Author: Editor

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ စစ်ကား ၂၃ စီးဖြင့် ကလေးမြို့သို့ ဆင်းလာသည့် စစ်ကောင်တပ်ဖွဲ့များကို ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်က CDM-Siyin နှင့် PDF Zoland ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း အလောင်းကောက်ယူ၍ မရအောင် ကြေမွသေဆုံးသွားသည်ဟု CDM-Siyin မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ “စကစဖက်က စစ်သားတွေက အင်အား ၁၀၀ ကျော်တယ် သူတို့က မိုင်းရှင်းတဲ့လူရော၊ တောလမ်းဖက်ကနေ လိုက်လာတဲ့သူတွွေကိုလည်း တောလမ်းဘက်နေ ကျွန်တော်တို့က မိုင်းတွေထောင်ထားပြီးတော့ သူတို့ကို စောင့်နေတာ။ မိုင်းခွဲလိုက်တာနဲ့ ချက်ခြင်းပွဲခြင်းပြီး ၁၀ ယောက်ထက်မနည်း လုံးဝ ကောက်လို့မရအောင်ကို သူတို့က တစစီဖြစ်သွားတယ်၊ ဒဏ်ရာရသူလည်းအမြောက်အမြားပဲ” ဟု CDM-Siyin မှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သားများသည် ဖလမ်းမြို့မှ ကလေးမြို့ဘက်သို့ဆင်းလာသည့်အချိန် ဖလမ်း-ကလေးကားလမ်းမပေါ် ဗားရ်လုံကျေးရွာနှင့် သိုင်းငင်ကျေးရွာအကြား မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး CDM-Siyin/ PDF- Zoland ပူးပေါင်း တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦး စတင်တွေ့ရှိကြောင်း သိရသည်။ မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြောဆိုခွင့်ရှိသူ Lalmalsawma Pachuau က မီဇိုရမ်တွင် ကိုဗစ်ရော ဂါပိုး ကူးစက်ခံသူထဲမှာ အိုမီခရွန် ပိုင်းရပ်စ်ရောဂါပိုးရှိမရှိ ဆေးစစ်ချက် ရလဒ် ၁၂၂ ခုထွက်လာသည့်အနက် ၆၂ ဦးမှာ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည်ဟုပြောဆိုခဲ့သည်။ အဆိုပါ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးစလုံးမှာ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်က ဖြစ်ကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး ယနေ့လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉၉၀၁၉ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူဦးရေ ၁၈၆၅၀၄ ဦးရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကုသဆဲလူနာ ၁၁၈၇၈ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိနေပြီဖြစ်သည်။ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပြီး မြန်မာနိုင်ငံသားအများစု သွားရောက်ခိုလုံ နေသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ရှိနေပြီဖြစ်သည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယပြည်မကို ရောင်းချမည့် မြန်မာနိုင်ငံမှ သယ်ဆောင် လာသော ရူပီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားကို မီဇိုရမ်တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဖမ်းခံရသည့် မူးယစ်ဆေးဝါးမှာ အလေးချိန် (၁၂ ကီလိုနှင့် ဂရမ် ၈၀၀) ရှိကာ အကဒ်ပေါင်း ၁၃၀၄၉၂ ရှိပြီး ပိုင်ရှင်ဟုယူဆရသူနှစ်ဦး ဖလမ်းမြို့နယ် Khawmawi ကျေးရွာနေ Solomon Zonummawia (၃၅) နှင့် အိန္ဒိယလူမျိုး Shamir Deb (49) တို့ကိုလည်း ဖမ်းဆီးထားသည်ဟု The Aizawl Post သတင်းတွင်ဖော်ပြသည်။ အဆိုပါ မူးယစ်ဆေးဝါးများကို အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ကာ အိန္ဒိယပြည်မဘက်သို့ ရောင်းချရန် ကားဖြင့်သယ်ဆောင်သွားစဉ် မီဇိုရမ်ပြည်နယ် Kolasib ခရိုင် North Chhimluang တွင် မီဇိုရမ်မူးယစ်ဆေးဝါတိုက်ဖျက်ရေး အဖွဲ့ Excise & Narcotics Department နှင့် Border Security Force (BSF) Silchar, Assam တို့က ဖမ်းဆီးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို The Narcotic Drugs & Psychotropic Substances Act 1985 ဖြင့် အမှုဖွင့်ဆိုထားကြောင်းသိရသည်။

