ချင်းပြည်နယ် တီးတိန်မြ်ို့နယ် ကလေး-တီးတိန်ကားလမ်းမပေါ်က ဟိန်ဇိန် (Hriangzing) ကျေးရွာအနီးအဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းအပါအဝင် ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ယနေ့မနက်ပိုင်း ၇ နာရီလောက်ကစပြီး ကလေးမြ်ို့တက္ကသိုလ်ကျောင်းဝင်းထဲကနေ ဘီးတပ်အမြောက်လက်နက်ကြီးတွေနဲ့ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အနည်းဆုံး အကြိမ် ၂၀ လောက် ပစ်ခတ်ခဲ့ပြီးနောက် ရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေပါ တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ PDF- Zoland ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “ဒီနေ့မနက် ၇ ခွဲလောက်ကနေ ကလေးမြိ့တက္ကသိုလ်ကျောင်းဝင်းထဲကနေ အမြောက် ၃ လက်နဲ့ တောက်လျှောက်ထုနေတယ် အကြိမ် ၂၀ လောက်တော့ထုမယ် ၈ နာရီခွဲလောက်ကျတော့ ဟတ်စကီး ၂ စီးနဲ့ ကျနော်တို့ ရှိတယ်လို့ ထင်တဲ့နေရာတွေကို သူတို့ပတ်ပြီးတော့ လှမ်းပစ်တာပေါ့” အင်အား ၁၀၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဟိန်ဇိန်ကျေးရွာအနီး သိုင်းငင်ကျေးရွာအောက်နားမှာ ရှေ့ဆက်မတိုးနိုင်ပဲသောင်တင်နေပြီး သိုင်းငင်ကျေးရွာဘက်ကို ရှေ့ဆက်တိုးနိုင်ဖို့အတွက် ယခုလိုလက်နက်ကြီးနဲ့ လေကြောင်းကနေပါ ပစ်ကူနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က အမြောက်လက်နက်ကြီးနဲ့ လေကြောင်းကနေပါ ထိုးစစ်ဆင်ပစ်ကူခဲ့ပြီးနောက် ဟိန်ဇိန်ကျေးရွာအနီးမှာ သောင်တင်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှေ့ဆက်တိုးလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။ “၈ နာရီကျော်ကျော်မှာလေယာဉ်နဲ့လာထုတယ် အဲဒါထုပြီးပြီးချင်း သူတို့ခြေလျင်နဲ့တက်လာတယ် အခုကတောက် လျှောက်ပစ်နေတုန်းပဲ” တချိန်ထဲမှာပဲ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီတပ်သားတွေဟာ ဒီမနက်ပိုင်းမှာပဲ တီးတိန်မြို့ကနေ ကလေးမြို့ဘက်သို့ ဆင်းလာနေပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အရှေ့နဲ့အနောက်ကနေ ကြားညှပ်ဖိတိုက်လာနိုင်တယ်လို့ ယူဆရပါတယ်။ ဟိန်ဇိန်ကျေးရွာအနီးမှာ…
Author: Editor
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့က ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဇန္နဝါရီလ ၂၀ ရက် ယမန်နေ့ညက ဖမ်းဆီးခဲ့ပြီး ယနေ့မနက်တွင် ကတိခံဝန်ချက် လက်မှတ်ထိုးစေပြီး ပြန်လည်လွတ်ပေးလိုက်သည်ဟု သိရသည်။ “မနေ့က ၃ နာရီလောက်မှာ စစ်သားတွေ အလုံးအရင်းနဲ့ ရောက်လာတယ်။ ညနေပိုင်းကနေ အပြင်ထွက်သမျှလူတွေကို ရိုက်နှက်ပြီးမှ ဖမ်းနေတာ။ ရဲစခန်းရောက်တာ ၄ ယောက်ပဲ။ ဒီမနက်ပဲ ၁၀ နာရီလောက်မှာ ၄ ယောက်စလုံးလွတ်ပြီ။ အာမခံချက်တွေ လက်မှတ်တွေထိုးတယ်။ သူတို့က ပြစ်မှုမကျူးလွန်ဘူး။ ခိုဘွေရပ်ကွက်ကတွေ။” ဟု မတူပီမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါဖမ်းဆီးခံရသူ ၄ ဦးမွာ အရှေ့ခိုဘွေရပ်ကွက်တွင် နေထိုင်ကြသည့် ဦးခင်မောင်၊ ဦးယောဘ၊ ဦးဆန်းအောင်နှင့် ဦးအောင်သူတို့ဖြစ်ကြပြီး ၎င်းတို့သည် အိိမ်ပြန်လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်ခြင်းကိုလည်း