှားမှုကို…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် ရှိသော CNLD လွတ်တော်ကိုယ်စားလှယ် ဦးရှန်မန်းနေအိမ်ကို ယမန်နေ့ ဇန္နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိတ်ပိတ်သွားသည်ဟု သိရသည်။ “မနေ့က ချိတ်ပိတ်ထားတာ ရဲတွေနဲ့ စစ္သားတွေက။ အိမ်ရှင်တွေကို အိမ်ထဲက ပစ္စည်းတွေကို ထုတ်ခိုင်း တာရှိတယ်။ ထုတ်ခိုင်းတဲ့အချိန်က နည်းနည်းလေးပေးတာ အကုန်လုံးသူတို့ထုတ်ချင်တဲ့ဟာတောင်မှ အကုန် မထုတ်နိုင်ဘူးဖြစ်နေတယ်။ အဓိကေတာ့ ဒီကို ကျွန်တော်တို့ ချိတ်ပိတ်တော့မယ် ခင်ဗျားတို့ ယူချင်တဲ့ဟာ ပစ္စည်းကိုယူပါဆိုတဲ့သဘောအနေနဲ့ပေါ့” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။ ၎၏ နေအိမ် ချိတ်ပိတ်ခံရခြင်းသည် ဦးရှန်မန်းမှာ ရွေးကောက်ခံပြည်နယ်လွတ်တော် ကိုယ်စလှယ်တစ်ဦးဖြစ်သည့်အပြင် သားဖြစ်သူမှာလည်း ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ဖြစ်ပြီး လက်ရှိ CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု သိရသည်။ ဦးရှန်မန်းမှာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီမွ ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း တစ်ဦးတည်းသော အနိုင်ရရွေးကောက်ခံပြည်နယ် လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ချင်းပြည်နယ်တွင် စစ်ကောင်စီမှ နိုင်ငံပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူသည့် လူနေအိမ် ၄ အိမ်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က ဆမီးမြို့က NLD လွတ်တော်ကိုယ်စာလှယ် ဆလိုင်းမျိုးထိုက်နေအိမ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က ဟားခါးမြို့ ချင်းအမျိုးသားတပ်ဦး CNF ဒုက္ကဌလည်းဖြစ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဖယ်ဒရယ်ပြည်စုရေးရာဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း နေအိမ်အပါအဝင် ကျောဘုတ်ရပ်ကွက်မှ သိက္ခာတော်ရဆရာတော် ဦးဗန်ကျဲမ်နေတို့ကိုလည်း ချိတ်ပိတ်ခဲ့ပြီးဖြစ်သည်။

Read More

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၁ လတာ ကာလအတွင်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုး ၁၆၃ ဦး သေဆုံးခဲ့ရပြီလို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇန်နဝါရီလ ၆ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ မတရားဖမ်းဆီး ညှင်းပန်းနှိပ်စက်တာ၊ မီးရှို့သတ်ဖြတ်တာ၊ လက်နက်ကြီးအပါအဝင် လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ချင်းလူမျိူးအရပ်သားပြည်သူအများစုဟာ သေဆုံးကြရတာလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ ပြန်ကြားရေးတာဝန်ခံကေ ပြာပါတယ်။ “စစ်အာဏာသိမ်းပြီး ၁၁ လအတွင်း စစ်ကောင်စီကြောင့် သေဆုံးရတဲ့ ချင်းတိုင်းရင်းသားဦးရေ ၁၆၀ ကျော်ရှိတယ်ဆိုပြီး ကျမတို့ထုတ်ပြန်ထားပါတယ်ကျမတို့ရရှိထားတဲ့စာရင်းအပေ့ါနော် တကယ့်မြေပြင်မှာဒီထက်မကများနိုင်သေးတယ်၊ သေဆုံးသူတွေထဲမှာ ဆန္ဒပြလို့ သပိတ်တွေမှောက်လို့ စစ်ကောင်စီဘက်ကနေ အကြမ်းဖြိုခွင်းလို့သေဆုံးတာရှိမယ်၊ စစ်ကောင်စီဘက်ကနေ ကျေးရွာတွေ လူနေရပ်ကွက်တွေထဲဝင်ရောက်ပြီး ရမ်းသန်းပစ်ခတ်လို့နေအိမ်အတွင်းမှာပဲ သေဆုံးတာရှိမယ်၊ စစ်ဘေးရှောင်ရင်းနဲ့ အင်အားပြတ်လပ်ပြီး ဆေးဝါးမလုံလောက်လို့သေဆုံးတာ ပြီးတော့မှ စစ်ကောင်စီ ဘက်ကနေ လူတွေကြင်လည်ကျက်စားတဲ့နေရာတွေမှာ မိုင်းထောင်ထားလို့ မိုင်းနင်းမိပြီးသေဆုံးတာတွေရှိပါတယ်၊ ဖမ်းဆီးနှိပ်စက်ပြီးမှသေဆုံးတာလည်းရှိမယ်၊ မီးရသတ်ဖြတ်ပြီးမှသေဆုံးတာလည်းရှိတယ် တစ်ချို့ဆိုရင်အလောင်း တောင်ပြန်မရဘူး အလောင်းဖျောက်တယ် သက်သေဖျောက်တဲ့ပုံစံတွေလည်းရှိပါတယ်” အဲဒီသေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၇ ဦးအပါအဝင် အရပ်သားပြည်သူ ၈၇ ဦး နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၇၆ ဦးပါ ဝင်ပြီး အဲဒီထဲမှာ စစ်ကောင်စီရဲ့မီးရမှုကြောင့်သေဆုံးသူ ၇ ဦးနဲ့ အလောင်းပြန်မရတဲ့ အရပ်သား ၈ ဦးတို့ပါဝင်တ ယ်လို့လည်း ICA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဟာ…

Read More

ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားပြည်သူ ၁၁ ဦးအနက် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိထားပြီဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံကိုနွေဦးလင်းကပြောသည်။ “ညနေ ၅ နာရီထိလောက်က ၅ လောင်းပဲတွေ့သေးတယ်ပေါ့နော် အခု ၅ လောင်းထပ်တွေ့တယ်ဆိုတော့ စုစုပေါင်း ၁၀ လောင်းတွေ့ရှိထားပါပြီ” ဟု ကိုနွေဦးလင်းကပြောသည်။ မတူပီ-ဟားခါးလမ်းပေါ်က ကီလှုန်းနှင့် လုံလှော ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နေ့နှင့် ၇ ရက်နေ့က ခရီး သွားအရပ်သားပြည်သူ ၁၁ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကဖမ်းဆီးကာ ရှေ့တန်း စစ် မြေပြင်တွင် ခေါ်ဆောင်ပြီး လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက သတ်ဖြတ်ထားသည့် အဆိုပါပြည်သူ ၁၀ ဦးထဲမှာ အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးလည်းပါဝင် သည်ဟု သိရသည်။

Read More