Read More

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများအနေဖြင့် စစ်ကောင်စီအား အလုပ်အကျွေးပြုခြင်းကို ရပ်တန့်ကာ ဓမ္မဘက်မှာရပ်တည်ရန် အချိန်နောက်ကျသည်ဟူ၍မရှိဘဲ ပြည်သူဘက်ရပ်တည်ပြီး CDM လုပ်ကျရန် အိန္ဒိယနိုင်ငံရောက် မြန်မာများက တောင်းဆိုခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်ပြည့် ပြည်ထောင်စုနေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသို့ အိန္ဒိယနိုင်ငံရောက် India for Myanmar အဖွဲ့က အိတ်ဖွင့်စာပေး ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ပြည်သူ့ဘက်ရပ်တည်ရန် နှိုးဆော်တိုက်တွန်းမှုများအား ဥပေက္ခာပြုပါက အိန္ဒိယနိုင်ငံရောက် မြန်မာများအနေဖြင့် ပြင်းထန်သောဆန့်ကျင်ရှုတ်ချမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း India for Myanmar အဖွဲ့က ဆလိုင်းဒိုခါရ်က ပြောသည်။ “အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီဆက်ဆံရေးဖြတ်တောက်နိုင်ရေးမှာ အဓိကပါဝင်တဲ့ သံတမန်ရေးရာဖြတ်တောက်ရေးမှာ သံရုံးဝန်ထမ်းတွေအနေနဲ့ CDM လုပ်တယ်ဆိုရင် အရမ်းထိရောက်မှုရှိမယ်လို့ ယုံကြည်ထားတယ်။ ဒါကြောင့် ဒီ အိတ်ဖွင့်စာကိုလည်း ပေးရခြင်းဖြစ်တယ်။” ဟု ဆလိုင်းဒိုခါရ်ကပြောသည်။ ဒီလိုအိတ်ဖွင့်ပေးစာ ပေးလိုက်သည့်အပေါ် မြန်မာသံရုံးဘက်က ပူးပေါင်းလာခြင်းမရှိပါက တတ်နိုင်သည့်နည်းလမ်းဖြင့် သံရုံးကို ဆက်လက်ဖိအားပေးသွားမည်ဟု ဆလိုင်းဒိုခါရ်က ပြောသည်။

Read More

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားလမ်းတွင် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၅၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ဟောင် (၁၀၀) ကို ကျန်ဖိုင်းခရိုင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘိန်းဖြူနှင့်အတူ အိန္ဒိယနိုင်ငံသားနှစ်ဦးကိုလည်း မီဇိုရမ်ရဲတပ်ဖွဲ့များက ဖမ်းဆီး ခဲ့ပြီး မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဘိန်းဖြူများဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ညတွင်လည်း Khankawn Champhai Police စစ်ဆေးရေးဂိတ်တွင် တာဝန်ကျ ရဲတပ်ဖွဲ့က မီဇိုးရမ်နိုင်ငံသားတစ်ဦးထံ မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ရူပီး သိန်း ၃၀ ကျော်တန်ဖိုးရှိ Methamphetamine ဆေးပြား အလုံး (၁၀၀၀၀) နှင့် ရူပီး ၂ သိန်းကျော် တန်ဖိုးရှိး ဘိန်းဖြူကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ အလားတူ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ Excise & Narcotics Department အဖွဲ့က အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်း-ဇိုးခေါထားလမ်းတွင် ချင်းအမျိုးသားတစ်ဦးထံ ဘိန်းဖြူ (၂၅ ဟောင်) ဖမ်းဆီးခဲ့သည်။

