Author: Editor

ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ၃ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကျောင်းကနေပြန်လာကြတဲ့ ကလေးငယ် ၂ ယောက် ထိမှန်သေဆုံးပြီး တစ်ယောက် ပြင်းထန်ဒဏ်ရာရရှိကြောင်း ဘွန်လုန်ကျေးရွာ ဆရာတစ်ပါးက ပြောပါတယ်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် KG-2 တန်းတက်ရောက်ကြသော ၆ နှစ်အရွယ် ယောင်္ကျားလေး ၂ ဦး သေဆုံးပြီး ၎င်းတို့နဲ့အတူ ကျောင်းကနေပြန်လာတဲ့ ၆ နှစ်အရွယ် မိန်းကလေးတစ်ယောက်လည်း ပြင်းထန်ဒဏ်ရာရရှိခြင်းဖြစ်သည်။ “သူတို့က အသက် ၆နှစ်အရွယ် KG-2 တန်း ကလေးတွေဆိုတော့ ကျောင်းကနေစောလွှတ်တာ။ သူတို့ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲသွားတယ်။ သူတို့နဲ့ နီးနီးကပ်ကပ်မှာပဲ လက်နက်ကြီးကျတာ ယောင်္ကျားလေးတစ်ယောက်က လက်နက်ကြီးထိပြီး နာရီ၀က်ခန့်အကြာမှာ သေဆုံးသွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ နောက်ထပ် ယောင်္ကျားလေးတစ်ယောက် ခုနလေးပဲ သေဆုံးသွားတယ်။ ကလေးမလေးကိုတော့ ဆေးရုံပို့ထားတယ်” လို့ ဘွန်လုန်ကျေးရွာ ဆရာတစ်ပါးက ပြောပါတယ်။ သေဆုံးသွားသော ယောင်္ကျားလေးနှစ်ဦးမှာ James Siang Za Uk (၆) နှစ်နှင့် Henry Bawi Za Lian (၆) နှစ်တို့ ဖြစ်ကြပြီး ဒဏ်ရာရရှိသော ကလေးမလေးမှာ Nancy Ca Len Par (၆) နှစ်လို့ သိရသည်။ ဘွန်လုန်ကျေးရွာသည် ဟားခါးမြို့နယ်၊ ဆန်ထန်နယ်တွင်တည်ရှိပြီး ဟားခါးမြို့နှင့် မိုင် ၂၀ ခန့်အကွာ‌တွင် တည်ရှိသည်။ ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ်မှာ ဆန်ထန်နယ်နှင့် ရွာအနီးနာတွင်…

Read More

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၅ ဦးထက်နည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ယနေ့ (၁၉ အောက်တိုဘာ) ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော် CNA, ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၁၃ ရက်နေ့ကစ၍ ဟားခါးမြို့တွင်းအပါအဝင်၊ မြို့အနီးနှင့် သီတာကျေးရွာအနီးတို့တွင် ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဆိုသည်။ ထို့အတူ ထန်တလန်မြို့ဘက်မှ စစ်ကူလာသော စစ်ကောင်စီတပ်သား အင်အား ၄၀ ခန့်ကိုလည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းစစ်ကူပေးခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲများအတွင်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၂၅ ဦးထက်မနည်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြပြီး ၂၀ ထက်မနည်းဒဏ်ရာရစေခဲ့သည်ဟု CNF က ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း CNA တပ်သား ၃ ဦး၊ CDF-Hakha ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ကြပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။ ဟားခါးမြို့အနီးနှင့် ဟားခါး-ထန်တလန်ကြား တိုက်ပွဲများတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ချင်းအမျိုးသားတပ်မတော် CNA, CJDC Special Force, CDF-Thantlang, CDF-Zophei, CDF-Lautu, CDF-Mara နှင့် CDF-Hakha တပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြသည်ဟု သိရသည်။

