အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြသော တော်လှန်ရေးမဟာမိတ်များစုပေါင်းကာ ပြည်တွင်းရှိ မြန်မာပြည်သူများနှင့်အတူ အားမလျှော့ဘဲ အဆုံးထိတိုက်ပွဲ ဝင်နေကြကြောင်းပြသသည့်အနေဖြင့် ၇၃ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်ရောက် တော်လှန်ရေးမဟာမိတ်များစုပေါင်းပြီး ၇၃ ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရခြင်းနဲ့ ပက်သက်၍ လူ့အခွင့်အရေး တာဝန်ခံ မဝါဝါက ယခုလိုပြောသည်။ “ပုံမှန်ခါတိုင်းအချိန်တွေမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ပျှော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပခဲ့ကြတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ မြန်မာပြည်မှာရှိနေတဲ့ အကုန်လုံးက လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုး ဖောက်ခံနေကြရတာဖြစ်တယ်။ ကျမတို့ကလည်း ဒီအချိန်ဒီနေရာမှာ ကျမတို့ရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကို သွေးသစ်လောင်းမဲ့အချိန်က အခုအနေနဲ့ ဒီအခမ်းအနားကို ပြုလုပ်ရတာဖြစ်တယ်။ ကျမတို့လူ့အခွင့်အရေးရရှိဖို့အတွက် ဆိတ်သုန်းသွားတဲ့ လူ့အခွင့်အရေးတွေကို ရရှိ အောင်လုပ်ကြ မယ်။ စစ်အာဏာရှင်ကို ဆက်ပြီးတော့ နိုင်တဲ့အထိ တွန်းလှန်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအခမ်း အနားကို ကျင်းပရခြင်းဖြစ်တယ်” ဟု မဝါဝါက ပြောသည်။ အဆိုပါအခမ်းအနားတွင် ကလေးမြို့၊ တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် ကလည်း အမှာစကားပြောကြား ခဲ့ရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို တကမ္ဘာလုံးတွင် ကျင်းပကြသော်လည်း မိမိတို့နှင့် ကျင်းပသည့်ရည်ရွယ်ချက်ခြင်း မတူကြောင်း ယခုလိုပြောပါသည်။ “သူများနိုင်ငံမှာ လူ့အခွင့်အရေးတောင်းဆိုတဲ့ အနှစ်သာရက ပြည့်ဝပြီးသားကို ထပ်ပြီး တောင်းဆိုတာဖြစ်တယ်။ ကျမတို့ရဲ့ လူ့အခွင့်အရေးကကျတော့ ကျမတို့ ပိုင်ဆိုင်တဲ့အိမ်မှာ ကျမတို့ နေထိုင်ခွင့်ရဖို့အတွက် တောင်းဆိုနေတာဖြစ်တယ်။ ကျမတို့ ချက်ပြုတ်ထားတဲ့ ထမင်း၊ ဟင်းကို အေးအေးဆေးဆေး…
Author: Editor
ကန်ပက်လက်မြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ် (CDF- KANPETLET) တို့ ကြားတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီးနောက် ပါကွင်းကျေးရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို ့ခဲ့ကြသည်။ စစ်ကြောင်းထိုးလာသောစကစတပ်သည် ပါကွင်းကျေးရွာရှိ လူနေအိမ် (၇) လုံးကို မီးရှို့ခဲ့ကြပြီး ဆိုင်ကယ် (၂) စီးအပါအဝင် အသုံးအဆောင်ပစ္စည်းများ ခိုးယူခြင်း၊ ဖျက်ဆီးခြင်းများကျူးလွန်ခဲ့ကြသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။ ကန်ပက်လက်မြို့နေ ပြည်သူလူထု၏ အဓိကစိုက်ပျိုးသီးနှံဖြစ်သော သိမ်းဆည်းပြီးသည့် ဝဥသီးများကိုလည်းစကစတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြပြီး စုစုပေါင်းကာလတန်ဖိုး