ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း ပြုလုပ်မည် မပြုလုပ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၎င်းတို့ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။ “ကျွန်တော်တို့ ဆွေးနွေးနေတုန်းပါ။ အခု ကျွန်တော်တို့ နယ်တွေ ဘာတွေနဲ့ဝေးတော့ ဆက်သွယ်ရခက်နေတယ်။ ကျွန်တော်တို့ zoom Meeting လုပ်ဖို့လည်း ဟိုးတောင်ပေါ်မှာဆိုတော့ လိုင်းမရှိဘူးလေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။ စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အသစ်ပြဋ္ဌာန်းလိုက်သော ယင်းပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ယင်းဥပဒေသစ်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့်ကာလသည် ၁၀ ရက်ခန့်သာကျန်တော့ပြီး မတ်လ ၂၆ ရက်နေ့တွင်ကုန်ဆုံးတော့မှာဖြစ်သည်။ “ကျွန်တော်တို့ ပါတီအဟောင်းတွေအနေနဲ့တော့ ပြဿနာမရှိဘူးလေ၊ ထပ်တင်မယ်ဆိုရင် သိန်း ၁၀၀ သွင်းဖို့ ဒါပဲရှိတော့တာ သွင်းမယ်ဆိုရင် မခက်ပါဘူး။ ဒါပေမယ့် ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ မသေချာတော့ ကောင်းကောင်းမပြောနိုင်ဘူး” ဟု ပူးဂင့်ကမ်းလျန်ကပြောသည်။ ယခုလက်ရှိအချိန်ထိ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်လျှောက်ထားသူ ၂၃ ပါတီရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယင်းတို့မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် ပြည်နယ်နှင့်တိုင်းတစ်ခုမှာပဲ စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိပြီဟု သိရသည်။
Author: Editor
မီဇိုရမ်ပြည်နယ်တွင် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများသည် အကူညီရရှိမှု နည်းသထက်နည်းပါးလာနေသောကြောင့် စားဝတ်နေရေးအတွက် ပိုမိုအခက်ကြုံလာနေကြရသည်ဟု မီဇိုရမ်ပြည်နယ်အခြေစိုက် ZORO အဖွဲ့က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ရေးပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံက အထူးသဖြင့် ချင်းမျိုးနွယ်စုများသည် မီဇိုရမ်ပြည်နယ်တွင် လာရောက်ထွက်ပြေးခိုလုံကြသည်မှာ ၂ နှစ်နီးပါးခန့်ရှိလာပြီဖြစ်ကာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အကူညီထောက်ပံ့ရရှိမှုသည်လည်း နည်းသထက်နည်းပါးလာသည့်အတွက် နေ့စဉ်စားဝတ်နေ ရေးမှာ ပိုမိုခက်ခဲလာနေသည်ဟု မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ Aizawl Press Club တွင် ယနေ့ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် Zo Reunification Organization (ZORO) က ပြေဆိုလိုက်ခြင်းဖြစ်သည်။ “သူတို့ (စစ်ဘေးရှောင်) ရဲ့အခြေအနေက တော်တော်ဆိုးပါတယ်၊ အလုပ်အကိုင်လည်းမရှိကြဘူး၊ အရင်တုန်းကလို ကူညီထောက်ပံ့မှုတွေက သူတို့မရရှိကြတော့ဘူး၊ ပြည်သူလူထု၊ YMA နဲ့ အစိုးရတွေထံကနေ ထောက်ပံ့မှုတွေကလည်း မရှိသလောက်ဖြစ်သွားတယ်၊ တချိန်တည်းမှာပဲ သူတို့ရဲ့နေ့စဉ်လိုအပ်ချက်တွေက ပြောင်းလဲမသွားဘူး ပိုလို့တောင်တိုးလာနေတယ်” ဟု ZORO Refugee Committee အဖွဲ့မှ အတွင်းရေးမှူး Dr. Lalrinawmi Ralte က ပြောသည်။ ယခုလက်ရှိအနေအထားတွင် စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြသော စစ်ဘေးရှောင်များသည် နေ့စဉ်စားဝတ်နေရေး ကူညီထောက်ပံ့ရန် အထူးလိုအပ်နေကြသည်ဟု ZORO က ဆိုသည်။ ပြီးခဲ့သည့်မတ်လ ၁၄ ရက်နေ့ကလည်း Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ဆန်အိတ် ၂၀ ၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊…