ခံရသည်ဟု သိရသည်။ ယခုလက်ရှိ မတူပီမြို့နယ်တွင် CDF ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား ထောက်ပို့လုပ်သည်ဟု သံသယဖြင့် ဖမ်းဆီခံရသည့် ပြည်သူ ၁၉ ဦးရှိပြီး မတူပီ အချုပ်ခန်းတွင် ထားရှိသည်ဟုလည်း သိရသည်။ ဇန္နဝါရီလ ၂၀ ရက်နေ့က မင်းတပ်မြို့မှ စစ်ကောင်စီ စစ်ယာဉ်တန်း ၉၀ ကျော်သည် မတူပီမြို့သို့ ရောက်ရှိနေလာပြီး မြို့တွင်း စစ်တပ်အင်းအား တိုးချဲ့ထားသည့်အပြင် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းနှင့် သေနတ်ပစ်ဖောက်ခြင်းများကိုလည်း ပြုလုပ်ကြကြောင်း သိရသည်။
ချင်းပြည်နယ် ဖလမ်းမြို့က အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် စစ်ကိ်ုင်း တိုင်း ကလေးမြို့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ချိတ်ပိတ်လိုက် တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်မှာရှိတဲ့ ပြည်နယ်လွတ်တော်အမတ် Pu Ral Hnin (ပူးရာလ်နှင်း) နေအိမ်ကို ယနေ့ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်တာလို့ ဖလမ်းဒေသခံတစ်ဦးကပြောပါတယ်။ “နိုင်ငံတော်အပို်င် သိမ်းတော့မယ်။ ရောင်းဝယ်ခြင်းတွေ မလုပ်ရဆိုပြီး စာကပ်လိုက်တာ။ တခြားအိမ်တွေကို မကပ်ဘူး။ သူ့တစ်ယောက်ထဲအိမ်ပဲ ကွက်ပြီး တော့ကပ်တာ၊” လို့ ဖလမ်းမြို့ခံတစ်ဦးက ပြောပါတယ်။ Pu Ral Hnin ဟာ ၂၀၁၅ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကနေ ဖလမ်းမြို့နယ်၊ အမှတ် (၁) ပြည်နယ်လွတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီမှ ထပ်မံရွေးချယ်ခံရ သူဖြစ်ပါတယ်။ အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခေါ်) ဒေါ်ရှားမီးရဲ့ နေအိမ်နဲ့ ကလေးမြို့၊ လှိုင်သာယာရပ်ကွက်က တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော် နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ပါတယ်။ “ရဲနှင့် တပ်ပေါ့ ၂ ခုစလုံးကားနဲ့လာပြီး သူတို့အိမ်မှာ စာလာကပ်သွားတယ်” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။ ဒေါ်ရှားမီးနှင့် ဒေါ်သန့်ဝေကျော်တို့ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ မျိူးသားဒီမိုကရေစီအဖွဲ့ချုပ်…
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်အကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန်သွားပြီး တီးတိန်၊ တွန်းဇံ စတဲ့မြို့တွေမှာ ကုန်စျေးနှုန်း ၂ ဆလောက်မြင့်တက်နေတယ်လို့ သိရပါတယ်။ “အခုရက်ပိုင်းမှာပဲ ဆားသုံးဆီ အရင်က ပုံးအဝါ တစ်ပုံးကို ၅ သောင်းကျော်ပဲရှိတာ။ ဒီနေ့မနက်ဆိုရင် ၁ သိန်းလောက်ရှိပြီ။ ပစ္စည်းကလည်း ပြတ်နေပြီ။ စျေးကအဆမတန်တက်နေတာ။ ၂ ဆလောက်တက်တယ်ဆိုတော့ သိပ်အဆင်မပြေဘူး။ အသကုန်ဝယ်ထားကြလို့ ဝယ်ဖို့က သိပ်မရှိတာ။ အဓိက သိုင်းငင်ဖက်မှာ တိုက်ပွဲဖြစ်ကြောင့်။ သွားလို့မရတာ ရက်သတ္တပတ် ကျော်ကြာပြီ။ အလုပ်လု ပ်ဖို့လည်းအဆင်မပြေဘူး၊ ခရီးလည်းသွားလို့မရဘူး” ဟု တီးတိန်ဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့ ကလေး-တီးတိန်ကားလမ်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့စပြီး