သိန်းတစ်ရာကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်ပြည်သူများအပေါ် ကူညီစောင့်ရှောက်ထောက်ပ့ံပေးနေသော မီဇိုရမ်အစိုးရနှင့် မီဇိုရမ်ပြည်သူပြည်သားများအားလုံးအပေါ် ချင်းလူမျိုးကိုယ်စား အထူးကျေးဇူးတင်ကြောင်း ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဆလိုင်း လျန်လွယ်က ပြောသည်။ မီဇိုရမ်ပြည်နယ် Reiek ကျေးရွာ Convention Hall, Tourist Resort တွင် ဒီဇင်ဘာလ ၈ ရက်နေ့က မီဇိုးကျောင်းသားသမဂ္ဂ Mizo Zirlai Pawl (MZP) မှ ကြီးမှုးကျင်းပပြုလုပ်သည့် Leadership/ Nationalim Training Cum Advant Chnistmas ပွဲတွင် ဧည့်သည်တော်အဖြစ်တက်ရောက်သော ဦးဆလိုင်းလျန်လွယ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် အချိန်ကာလ ဘယ်လောက်ကြာမည်ကို ပြောဆို၍မရနိုင်သေး သည့်အတွက် မီဇိုရမ်အနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးကြရန်လည်း ဆလိုင်းလျန်လွယ်က တောင်းဆိုခဲ့သည်။
ကန်ပက်လက်မြို့နယ်နှင့် ဆောမြို့နယ်နယ်စပ် ပေါင်ချောင်းဖက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် CDF-KANPETLET တို့ ပါကွန်းကျေးရွာအနီးတွင် ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကြောင်း CDF-Kanpetlet က ထုတ်ပြန်သည်။ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲမှာ (၃) နာရီခန့် ကြာမြင့်ခဲ့ပြီး စကစဖက်မှ ၇ ဦးသေဆုံးသည့်အပြင် ၆ ဦးလည်း ဒဏ်ရာရရှိခဲ့သည်ကြောင်း CDF-Kanpetlet က ထုတ်ပြန်သည်။ စကစတပ်၏ လက်နက်ကြီး၊ လက်နက်ငယ် သာလွန်ပစ်အားကြောင့် CDF-KANPETLET မှ ခွါပစ်စနစ်ဖြင့် တိုက်ပွဲဆင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိတွင် စစ်အင်အားတိုးမြှင့်နေသော စကစတပ်သည် ကန်ပက်လက်မြို့ မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း သိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF- ထန်တလန်တပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ပိုင်း ၂ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားကာ CDF တပ်ဖွဲဝင် ၂ ဦးသေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ ၎င်းတို့၏ အလောင်းကို သယ်ယူနိုင်ခြင်းမရှိသေးကြောင်း CDF- Thantlang မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “မနေ့က တိုက်ပွဲက ပစ်ခတ်တဲ့အချိန်တော့ နာရီဝက်လောက်ပဲကြာတယ်။ ၂ ယောက်ကတော့ သေချာတယ်။ ၁ ယောက်ကတော့ စုရပ်မှာ မစု၊ ရောက်လည်းမရောက်လာတော့ သူလည်း ပါကောင်းပါနိုင်တယ်ရှိတာ ဒါပေမယ့် သူက သေတာလား၊ ဖမ်းတာလားဆိုတာတော့ သိပ်မသေချာဘူး။ အခု အချိန်ထိ အလောင်းကယူလို့မရသေးဘူးပေါ့။ အလောင်းယူဖို့လည်း ကျွန်တော်တို့ ကြိုးစားနေတယ်။ အလောင်းကမရသေးတော့ အတိအကျပြောလို့မရသေးဘူး။ ဒဏ်ရာရတဲ့သူက ၅ ယောက်ရှိတယ်” ဟု CDF- Thantlang မှပြောရေးဆိုခွင့်ရှိ သူက ပြောသည်။ ယမန်နေ့က ထန်တလန်မြို့တွင်း တိုက်ပွဲဖြစ်ပွားမှုမှာ မည်ကဲ့သို့ စတင်ဖြစ်ပွားခဲ့သည်ကိုမူ အတိကျပြောဆို၍ မရသေးကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဖက်က သေဆုံးမှုရှိမရှိကိုလည်းအတည်ပြု၍ မရသေးကြောင်း ၎င်းကဆက်ပြောသည်။ အဆိုပါမြို့တွင်းတိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မြို့တွင်း ဇုံမွှန်ရပ်ကွက်မှ လူနေအိမ် ၁၈ အိမ်နှင့် ညနေ ၆နာရီ နောက်ပိုင်းတွင်လည်း ဘုရားကျောင်းရပ်ကွက်က ၅ အိမ်ထပ်မံမီးလောင်ကျွမ်းခဲ့ပြီး လက်ရှိ အချိန်ထိ စစ်ကောင်စီတပ်များ၏ ရှို့မီးကြောင့် ဘုရားကျောင်း ၅ ကျောင်းအပါအဝင် လူနေအိမ်စုစုပေါင်း ၅၀၀ ကျော် မီးလောင်ကျွမ်းသွားပြီဖြစ်သည်။ Zawgyi ထန်တလန်၊ မြို့တွင်းတိုက်ပွဲတွင် CDF…
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်လှစ်သော စာသင်ကျောင်းများတွင် အသုံးပြုရန်အတွက် သယ်ဆောင်လာသည့် ကျောင်းသုံးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများနှင့် ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာတစ်ရာကျော်တွင်ရှိသော ကလေးငယ်များ စာသင်ကြားနိုင်ရန် စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ ကျောင်းသုံးပစ္စည်းများကို ဖမ်းဆီးနေမှု၊ ဖျက်ဆီးနေမှု ပြုလုပ်ခြင်းနှင့်ပတ်သက်၍ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆခွင့်ရှိသူ ဆလိုင်းယောမာန်က ယခုလိုပြောသည်။ “အင်တာနက်တွေ အဆက်အသွယ်တွေ ဖြတ်ထားတော့ တနယ်လုံးမှာ ဆရာ/မတွေကို ပြန်စုစည်းဖို့ ခက်ခဲတာပေါ့။ နောက်ပြီး ဗလာစာအုပ်တွေ၊ ဘောပင်တွေ၊ ခဲတံတွေ လိုတာပေါ့။ အဲ့တာကို မှာတဲ့အချိန်ကြတော့ တောင်ပေါ်မှာ စာပြန်သင်နေတယ်ဆိုတာ စကစတွေသိတော့တာပဲ၊ ခဲတံတွေပါ အကုန်လုံး လိုက်လံပိတ်ပင်တယ်။ သယ်တာကို ဖမ်းဆီးတာ ဖျက်ဆီးတာလုပ်တယ်။ အဲ့တာမျိုးကအစလုပ်တော့ ကျွန်တော်တို့ဖက်က ခက်ခဲတာပေါ့။ ပြီးတော့ Material ဝယ်ဖို့ ပို့စ်တင်ပြီးမှ အလှုငွေကောက်ခံလို့မရတဲ့ အခြေအနေမျိုးတွေရှိတယ်။” ဟု ပြောသည်။ မင်းတပ်မြို့နယ်တွင် ကလေးငယ်များ ကျောင်းစာသင်ကြားရေးလုပ်ငန်းကို အစပြုခြင်းမှာ သုံးလကျော်ရှိနေပြီဟုသိရပြီး ကျေးရွာပေါင်း ၁၂၀ က မှုလတန်းကလေးငယ် နှစ်ထောင်ကျော်ကို Volunteer ဆရာ/ဆရာမ ၂၀၀ ကျော်က မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရှိုးစာပေများကို အဓိကသင်ကြားပေးနေခြင်းဖြစ်သည်။ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနမှ စစ်ဘေးရှောင်ကလေးငယ်များ စာသင်ကြားခွင့်ရရှိခြင်းမှာ ကြားကာလအချိန်တွင်လည်း ကလေးငယ်များ ပညာရေးမဝေးကွာစေရန်နှင့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဖွံ့ဖြိုးမှုဖြစ်စေကြောင်းကိုလည်း ၎င်းက အခုလို ဆက်ပြောသည်။ “ကျွန်တော်တို့အနေနဲ့ တကယ့်…
