ဒီသတင်းအမှားကို We love ခေတ်ဘုန်းခ Group မှာ Ei အကောင့်မှ ဖလမ်းမြို့နယ်အတွင်း CAN/CDF အကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် ချင်းတိုင်းရင်းသားများ အိန္ဒိယကို ထွက်ပြေးနေရဆိုတဲ့ သတင်ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ အဲဒီအပြင် “အရင်က တည်ငြိမ်အေးချမ်းတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိတဲ့ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း CNA/CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရကြောင်း သိရတယ်” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ချင်းပြည်နယ် ဖလမ်းမြို့မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်များနဲ့ ချင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သံများကြားလို့ တဖက် မီဇိုရမ်းပြည်နယ်ကိုထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ သတင်းအမှားမှာ ဖော်ပြထားသလို “ဖလမ်းမြို့နယ်အတွင်း ဖလမ်းမြို့နယ်အတွင်း CNA/CDF မကြမ်းဖက်အဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ကျေရွာအတွင်း အတင်းအဓမ္မလူသစ်စုခြင်း၊ ရိက္ခာတောင်းယူခြင်း၊ မထောက်ခံပါက ဒလန်အဖြစ်သတ်ခြင်း၊ ရွာများအားမီးရှို့ခြင်းများ ပြုလုပ်နေတဲ့အတွက်ကြောင့် ဒေသခံပြည်သူ အများအပြား အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံနေရတယ်ဆိုတာတော့ မဟုတ်ဘူး၊ အဲ့သလိုလည်မရှိဘူး ရွာထဲတောင် လက်နက်ကျည်မရောက်ဘူး အသံကြာရုံပဲရှိတဲ့အနေထားမှာပဲ ပြည်သူတွေကထွက်ပြေးကြတာလို့” တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သတင်းဖတ်ရှုသူများအနေနဲ့ သတင်းတုသတင်းမှားများကို သေချာစီစစ်ပြီး ဖတ်ရှုသင့်ပါတယ်။
Author: Editor
ဒီသတင်းအမှားကို Kanpetlet Time News Group မှာ ချင်းပြည်နယ် သတင်းမှန်က “စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးကြ။ ချင်းပြည်နယ် India နယ်စပ်ရှိ ဒေါက်တာ ဆာဆာဖွဲ့စည်းထားတဲ့ Mara CDF အဖွဲ့မှ Mizoram ကိုထွက်ပြေးနေကြတဲ့ လူငယ်များကို NLD/CRPH တပ်မတော် CDF တပ်သားအဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီး တပ်သားစုဆောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကျူလွန်ခြင်းကို နိုင်ငံတကာမှ အရေးယူခြင်းမရှိပါက ဗမာ့တပ်မတော်ကလဲ နိုင်ငံတကာနည်းတူ စစ်မှုမထမ်းမနေရဆိုတဲ့ ဥပဒေအရ လူငယ်မှန်သမျှကို တပ်သားသစ်အဖြစ် စုဆောင်းသွားမယ်လို့ပြောကြား။” ဆိုပြီး ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး CNDF ရဲ့တာဝန်ရှိ သူက အခုလိုပြောပါတယ်။“ဒီသတင်းကတော့ အမှန်မဟုတ်ပါဘူး၊ ကျနော်တို့ CNDF အနေနဲ့လည်း ‘စစ်တစ်ခါမှ မတိုက်ရဲတဲ့ MARA CDF များက Mizoram ကိုထွက်ပြေးနေကြတဲ့ စစ်ဘေးရှောင်လူငယ်များကို CDF လက်နက်ကိုင် အဖြစ် အတင်းအတမ ခြိမ်းခြောက်ဖမ်းဆီးတယ်ဆိုတဲ့’ သတင်းကိုမကြားဘူး၊ ဒီမနက်ကလည်း MARA CDF က သူတို့နာမည်သုံးပြီး ငွေတောင်းခံနေတာကို ရပ်တန့်ဖို့ ထုတ်ပြန်ချက် ထုတ်ထားတယ်၊ ခု ဒီကိစ္စလည်း မဖြစ်နိုင်ဘူးလို့ပြောချင်ပါတယ်” နိုင်ငံမတည်ငြိမ်မှုများကြားက သတင်းတုသတင်းအမှားများဟာနေ့စဉ်လိုလို ထွက်ပေါ်နေပါတယ်။ စာဖတ်သူများအနေနဲ့ ယုံကြည်စိတ်ချထိုက်တဲ့သတင်းဌာနမှာ ဖော်ပြတဲ့သတင်းတွေကိုသာယုံကြည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