ကလေးမြို့ကနေ တီးတိန်မြို့ဘက်သို့ ကုန်ပစ္စည်းဝင်ရောက်မှု မရှိတော့တာကြောင့် တီးတိန်မြို့မှာ ကုန်ပစ္စည်းတွေ အလုအယှက်ဝယ်ယူနေမှုတို့ကြောင့် လောင်စာဆီတွေလည်း စျေးမြင့်တက်နေပြီး ကုန်ပစ္စည်းအများစုကတော့ ပြတ်လပ်တော့မယ့်အနေအထား ရှိနေပြီလို့သိရပါတယ်။ အလားတူ တွန်းဇံမြို့နယ်မှာလည်း ကုန်ခြောက်ပစ္စည်းများ ဝယ်စရာကုန်နေပြီး အသားငါး ဝယ်ယူစားသုံးရန်အတွက်ပါ ခက်ခဲနေတယ်လို့ တွန်းဇံမြို့က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။ “လမ်းက ဘယ်အချိန်လောက်ဖွင့်မလဲဆိုတာ မသေချာတော့ ကုန်စျေးနှုန်းတွေ အကုန်တက်သွားတာ။ အခုချိန်မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဝယ်လို့မရတော့ဘူး အသားတို့၊ ဘာတို့လည်း ဝယ်လို့မရဘူး။ ကျမတို့ မိသားစုတောင်မှ ဒီလိုသတင်းတွေ သိပ်မကြားတော့ ဆန်က တအိတ်တောင်မှမရှိဘူးဖြစ်နေတာ မရတော့ဘူး။ တစ်လ၊ နှစ်လ ပိတ်ရင်တော့ တော်တော်လေးကို ခက်ခဲမှာပဲ” လို့…
သတင်းအမှန်ကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တမူးမြို့ကို ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်များကို တပ်မူး PDF တပ်ရင်း ၃ က မိုင်းဆွဲတိုက်ခဲ့တာဖြစ်ပါတယ်။ ထိုမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ ရဲအုပ်အဆင့် ၁ ဦးအပါအဝင် ရဲသား ၄ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပြင် ခြောက်လုံးပြူးသေနတ်အပါအဝင် သေနတ်သုံးလက်နဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ USDP (တပ်မတော်ထောက်ခံသူများ ဆုံစည်းရာ) Group မှာ ကျော်သီဟ အကောင့်ကနေပြီးတော့ အထက်ပါသတင်းကိုပဲ “စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ကလေး-တမူးလမ်းပိုင်း အာရှလမ်းမပေါ်တွင် ရဲတပ်ဖွဲ့ အယောင်ဆောင် အကြမ်းဖက် PDF အဖွဲ့အားမြန်မာတပ်မတော် ကွန်မန်ဒို ၃ ဦးမှ လက်ရဖမ်းဆီးရရှိ ၄ ဦးသေဆုံး ၁၀ အရှင်ဖမ်းမိ” ဆိုပြီး သတင်းအမှားကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာပဲ ပုံမှားရိုက်ပြီး ပြန်လည်ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအမှားတွေဟာ နေစဉ်လိုလို ပျံနှံ့နေပါတယ်။ စာဖတ်သူများအနေနဲ့ သတင်းအမှား အမှန်ခွဲခြားနိုင်ဖို့ သတင်းများကိုဖတ်ျရှုတဲ့အခါသေချာ စီစစ်ပြီးဖတ်ရှုသင့်ပါတယ်။ ယုံကြည်စိတ်ချထိုက်တဲ့ သတင်းဌာမှတင်တဲ့ သတင်းများကိုသာ ဖတ်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။
စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆင်နွဲနေသည့် ချင်းပြည်နယ်တောင်ပိုင်းဒေသ မင်းတပ်မြို့နယ်တွင် ကျောင်းနေရွယ်ကလေးများ ပညာရေး ထိခိုက်မှုမရှိစေရန်အတွက် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းသူ၊ကျောင်းသားပေါင်း ၆၀၀၀ ကျော်ကို ပညာသင်ကြားပေးလျှက်ရှိသည်ဟု သိရသည်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဌာန ဦးဆောင်မှုဖြင့် မင်းတပ်မြို့နယ် ကျေးရွာပေါင်း ၁၃၆ ရွာမှ ကျောင်းသူ၊ကျောင်းသား ၆,၂၈၂ ဦးကို စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများက ကျောင်းစာများသင်ကြားပေးနေ ကြောင်း မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့က ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်တွင် ကလေးငယ်များ ကျောင်းစာသင်ကြားရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ကြပြီး အစကနဦးပိုင်းတွင် ကျေးရွာပေါင်း ၈၀ ကျော်မှ ကလေးငယ် ၃,၃၄၃ ဦးကို ဆရာ၊ ဆရာမ ၂၀၀ ကျော်နှင့် သင်ကြားပေးခဲ့ကြသည်။ ယခုအခါ ကျေးရွာပေါင်း ၁၃၀ မှ ကျောင်းသားကျောင်းသူ ၆ ထောင်ကျော်ကို ဆရာ၊ ဆရာမ တစ်ထောင်ကျော်နှင့် သင်ကြားပေးနိုင်ခဲ့ပြီဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ယောမာန်က ပြောသည်။ “ကျေးရွာပေါင်း ၁၃၆ ရွာဝန်ကျင်လောက်ရှိပြီ ကျောင်းသာဦးရေကတော့ ၆၂၈၂ ယောက် ဆရာဦးရေကတော့ ၈၅၈ ယောက် အဲဒါကကျနော်တို့ လေ့ကျင့်ထားတဲ့ဆရာတွေနော်၊ တကယ့် သင်ကြားရေး ဝင်နေတဲ့ ဆရာတွေအကုန်လုံး ပေါင်းလိုက်ရင် တစ်ထာင်ကျော်လောက်ရှိမယ်။ တချို့ထိုးစစ်နဲ့ နီးတဲ့ နေရာ ၄၊ ၅ ရွာလောက်ပဲ မသင်တာပါ။ ဒါပေမယ့် အကုန်လုံးက ပြန်သင်လာကြပြီပေါ့၊ အကုန်လုံးနီးပါး သင်လာကြြ…
ဖလမ်းမြို့နယ်၊ ဖလမ်း-ကေလး ကားလမ်းမပေါ်တွင် စစ်ကောင်စီနှင့် CNDF တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။ ဇန္နဝါရီလ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ရာ ဖလမ်းမြို့အခြေစိုက် ခလ၇ ၂၆၈ မွ လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ကူခဲ့ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်ဟု CNDF ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် CNDF ဘက်မှ ၁ ဦး ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပါသည်။ အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လာသီးကျေးရွာအနီး၌ စစ်ကောင်စီများအား CNDF တပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများပြားရှိခဲ့ပြီး CNDF ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူမရှိဟု သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအ တိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီဖွဲ့သည် လမ်းခုလပ်တွင်ခြုံခိုတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CDM-Siyin တပ်ဖွဲ့ကထုတ်ပြန်သည်။ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်း ဟိန်ဇင်နှင့် သိုင်ငင်းကျေးရွာအကြားတွင် ရှေ့ဆက်မတိုးနိုင်ပဲ ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကူညီရန် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ကလေးမြို့မှတက်လာသော စစ်ကား ၃ စီးနှင့် စက်သေနတ်ပါကားအသေး ၂ စီးကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNA, CDM Siyin, PDF-Zoland, Kalay PDF 3, Kalay PDF 9, Zomi PDF, Zongam Army, CDF-KKG-2 စသည်တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အမြောက်အများဒါဏ်ရာရရှိခဲ့ကြောင်း CDM-Siyin တပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောသည်။ “ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူဖို့အတွက် ဒီနေ့ စကစက ကားသုံးစီးနဲ့ စက်သေနတ်ပါတဲ့ ကားအသေး ၂ စီး