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ပြီး တစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု CDF-Kanpetlet ကထုတ်ပြန်သည်။ ကန်ပက်လက်မြို့ မြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ကြောင်းထိုးလာသောကြောင့် CDF-Kanpetlet နှင့် နံနက်ပိုင်း ၇ နာရီခွဲမှ ၈ နာရီခွဲအထိ တစ်နာရီခန့်ကြာပစ်ခတ်တိုက်ခိုက်မှုဖြစ်ဖွားခဲ့ခြင်းဖြစ်သည်ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။ “မနေ့က မနက်ပိုင်းမှာ မြို့တွင်းမှာ ကင်းပုန်းတွေချထားတာပေါ့။ အဲ့နေရာကို စကစတွေဖက်ကနေပြီးမှ စစ်ကြောင်းထိုးလာတော့ ကျွန်တော်တို့ထား ထားတဲ့သူ တွေနဲ့ တိုက်ပွဲဖြစ်တာ၊ နာရီ တစ်ချက်လောက်ပဲကြာပြီးတော့မှ သူတို့ဖက်ကြ ပန်ဆုတ်သွားလို့ငြိမ်သွားတယ်။ ၂ ယောက်ကတော့ ကျတယ် အတည်ပြုလို့ရတယ် တစ်ယောက်လည်း ဒဏ်ရာရတယ်။ ကျွန်တော်တို့ဖက်တော့ ဘာမှ အထိ အခိုက်ဘာမှ မရှိဘူး” ဟု CDF- ကန်ပက်လက် ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ကန်ပက်လက်မြို့တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်ဖွဲ့တို့သည် နိုဝင်ဘာလကုန်ပိုင်းကစ၍ နေ့တိုင်းနီးပါး မြို့တွင်းပစ်ခတ်မှုရှိလာခဲ့သည်။ နိုဝင်ဘာလ ၂၈ ရက်နေ့မြို့တွင်းပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ကလည်း ကန်ပက်လက်မြို့ အ.ထ.က ကျောင်းဝင်းအတွင်းတပ်စွဲထားသော စစ်ကောင်စီတပ်ကို CDF-Kanpetlet က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာ လမှ ဒီဇင်ဘာလဆန်းအထိ ဘုရားကျောင်းများအပါအဝင် လူနေအိမ်ခြေ ၅၀၀ ကျော်လောင်ကျွမ်းခဲ့ရပြီး ယင်းသည် မြို့ပေါ်အိမ်ခြေ၏ လေးပုံတစ်ပုံကျော်ပျက်စီးသွားခြင်းဖြစ်သည်။ အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာ သိမ်း စစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့် နောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်း ဖြစ်သည်။ ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့်တမင်တကာမီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု CDF-Thantlang မှပြောရေးဆိုခွင့်ရှိသူကပြောသည်။ “စက်တင်ဘာလကနေ နောက်ဆုံးလောင်တဲ့အထိနဲ့ဆိုရင် ၅၃o အိမ်ဝန်းကျင်ဆိုတော့ လေးပုံတစ်ပုံကျော်ကျော်လိုု့ပြော လို့ရမယ်။ မီးလောင်တာက ၁၁ ကြိိမ်မြောက်ရှိပြီ” ဟု CDF- ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရမီးကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မွန်၊ လုံတီာလ်း၊ စျေး၊ စိုက်ပျိုးေ ရးနှင့် ဘုရာကျောင်းရပ်ကွက်တို့တွင်အများဆုံးမီးလောင်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အိမ် ၁၉ လုံး၊ အောက်တို ဘာလ ၂၉ တွင် ၁၆၄ လုံး၊ နိုဝင်ဘာလ ၆ ရက်မှ ၂၉ ရက်အတွင်း အိမ် ၂၇၈ လုံး၊ ဒီဇင်ဘာလ ၄ ရက်နှင့်…
ကလေးမြို့နယ် သံဖိုကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မောင်လားရိုမောကို ဒီဇင်ဘာလ ၄ ရက်နေ့က မြစ်သာမြစ်အရှေ့ဘက်ကမ်း တောင်ယာစိုက်ခင်းမှာ ပဲနီပေါင်းထိုးနေစဉ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး အိုးမြေထူးရွာက နေအိမ်တွေနဲ့အတူ မီးရှို ့သတ်ဖြတ်ခဲ့တယ်လို့ CDF-Kalay-Kabaw-Gangaw က ထုတ်ပြန်ပါတယ်။ မောင်လားရိုမောရဲ့ ကြွင်းကျန်ရစ်သောအရိုးစုတချို့ကို ဒီဇင်ဘာလ ၇ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြပြီး CDF-Kalay-Kabaw-Gangaw တပ်ရင်း (၃) က သွားရောက်သယ်ယူကာ ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း ကလေးမြို့တောင်ပိုင်း၊ ချောင်းခွကျေးရွာက ချင်းအမျိုးသား ဦးငွန်နယ်ထန်းကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုမြေထူးကျေးရွာမှာပဲ မီးရှို ့သတ်ဖြတ်ခဲ့ကြပါတယ်။ တောင်သူတစ်ဦးဖြစ်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးငွန်နယ်ထန်းဟာ မြစ်သာမြစ်အရှေ့ဘက်ခြမ်းက သူ့တောင်ယာပဲခင်းမှာ အလုပ်လုပ်ကိုင်နေစဉ်မှာပဲ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အိုးမြေထူးကျေးရွာထဲက အိမ်တစ်အိမ်မှာကြိုးနဲ့တုတ်နှောင်ပြီး မီးရှို့သတ်ခဲ့တာလို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO က ထုတ်ပြန်ပါတယ်။ ဦးငွန်နယ်ထန်းရဲ့ ရုပ်အလောင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်မတော် (CNDF) ကလေးတပ်မဟာ (Vakok) တပ်ရင်းက သွားရောက်သယ်ဆောင်ပြီး ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ သဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာလဆန်းပိုင်းမှာ မြစ်သာမြစ်အရှေ့ဘက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ဆင်ရွာ၊ ကျားမင်း နဲ့ အိုးမြေထူးကျေးရွာတွေကို ဝင်ရောက်ပြီး လူနေအိမ်အနည်းဆုံး ၈ လုံးခန့် မီးရှို့ဖျက်ဆီးခဲ့ကြပြီး အဲဒီကျေးရွာက ပြည်သူတွေဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဒီဇင်ဘာလ ၅ ရက်နေ့ညနေပိုင်းက တောင်ယာမှပြန်လာသော သားအမိနှစ်ဦး နေအိမ်ရှေ့တွင် မိုင်းနင်းမိ၍ မိခင်ဖြစ်သူ ပွဲချင်းသေဆုံးပြီး လေးနှစ်အရွယ်သမီးဖြစ်သူ ခြေထောက်ပြတ်သွား၍ ပခုက္ကူဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။ “ဆုံးသွားတဲ့အမျိုးသမီးရဲ့အိမ်ရှေ့မှာတင်ပဲ ကလေးလေးက မြေမြုပ်မိုင်းကိုသွားနင်းမိတာ အဲဒီမှာလူကြီးနှစ်ယောက်က စကားပြောနေကြရတယ်၊ ကလေးကဆော့ရင်းနဲ့ မြေမြုပ်မိုင်းကိုသွားနင်းမိတော့ သူ့မိခင်က တခါတည်းဆုံးသွားတာပေါ့ သူ့အဒေါ်ကတော့ ခြေသလုံးမှာဒဏ်ရာရတယ်၊ ကလေးက ခြေထောက်တဖက်ပြတ်တယ်၊ တဖက်လည်းဒဏ်ရာရတယ်၊ ဦးခေါင်းကတော့ တော်တော်ပြင်းထန်တယ် ညက ပခုက္ကူဆေးရုံးကိုပို့ပေးလိုက်တယ်” ဟု မင်းတပ်မြို့မှ ပရဟိတအဖွဲ့ဝင် တစ်ဦးကပြောသည်။ သေဆုံးသွားသည့်အမျိုးသမီးမှာ အသက် ၄၉ နှစ်အရွယ် ဒေါ်ဟုန်းအွယ်ဟုသိရပြီး ၎င်းတို့သားအမိသည် မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားသည့်အချိန်ကစ၍ မြို့ပေါ်မှာမနေရဲတော့ဘဲ တောင်ယာအခင်းထဲမှ တဲတွင်နေထိုင်ကြသူများဖြစ်ကြပြီး မြို့ပေါ်နေအိမ်သို့ တစ်ပတ်တခါ ပြန်လာလေ့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ကလေးမ၏ အဒေါ်ဖြစ်သူလည်း ခြေသလုံးတွင် ဒဏ်ရာအနည်းငယ်ရခဲ့သည်ဟုသိရပြီး ယင်းမြေမြုပ်မိုင်းမှာ စစ်ကောင်စီဘက်က ထောင်ထားသည့်မိုင်းဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
