Author: Editor

ကလေးမြို့နယ်၊ မြောက်စည်းရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ယနေ့ နိုဝင်ဘာ ၁၆ နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ VAKOK-CNDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဆိုပါရွာမှာ ဘိလိယက်ထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေကို VAKOK-CNDF နဲ့ ပူးပေါင်းအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပြီး စကစ အရာရှိတစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီအရာရှိထံကနေ ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၂ လုံး၊ MA5 ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးအတို ၁ လက်၊ ဖုန်းနှင့် Power Bank၊ ငွေကျပ် သုံးသိန်းကျော်၊ ပိုက်ဆံအိတ် ၁ လုံး၊ ဘဏ်ကတ်များ၊ မှတ်ပုံတင်များနှင့် လိပ်စာကတ်တို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ခဲ့ သိရပါတယ်။ Crd- VOK

Read More

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို ခမ်းခမ်းနားနားဖြင့် ကျင်းပခြင်းမပြုလုပ်ကြရန် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်း စုံဓမ္မအမှုတော်ဆောင်များအဖွဲ့က ထုတ်ပြန်သည်။ မကြာခင်ရောက်ရှိလာတော့မည့် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးပွဲတော်အတွက် ဘုရားကျောင်းပြင်ပအလှဆင်ခြင်း၊ မြို့/ရပ်ကွက်များ အလှဆင်ခြင်းမပြုလုပ်ရန်၊ ရပ်ကွက်အလိုက် လူထုအစည်းအဝေးများဖြင့် ညစာအတူတကွသုံးဆောင်ခြင်းများ မပြုလုပ်ရန်နှင့် ကိုယ့်ဘုရားကျောင်းတွင်သာ ဂုဏ်တော်ချီးမွမ်းဝတ်ပြုကြရန် ဟားခါး ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော်ဆောင်များအဖွဲ့က နိုဝင်ဘာ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပတဲ့အခါမှာ ဘုရားကျောင်းမှာရော ရပ်ကွက်တွေမှာ အသားသတ်ပြီး စားပွဲတွေမလုပ်ဖို့၊ carol singing တွေမသွားဖို့၊ အပြင်မှာ decoration အလှဆင်တာတွေမလုပ်ဖို့ပေါ့နော်၊ ဒါပေမဲ့ ဘုရားကျောင်းထဲ၊ အိမ်ထဲတွေမှာတော့ လုပ်လို့ရတာပေါ့နော် အဲတာတွေက ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” ဟု ဟားခါးမြို့ မှ သင်းအုပ်ဆရာတော်တပါးကပြောသည်။ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဟားခါးမြို့တွင် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်များကို စည်းစည်းကားကားဖြင့် မကျင်းပသည်မှာ ၂ နှစ်ရှိသွားပြီဖြစ်ကာ ယခုနှစ်တွင်လည်း နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် ပွဲတော်များကိုလည်း စည်စည်ကားကား မကျင်းပဘဲ ငြိမ်သက်စွာကျင်းပကြရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။ ယခုထုတ်ပြန်ချက်သည် ချင်းပြည်နယ်တစ်ခုလုံးအတွက်မဟုတ်ဘဲ ဟားခါးမြို့တွင်းအတွက်သာ ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။

Read More

CDF-Hualngoram တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ Hualngoram People Organization ရဲ့ ဦးဆောင်မှုဖြင့် ၈ ကုတင် ဆံ့ ဆေးရုံကို နိုဝင်ဘာလ ၁၂ ရက်နေ့က အောင်မြင်စွာဖွင့်လှစ်ခဲ့နိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဆေးရုံကို LIANDO ဆေးရုံလို့ အမည်ပေးထားပြီး ဟွာလ်ငိုနယ်မြေက ပြည်သူတွေအပြင် နယ်စပ်ဒေသက ပြည်သူတွေအနေနဲ့ ဆေးဝါးကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။ LIANDO ဆေးရုံမှာ လူနာကုတင် ၈ လုံးနဲ့ ခွဲစိတ်ခန်းတစ်ခုရှိပြီး ဆေးဝါးနဲ့ ဆေးရုံသုံးကိရိယာလိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ပြည်တွင်း/ပြည်ပမှာရှိနေကြတဲ့ စေတနာရှင်တွေအနေနဲ့ အကူအညီတွေပေးအပ်နိုင်တယ်လို့ Hualngoram People Organization က ထုတ်ပြန်ထားပါတယ်။