Read More

မီဇိုရမ်ပြည်နယ်ရောက် စစ်ဘေးရှောင်များ အလွယ်တကူဆေးကုသမှုခံယူနိုင်ရေးအတွက်ရည်ရွယ်ပြီး Myanmar Refugee Relief Committee (MRRC), Chin Health Organization (CHO), Mizo Students Union (MSU) နှင့် BN Hospital တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က MSU OPD ကို မြို့တော် အိုင်ဇောလ်မြို့ Kulikawn ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။ Myanmar Refugee Relief Committee (MRRC) ဥက္ကဌ Vantea က “အဓိကအားဖြင့်တော့ CHO နှင့် MRRC တို့ ပူးပေါင်းလက်တွဲလုပ်ဆောင်ခြင်းဖြစ်တယ်။ MSU နဲ့ BN Hospital တို့နဲ့ လက်တွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်။ အဓိကရည်ရွယ်တာကတော့ စစ်ဘေးရှောင်တွေဖြစ်တယ်။ ပြီးတော့ CHO ဘက်က ဆရာဝန် ၄ ဦးနှင့် သူနာပြုတွေလည်း ရှိပြီးသားဖြစ်တယ်။ သူတို့တွေကတော့ ဒီဘက်ကို စစ်ဘေးရှောင်လာတဲ့ CDM ဝန်ထမ်းတွေဖြစ်တယ်။” ဟု ပြောသည်။ ဆက်လက်ပြီး Vantea က “ဒီမှာ အလုပ်လုပ်မဲ့ ဆရာဝန်နှင့်သူနာပြုတွေက အားလုံး Voluntary သက်သက်ဖြစ် တယ်။ ပြီးတော့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ အခြားမြို့နယ်မှာရှိကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာသွားပြီး Free Clinic လုပ်ပေးဖို့ လည်းရှိတယ်” ဟု ပြောသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ မင်းတပ်မြို့သို့ ပြန်လှည့်လာသော မော်တော်ယာဉ် ၈၀ ကျော်ပါသည့် စစ်ကောင်စီ ယာဉ်တန်းကို ချင်းပြည်သူ့ကာကွယ်ရေး CDF-Mindat တပ်ဖွဲ့က အကြိမ်ကြိမ်ချုံခိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲ ၁၅ ကြိမ်ခန့်ဖြစ် ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက် အကျဆုံးများခဲ့သည်ဟုသိရသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့သို့ သံချပ်ကာ ၂ စီးနှင့် စစ်ကား ၈၁ စီးဖြင့် ပြည်လှည့်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ကစ၍ CDF-Mindat တပ်ဖွဲ့က လမ်းခုလတ်များတွင် အကြိ်မ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်သားအနည်းဆုံး ၂၀ ခန့်သေဆုံးမှုရှိခဲ့သည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်ကပြောသည်။ “ဇန်နဝါရီလ ၂၅ မှာသူတို့ကစထွက်လာတယ် CDF-Matupi နဲ့တော့တိုက်ပွဲတွေဖြစ်ကြတယ်ပေါ့နော် ကျနော်တို့နဲ့စပြီး တိုက်ပွဲဖြစ်တာက ဇန်နဝါရီ ၂၈ ကျမှ တောက်လျှောက်ပဲ တိုက်မိုင်း ဆွဲမိုင်းတွေနဲ့ပေါ့နော် တချို့ကျတော့ ချုံခိုပစ်ခတ် တိုက်ခိုက်တာရှိတယ်ပေါ့နော် တောက်လျှောက်ပါပဲ တချိူ့ရက်တွေမှာဆိုရင် တရက်တည်းကို မနက်တကြိမ် ညတကြိမ် တိုက်ခိုက်တာရှိတယ် တိုက်ပွဲမဖြစ်တဲ့ရက်တွေလည်းရှိတာပေါ့ သေဆုံးသူကတော့ ကျနော်တို့အထင် ၂၀ ဝန်းကျင် လောက်တော့ရှိမယ် ဒီမင်းတပ်လမ်းပိုင်းမှာပေါ့လေ ကျနော်တို့နယ်ပိုင်းရောက်လာတဲ့အခါ ပဒေသာမိုင်းတွေ အလုံး ၆၀ လောက်ဖောက်ခွဲတာတွေရှိတယ် အဲဒါတွေကြောင့်လည်း မိုင်းထိတာတွေရှိတယ် မင်းတပ်မြို့ကို ရောက်သွားတဲ့ အချိန်မှာတော့ ဒဏ်ရာရတဲ့သူတွေ ကားအစီး ပေါင်း ၄၊၅၊၁၀ စီးမှာ ဒဏ်ရာရတဲ့သူတွေ အပြည့် အများကြီးတင်လာ တယ်လို့ပြောတယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မတူပီမြို့မှ စစ်ယာဉ်တန်းများဖြင့် ထွက်ခွါလာကြသည့်…