စစ်ကိုင်းတိုင်းကလေးမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က အလုပ်ကနေပြန်လာတဲ့ အသက် (၁၉) နှစ်အရွယ် ချင်းလူငယ်တစ်ဦး Thang Muan Khual သည် ပျောက်ဆုံးသွားခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ သူ့ရုပ်အလောင်းကို လာယူဖို့ ကလေးမြို့ စစ်ဆေးရုံကနေ သူ့မိသားစုဝင်တွေထံ အကြောင်းကြားလာတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေက Thang Muan Khual ရဲ့ ရုပ်အလောင်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ သွားသယ်ကြပြီးနောက် အဲဒီနေ့မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ကလေးမြို့ ဒိုးဝိုင်းချောင်းသချိုင်္င်းမှာ သဂြိုလ်ခဲ့ကြတယ်လို့ သိရပါတယ်။ Thang Muan Khual ဟာ ပန်းရံလုပ်ငန်းကို လုပ်ကိုင်ပြီး ဆေးချိုသွေးချိုရောဂါ ခံစားနေရတဲ့ မိခင်၊ ညီနဲ့ ညီမတို့ကို အလုပ်အကျွေးပြုနေသူတစ်ဦးဖြစ်ပါတယ်။ ယခုလို Thang Muan Khual သေဆုံးမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တစ်ဦးကို Khonumthung သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး။ ။ ကိုထန်းမွန်ခွါလ်က ဘယ်နေ့က ဘယ်လိုပျောက်ဆုံးသွားတာလဲ။ ဖြေ။ ။ သူပျောက်ဆုံးတာတော့ ၂၇ ရက်နေ့က အလုပ်ကနေအပြန် သူ့အဘွားအိမ်ကိုဝင်ပြီးတော့ ထမင်းစားခဲ့တာ သူ့အဘွားတို့က ၆ နာရီထိုးနေပြီ ပြန်တော့ဆိုပြီး ပြန်တဲ့အချိန်မှာ အိမ်မရောက်လာတော့ဘူး အိမ်မရောက်တော့ နောက်ရက်ပေါ့ ၂၈ ရက်နေ့မှာ ရဲစခန်းကိုသွားမေးတယ်၊ ရဲစခန်းက ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ) မေးလိုက်တယ်ပေါ့နော် အဲဒီမှာတော့ ဘာမှအဖြေမသိရဘူး မေး။ ။ စစ်ကောင်စီဘက်ကနေ ဘယ်နေ့က ဘယ်လိုမျိူးအကြောင်းကြားလာတာလဲ။ ဖြေ။ ။…
ရိခေါဒါရ်မြို့အနီးတိုက်ပွဲနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက် အိန္ဒိယ-မြန်မာနယ်စပ်အမှတ် (၂) ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့တွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ဒေသခံအများစုသည် တဖက် မီဇိုရမ်ပြည်နယ်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ရိခေါဒါရ်မြို့သည် အမှတ် ၁ နှင့် အမှတ် ၂ ရပ်ကွက် ၂ ခုရှိပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အမှတ် ၂ ရပ်ကွက်အနီးတွင် ဖြစ်ပွားခဲ့သည့်အတွက် အမှတ် ၂ ရပ်ကွက်မှ ပြည်သူအားလုံးနီးပါးသည် မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်ကို ဆက်သွယ်မေးမြန်းထားသည်။ မေး- ရိခေါဒါရ်ဘက်ကဒေသခံတွေ မနေ့က တရွာလုံးနီးပါးထွက်ပြေးကြတယ်လို့သိရပါတယ်။ ဘာကြောင့် ခုလိုထွက်ပြေးကြရတာလဲ။ ဖြေ- မနေ့က ကျွန်တော်တို့ ရိခေါဒါရ်အမှတ် ၂ ရပ်ကွက် နယ်စပ်နဲ့ထိစပ်တဲ့ရပ်ကွက်ပေါ့နော် အပေါ်ဖက်မှာ ပစ်ခတ်တာ ကြားလို့ ဟိုဖက်ကမ်းမှာ ဇိုခေါထာရ်ဘက်ကို ထွက်ပြေးကြတယ်။ ဒီနေ့တော့ အခြေအနေငြိမ်သွားပြီဆိုတော့ တဝက်လောက်ကတော့ ပြန်လာကြပြီ၊ ကလေးရှိတဲ့လူနဲ့ အဖိုးကြီး၊ အဖွားကြီးရှိတဲ့လူပဲ ဟိုဖက်ကမ်းမှာနေသေး တယ်။ မေး- မနေ့က တိုက်ပွဲက ဘယ်နားမှာဖြစ်လဲ၊ ဘယ်သူတွေနဲ့ ဘယ်သူတွေဖြစ်ကြလဲ။ ဖြေ- သူတို့ပြောတာကတော့ စစ်တပ်က CDF ကို ပစ်တယ်လို့ပဲပြောကြတာပဲ။ အမှတ် ၂ ရပ်ကွက်ကနေ ၁ မိုင်လောက်ပဲ ဝေးမှာ။ မြို့ထဲမှာ ကျည်ဆံကျတာတို့ ပစ်တာခတ်တာတို့မရှိဘူး အသံကြားတာနဲ့ ပြေးကြတာပဲ။ မေး- ရိခေါဒါရ်မြို့က အမှတ် ၂ ရပ်ကွက်မှာ…
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက် ယမန်နေ့က Civil Disobedience Movement- CDM ဝန်ထမ်း အမျိုးသမီး ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ နေအိမ်အသီးသီးတွင် ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ဖလမ်းမြို့ ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။ “ကျွန်တော်တို့ဖက်က သိသလောက်တော့ ၇ ယောက်၊ ကြားရသလောက်တော့ ပါတီနိုင်ငံရေးကင်းစင်ကြောင်း မေးမြန်းပြီးရင် ပြန်လွတ်မယ်လို့ကြားတယ်။ ဒါပေမယ့် ဘာမှတိတိကျကျ မသိရသေးဘူး။ တွေ့လို့မရဘူး။ စစ်ဆေးမေးမြန်းနေတုန်းဆိုတော့” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။ အဖမ်းခံရသည့်အမျိုးသမီး ၇ ဦးတို့မှာ ပညာရေးဌာနက ၄ ဦးနှင့် ကျန်းမာရေး၊ ဆည်မြောင်း၊ ဆက်သွယ်ရေးဌာနက ဝန်ထမ်းများဟု သိရသည်။ ၎င်းတို့အား စစ်ကောင်စီတပ်ဖွဲ့က မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း CDM လှုပ်ရှားမှုတွင်ပါဝင်သည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ဖလမ်းဒေသခံက ပြောသည်။ ဖလမ်းမြို့တွင် အစိုးရဌာနအလိုက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ဝန်ထမ်းဦးရေ ၃၀၀၀ ခန့်ရှိသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်မှာ ချင်းပြည်သူ့ကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီ တပ်အကြား ၉ လအတွင်း တိုက်ပွဲပေါင်း ၁၈၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် တစ်ထောင်ကျော် သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ၅၈ ဦးကျဆုံးခဲ့တယ်လို့ Chinland Joint Defense Committee က ထုတ်ပြန်လိုက်ပါတယ်။ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလ ၂၄ ရက်နေ့ကစ၍ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ရာမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိ်ုက်ပွဲပေါင်း ၁၈၄ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ၁၈၄ ထဲမှာ တိုက်ပွဲငယ်တွေကိုတော့ ထည့်တွက်ထားခြင်းမရှိဘူးလို့ CJDC ကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၀၂၉ ဦး သေဆုံးကာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၅၈ ဦး ချင်းပြည်နဲ့အမျိုးသားအတွက် အသက်ပေးစတေးခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ၂၇ ဦးကိုလည်း သေဆုံးခဲ့ရတယ်လို့ CJDC ရဲ့ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် ဇန်နဝါရီ ၂၅ ရက်နေ့ည ၉းဝဝ နာရီခန့်က လက်နက်ကြီး ၄ ကြိမ်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ရုန်းရင်းဆန်ခပ်ဖြစ်ပွားခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ် ဇိုးခေါထားတွင် ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ကြသည်ဟုသိရသည်။ ဗုံးဖောက်ခွဲရခြင်းအကြောင်းရင်းကို သေချာမသိရသော်လည်း ဖလမ်းမြို့နယ် ရိခေါ်ဒါရ်မြို့ တပ်ကုန်းတွင် မကြာခင်ရက်ပိုင်း က စစ်သားအယောက် ၅၀ ရောက်ရှိလားပြီး အဆိုပါ စစ်သားများက ပြည်သူလူထုကို ခြိမ်းခြောက်သည့်အနေဖြင့် ယခုလို ဗုံးဖောက်ခွဲလိုက်တာဖြစ်နိုင်သည်ဟု ရိခေါဒါရ်မြို့ဒေသခံများကပြောသည်။ ရိခေါဒါရ်မြို့သည် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့်မြို့ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟုဆိုကာ ရွာသား အများစုသည် တဖက်မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ အရင်ပတ်ကတည်းက ပစ္စည်များကိုလည်း ကြိုတင်သယ်ဆောင်ထားခဲ့ကြသည်ဟု သိရသည်။
၁. ၁၂-၁-၂၀၂၂ ရက်မှ ၂၂-၁-၂၀၂၂ အထိ (၁၀) ရက်အတွင်း တီးတိန်မြိုနယ်၊ Hiangzing ရွာအနီးတွင် အာဏာလု စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ နေ့စဉ်တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ ၂. တိုက်ပွဲတွင် ZFU/PDF-Zoland, CDM-Siyin, PDF-Kalay, CNDF, Zogam Army, Zomi-PDF, PDA, CNA, CDF-KKG စသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများ အတူတကွတိုက်ပွဲဝင်ခဲ့ကြပါသည်။ ၃. (၁၀) ရက်တိုက်ပွဲအတွင်း အာဏာလုစစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်၊ စစ်လေယာဉ်များအသုံးပြု၍ ရက်စက်ယုတ်မာစွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါသည်။ ၄. ဂျီနီဗာသဘောတူညီချက်ကို မျက်ကွယ်ပြု၍ ဇိုမီးလူငယ်များပညာသင်ကြားရာ ခိုင်ကမ်း (ကလေးမြို့) တက္ကသိုလ် ဝင်းထဲမှ လက်နက်ကြီးများဖြင့် အနည်းဆုံးအချက် (၁၀၀) ကျော်၊ စစ်လေယာဉ် ၂ စီးဖြင့် ၄ ကြိမ် မနက်၊ နေ့ခင်း၊ ညနေ ဆက်တိုက် ပစ်ခတ်ခဲ့သည်။ ၅. လက်နက်အင်အား၊ လူအင်အား မတန်တဆအသုံးပြုကာ ဝေဟင်၊မြေပြင် အနီးအဝေးမှ ဆက်တိုက် တိုက်ခိုက်ခဲ့ပါသည်။ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များသည် ပြည်သူများ၏ဆုတောင်းပေးမှုကြောင့် လည်းကောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင့်လည်းကောင်း၊ အချိန်နှင့်တပြေးညီ ပူးပေါင်းလုပ်ရှားကာ ပြည်လည် တိုက်ခိုက်ခဲ့သောကြောင့် (၁၀) ရက်တာ တိုက်ပွဲအတွင်း စကစ ၈ဝကျော်ကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပါသည်။ ၆. (၁၀)တာ ရက်တိုက်ပွဲအတွင်း ပြည်သူနှင့်ပြည်သူ့ပိုင်ပစ္စည်းများကို မထိခိုက်စေရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အထူးဂရုပြုတိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးဗျူဟာ ပြောင်းလဲကာ တီးတိန်မြိုနယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များသည် မိမိတို၏စခန်းများသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။…