Zomi Reunification Organization (ZRO) ဒုတိယအဖွဲ့အစည်းအဖြစ် ဇိုမီးပြန်လည်စည်းလုံးညီညွတ်ရေးအစည်းအရုံး Zomi Reunification Organization (ZRO) ဖြစ်ပေါ်လာပုံ အကြောင်းအကျဉ်းချုံ့ဖော်ပြသွားမည် ဖြစ်ပါသည်။ ZORO နှင့် ZRO မှာ မတူညီကြပေ။ နောက်ခံလှုပ်ရှားမှု သမိုင်းများအားနားလည်မှသာ လက်ရှိအခြေအနေများအားပိုမို နားလည်နိုင်မည်ဖြစ်ပါသည်။ မဏိပူရပြည်နယ်တွင် ကသည်း (Meitei) တို့မှာ ပထမလူဦးရေအများဆုံးဖြစ်ကာ၊ ဒုတိယအနေဖြင့် ချင်းအနွယ်ဝင်များဖြစ်သည်။ တတိယတွင် နာဂအနွယ်ဝင်များဖြစ်လေသည်။ ချင်းအနွယ်ဝင်များတွင် အုပ်စု လေးစုခွဲနိုင်သည် (၁) ထာဒိုဘာသာ စကား ပြောအုပ်စုများ၊ (၂) လူရှိုင်းဘာသာစကားနှင့်နီးစပ်သောအုပ်စုများ (၃) ဇိုမီး (တီးတိန်) ဘာသာစကားပြောအုပ်စုများ (၄) ရှေးကူကီး (Old Kuki) ခေါ်အုပ်စု တို့ဖြစ်လေသည်။ ၁၉၄၀ ခုနှစ်တွင် ထာဒို-ကူကီးစော်ဘွားတစ်ဦးဖြစ်သူ Pu Za Vum မှ မဏိပူရနယ်အတွင်းရှိ ချင်းမျိုး နွယ်စုအားလုံးအား ဖိတ်ခေါ်ကာ မျိုးနွယ်စုစည်းလုံးရေးနှင့် အနာဂတ်အရေးအားဆွေးနွေးခဲ့ကြလေသည်။ ထိုအချိန်က ကူကီးဆိုသည့် စကားလုံးမှာ ချင်းမျိုးနွယ်များအား လုံးအား ခေါ်ဆိုသည့် မဏိပူရတွင် တွင်ကျယ်စွာအသုံးပြုသည့်စကားလုံးဖြစ်လေသည်။ မျိုးနွယ်စုပေါင်း (၂၁) မျိုးရှိလေသည်။ သို့သော် ထိုအစည်းအဝေးသည် ဝမ်းနည်းဖွယ်ရာအဆုံးသတ်သွားလေသည်။ အချို့သော သမိုင်းဆရာများ၏ မှတ်တမ်းအရ ထာဒို-ကူကီးစော်ဘွားမှ ဘုံဘာသာစကားအဖြစ် ထာဒိုဘာသာစကားအားအသုံးပြုရန် အဆိုပြုသောကြောင့်ဟု ဆိုလေသည်။ (က) #ခူလ်မီးအစည်းအရုံး(၁၉၄၈) Khulmi Union (1948) ၁၉၄၆ ခုနှစ်တွင် Kuki National Assembly (1946) အားဖွဲ့စည်းပါသည်။ ရည်ရွယ်ချက်မှာ ချင်းတိုင်းရင်းသားများအား လုံးအား…
ရေး – Ro Sang Zo Reunification Organization (ZORO) မြန်မာနိုင်ငံတွင် ချင်းလူမျိုးဟုအသိအမှတ်ပြုထားသော တိုင်းရင်းလူမျိုးများအား အိန္ဒိယနိုင်ငံဖက်တွင် မီဇိုး (Mizo) ဟုလည်းကောင်း၊ ကူကီး (Kuki) ဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင် ချင်း (Chin) ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ နိုင်ငံကွဲပြားခြင်း၊ ရှေးမှတ်တမ်း များကွဲပြားခြင်း၊ ပြည်နယ်များကွဲပြားခြင်းကြောင်း သီးခြားလူမျိုးအဖြစ် သတ်မှတ်ခဲ့ကြလေသည်။ သို့သော် ထိုတိုင်းရင်းသားလူမျိုးအကြားတွင် မျိုးနွယ်စုပြန်လည်စည်းလုံးရေး ပြန်လည်ကြိုးစားခြင်းအား ၁၉၀၀ ပတ်ဝန်းကျင်ခန့်လောက်မှ စတင်လှုပ်ရှားလာရာ ထိုလှုပ်ရှားမူအား ဗဟုသုတအဖြစ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇိုပြန်လည်စည်းလုံးရေးအစည်းအရုံးမူလအစ (Original of Zo Reunification Organization) ၁၉၈၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မီဇိုရမ်းပြည်နယ်မှ Brig T. Sailo ဦးဆောင်သော People’s Conference (PC) နှင့် မဏိပူရ ပြည်နယ်မှ T. Gougin ခေါင်းဆောင်သော Zomi National