မာဂရက် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ဇွန်လ ၃ရက် ယနေ့နံနက် ၇ နာရီနှင့် ၉ နာရီကျော်ကျော်ခန့်က ကိုဗစ်-၁၉ ရောဂါဖြင့် အသက် ၅၂ အရွယ် အမျိုးသားတစ်ဦး နှင့် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရှေ့ဆင့်နောက်ဆင့် ထပ်မံသေဆုံးသည်ဟု သိရသည်။ “မနက် ၇ နာရီမှာဆုံးတာ အမျိုးသား သိက္ခာတော်ရဆရာ အသက် ၅၂ နှစ်အရွယ်၊ ၉ နာရီကျော်ကျော်လောက်မှာ အမျိုးသမီးတစ်ယောက်ထပ်ဆုံးတယ်၊ ဆေးရုံတက်တဲ့ ထဲကပဲ၊ ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တယ် ကျီးခါးကပဲ၊ အသုဘကဒီနေ့ပဲ သဂြိုလ်မဲ့နေရာ၊ အုတ်ဂူတွေပြီးလို့ရှိရင်တခါထဲမြုပ်မယ်၊ အိမ်မှာလည်း မပို့ခိုင်းဘူး ဆေးရုံရင်ခွဲရုံကနေပဲ မြုပ်မယ် ” ဟု ကျီခါးမြို့ခံတစ်ဦးကပြောသည်။ ကျီးခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၄ ဦးရှိသွားပြီဖြစ်သည်။
Author: Editor
By လားနွန် – ကလေးမြို့တာဟန်းရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် ဝယ်စလီဆေးရုံတွင် ဆရာဝန်တစ်ဦးအပါအဝင် သူနာပြုဆရာမ (၇) ဦးထံ ကိုဗစ် ၁၉ရောဂါပိုးတွေ့ရှိမှုကြောင့် ဇွန်လ ၂ ရက်နေ့ ညနေ ၅ နာရီကစ၍ ပြင်ပ လူနာကုသခြင်းနှင့်အတွင်းလူနာအသစ် လက်ခံကုသခြင်းအား အချိန်အကန့်အသတ်မရှိ ခေတ္တဆိုင်းငံ့ထား သည် ဟုသိရသည်။ ဝယ်စလီဆေးရုံတွင် ကိုဗစ်ရောဂါကာကွယ်ရေး ထိန်းချုပ်ရေးအဖွဲ့မှ Positive လူနာနှင့် ထိတွေမှုရှိသူ (၂၁) ဦးအား ပိုးရှိမရှိ စစ်ဆေးရာမှ ဝန်ထမ်း (၈) ဦးထံ Positive တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ဒီနေ့စစ်ဖြစ်တယ် လူနာနဲ့ ထိတွေဆက်စပ်တဲ့သူတွေလို့ ယူဆရတဲ့ အယောက် (၂၁) ယောက်စစ်ဆေးတယ် အဲ့ထဲမှာ (၈) ယောက် Positive ဖြစ်တယ် ကျနော်သိတာမမှားဘူးဆိုရင် ကူးဆက်ခံရတဲ့သူ ကျနော်တို့ ဆရာဝန်အပါအဝင်ဆရာဆရာမတွေအားလုံးကို ကွာရန်တင်း စင်တာပို့လိုက်ပြီ အိတ်စွပ်ကွာရန်တင်းစင်တာမှာ အားလုံးကိုပို့လိုက်ပြီကျနော်တို့က အခုဆိုရင် ကျနော်လည်း Night duty ပေါ့နော် ကျနော်တို့ ဒီနေ့မှာ စစ်ဆေးမှုတွေလုပ်တယ် မနက် ၉နာရီလား ၁၀ နာရီလားစစ်ဆေးသွားတယ် ကျနော်ကျ Night duty ဆိုတော့ နေ့လည်ပိုင်းကျန်သွားတယ် ကျနော့်လိုNight duty ဆရာဆရာမတွေအများကြီးရှိပါတယ် ကျနော်တို့ မနက် Round ပြီးပြန်တယ် အားလုံးက ကျနော်တို့Positive ဖြစ်တဲ့သူတွေနဲ့ ထိတွေ့တဲ့သူတွေလည်းဖြစ်တယ် အဲဒါကြောင့် ကျနော်တို့အကုန်လုံး ပြန်လာရတယ်ဆေးရုံပြန်လာပြီးတော့ ကျနော်တို့ ဆေးရုံမှာပဲ တောက်လျှောက်နေတော့မယ် ကျနော်တို့ ဆေးရုံမှာ Lockdown ကျသွားတဲ့ထဲမှာပါတယ် အိမ်မှာနေလို့မရတော့ဘူးပေါ့နော်” ဟု…