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် ကျောဘုတ်ရပ်ကွက်တွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်လူငယ်တစ်ဦး ပွဲချင်းသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ညက ၁၀ နာရီခွဲခန့်က ဟားခါးမြို့တွင် သေနတ်ပစ်ခတ်သံများထွက်ပေါ်လာပြီးနောက် ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့်စက်ရုံဝင်းအတွင်း နေအိမ်ပေါ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ညအိပ်စောင့်သည့် ဝန်ထမ်း ၃ ဦး ကျည်ဆံထိမှန်ကာ အသက် ၁၄ နှစ်အရွယ်တစ်ဦးမှာ ပွဲချင်းသေဆုံးခဲ့သည်ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ ”တယောက်ကတော့ ဆုံးသွားတယ်၊ အလောင်းလဲ အိမ်မှာမသယ်သေးဘူး ဆေးရုံမှာပဲရှိသေးတယ်။ သူတို့က ယောင်္ကျားလေးတွေပဲ၊ မနေ့ညက ပစ်ခတ်မှုက နည်းနည်းတော့ရှိတယ် သေနတ်အသံတွေက မကြာဘူး မိနစ်ပိုင်းလာက်ပဲဖြစ်မှာ ခနနေတော့ လက်နက်ကြီးတစ်ကြိမ်ပဲကျတာ ပြီးတော့ အဲ့လိုဖြစ်သွားတာ” ဟု ဟားခါးဒေသခံက ပြောသည်။ သေဆုံးသူသည် Shalom Van ဟုသိရပြီး ဒဏ်ရာရရှိသူ ၂ ဦးမှာ ဟားခါးပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူလျှက်ရှိပြီး တစ်ဦးမှာ ခြေထောက်နှစ်ဖက်ပြတ်သွားသည်ဟု သိရသည်။ ကျောဘုတ်ရပ်ကွက်သည် ဟားခါးမြို့မှ မတူပီမြို့သွားသည့် လမ်းအထွက်ဘက်တွင်တည်ရှိပြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုလည်းရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တို့ မကြာခဏ ပစ်ခတ်မှုများလည်းရှိသည်ဟု သိရသည်။