Read More

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် တောင်ကိုရီးယားသမ္မတနိုင်ငံ၊ ဂွမ်ဂျူးမြို့၏ မြို့တော်ဝန် Mr Kang Gi Jung တို့ ယနေ့ ကိုရီးယားဒေသစံတော်ချိန် နေ့လယ် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မြို့တော်ဝန်ရုံး ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း NUG ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းသည် ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာနှင့် မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီရေးရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရောက်ရှိနေခြင်းဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် ဂွမ်ဂျူးမြို့တော်ဝန်က ကိုရီးယားအစိုးရသာမက ကိုရီးယား ပြည်သူပြည်သားများအနေဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရပ်ရပ်ကို သိရှိထားကြောင်း၊ စစ်အာဏာရှင်လက်အောက် မြန်မာနိုင်ငံသားများ၏ ခံစားချက်များကို စာနာနားလည်ကြောင်း၊ NUG အစိုးရကိုလည်း တသီးပုဂ္ဂလအနေဖြင့် အသိအမှတ်ပြု ထောက်ခံနေပါကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ကိုရီးယားအစိုးရအနေဖြင့်လည်း နွေဦးတော်လှန်ရေးကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအား အစဉ်အားပေးနေမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်စေရေး ၎င်းတို့အနေဖြင့် အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း စသည့် ကတိစကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းကလည်း ကိုရီးယားနိုင်ငံ၏ စစ်အာဏာရှင် ဂျွန်ဒူးဝမ်ကို တွန်းလှန်ခဲ့သည့် ၁၉၈၀ ပြည့် ဂွမ်ဂျူး ဒီမိုကရေစီ တော်လှန်ရေးလှုပ်ရှားမှုသမိုင်းကို ကောင်းစွာသိရှိပြီး စံနမူနာယူကာ အတုယူလေ့လာမိကြောင်း၊ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးကို အစဉ်ထောက်ခံအားပေးမှုတွက် ကိုရီးယားအစိုးရနှင့် ပြည်သူပြည်သားများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတွေ့ဆုံပွဲတွင် NUG ၏…

Read More

ချင်းပြည်နယ် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ ဌာနဆိုင်ရာပေါင်းစုံရုံး (မြို့နယ်စုပေါင်းရုံး) ယနေ့မနက်ပိုင်း ၁ နာရီကျော်က မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့တွင် ယနေ့မနက်ပိုင်း ၁ နာရီကျော်ဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရပြီးနောက် ယခုလို မီးလောင်ခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့ စုပေါင်းရုံး မီးလောင်မှုကြောင့် ပစ္စည်းဆုံးရှုံးမှုတွေများနိုင်ပြီး လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများအားလုံး ပါသွားတယ်လို့ သိရသည်။ “ညတုန်းက ၁ နာရီကျော်ကျော်လောက်မှာ အသံအကြယ်ကြီးနဲ့ ဗုံးသံရော သေနတ်သံရော ကြားတာပဲ၊ မြို့ပြင်ကလို့ တောင်ထင်လိုက်သေးတယ်။အဲတာ ပြီးတော့ စုပေါင်းရုံးက မီးလောင်တယ်ပေါ့နော်။ အဓိကတော့ စည်ပင်ရုံးခန်းနဲ့ ထွေအုပ်ရုံးခန်းက ဘာမှယူစရာမရှိဘူး။ ပြီးတော့ ရုံးထဲက စာရွက်စာတမ်းတွေ အကုန်လောင်တယ်လို့” ဟားခါးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါသည်။ ယခုလို စုပေါင်းရုံးမီးလောင်မှုသည် လူတစ်ချို့မှ လာရောက်ရှို့ခဲ့သည်ဟု ဒေသခံများပြောပြချက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဟားခါးမြို့ စုပေါင်းရုံးတွင် မြို့နယ်ထွေအုပ်၊ စည်ပင်၊ ကညန၊ ရဲစခန်းနှင့် အစရှိတဲ့ မြို့နယ်ရုံးတွေကို ထားရှိတာဖြစ်ပြီးတော့ ယခုရုံးတွင် ရဲသား ၄ ယောက်မှ ရုံးစောင့်နေကြောင်း သိရသည်။ မီးလောင်ပြီးနောက် မီးသတ်ကားဖြင့် မီးငြိမ်နိုင်ခဲ့ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများမကြာခဏကြားနေရပြီး ယမန်နေ့တွင် စစ်ကောင်စီ တပ်လေယာဉ်တစ်စင်းပျံသန်းသွားသည်ဟု သိရသည်။ လွန်ခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း ဟားခါးထာရ်ရပ်ကွက်ရှိ ခရိုင်မီးသတ်ရုံးမီးလောင်မှုဖြစ်ပွါးခဲ့ပြီး မီးသတ်ယာဉ်ကား (၂) စီး မီးလောင်ပြာကျသွားခဲ့ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Vinay Kumar က မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါကို ယနေ့အောက်တိုဘာလ ၁၇ ရက်မွန်းလွဲပိုင်းတွင် သူ၏ရုံးခန်းသို့ လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံတွင် လာမည့်အောက်တိုဘာလ ၂၀ မှ ၂၂ ရက်နေ့အထိ သံအမတ် များညီလာခံ Indian Ambassador Conference ကျင်းပမည်ဖြစ်ပြီး ယင်းညီ လာခံမကျင်းပခင်တွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်က မီဇိုရမ်ပြည် နယ်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ စလိုဗီးကီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Pu Vanlalhuma လည်း ပါဝင်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွေ သံအမတ် ၂ ဦးက ၎င်းတို့တာဝန်ထမ်းဆောင်ကြသော နိုင်ငံအခြေအနေများ ပြောဆိုခဲ့ကြပြီး အိမ်းနီးချင်းနိုင်ငံများ၏ အခြေအနေကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု မီဇိုရမ်အစိုးရက ထုတ်ပြန်သည်။ အလားတူ သံအမတ်ကြီးနှစ်ဦးသည် ယနေ့နံနက်ပိုင်းတွင် မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) Hari Babu Kambhampati ကိုလည်း တွေ့ဆုံခဲ့ကြပြီး ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအကြောင်းအရာလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Read More

ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ပြည်သူများ၏ချွေးနဲစာဖြင့် ဝယ်ယူထားသော ကာကွယ်ရေးပစ္စည်းများအား ZRA လက်နက်ကိုင်အဖွဲ့မှ ခိုးယူထွက်ပြေးသွားပါသဖြင့် ပြည်သူထံ ပြန်လည်အပ်နှံခြင်းမရှိလျှင် လိုအပ်သလို အရးယူဆောင်ရွက်သွားမည်ဟု PDF-Zoland မှ ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်သည်။ အောက်တိုဘာ ၁၄ ရက်နေ့က မဏိပူမြစ်ပေါ်ရှိ Mansuang တံတားတွင် ZRA အဖွဲ့မှ တော်လှန်ရေးအတွက်အသုံးပြုမည့် လက်နက်များ သယ်ဆောင်လာသော လူငယ် ၂ ဦးအား ဖမ်းဆီးနှိပ်စက်ပြီး လက်နက်လုယူခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် ဆိုင်ဇန်ရွာသို့ဝင်ရောက်ကာ ရွာသားများအား စစ်ဆေး၍ စိတ်ပင်ပန်းအောင် အမျိုးမျိုး လုပ်ခဲ့ကြသည်ဟု သိရသည်။ ရွာတွင်းဆူပူမှု မဖြစ်စေလိုသောကြောင့် PDF Zoland လူငယ်များ ရွာထဲမဝင်မီ ၎င်းတို့ လုယူထားသောပစ္စည်းများ ပြန်လည်ပေးအပ်ပြီး ရွာမှငြိမ်သက်စွာ ထွက်ခွါရန် တယ်လီဖုန်းဖြင့် ညှိုနှိုင်းသော်လည်း လက်ခံခြင်းမရှိဘဲ ၎င်းတို့အသုံးပြုခဲ့သော ဆိုင်ကယ်များထားခဲ့ကာ ခြေလျင်ဖြင့် ထွက်ပြေးသွားသည်ဟု သိရသည်။ ယခုတွင် ၎င်းဆိုင်ကယ်များအား Tedim Public Administration (ပြည်သူ့အုပ်ချုပ်ရေး) မှ သိမ်းဆည်းထားသည်ဟု သိရသည်။ ZRA အဖွဲ့သည် ယမန်နေ့ မနက် ၈ နာရီခန့်တွင် ဆိုင်မွောလ်ရွာမှ ကျောက်သယ်ယာဉ်တစ်စီးဖြင့် စကစစစ်သားများတာဝန်ကျရာ တီးတိန်ကျောင်းအောက်ရှိ လမ်းမကိုဖြတ်ကာ မြစ်တစ်ဖက်ကမ်းသို့ ပြန်လည်ထွက်သွားကြသည်ဟုလည်း သိရသည်။ ZRA အဖွဲ့အနေဖြင့် ၎င်းတို့၏ ဆိုင်ကယ်များကို မံဆောင်းတံတားရှိ ပြည်သူများထံမှ လုယူထားသောပစ္စည်းများနှင့် လာရောက်လဲလှယ်နိုင်မည် ဖြစ်ပြီး ပြည်သူပိုင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်းမရှိလျှင် ZRA အဖွဲ့အား အကြမ်းဖက်အဖွဲ့၊…