ကလေးမြို့ကနေတက်လာတယ်။ ကျွန်တော်တို့က ကြားထဲကနေဝင် တိုက်လို က်တယ်။ သူတို့ဖက်က အထိနည်းနည်းနာ တော့ သူတို့က ချက်ခြင်းပြန်ခေါက်သွားတယ်။ အနည်းဆုံး ၁၀ ယောက်ထက်မနည်း လုံးဝထိထားတယ်။ အမြောက်အများ ဒဏ်ရာရထားပေါ့။ ကျွန်တော်တို့ ဖက်ကတော့ အထိအခိုက်မရှိပါဘူး” CDM-Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တီးတိန်ကားလမ်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်ဘက်သို့…
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ဘက်မှ စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်များသည် ဇန္နဝါရီလ ၁၄ ရက် မနက် ၃ နာရီအချိန်ခန့်တွင် မွှန်လီကျေးရွာနှင့် ဗားရ်စခန်းအကြား CNDF မှ ထောင်ထားသော နင်းမိုင်း၊ တိုက်မိုင်းများကြောင့် (၅) ဦး သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်သည်။ ထို့နောက် ယနေ့ ဇန္နဝါရီလ ၁၅ ရက်နေ့တွင် အဆိုပါ ဗားရ်စခန်းမှ ပြန်လည်ထွက်ခွာလာကြရာ ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီးတွင် CNDF နှင့် နံနက် ၁၀ နာရီအချိန်ခန့်မှ ညေန ၅ နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ပစ်ခတ်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲအတွင်း CNDF များ၏ မိုင်းပဒေသာနှင့် ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်မှ ၄ ဦးခန့်သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိပါသည်ဟုသိရသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ဖက်မှ ချင်းပြည်နယ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်အား CNDF အပါအဝင် CNA, CDF-KKG, Zoland-PDF, CDM ပူးပေါင်းတပ်များနှင့်အတူ တီးတိန်မြို့နယ်၊ ဟိန်းဇိန်ကျေးရွာမှ ခုခံတိုက်ခိုက်ခဲ့ကြရာ အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းပါ အသုံးပြုပြီး ပစ်ခတ်ခဲ့သည်။ လက်ရှိ စစ်ရေးအခြေအနေအရ တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် ဖလမ်း – ကေလး လမ်းမကြီးနှင့် ဖလမ်း – ဝေဘူလ လမ်းဘက်သို့ ခရီးသွားလာခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်ဟု CNDF က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ကလေး-တီးတိန်ကားလမ်းပေါ်ရှိ ဟိန်ဇင်ကျေးရွာအနီးတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်လောက်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက ကလေးမြို့မှ ချင်းတောင်ဘက်သို့စစ်ကြောင်းချီလာပြီး ထေးဇန်ကျေးရွာမှာ ညအိပ်တည်းခိုခဲ့ကြပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ CNA, CNDF, PDF-Zoland, CDM Siyin, Zogam Army, People’s Defense Army (PDA) စတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထေးဇန်ကျေးရွာဘက်မှ ဟိန်ဇင်ကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် နေအိမ်အတွင်းပုန်းနေသည့်အသက် ၃၀ အရွယ် ဦးမန်ဒိုခုပ်ကို ပစ်သတ်ခဲ့ကြသည်ဟုလည်း သိရသည်။ ယနေ့ နံနက်ပိုင်းတွင်လည်း ကလေးမြို့မှ ချင်းတောင်ဘက်သို့ လက်နက်ကြီးများအပါအဝင် စစ်ကားများတက်သွားသည်ဟု သိရသည်။