Read More

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြသော်လည်း စစ်တပ်က လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းလာခဲ့သည့်နောက်ပိုင်းမှာ တနိုင်ငံလုံးမှာရှိသော လူငယ်များသည် ရွေးချယ်စရာနည်းလမ်းမရှိတော့သည့်အတွက် လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်အတွက် ယနေ့ချိန်ထိ အားကောင်းမောင်းသန်စွာဖြင့် တိုက်ပွဲဝင်လျှက်ရှိကြသည်။ ယင်းလူငယ်များစွာထဲမှာ အသက် ၂၂ နှစ်ရွယ် ဥပဒေဘာသာရပ်သင်ကြားနေသော ချင်းသမီးပျို မိုင် Emily လည်း ပါဝင်ပါသည်။ မိုင် Emily သည် သူ၏ စိတ်ဆန္ဒဖြင့် ချင်းအမျိုးသားတပ်မတော် CNA ထဲကို ဝင်ရောက်ခဲ့ပြီး ယခုဆိုလျှင် တစ်ပွင့် ဒု-ဗိုလ်အဆင့်ရှိပြီဖြစ်သည်။ မိုင် Emily ကို ခိုနူမ်းသုန်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ အရင်ဆုံးသိချင်တာက စစ်တပ်က အာဏာသိမ်းမှုအဖြစ်ပွားခင် ညီမက ဘယ်မှာနေပြီး ဘာအလုပ်တွေလုပ်ကိုင်ခဲ့လဲ။ ဖြေ။ ။ ကျမကကျောင်းကမပြီးသေးဘူး ကိုဗစ်ကဖြစ်ပြီးတော့ကျောင်းပိတ် တော်လှန်ရေးကဆက်ဖြစ်ပြီး ချင်းအမျိုးသား တပ်မတော် ဘက်ကိုရောက်လာတာပါ။ တော်လှန်ရေးမဖြစ်ခင်ကတော့ ကျောင်းသူတစ်ယောက်ပဲပေါ့၊ ရန်ကုန်မှာ အစ်မဆိုင်မှာကူညီပေးတယ်။ အာဏာသိမ်းပြီးသွားတော့ ရန်ကုန်မှာဆက်ပြီးတော့ အလုပ်လုပ်လို့မရတော့ဘူးဆိုတော့ ကိုယ့်ရဲ့ဇာတိကိုပြန်လာတယ်။ အိမ်မှာအကြားကြီးနေသေးတယ်။ ဒီလိုနဲ့ လူငယ်အများကြီးက သူတို့ရဲ့အသက်ကို ပေးပြီးတော့ တော်လှန်ရေးဝင်နေကြတယ်..အဲ့ဒါကြောင့်ဒီအတိုင်းကြီးမနေချင်တော့ဘူး ဒါကြောင့် CNF ထဲကိုဝင်လာတာ။ မေး။ ။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နေ့ကပေါ့လေ၊ အဲဒီသတင်းကို ကြားမိတော့ လူငယ်တယောက်အနေနဲ့ ဘယ်လိုခံစားချက်တွေပေါ်လာမိလဲ။ ဖြေ။ ။ ကျမအဲ့တုန်းက ရန်ကုန်မှာရှိတာ…အဲ့တုန်းကလိုင်တွေအကုန်ပိတ် ဗီဒီယိုလိုင်းတွေလည်းအကုန်ပိတ်တော့ TV ကြည့်မလို့ လိုင်းတွေဘာတွေမရတာဘာမှမသိဘူး။ ညကလည်း ၁၂ နာရီအထိ အလုပ်လုပ်တော့…

Read More

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအား အစုလိုက်သတ်ဖြတ်ကာ မီးရှို့ထားသည်ဟုယူဆရသော အထောက်အထားများတွေ့ရှိရသည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။ အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာကိုဝင်စီး၍ ဒေသခံရွာသားတစ်ယောက်ကိုပစ်သတ်ကာ ရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်း ဆီးခဲ့သည်ဟု သိရသည်။ ယင်းနေ့ နိုဝင်ဘာလ ၇ ရက် ၁၂ နာရီခွဲခန့်တွင် CDF-Mindat က အနီးကပ်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရွာခံနှင့် စစ်ဘေးရှောင်ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အတွက် စစ်ဆင်ရေးဆက်လုပ်ရန်အခက်အခဲရှိခဲ့သည်ဟု CDF-Mindat က ဆိုသည်။ နောက်တနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများထဲမှ (ယောအမျိုးသား) ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားနေရာသို့ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ၇ ဦးအနက် ၆ ဦးမှ ယနေ့ချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထီးလင်းမြို့ဘက်သို့ တပ်ဆုပ်သွားသည့်အချိန်တွင် ခေါ်ဆောင်သွားခဲ့သည်ဟု CDF-Mindat ထံမှ သိရသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ပလုံတွီကျေးရွာမှ ထီးလင်းမြို့သို့ တပ်ဆုပ်သွားပြီးနောက် CDF-Mindat တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့သည့်အချိန်တွင် ပြည်သူများ မီးရှို့သတ်ဖြတ်ခံထားရသည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။ “မနေ့က ညနေပိုင်းလောက်မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူအစုလိုက်အပြုံလိုက်သတ်ပြီး မီးရှို့ထားတဲ့နေရာတွေ့တယ်။ ကျနော်တို့ ဆက်စုံစမ်းလိုက်တော့ ဖမ်းသွားတဲ့…

