Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

မီဇိုရမ်တွင် အိုမီခရွန် ကူးစက်ခံရသူ ၆၂ ဦး တွေ့ရှိ

0
By Editor on February 17, 2022 Khonumthung

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂ ဦး စတင်တွေ့ရှိကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြောဆိုခွင့်ရှိသူ Lalmalsawma Pachuau က မီဇိုရမ်တွင် ကိုဗစ်ရော ဂါပိုး ကူးစက်ခံသူထဲမှာ အိုမီခရွန် ပိုင်းရပ်စ်ရောဂါပိုးရှိမရှိ ဆေးစစ်ချက် ရလဒ် ၁၂၂ ခုထွက်လာသည့်အနက် ၆၂ ဦးမှာ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသည်ဟုပြောဆိုခဲ့သည်။

အဆိုပါ အိုမီခရွန်ပိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၆၂ ဦးစလုံးမှာ မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်က ဖြစ်ကြသည်ဟု The Aizawl Post သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိသည့်အချိန်ကစပြီး ယနေ့လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ ၁၉၉၀၁၉ ဦးရှိပြီး၊ သက်သာပျောက်ကင်းသူဦးရေ ၁၈၆၅၀၄ ဦးရှိသည်။

လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကုသဆဲလူနာ ၁၁၈၇၈ ဦးရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၆၃၇ ဦးရှိနေပြီဖြစ်သည်။

မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားနောက်ပြီး မြန်မာနိုင်ငံသားအများစု သွားရောက်ခိုလုံ နေသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၄ သောင်းနီးပါးခန့်ရှိနေပြီဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.