မာဂရက် – ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဇွန်လ ၂ ရက်နေ့ (၁၂း ၃၀) အချိန်တွင် ကိုဗစ်ရောဂါဖြင့် အသက် ၅၀ အရွယ် အမျိုးသမီးသေဆုံးသွားပြီး ယနေ့တွင်လည်း ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးထပ်မံတွေ့ ရှိကြောင်း သိရသည်။ “အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်၊ ဒီနေ့နေ့လည် ၁၂ ခွဲကျော်ကျော်မှာ မနေ့က ၄ယောက်တွေ့ထားတဲ့ထဲမှာ ၂ ယောက်ကနည်းနည်းစိုးရိမ်ရတဲ့သူထဲက တယောက်ဆုံးသွားတာ၊ သူက ကိုဗစ်ရောဂါကြောင့်ပဲ ဆုံးသွားတာ ခုနပဲ ဆေးရုံကနေ အိမ်ကို မပြန်တော့ပဲနဲ့ သချိုင်းမှာ တိုက်ရိုက်သဂြိုလ်လိုက်တယ်” ဟု ဖလမ်းမြို့ ခံတစ်ဦးက ပြောသည်။ ဖလမ်းမြို့တွင် ကိုဗစ်လူနာတွေ့ရှိမှုမြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် မလို အပ်ပဲ အိမ်ပြင်မထွက်ကြရန် နှင့် မဖြစ်မနေ အပြင်သွားလာမည်ဆိုပါက Mask တပ်ရန်၊ စား သောက်ဆိုင်များကိုလည် ပါဆယ်စနစ်ဖြင့် ပြန်လည်ရောင်းချရန်၊ စည်ပင်သာယာရေး စျေးများကို လည် အချိန်ကန့်သတ်ချက်ဖြင့် ဖွင့်ရန် စသည့်ဖြင့် ပြန်လည်လုပ်ဆောင်ရန်လိုအပ်လာ ပြီဖြစ်ကြောင်း လည်း ၎င်းကပြောသည်။ ချင်းပြည်နယ်၊ ကျီးခါးမြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါတိုးများလာသောကြောင့် ZYA- Cikha ဦး ဆောင်မှုဖြင့် ယနေ့ ဇွန်လ ၂ ရက်နေ့ကစပြီး ဇွန်လ ၁၂ရက်နေ့အထိ ၁၀ ရက်အကြာ Lockdown အဖြစ်သတ်မှတ်လိုက်သည်ဟု သိရသည်။
By လားနွန် – ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ တွန်းဇံမြို့နှင့် ကျီခါးမြို့တို့ရှိ ဆေးရုံများ၌ ယနေ့ဇွန်လ ၂ ရက်နေ့တွင် ကိုဗစ် ၁၉ ရောဂါပိုးရှိမရှိ ဒေသခံပြည်သူ ၉၈ ဦးစစ်ဆေးရာ ၃၃ ဦးထံ ကူးဗစ်ပိုးထပ်မံတွေ့ရှိသည်ဟုသိရသည်။ တွန်းဇံမြိုဆေးရုံတွင် ယနေ့ဇွန်လ ၂ ရက်နေ့၌ ကိုဗစ်ပိုးရှိမရှိစစ်ဆေးခံရသူ (၄၇) ဦးမှာ Positive (၂၁) ဦးထပ်မံတွေ့ရှိပြီး ကျီခါးမြို့တိုက်နယ်ဆေးရုံမှာလည်း စစ်ဆေးမှုခံယူသူ (၅၁) ဦးမှာ Positive (၁၂) ဦးထပ်မံတွေ့ရှိခြင်းဖြစ်သည်။ လက်ရှိတွင် အောက်ဆီဂျင်ပေးရန်မလိုအပ်သေးသူများကို ယခင်ကွာရန်တင်း center တွင် ကုသမှုပေးနေရပြီး တွန်းဇံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထန်ရှန်ကပြောသည်။ “အောက်ဆီဂျင်ပေးရတဲ့ အဆင့်ထိမရောက်တဲ့သူတွေတော့ အရင်ကွာရန်တင်း center မှာပဲထားလိုက်တယ် ပြီးတော့ အသက်ရှုကျပ်တဲ့သူတွေတော့ ဆေးရုံခေါ်ပြီးတော့ အောက်ဆီဂျင်ပေးကုသရတယ် ပျောက်ကင်းသွားတဲ့သူတော့မရှိသေးဘူး ရက်ကလည်းမပြည့်သေးတော့ မနက်ဖြန်လောက်ဆိုရင်တော့ ၂ ယောက် ၃ ယောက်လောက်တော့ထွက်မယ့်အခြေအနေရှိတဲ့သူတော့ရှိတယ် ဆုံးသွားတဲ့လူတော့ (၂) ယောက်ရှိတယ် ကျီခါးမှာ” ဟု ဒေါက်တာထန်ရှန်ကပြောသည်။ တွန်းဇံမြို့တွင် လက်ရှိအောက်ဆီဂျင်ပေးနေရသည့် ပိုးတွေ့လူနာ ၇ ဦးရှိကာ ကျီခါးမြို့တွင်လည်း ၁၀ ဦးအောက်ဆီဂျင်ပေးနေရပြီး ယင်းအနက် ၃ ဦးမှာအခြေအနေစိုးရိမ်ရကြောင်း ဒေါက်တာထန်ရှန်ထံမှ သိရသည်။ တွန်းဇံမြို့နယ်တွင် လက်ရှိ ကိုဗစ် Positive တွေ့ရှိလူ စုစုပေါင်း ၁၆၇ ရှိကာ တွန်းဇံမြို့တွင် ၈၃ ဦး ကျီခါးမြို့တွင် ၈၄ ရှိပြီး ၂ ဦးသေဆုံးမှုရှိသွားပြီဖြစ်သည်။
ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးကာ ၇ ဦးပြန်လွှတ်ပြီး ၁၁ ဦးဖမ်းဆီးထားဆဲဟုသိရသည်။ အဖမ်းခံရသူများအနက် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်၊ ဆေးကျောင်းသား အိုက်ခိုင်ဝင်းအပါအဝင် ၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ယနေ့နံနက်ပိုင်းတွင် လူငယ် ၂ ဦးထပ်မံဖမ်းဆီးကာ ၁၁ ဦးကို ပလက်ဝမြို့ရဲစခန်းမှာဆက်လက်ထိန်းသိမ်းထားဆဲဟု ပလက်ဝဒေသခံတစ်ဦးထံမှသိရသည်။ “အားလုံးလွှတ်ပေးတာ ၇ ယောက်ရှိသွားပြီ၊ မနေ့ညနေပိုင်းက ဦးစနီအောင်ကို ပြန်လွှတ်ပေးတယ်၊ ဒီမနက်မှာ လူငယ် ၂ ယောက်ကို ထပ်ဖမ်းတယ်” ဟု ပလက်ဝဒေသခံကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့၏ အဝင်အထွက် ရေလမ်း ကုန်လမ်းများကိုလည်း မေလ ၂၉ ရက်နေ့က ပိတ်ထားလိုက်ပြီး ဖမ်းဆီးမှုများဆက်လက်ရှိနေသည့်အတွက် မြို့နေလူထုများ စိုးရိမ်ကြောက်လန့်နေကြသည်ဟု သိရသည်။ “အကြောင်းမဲ့ပေါ့နော် သူတို့မသင်္ကာလို့ဖမ်းသွားတာဆိုတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ လူငယ်တွေက ကျနော့ကိုများ လာဖမ်းမလားဆိုပြီး အကုန်လုံးကကြောက်နေကြတယ် ထိတ်လန့်နေတဲ့အခြေအနေအထားဖြစ်နေတယ်ကြတယ်” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးကပြောသည်။ ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သော ကုလားတန်မြစ် လေကြောင်းလမ်းနှင့် ချင်းပြည်နယ် မတူပီ- ဆမီးမြို့နှင့် ဆက်သွယ်သော ကားလမ်းများကို အာဏာသမ်းစစ်ကောင်စီက ပိတ်လိုက်သည့်အတွက် ကုန်စျေးနှုန်းအဆမတန် ပြန်လည်မြင့်တက်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။ ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