Read More

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် မုန်တိုင်းဒါဏ်ကြောင့် အောက်တိုဘာ ၂၁ ရက်နေ့မှစပြီး နိုဝင်ဘာလ ၉ နေ့အထိ သုံးပါတ်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရာမှ နိုဝင်ဘာ ၉ ရက်နေ့၊ ညနေ ၆ နာရီခွဲဝန်းကျင်၌ ဟားခါးမြို့ရပ်ကွက်တစ်ချို့တွင် ဓါတ်အားလိုင်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့အနီး နေပီးကျေးရွားအနီးတဝိုက်နှင့် ကျောဘုတ်ရပ်ကွက်တွင် မုန်တိုင်းကြောင့် လျှပ်စစ်ဓါတ်တိုင်နှင့် ဝါယာကြိုးများ ပျက်ဆီးခဲ့သည့် နေရာသို့ လိုင်းထိန်းအဖွဲ့မှ နိုဝင်ဘာ ၄ ရက်နေ့မှစပြီး ယမန်နေ့ထိ တစ်ပါတ်ကြာအောင် သွားရောက်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ အလားတူ ဖလမ်းမြို့နယ်တွင်လည်း လျှပ်စစ်မီး ပြန်လည်ရရှိနေပြီဟု သိရသည်။ ယမန်နေ့ညမှစပြီး လျှပ်စစ်မီး ဆက်တိုက်ရရှိနေပြီဖြစ်ပြီး အိမ်မှုကိစ္စနှင့် ချက်ပြုရာတွင်လည်း အဆင်ပြေနေပြီဟု ဒေသခံတစ်ဦးကပြောသည်။ “မီးပြန်လာတော့ တကယ် ပျော်တယ်၊အမှောင်မှာနေရတာ တကယ်ပင်ပန်းတယ်၊ အခု လျှပ်စစ်မီးနဲ့ ထမင်းပြန်ချက်နေပြီ။ မီးလာတော့ ညကြီးမှာတောင် အိမ်အလုပ်တွေလုပ်တာပေါ့နော်၊ အဝတ်လျှော်တယ်၊ မီးပူတိုက်ဘာညာနဲ့ အိုးခွက်ပန်း ကန်ကအစ ဆေးကြော သန့်ရှင်းရေးတေလုပ်တာပေါ့ ပျော်တယ်၊ အဲလိုလေး။ အခု အဲလိုမျိုး မီးမပျက်တော့ရင် ကောင်းမယ်” ဟု ဟားခါးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ဟားခါးမြို့တွင် သုံးပါတ်အတွင်း လျှပ်စစ်မီးမရတာကြောင့် ဒေသခံပြည်သူများ နေထိုင်စားသောက်ရေးမှာ အခက်ကြုံနေကြရပြီး ထင်းနှင့် မီးသွေးဈေးနှုန်းများလည်း မြင့်တက်ခဲ့ရသည်။