Congress(ZNC) တို့ပါတီကြီး နှစ်ရပ်တို့၏ တွေ့ဆုံ အစည်းအဝေးအား မဏိပူရပြည်နယ်၊ လမ်ကား (Lamka) မြို့၌တွေ့ဆုံကြကာ နိုင်ငံတကာရှိ ချင်းတိုင်းရင်းသားလူမျိုးများ အမျိုးသားပြန်လည်စည်းလုံးမှု တည်ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြလေသည်။ ထို့နောက် နောက်ဆက်တွဲအားဖြင့် ၁၉၈၈ ခုနှစ် မေလ ၁၈-၁၉ ရက်နေ့၊ မီဇိုရမ်းပြည်နယ်၊ ချန်ဖိုင်းမြို့(Champhai) ချင်းပြည်နယ်အနီးတွင် ပထမဆုံး ကမ္ဘာဇိုမီးကွန်ဗင်ရှင်း (First World Zomi Convention) အားပြုလုပ်ကျင်းပခဲ့ကြပါသည်။ မှတ်တမ်းများအရ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလား…
ချင်းပြည်နယ် မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် CDF-Matupi တပ်ဖွဲ့တို့ မတ်လ ၁၄ ရက်နေ့ညနေပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်သည်။ မတူပီ-ပလက်ဝလမ်းမပေါ်ရှိ ထယ်ဘွေးစခန်းမှ ထွက်လာသောစစ်ကောင်စီတပ်များကို ဝလံပီးနှင့် ကလားကြား (ကလောင်စိုင်း) တွင် CDF-Matupi တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု CDF-Matupi က ထုတ်ပြန်သည်။ CDF-Matupi ဘက်ကတော့ အထိအခိုက်မရှိဆုတ်ခွါနိုင်ခဲ့ကြသည်ဟု ဆိုပါသည်။
အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောသည်။ မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ တောင်ကုန်တွင်အခြေစိုက်သော စစ်ကောင်စီစခန်းကို CDF-Hualngoram တပ်ဖွဲ့က ၄၀ မမ အပါဝင် လက်နက်ငယ်များဖြင့် လှမ်းပစ်ခဲ့ရာမှ စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ကျော်ကြာ ဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ “ဗုံး သုံးကြိမ် ပေါက်ကွဲသံကြားတယ်။ ပြီးတော့ သေနတ်ပစ်သံတွေကြားရတယ်။ ပြည်သူလူထုတွေ အကုန်လုံးက တစ်ဖက် အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အခုတော့ ပစ်သံတော့ ငြိမ်ပြီ။ ဒါပေမဲ့ ဘယ်သူမှ ရိဖက်ကို ပြန်မသွားရဲကြသေးဘူး။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။ ယမန်နေ့ကလည်း ရိခေါဒါရ် မြို့အနီးတဝိုက်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သော်လည်း ပြည်သူများ အထိအခိုက်မရှိဘူးလို့လည်း သိရသည်။
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organization (ZORO) အဖွဲ့က မြန်မာစစ်ဘေးရှောင်များထံသွားရောက်ပြီး ရိက္ခာနှင့် အဝတ်ထည်များ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။ ZORO အဖွဲ့ ဒုဥက္ကဌ Pu R. Lalchhuana ဦးဆောင်သော ZORO Refugee Committee Team သည် အိုင်ဇောလ်ခရိုင်အတွင်းရှိ Sihhmui နှင့် မာမစ်ခရိုင်းအတွင်းရှိ Nghalchawm စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများထံ မတ်လ ၁၄ ရက်နေ့က သွားရောက်ကာ အထောက်အပံ့များ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါဒေသတွင် နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်လုနီးပါးဖြစ်နေပြီဟု ကြားသိရသည့်အတွက် ZORO အဖွဲ့က ၎င်းတို့အဖွဲ့ဝင် စေတနာရှင်ပုဂ္ဂိုလ်များထံ အရေးပေါ်အလှူငွေများကောက်ခံကာ ဆန်အိတ် ၂၀၊ ပဲ ၂ အိတ်၊ အသားတု ၃ အိတ်၊ ဆီနှင့် အဝတ်အထည်များ ပေးအပ်ခဲ့ကြသည်ဟု သိရသည်။ “အဲဒီဒေသက စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လုနီးပါးဖြစ်နေပြီဆိုတာ ကျနော်တို့ ကြားသိရတဲ့နောက်မှာ အရေးပေါ်အနေနဲ့ ကျနော်တို့အဖွဲ့ဝင်အချင်းချင်းထံ အလှူငွေတွေကောက်ပြီး ခုလိုသွားရောက်ကူညီခဲ့ကြတာဖြစ်တယ်’’ ဟု ZORO အဖွဲ့ဝင် တစ်ဦးကပြောသည်။ ZORO အဖွဲ့အစည်းသည် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် ၃ နိုင်ငံတွင်နေထိုင်ကြသော ဇိုး (ချင်း) မျိုးနွယ်စုများ အုပ်ချုပ်မှုတစ်ခုအောက်တွင် တစည်းတလုံးတည်း ပြန်လည်ပေါင်းစည်းနေထိုင်နိုင်ရန်အတွက် လှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မီဇိုရမ်ပြည်နယ်အတွင်းရှိ သြဇာရှိသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်ရှိသည်ဟု မီဇိုရမ်ပြည်နယ်အစိုးရက…
ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း ဖော်ဆောင်လျှက်ရှိကြသော ပြည်သူ့ကျောင်းများအတွက် ကျောင်းဆရာ၊ ဆရာမ လိုအပ်ချက်များရှိနေသည့်အတွက် ချင်းအမျိုးသားအဖွဲ့ချုပ် CNO ပညာရေးဌာနက စေတနာ့ဝန်ထမ်းများ ခေါ်ယူလျက်ရှိသည်။ ဖလမ်းမြို့နယ်အတွင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ စိုးမိုးနယ်မြေများတွင် ပြည်သူ့ကျောင်းများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလကစတင်၍ တစ်နှစ်ကျော်ကြာဖွင့်လှစ်လာခဲ့ပြီဖြစ်ကာ ယခုအခါကျောင်းဆရာ၊ ဆရာမလိုအပ်ချက်များရှိနေသည့်အတွက် စေတနာ့ဝန်ထမ်းများကို ဖိတ်ခေါ်ရခြင်းဖြစ်သည်ဟု CNO ပညာရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အဓိကတော့ အရင်ကတည်းက ရွာခံ ဆရာ/ဆရာမတွေ မရှိတာရယ် နောက်ပြီးတော့ ရွာမှာရှိတဲ့ လူငယ် ပညာတတ်တဲ့သူ ၁၀ တန်းအောင်ပဲဖြစ်ဖြစ် ဘွဲ့ရတဲ့သူတွေပဲဖြစ်ဖြစ် သူတို့တွေနိုင်ငံခြားကို ထွက်ပြီးတော့ အလုပ်လုပ်ကြတဲ့သူတွေပိုများ လာတယ်တဲ့အခါကြတော့၊ အဲ့မှာ စာသင်ပေးမယ့် ဆရာ/ဆရာမတွေ မရှိဖြစ်သွားတာပါ” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် ပညာရေးဌာန တာဝန်ရှိသူက ပြောသည်။ ဖလမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၃၀ ခန့်တွင် ချင်းအမျိုးသားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျောင်းများကို ဖွင့်လှစ်နိုင်ခဲ့ကြပြီး သူငယ်တန်းမှ အထက်တန်းကျောင်း (Grade-11) အထိကို မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ ဘောဂဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် ချင်းတိုင်းရင်းသာစာပေ စသည့်ဘာသာရပ်များဖြင့် သင်ကြာပေးခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါဖွင့်လှစ်ထားသော ကျောင်း ၁၃၀ ခန့်တွင် ကျောင်းသူ/ကျောင်းသား ၈၅၀၀ ကျော်ရှိပြီး ကျောင်းဆရာ/မ ဦးရေ ၅၄၀ ကျော်နေသော်လည်း ကျောင်းသူ/ကျောင်းသားပမဏာနှင့် ယှဉ်ကြည့်ပါက ကွာဟချက်များရှိနေပြီး အနည်းဆုံး ကျောင်းဆရာ/ဆရာမ အယောက် ၅၀ ခန့်လိုအပ်နေကြောင်း CNO ပညာရေးဌာနက…