လားနွန် – ကလေးမြို့နယ် သာစည်ကျေးရွာဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကလေးမြို့ PDF အဖွဲ့များ ယနေ့မေလ ၃၁ ရက် မနက် ၅ နာရီကျော်က စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးကြောင်းသိရသည်။ “လက်ရှိမှာတော့ အပစ်အခတ်ကတော့ ရပ်ထားတယ် မနက်ပိုင်းကနေတော့ စပစ်ကြတယ် တပ်ဖက်ကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်ဆွဲထားတယ် ပြည်သူအချို့တော့က ထွက်ပြေးကြတယ် ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျ တိုင်ထားတာဆိုတော့ ပြေးရတာပေါ့ မနက်စပစ်တဲ့အချိန်မှာတော့ စစ်တပ်ဖက်က သေနတ်တွေဆွဲပစ်ကြတယ် ရွာထဲမှာလည်း အဲလိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။ လက်ရှိအချိန်မှာတော့ ရွာထဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်နေရာယူထားပြီး အိမ်ထဲဝင်ဆွဲခံရသူ ပြည်သူ ၆ ဦးလောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ သာစည်ပစ်ခတ်မှုကြောင့် ကလေးမြို့ထဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ လုံခြုံရေးထပ်မံဖြည့်ထားပြီး ဗိုလ်ချုပ်လမ်းမပေါ်တွင် အသွားအလာနည်းကာ အနည်းငယ်တိတ်ဆိတ်နေရကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့ ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ထွေအုပ်ရုံးရှေ့တွင် ယနေ့မနက် ၇နာရီဝန်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်မှုမှာ CDF-Paletwa အနေဖြင့် သက်ဆိုင်ခြင်းမရှိဘဲ စကစအလိုကျ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုမှ အချင်းချင်းကြား နားလည်မှုလွဲစေရန် ရည်ရွယ်ပြီး ဖောက်ခွဲခြင်းသာဖြစ်ကြောင်း CDF-Paletwa မှ ထုတ်ပြန်လိုက်သည်။ “ပလက်ဝမြို့တွင်းပေါက်ကွဲမှုက CDF-Paletwa အနေနဲ့ သက်ဆိုင်ခြင်းမရှိဘူး၊ CDF ဆိုတာက ပြည်သူလူထုကို ကာကွယ်ဖို့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်သူကို ထိတ်လန့်စရာဖြစ်အောင်လည်းမလုပ်ဘူး၊ ဒုက္ခပေးမှာလည်းမဟုတ်ဘူး၊ တစ်ကယ်လို့ကျနော်တို့ လုပ်တော့မယ်ဆိုရင်တောင် ပြည်သူကို ကြိုတင်သတိပေးမှုတွေကို လုပ်ဆောင်သွားမှာပါ၊ ပလက်ဝမှာက AA လည်းရှိတဲ့အတွက် ကျနော်တို့ကြားထဲမှာ အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်ပါတယ်၊ တစ်ကယ်လုပ်တာက စစ်ကောင်စီအလိုအကျ ဖွဲ့စည်းတဲ့အဖွဲ့ကလုပ်တာ၊ သူတို့က ကျနော်တို့ စဖွဲ့တာနဲ့ သိပ်မကြာဘူး ပေါ်လာတဲ့အဖွဲ့ဖြစ်တယ်၊ အသေးစိတ်ကို ကျနော်တို့ စုံစမ်းနေပါတယ်”ဟု CDF-Paletwa တာဝန်ရှိသူ တစ်ဦးမှပြောသည်။ ဖြစ်စဉ်မှာ ယနေ့မနက် ၇နာရီ ၁၅ မိနစ်ခန့်တွင် ပလက်ဝရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁ မိနစ်ခန့်အကြာတွင် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထုအကြား စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