Read More

ရေး – Salai Vakok မြန်မာနိုင်ငံ၏ အနောက်ဘက်အကျဆုံး မြို့များအနက် တစ်ခုဖြစ်သော ပလက်ဝမြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ပေါင်းစုံကို ရင်ဆိုင်နေရသည်။ လုံဒူး၊ အိမ်နူး၊ ခိန်ခေါင်း၊ ကန်တောင်၊ လောင်ယော်ကုန်း၊ အထက်ဘောင်ကုန်း၊ ဝါးရုံ၊ ရွှေလိုက်ဝ၊ ဆင်အိုဝ၊..… နှင့်….ရွာတို့မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၏ ထက်ဝက်ခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိသည်မှာ ၃ နှစ်ကျော် ရှိလာနေပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုမရှိသော ဒေသများတွင် အရပ်ဆေးဆရာ (ရမ်းကု)၊ တောဆေးများနှင့် ကုကြသည်။စကစ၏ ကျန်းမာရေးစောင့်ရှောက်မှုက ပလက်ဝမြို့ပေါ်နှင့် အနီးဝန်းကျင်ကိုပဲ လွှမ်းခြုံနိုင်သည်။ ပလက်ဝမြို့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ကလည်း ဒေသ (၃) ခုတွင်သာ ဆေးခန်းဖွင့်နိုင်ပြီး CDM ကျန်းမာရေးဝန်ထမ်း၊ စေတနာလုပ်အားပေးဝန်ထမ်း (ဆရာဝန် မရှိပါ) စုစုပေါင်း (၂၂) ဦးခန့်ဖြင့် လည်ပတ်နေသည်။ စစ်ဘေးရှောင်နှင့် ကျေးလက်နေလူထု ခန့်မှန်း ၈၀၀၀ ခန့်ကို ကုသပေးနေနိုင်ပြီး ယင်းက မြို့နယ်၏ ၃၀ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်သည်ဟု ယင်းအဖွဲ့မှ တာဝန်ခံတစ်ဦးက ရှင်းပြသည်။ “ချောင်းဖျားရွာတွေ၊ မြို့နယ်အဖျားက ရွာတွေက ကျန်းမာရေးစောင့်ရှောက်မှု မရကြတာတော့ အမှန်ပါပဲရှင့်။ သူတို့ရွာမှာရှိတဲ့ ရမ်းကုတွေနဲ့ တချို့တွေနဲ့ သိသလောက် မှတ်သလောက်တွေနဲ့ ကုတယ်။ တောဆေးတွေနဲ့ကုပြီးမှ နေကြတယ်။ အဲဒါကြောင့် ဒီကာလမှာ မဖြစ်သင့်ပဲနဲ့ ဖြစ်သွားကြတာတွေလည်း အများကြီးပဲရှင့်” ဟု ပလက်ဝမြို့နယ် ပြည်သူ့ကျန်းမာရေးတာဝန်ခံက ပြောသည်။ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီသော ဒေသများတွင် ၅ နှစ်အောက်ကလေးငယ်များအတွက် အမျိုးမျိုးသော…

Read More

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်ရောဂါများ ကျရောက်ပြန့်ပွားမှုကြာင့် တိရိစ္ဆာန်များသယ်ယူပို့ဆောင်ခြင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ကစ၍ တားမြစ်ထားသည်ဟု CDF-Hakha တပ်ဖွဲ့က ထုတ်ပြန်သည်။ ဟားခါးမြို့နယ်အတွင်းဖြစ်ပွားသော ယင်းတိရိစ္ဆာန်ရောဂါကြောင့် ပြည်သူများ ရှုံးဆုံးနစ်နာမှုရှိနေသည့်အတွက် နောက်ထပ် အမိန့်စာမထုတ်ပြန်ခင်အချိန်ထိ ဟားခါးမြို့နယ်အတွင်း တိရိစ္ဆာန်များ သယ်ယူပို့ဆောင်ခြင်းကို တားမြစ်ပိတ်ပင်လိုက်သည်ဟု နိုဝင်ဘာ ၉ ရက်နေ့စွဲဖြင့် CDF-Hakha က ထုတ်ပြန်ခြင်းဖြစ်သည်။ ဟားခါးမြို့တွင် ပြီးခဲ့တဲ့လက အမျိုးအမည်မသိရောဂါတမျိုးကြောင့် ဝက်အကောင် တစ်ရာခန့် သွေးအန်ပြီးသေဆုံးခဲ့ကြောင်း ဝက်ရောဂါ ကာကွယ်ဆးထိုးပေးနေတဲ့အဖွဲ့၏အဆိုအရ သိရသည်။ ထို့သို့ ချင်းပြည်နယ်အတွင်း ဝက်ရောဂါကျရောက်ပြန့်ပွားမှုကြောင့် အိမ်နီးချင်း မီဇိုရမ်ပြည်နယ်ကလည်း ချင်းပြည်နယ်ဘက်မှ တိရိစ္ဆာန်တင်သွင်းခွင့် ယာယီပိတ်ပင်ထားသည်ဟု သိရသည်။