Read More

ချင်းပြည်နယ်၊ မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ ပြန်လှည့်သော စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းသေဆုံးခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ သေဆုံးသူ ကျောင်းသားမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီယာဉ်တန်း၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လျှိုမြောင်ထဲ ပုန်းအောင်းစစ်ရှောင်နေစဉ်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မြို့နယ်ထဲရှိ ကျေးရွာများဘက်သို့ အဝေးပစ်တာဝေးလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာနေအိမ်များ ပျက်စီးမှုများလည်းရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က မတူပီမြို့မှ မင်းတပ်မြို့ဘက်သို့ စစ်ကားအစီး ၉၀ ဖြင့် ပြန်လှည့်သော စစ်ကောင်စီတပ်နှင့် CDF-Mindat တို့သည် မင်းတပ်-မတူပီလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားကာ ဖေဖောဝါရီ ၈ ရက်နေ့မှ မင်းတပ်မြို့သို့ ရောက်ရှိနိုင်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်တွင် ကုန်တင်ကားများ ပြေးဆွဲမှုမရှိသည်မှာ လချီကြာနေပြီဖြစ်သောကြောင့် လက်ရှိ တွင် ဆန်နှင့် စက်သုံးဆီးများ ပြတ်လပ်နေသည့်အပြင် ကုန်စျေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့် ပြည်သူများ နေထိုင်စားသောက်ရေးတွင် အခက်တွေ့နေကြရကြောင်းသိရသည်။ “ဆန်တွေက အခုလုံးဝ ဝယ်လို့မရတော့ဘူး။ ရောင်းတဲ့လူလည်းမရှိဘူး။ ဆန်ရယ်ဓာတ်ဆီရယ် အကုန်လုံး ပြတ်တယ်။ အဓိကတော့ ကားတွေမဝင်နိုင်ဘူး။ ဆန်က ပခုက္ကူကနေရောက်တယ်ဆိုတော့ လိုင်းကား လည်းသွားလို့မရ ကုန်တင်ကား လည်း လာလို့မရဆိုတော့။ ဒီအရင်တုန်းက စုဆောင်းတဲ့ဟာတွေပဲ စားသုံး နေရတယ်။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ မတူပီမြို့သို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အဓိကအသုံးပြုသည့် မတူပီ-မင်းတပ်လမ်း၊ ဟားခါး-မတူပီလမ်း တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏထိတွေ့ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်သူများဖြတ်သန်းသွားလာ အသုံးမပြုတော့သည့်အပြင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကုန်တင်ကားများပြေးဆွဲမှု မရှိတော့ခြင်းဖြစ်သည်။ မတူပီမြို့ပေါ်တွင် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ကာလကြာရှ ည်ပြတ်တောက်နေပါက ပြည်သူများ ယခုထက်ပိုမိုခက်ခဲမှုများကြုံ လာနိုင်သောကြောင့် ခရိုင်ထွေအုပ်နှင့် မြို့ နယ်ထွေအုပ်ထံတွင် တင်ပြထားသော်လည်း ယခုချိန်ထိအကြောင်းပြန်မလာသေးကြောင်း မတူပီမြို့ ရပ်မိရပ်ဖ တစ်ဦး ကပြောသည်။ “ထွေအုပ်နဲ့ စည်းဝေးထိုင်တော့ တင်ပြထားတယ်။ ဓာတ်ဆီတွေ ဒီဇယ်ကလည်း ပြတ်တယ်ဆိုတော့ ဆန် ကြိတ်တဲ့ သူတွေ နောက် မေလ-ဇွန်လထိတောက်လျှောက် ပြတ်မယ်ဆိုရင်တော့ လယ်ထွန်မဲ့သူတွေလည်း ဒုက္ခရောက်မယ် လယ်ထွန်စက်တွေလည်းသုံးထားတယ်ဆိုတော့။ ဖြစ်နိုင်လို့ရှိရင် မြို့နယ်လူထု၊ နယ်ကလူတွေ လယ်ထွန် နိုင်အောင် ကျွန်တော်တို့ ဆန်တွေလည်း သယ်နိုင်အောင်။ ဆန်သယ်ကားတွေပေါ့ ဘယ်လိုစီစဉ်မ လဲဆိုတာ တင်ပြထားတာ တစ်ပတ်လောက်ရှိပြီ အဲ့တာဘာမှ အကြောင်းမပြန်လာသေးဘူး။…

Read More

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် ရေဇွာမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ အကြားတိုက်ပွဲပြင်းထန်လာမှုနဲ့ စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းမှုတွေကြောင့် မြို့ပေါ်မှာရှိ ကြတဲ့ပြည်သူအာလုံးဟာ အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ “ရေဇွာမြို့မှာ ဘယ်သူမှမရှိဘူး စစ်တပ်က နေရာယူထားတယ်။ ရေဇွာစခန်းမှာတိုက်ပွဲဖြစ်လို့လေ စစ်တပ်နဲ့ CDF တွေရဲ့တိုက်ပွဲကြောင့်အဲဒီအနီးတဝိုက်ကရွာတွေကတိမ်းရှောင်တယ် အလှမ်းဝေးတဲ့နေရာမှာကိုပြောင်း တာတော့မရှိဘူး အနီးနားမှာပဲခိုလုံနေကြတယ် အဲဒီနောက်ပိုင်း မတူပီကနေ ထိုးစစ်ဆင်လာတဲ့နောက်ပိုင်းမှပဲ ရေဇွာတစ်မြို့ကလူတွေက ပြည်ပဘက်ကိုထွက်ခွါတဲ့လူတွေရှိသလို ထန်တလန်မြို့နယ်ဘက်က အိန္ဒိယ-နယ်စပ်ဘက်ကိုတိမ်းရှောင်တဲ့သူလည်းရှိတယ်” ဟု ရေဇွာမြို့အနီးက ဒေသခံတစ်ဦးကပြောပါတယ်။ ဇိုတုန်မျိုးနွယ်စုတွေအများစုနေထိုင်ကြတဲ့ ရေဇွာမြို့ဟာ မတူပီ-ဟားခါးကားလမ်းမပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပြီး အိမ်ခြေ ၈၀၀ ကျော် နဲ့ လူဦးရေ ၄ ထောင်ကျော်လောက်ရှိတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အောက်တိုဘာလကစပြီး CDF-Zotung တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲစတင်ဖြစ်ပွား လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ နဲ့ CDF-Zotung အပါဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးခဲ့တယ်လို့ CDF-Zotung ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတူပီမြို့ကနေ ရေဇွာမြို့ကို စစ်အင်အားဖြည့် တင်းကာ ရေဇွာမြို့မှာတပ်စွဲထားတာကြောင့်မြို့ခံပြည်သူအများစုဟာ အဲဒီချိန်ကတည်းက ထွက်ပြေးတိမ်း ရှောင်လာခဲ့ရာကနေ ခုဆိုရင် ရေဇွာမြို့မှာပြည်သူတစ်ယောက်မှမကျန်တော့ဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်မှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထန်တ လန်မြို့က ပြည်သူအားလုံးဟာလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက မြို့ကိုစွန့်ခွါပြီး အိန္ဒိယ-မြန်မာနယ်စပ်နဲ့ မီဇိုရမ်ပြည်နယ်ဘက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီးဖြစ်ပါတယ်။

Read More