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းဖြင့် မတ်လ ၁၃ ရက်နေ့ညက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မင်းတပ်မြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော မင်းတပ်-မတူပီလမ်းဘက်တွင် မတ်လ ၁၃ ရက်ည ၁၀ နာရီဝန်းကျင်ခန့်က တိုက်လေယာဉ် ၂ စင်းနှင့် စစ်ကောင်စီတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုတချိူ့လည်း ရှိခဲ့သည်ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မနေ့ညက လေယာဉ် နှစ်စီးလာပြီး တစ်စီးကဗုံးကြဲသွားတယ်။ မင်းတပ်-မတူပီလမ်းပိုင်းတနေရာလို့သိရတယ်၊ လက်နက်ကြီးနဲ့ပစ်တာက အချက်နှစ်ဆယ်ကျော်တယ် တညလုံးနီးပါးပစ်နေတယ်။ နေရာအတိအကျနဲ့ ထိခိုက်မှုက အနေ အထားတော့ဘာမှ မသိရသေးဘူး။ ဒီမနက်လည်း ပစ်တာ ၄ ချက်။” ဟု ၎င်းကပြောသည်။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တချိန်းတည်းမှာပဲ မင်းတပ်မြို့ပေါ်အထိုင်ချထားသော ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာလည်း လက်နက်ကြီးနှင့် ဆက်လက်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များ ပခုက္ကူမြို့မှ စစ်ကားအစီး ၈၀ ကျော်ဖြင့် ကျောက်ထုမြို့သို့ မတ်လ ၁၃ ရက်နေ့က ရောက်ရှိလာပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ကောင်စီယာဉ်တန်းသည် ချင်းပြည်နယ် မင်းတပ်နှင့် မတူပီမြို့နယ်များသို့ ဆက်လက်ချီတက်လာနိုင်ဖွယ်ရာရှိသောကြောင့် စစ်ကောင်စီဘက်က လမ်းကြောင်းရှင်း ခြောက်လှန့်သည့်အနေဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မင်းတပ်နှင့် မတူပီမြို့နယ်ဘက်သို့ ဆက်လက်ချီတက်လာဖွယ်ရှိနေသည့်အတွက် ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းမကြီးကို ယခုရက်ပိုင်းအတွင်း အသုံးမပြုကြရန်…
ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားလုံရွာနှင့် ထင်းရှုးစခန်းကြားတွင် စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေး (CNDF) တပ်ဖွဲ့တို့ ယမန်နေ့က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်းရှိသည်ဟု သိရသည်။ ကလေးမြို့မှတက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းဘက်သို့ ဦးတည်ချီတက်လာကြပြီး မတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်မှ ညနေပိုင်းအထိ ဗားလုံနှင့် ထင်းရှုးစခန်းကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်ဟု CNDF တပ်မဟာမှုးနှင့် စစ်ကြောင်းမှုး ကို Lian No ကပြောသည်။ “ကျွန်တော်တို့ မနက် ၁၂ နာရီကတည်းက စပစ်တာပေါ့ ဗားလုံနဲ့ ထင်းရှုးစခန်းကြားထဲမှာ မိုင်းဆွဲတယ်၊ ကားတစ်စီးတော့ ပျောက်သွားတယ်။ ၂ စီးတော့ စုတ်ပြတ်သတ်သွားတယ်။ ပြီးတော့ လူက ဘယ်နှစ်ယောက်သေတယ်ဆိုတာ အတိအကျ ကျွန်တော်တို့မသိဘူး။ အသေးစိတ်ကို ကျွန်တော် တို့မမြင်ရဘူး၊ သူတို့တွေလည်း အခုလောလောဆယ် ကျွန်တော်တို့ ထင်းရှုးစခန်းနဲ့ ဇောင်လေးကြား ထဲမှာ ကားတွေတော့ပျက်ပြီး ရပ်တန့်နေတာ သူတို့ ဆက်သွားလို့မရဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတုန်းပေါ့။” ဟု ခိုနူမ်းသုန်ကို ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၇ ရက် နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်နှင့် ကလေးမြို့မှ ချင်းတောင်ဘက်ကိုတက်လာခြင်းဖြစ်ပြီး ဖလမ်းနှင့် ဟားခါးမြို့မှာအထိုင်ချထားသော စစ်ကောင်စီတပ်ရင်းများထံ ရိက္ခာပို့ဆောင်ရန်ဖြစ်သည်ဟု သိရသည်။ အဆိုပါ စစ်ကောင်စီယာဉ်တန်းကို မတ်လ ၁၁ ရက်နေ့ကလည်း CDM Siyin, EMDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က…