Read More

စစ်ရေးအခြေအနေတင်းမာနေတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးဗျူဟာတွေပြောင်းလဲလာပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုအသုံးပြုလာကာ လေကြောင်းတိုက်ခိုက်မှုကိုလည်း ပိုမိုအသုံးပြုလာနိုင်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ပြောဆိုပါတယ်။ ချင်းပြည်နယ်တစ်ဝှမ်းလုံးအခြေအနေကို ခြုံကြည့်မယ်ဆိုရင် အရင်နှစ်ထက် ဒီနှစ်မှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုနည်းလာပေမဲ့ စစ်ရေးဗျူဟာပြောင်းလဲလာပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ များလာတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “မနှစ်ကထက်စာရင် ချင်းပြည်နယ်တစ်ခုလုံးမှာ တိုက်ပွဲကလျှော့လာ တယ်လို့ ပြောလို့ရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ ဒီနှစ်မှာ မြောက်ပိုင်းထက် စစ်ဆင်ရေးလျှော့တယ်။ အရင်နှစ်တွေဆိုရင် တောင်ပိုင်းတက်လာပြီ၊ မြောက်ပိုင်းတက်လာပြီ၊ မတူပီဗျူဟာကို အလုံးအရင်းတက်လာတယ်။ ဟားခါးဗျူဟာကို တစ်ကြိမ်တစ်ခါတည်းနဲ့ တက်လာတယ်။ ဒီနှစ်ထဲမှာတော့ အဲလိုအနေထားမဟုတ်ဘူး။ အဲဓိကတော့ မြောက်ပိုင်းကို အဓိက ဦးတည်တယ်။ ခြုံပြောမယ်ဆိုရင် သူတို့ဘက်က တိုက်ပွဲအရှိန်က လျှော့လာတယ်။ သူတို့ဘက်က အင်အားပိုနည်းသွား သလားမသိဘူးပေါ့။ ပြီးတော့ သူတို့က လက်နက်ကြီးပဲ ပိုပြီးတော့သုံး လာတယ်။ အစကတော့ အဲလိုမဟုတ်ဘူး။ ကျနော်တို့က အနီးကပ်နဲ့ ပေ ၂၀၊ ၂၅ ပေ အဲလိုနဲ့ချတာကိုး။ အခုက အဲလိုအနေအထားမရောက်နိုင်တော့ဘူး။ လက်နက်ကြီးက ပိုသုံးလာတယ်။ သို့သော် ပွင့်လင်းရာသီရောက်ပြီဆိုတော့ သူတို့က ဂျက်ဖိုက်တာတွေပေါ့နော် လုပ်လေ့ရှိတယ်။ ပြီးခဲ့တဲ့အဂါနေ့ကပဲ ကင်းထောက်လေယာဉ် ကျနော်တို့အပေါ်ကို လာဝိုက်တာပေါ့နော်။ လေယာဉ်က ပိုပြီးတော့အသုံးပြုလာနိုင်တဲ့အလားအလာတော့ရှိတာပေါ့။ မြေပြင်ကနေ သူတို့က အင်အားလျှော့သွားသလားပေါ့နော်။ အဲလိုပြောလို့ရ ပါတယ်။” ဟု ပူးထက်နီကပြောသည်။ စစ်ကောင်စီရဲ့ကင်းထောက်လေယာဉ်တစ်စင်းက ချင်းအမျိုးသားတပ်ဦး ဗဟိုဌာနချုပ် ဝိတိုရိယစခန်းအနီးမှာ နိုဝင်ဘာလ ၂ ရက်နေ့က…

Read More