Read More

ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ တောင်ကုန်များကို အောက်တိုဘာ ၁၇ ရက်က စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု The Chinland Post က ရေးသားသည်။ ထန်တလန်နှင့် ဟားခါးကြားတွင် စစ်ကောင်စီတိုက်လေယာဉ်က အနည်းဆုံး ၄ ကြိမ်ခန့် ဗုံးကြဲခဲ့သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး The Chinland Post ကဖော်ပြသည်။ ယင်းတိုက်ခိုက်မှုတွင် CDF တပ်ဖွဲ့ဝင်များ ဘေးကင်းကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းကစ၍ ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများဖြစ်ပွားနေပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့အား ကြားညှပ်ပိတ်ဆို့ထားသောကြောင့် လေကြောင်းမှ ပစ်ကူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ် မတူပီမြို့ မြို့နယ်ပညာရေးမှူး ဦးတင်လွေးကို CDF-Matupi တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့တွင် CDF-Matupi က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။ ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက်ညက မတူပီမြို့က နေအိမ်တွင် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ CDF-Matupi ၏ ရှင်းလင်းချက်တွင် ဦးတင်လွေးသည် စစ်ကောင်စီ၏ ပညာရေးယန္တရားကို အဓိကလည်ပတ်စေသည့် Non-CDM တစ်ဦးဖြစ်ပြီး CDM သမားများကို အမျိုးမျိုးခြိမ်းခြောက်ကာ Non-CDM ပြန်လည်ပြုလုပ်ကြရန် ဖိအားပေးခြင်း၊ CDM စာရင်းများကို စစ်ကောင်စီထံပေးပို့ခြင်း အချိူ့သော CDM သမားများ၏စာရင်းကို လျှိ့ဝှက်ပြီး စစ်ကောင်စီအငြိမ်းစား ဗိုလ်မှူးဝင်းနိုင်နှင့် ပူးပေါင်းကာ CDM သမားများ၏ လစာကိုထုတ်ယူကြောင်း ဖော်ပြသည်။ CDF-Matupi အနေဖြင့် ဦးတင်လွေးကို စာအားဖြင့် ၃ ကြိမ်၊ နှုတ်အားဖြင့် အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လုံးဝလိုက်နာခြင်းမရှိပဲ CDF-Matupi ကို ပြန်လည်ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။ CDF-Matupi ၏ အသိပေးထုတ်ပြန်ချက်များဖြစ်သည့် ကြေညာချက်စာအမှတ် (၂/၂၂) နှင့် စာအမှတ် (၄/၂၂) အရ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကာ စစ်အာဏာရှင်စနစ်ဖြိုခွင်းရာတွင် စစ်ကောင်စီ၏ အဓိကထောက်တိုင်အဖြစ် ရပ်တည်သူဖြစ်သည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Read More

ချင်းပြည်နယ်၊ မတူပီမြို့က မြို့နယ်ပညာရေးမှုး ဦးတင်လွေးသည် အောက်တိုဘာလ ၁၆ ရက် တနင်္ဂနွေညက ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည်ဟု သိရသည်။ ဦးတင်လွေးသည် မတူပီမြို့တွင် မြို့နယ်ပညာရေးမှူးအဖြစ် ၂၀၁၉ ခုနှစ်ခန့်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းတွင်လည်း CDM ပြုလုပ်ခြင်းမရှိပဲ မြို့နယ်ပညာရေးမှူးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေသူဟု သိရသည်။ မြို့နယ်ပညာရေးမှူးရုံးကို မတူပီမြို့က ၎င်း၏နေအိမ်တွင် ဖွင့်လှစ်ထားပြီး အောက်တိုဘာလ ၁၆ ရက်ည ၈ နာရီကျော်ကျော်ခန့်က နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဦးတင်လွေးကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်သတ်ဖြတ်သွားသည်ဟု မသိရသေးပေ။ ဦးတင်လွေးသည် စိတ်သဘောထားကောင်းမွန်ပြီး စာအသင်ပြလည်းကောင်းသည့်အပြင် လူချစ်လူခင်ပေါများသည့် ကျောင်းဆရာတစ်ဦးဖြစ်ပြီး ယခုကဲ့သု့ိသေဆုံးမှုအပေါ် အလွန်စိတ်မကောင်းကြောင်း မတူပီမြို့က သူ့တပည့်ဖြစ်ခဲ့ဖူးသူတစ်ဦးက ပြောသည်။ “သူကတော့ တကယ့်ရိုးသားတဲ့သူ ကျနော်အလယ်တန်းဘဝတုန်းကလည်း စာသင်ပေးသေးတယ် ပြီးတော့ မူလတန်း ကလေးတွေကိုလည်းအကတွေသင်ပေးတယ် သူကိုယ်တိုင် သူက မြန်မာစာမေဂျာလေ ကျနော်တို့ကို မြန်မာစာပြတာ ပုံပြင်လိုနဲ့ဘာနဲ့ပြတော့ စာတောင်ကျက်စရာမလိုအောင်ကို အသင်ပြလည်းကောင်းတယ်၊ ခုလိုဖြစ်သွားတာ တကယ်စိတ်မကောင်းဘူး” ဟု ၎င်းကပြောသည်။ မြို့နယ်ပညာရေးမှုး ဦးတင်လွေးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် မတူပီမြို့အတွင်း ကင်းလှည့်ကာ လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးခြင်းနှင့် မြို့တွင်းလမ်းကြားများတွင် ကင်းချထားမှုများ ပြုလုပ်ကြသည်ဟု သိရသည်။