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီလ ၂၂ နဲ့ ၂၃ ရက်နေ့ ၂ ရက်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသည်ဟုသိရသည်။ ယမန်နေ့ဇန်နဝါရီလ ၂၃ ရက်နေ့က ချင်းပြည်နယ် မတူပီ၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြရာမှာ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဘက်က တပ်ရင်းမှူးတစ်ဦးအပါအဝင် ရဲဘော် ၃ ဦး ကျဆုံးခဲ့ပါတယ်။ မတူပီမြို့နယ် ရေဇွာမြို့အနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး CDF-Matupi တပ်ရင်း ၂ က ဆလိုင်း San Thar ကျဆုံးခဲ့ပြီး ခုချိန်ထိအလောင်းပြန် မရသေးဘူးလို့ CDF-Matupi ပြန်ကြားရေးတာဝန်ခံတစ်ဦးက ခုလိုပြောဆိုပါတယ်။ “ကျနော်တို့ ရဲဘော်တစ်ယောက်ကျသွားတယ် မနေ့ကဖြစ်တဲ့တိုက်ပွဲမှာ ၃ နာရီလောက်စဖြစ်တယ် ၄ နာရီလောက်မှာ ကျသွားတာပါ ခုထိကိုအလောင်းမရသေးဘူး သူရှိတဲ့အလောင်းနေရာက CDF ရှိတဲ့နေရာနဲ့ အလောင်းရှိတဲ့နေရာကြားမှ စစ်ကောင်စီက နေရာယူထားတော့ အလောင်းကိုသွားမယူနိုင်သေးဘူး” လို့ သူကပြောပါတယ်။ ဆလိုင်း San Thar ဟာ CDF-Matupi တပ်ရင်း ၂ မှာ တပ်ရင်းမှူးအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို ရေဇွာမြို့အနီး တိုက်ပွဲမှာ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ဗျူဟာအခြေစိုက်တဲ့နေရာဖြစ်တဲ့ မတူပီမြို့မှာ မကြာသေးခင်ရက်ပိုင်းက စစ်ကားအစီး ၉၀ လောက် ထပ်မံရောက်ရှိလာပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနိုင်တယ်လို့လည်း သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းနယ်စပ်ဘက်မှာလည်း မနေ့က စစ်ကောင်စီနဲ့…
ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှ “တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့သည့် CNA ချင်းအမျိုးသားတပ်မတော် ချင်းသူရဲကောင်း Salai Benezar လေးစားဦးညွတ်ပါတယ်။ အဖဘုရား၏ ကောင်းကင်နိုင်ငံတော်မှာ ငြိမ်းချမ်းစွာအနားယူပါတော့…. စစ်ခွေး ၁၉ ကောင်နဲ့ မတန်လိုက်တာ ကျန်ရစ်သူမိသားစုနဲ့ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ယခုလက်ရှိ ချင်းပြည်နယ်မှာ ချင်းအမျိူးသားတပ်မတော်အပါအဝင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေပြင်းထန်လျှက်ရှိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိပေမယ့် အဲဒီသတင်းမှာဖော်ပြထားသလို Salai Benezar ဟာ တိုက်ပွဲမှ ာကျဆုံးခြင်းမရှိပါဘူး။ အဲဒီသတင်းအမှားနဲ့ပတ်သက်ပြီး Salai Benezer က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ “ငါမသေပါဘူး၊ ဘယ်ကောင်လက်ကမျင်းတာလဲဟ’’ ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ ဒီလို သတင်းအရင်းမြစ်မမှန်ကန်တဲ့ သေဆုံးမှုသတင်းများဟာ သက်ဆိုင်သူမိသားစုများကို ထိတ်လန်မှုနဲ့ ဝမ်းနည်မှုဖြစ်စေနိုင်ပါတယ်။ ထိုသတင်းအမှားကို ချင်းတောင်တန်းနှင့် ချင်းတောင်ဇလပ် Chin Group မှရက်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း စာဖတ်သူများအနေနဲ့ အရပ်သားပြည်သူ သေဆုံးမှုများ၊ CNF/CDF ကျဆုံးသွားတဲ့ ရဲဘော်သတင်းများ တွေ့ရှိမယ်ဆိုရင် ကိုယ်နဲ့သိတဲ့မိတ်ဆွေ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သတင်းရင်းမြစ်မှန်ကန်မှသာ ပြန်လည်ဝေမျှဖို့ တိုက်တွန်းလိုက်ရပါတယ်။
