Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မတူပီ ခြန်းပြန်ရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

မတူပီ ခြန်းပြန်ရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် လူငယ် ၅ ဦးကို စစ်ကောင်စီမှ ဖမ်းဆီး

0
By Editor on August 22, 2021 Headline

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ခြန်းပြန်ရွာမှ အမျိုးသမီးငယ်တစ်ဦးအပါအဝင် လူငယ် ၅ ဦးကို ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိအချိန်အထိ အမျိုးသမီးငယ်မှလွဲ၍ ကျန်လူငယ် ၄ ဦးမှာ မိသားစုဝင်များနှင့် အဆက်အသွယ်မရကြသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုလည်း မသိရှိရသေးကြောင်း ၎င်းတို့နှင့်နီးစပ်သူ မတူပီဒေသခံတစ်ဦးမှ ပြောသည်။

“၂၀ ရက်နေ့က ၄ ယောက်၊ ဒီနေ့က ၁ ယောက်ဖမ်းတာ၊ အမျိုးသမီးငယ်ကလွဲပြီး ကျန်တဲ့သူတွေ အခုထိ ပြန်မလွှတ်သေးဘူး၊ သူတို့ကို ရဲစခန်းကိုလည်း မပို့သေးဘူး။ ဒီနေ့နဲ့ဆိုရင် ၃ ရက်ရှိပြီ၊ ဘယ်မှာထားကြမှန်းလဲ မသိရတဲ့အပြင် ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး၊ သူတို့ကို ဂိတ်မှာဖမ်းတာ၊ ၅ ယောက်စလုံးက တစ်ရွာထဲသားတွေပဲ” ဟု ၎င်းကပြောသည်။

ဖမ်းဆီးခံရသည့်အထဲမှ အမျိုးသမီးငယ်မှာ မလဲ့လဲ့ဝင်းဆိုသူဖြစ်ပြီး အဖမ်းခံရသည့် ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကျန်လူငယ် ၄ ဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ခြန်းပြန်ရွာမှ အဖမ်းခံရသော လူငယ် ၅ ဦးမှာ မလဲ့လဲ့ဝင်း၊ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း၊ ကိုစန်သိန်း တို့ဖြစ်ကြပြီး မင်းတပ်စစ်ဆေးရေးဂိတ်နှင့် ဖနိုင်ရွာနှင့် မတူပီအကြားက ဗျုဟာစစ်ဆေးရေးဂိတ်တို့တွင် အဖမ်းခံရခြင်းဖြစ်ပြီး ခြန်းပြန်ရွာသည် မတူပီမြို့မှ မိနစ်အနည်းငယ်သာ ကွာဝေးသည်။

အလားတူ ဧပြီလ ၇ ရက် ၈ ရက်နေ့များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသူ မတူပီမြို့မှ လူငယ် ၅ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်းကိုလည်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.