မာဂရက် – ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများတက်ရောက်ရန် ကျောင်းအပ်နှံ သည့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၆၀၀၀ ကျော်ရှိပြီး လာမည့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း ၇၀၀ ကျော် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းကြောင်း ချင်းပြည်နယ် ပညာရေးမှူးကပြောသည်။ “၂၄ ကနေ မနေ့က ၂၇ ရက်အထိတော့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၆၄၂၆ ယောက်ရှိတယ် ဒါကပြည်နယ်အ ချုပ်ပြောတာ၊ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ ၇၇၅ ကျောင်းလောက်ပဲဖွင့်နိုင်မယ်၊ ဒါလည်း မသေချာဘူးပေါ့၊ ခန့်မှန်းတာ၊ တကယ့်က ဇွန်လ ၁ ရက်နေ့ကျမှ ဆရာတွေဝင်ရောက်မှုနဲ့ ချိန်ပြီးတော့ ပိုပြီးတော့တိတိကျကျသိရမှာပေါ့ ” ဟု ပညာရေးမှုးကပြောသည်။ ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိလေ့ရှိပြီး ဇွန်လ ၁ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်ဖွင့်လှစ်မည့် ကျောင်းဖွင့်ရာသီတွင် ချင်းပြည်နယ်၌ လူဦးရေ အများစုသည် ကျောင်းအပ်နှံခြင်းမရှိကြပေ။ မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် မင်းတပ်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့နယ်တို့တွင် ကျောင်းအပ်နှံသူ တစ်ယောက်မှမရှိကြဘဲ ကျန်မြို့နယ်မှာလည်း ကျောင်းသားအနည်းအကျဉ်းကသာ ကျောင်းအပ်နှံခဲ့ကြခြင်းဖြစ်သည်။ ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် အစိုးရစာသင်ကျောင်းပေါင်း ၁၅၁၆ ကျောင်းရှိသည့်အနက် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းပေါင်း ၇၇၅ ကျောင်းခန့်ဖွင့်လှစ်နိ်ုင်ရန်ခန့်မှန်းထားကြသော်လည်း စစ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင် ပါဝင်သည့် ကျောင်းဆရာ၊ ဆရာမ အယောက် ၄၀၀၀ ကျော် တာဝန်မှရပ်ဆိုင်းခံရသည့်အတွက် သင်ကြားရေးပိုင်းတွင် အခက်အခဲဖြစ်လာနိုင်သည်ဟု…
မာဂရက် – ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကစပြီး ယနေ့ ချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးမှာ ကျီခါးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲ ဟု ယင်းဆေးရုံမှအထက်တန်းသူနာပြု ဆရာမ ကပြောသည်။ “၁၁ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိဆိုရင် ၂၅ ယောက်ရှိတယ်၊ ကျမတို့ သံသယရှိပြီးတော့ OPD(ပြင်ပလူနာဌာန) လာပြတဲ့သူတွေထဲက စစ်ပြီးတွေ့တာ၊ အခုဆေးကုသမှုခံယူနေတာက ဆေးရုံ မှာရှိတာ ၇ ဦးပဲရှိတယ်၊ ကျန်တဲ့သူတွေကပြန်ကောင်းသွားပြီ” ဟု အထက်တန်းသူနာပြု ဆရာမ ကပြောသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့လူနာများသည် Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်အထက်များနှင့် သွေးတိုးရောဂါ၊ ဆီးချိုးေ ရာဂါနှင့် အခြားရောဂါအခံရှိသူများတွင် ရောဂါလ က္ခာများပိုမို ပြင်းထန်းစွာခံစားကြရကြောင်းလည်းသိ ရသည်။ ကျီခါးတိုက်နယ်ဆေးရုံတွင် ယခုလက်ရှိ ဆရာဝန်တစ်ယောက်မှမရှိဘဲ ကျန်းမာရေးဝန်ထမ်း ၃ ဦးခန့်သာရှိပြီး ၎င်းတို့က ကိုဗစ်ပိုးတွေ့လူနာများအား ကြပ်မတ်ကုသပေးလျှက်ရှိသည်ဟု သိရသည်။ “ကုသရေးပိုင်းက ဆရာဝန်မရှိတော့ ကျမကပဲ အသိဆရာဝန်တွေ၊ သမားတော်တွေ ဆက်သွယ်ပြီး သူတို့အကြံညဏ်ယူပြီးတော့ ကုပေးရတယ်၊ လူနာတွေအတွက်ကျတော့ ဒီဇယ်၊ဓာတ်ဆီ၊ မီးစက်က သူတို့ဟာသူတို့စီစဉ်နေရတယ်၊ အောက်ဆီဂျင်ကလည်း ကျမတို့မှာရှိတဲ့ ၆ လုံးနဲ့လည်ပတ်နေရတယ်၊ ကျမတို့ ၂၄ နာရီလုပ်ပေးချင်ပေမယ့် အောက်ဆီဂျင်စက်ကလည်း မနိုင်ဘူး မီးစက်ကလည်းမနိုင်တော့ အနည်းဆုံး တစ်နာရီ ၂ နာရီကတော့ နားရတာပေါ့’’ ဟု ကျီခါးတိုက်နယ်ဆေးရုံက…
ရစ်ချက် – မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်သည့် မြို့တော်အိုက်ဇောလ်ရှိ ရပ်ကွက်နှစ်ခုတွင် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော်ခန့် ကိုဗစ်ကူးစက်ခံထားရပြီး ယင်းအနက် ၃ ဦးမှာ သေဆုံးသွားပြီဟု သိရသည်။ အိုက်ဇောလ်မြို့ရှိ Chhinga Veng နှင့် Electric Veng ရပ်ကွက် နှစ်ခုတွင် မြန်မာစစ်ဘေးရှောင်အဖြစ် ဝင်ရောက်ခိုနေကြသော အယောက် ၄၅ ဦးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး လက်ရှိတွင် အယောက် ၃၀ ခန့် ကုသမှုခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်ရောက်စစ်ဘေးရှောင် ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee အတွင်းရေးမှူး Salai Hulian က ပြောသည်။ “ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၅ ဦးဆိုတာက စတွေ့တဲ့အချိန်ကနေရေတွက်တာဖြစ်တယ်။ တကြိမ်တည်းမှာ တွေ့တာတော့မဟုတ်ဘူး။ သက်သာပျောက်ကင်းသွားတဲ့သူတွေလည်းရှိနေပြီ၊ လက်ရှိမှာ ပျမ်းမျှအားဖြင့်တော့ အယောက် ၃၀ လောက် ကုသဆဲဖြစ်တယ်။ ဒါအပြင့် အခြားအခြားသောရပ်ကွက်၊ မြို့နယ်တွေမှာလည်း ရှိနိုင်တယ်။”ဟု သူက ပြောသည်။ ကိုဗစ်ပိုးကူးစက်ခံထားရသည့် မြန်မာစစ်ဘေးရှောင်များသည် မြန်မာပြည်မှာကတည်းက ကူးစက်ခံထားရခြင်းမဟုတ်ဘဲ၊ မီဇိုရမ်ပြည်နယ်ရောက်မှ ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အတွင်းရေးမှူး Pu JH Liansanga က ပြောသည်။ “ဒီသတင်းကိုကြားကြားချင်ဘဲ သူတို့ကို ကျနော်ဆက်သွယ်ခဲ့တယ်။ Electric ရပ်ကွက်မှာ အစုလိုက်နေထိုင်ပြီး ကူးစက်ခံရတဲ့သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အိုက်ဇောလ်ကိုရောက်လာကြတဲ့သူတွေဖြစ်တယ်။…