Read More

ရေး – Salai Vakok “အကြင်လင်မယားအဖြစ် အေးအတူ၊ ပူအမျှ ဇနီးလောင်းအပေါ်၊ သစ္စာရှိရှိနဲ့ ပေါင်းသင်းပါမယ်လို့ ကတိဝန်ခံချက် ပြုပါသလား” ဓမ္မသင်းအုပ်ဆရာထံမှ ချင်းစကားဖြင့် အေးဆေးလေးပင်စွာ ထွက်ပေါ်လာသော အသံဖြစ်ပြီး သူ၏ရှေ့တွင် အနောက်တိုင်းဝတ်စုံဖြင့် သတိုးသားနှင့် သတိုးသမီးမှာ အပြုံးကိုယ်စီဖြင့် တည်ရှိသည်။ မင်္ဂလာမောင်နှံက လက်ထပ်လက်စွပ် လှဲဝတ်ခြင်း၊ လက်မှတ်ထိုးခြင်းတို့နှင့်အတူ သင်းအုပ်ဆရာက ကောင်းချီးပေးနေသည်။ မင်္ဂလာမဏ္ဍပ်ကို မိုးကာဟောင်းစတွေ မိုးထားပြီး အပြင်အဆင်ကို ပန်းတိမ်ငို၊ ထင်းရှုးရွက်၊ ပုလဲပွင့် စသဖြင့် တောပန်းတချို့နှင့် အလှဆင်ယင်ထားသည်။ ဧည့်ပရိတ်သတ်ကို ကျွေးမွေးရန် စာပွဲဝိုင်းတချို့ ချထားသည်။ ချင်းကျေးလက်ဒေသက တောဓလေ့ မင်္ဂလာဆောင်တစ်ခုသာဖြစ်သည်။ အနီးတစ်ဝိုက်တွင် လူမရှိသော အိမ်တွေနှင့် တိတ်ဆိတ်နေသော၊ စစ်ရှောင်နေရသော ထိုဒေသ၏ မင်္ဂလာဆောင်တွင် ရွာသားက ပုံမှန်ထက် လွန်စွာနည်းသည်။ သို့သော် စစ်မြေပြင် ယူနီဖောင်းဝတ်ထားသော ဧည့်ပရိတ်သတ်နှင့် ရပ်ဝေးမှ လာရောက်ဂုဏ်ပြုသော ပရိတ်သတ်တို့ကြောင့် မင်္ဂလာဆောင်က ပိုစည်နေသည်။ ထူးခြားသည်က မင်္ဂလာဆောင်ကို တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားသော ဝတ်စုံပြည့်ဖြင့် ရဲဘော်တွေ၊ တပ်ရင်း တပ်ဖွဲ့တွေက လုံခြုံရေး ယူပေးနေခြင်းပါ။ မင်္ဂလာဆောင်နေချိန်တွင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလျှင် အဆင်သင့် ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန်ဖြစ်သည်။ စက်တင်ဘာလတွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာကလေးတစ်ရွာ၊ ညိုမှိုင်းသော တောတောင် အလယ်တစ်ခုမှာ စစ်ကောင်စီကို ခုခံတော်လှန်နေသူ CNDF- Vakok ရင်းမှူး အားလျန်၏ လက်ထပ်ပွဲဖြစ်သည်။ “ဘုရားရဲ့ ကျေးဇူးတော်နဲ့ အခက်အခဲတွေ ကြားထဲကနေ ကျနော်တို့ မင်္ဂလာပွဲလေး…

Read More