Author: Editor

#Unicode By လားနွန် – ချင်းပြည်နယ် တွန်းဇံ၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုြ ဖစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၁၂၉၉၂) ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ (၈) ရက်နေ့ (၉) ရက်နေ့တို့မှ ထုတ်ပြန်ချက်အရသိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၈) ရက်နေ့က ၁၂ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ဖလမ်းမြို့နယ်အတွင်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၃၈၄၃) ရှိသည်ဟုဖော်ပြသည်။ အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီလ (၉) ရက်နေ့က ထပ်မံထုတ်ပြန်ချက်တွင် မဲမသမာမှု ပြုနိုင်သည့်ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၃၃၈၁) နှင့် ထန်တလန်မြို့နယ်တွင်စုစုပေါင်း (၅၇၆၈) ရှိသည်ဟုဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်အရ ဖလမ်းမြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၁၅၀၈) ဦး၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၃၈) ဦးနှင့် နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၁၈) ဦး စသည်ဖြင့် တွေ့ရပြီး ထန်တလန်မြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) (၂၅၉၈) ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း(၃) ကြိမ်ပါဝင်နေသူများ…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ကုန်မြို့ နည်းပညာတက္ကသိုလ်၊ ကျောင်းသား သမဂ္ဂနှင့်ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအဖွဲ့မှ Let’s Give A Hand အစီအစဉ်ဖြင့် အဝတ်အထည်များကိုလှူဒါန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂလူမှုရေးတာဝန်ခံ မမိုင်ထရီဇာခင်ကပြောသည်။ “ဒီနှစ်ကတော့ကျောင်းတွေပိတ်ထားတဲ့အချိန်ဆိုတော့ Online Christmas ပွဲအနေနဲ့လုပ်မယ်ဆိုပြီ စီစဉ်ကြတယ်၊ ခရစ္စမတ်ရဲ့အနှစ်သာရက ပေးကမ်းခြင်းဆိုတော့ ဘုရားကသူ့သားတော်ကိုပေးခဲ့တယ်ဆိုတဲ့အနေအထားနဲ့ ကိုယ်တွေကလည်းလိုအပ်နေသူတွေကိုပေးကမ်းခြင်းအစီစဉ်တွေလုပ်ကြမလားဆိုပြီး ဆုံးဖြတ်ကြတယ်၊ ခရစ္စမတ်အနှစ်သာရရှိအောင် လူတွေလည်းပါဝင်အောင် အဓိက ကတော့လူတွေပါဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲစပြီးတော့ လုပ်ဖြစ်ခဲ့တယ်၊ခေါင်းစဉ်ကိုတော့ Let’s Give A Hand ဆိုပြီးလုပ်ဖြစ်ခဲ့တယ်” ဟု မမိုင်ထရီဇာခင်ကပြောသည်။ ချင်းပြည်နယ်တွင်ရှိသောစစ်ဘေးရှောင်ပြည်သူများအတွက် အဝတ်အထည်များလှူဒါန်းခြင်းကို ရန်ကုန်နည်း ပညာကျောင်းသားသမဂ္ဂအဖွဲ့နှင့် ကျောင်းသားသမဂ္ဂလူမှုရေးအဖွဲ့တို့ပူးပေါင်း၍ ရန်ကုန်မြို့အတွင်း မြို့နယ်များ အသီးသီးတို့တွင် အလှူလိုက်လံကောက်ခံပြီး ချင်းပြည်နယ်ပလက်ဝမြို့ကို ပို့ဆောင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ရန်ကုန်မြို့နည်းပညာတက္ကသိုလ်၊ကျောင်းသားသမဂ္ဂနှင့်ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြီး ယခင်ကလည်း ရခိုင်ပြည်နယ်တွင်လိုအပ်သောဆေးဝါးများထောက်ပံ့မှုရှိခဲ့ပြီး ချင်းပြည်နယ်ရှိစစ်ဘေး ရှောင်ပြည်သူများ အတွက်လှူဒါန်းခြင်းမှာ ပထမအကြိမ်လှူဒါန်းခြင်းဖြစ်သည်ဟု မိုင်ထရီဇာခင်ကပြောသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင်တပ်တော် (AA) နှင့် မြန်မာ့တပ်မေ တာ်တို့အကြား တိုက်ပွဲဖြစ်ပွားမှု့ကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင် လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိကြောင်းသိရသည်။ #Zawgyi ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ကုန်မြို့နည်းပညာတက္ကသိုလ်၊ ကျောင်းသား သမဂ္ဂနှင့်ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂအ ဖွဲ့မှ Let’s Give A Hand အစီအစဉ်ဖြင့် အဝတ်အထည်များ ကိုလှူဒါန်းခဲ့ကြောင်း ကျောင်းသားသမဂ္ဂလူမှုရေးတာဝန်ခံ မမိုင်ထရီဇာခင်ကပြောသည်။…

Read More

#Unicode ချင်းပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိူးဖောက်မှုတွေကိုအနီးကပ်စောင့်ကြည့်လေ့လာနေတဲ့ ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) က ၂၀၂၀ ခုနှစ်အတွင်းချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့ အထူးသဖြင့် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့လူ့အခွင့်အရေးချိူးဖောက်ခံရမှု အစီရင်ခံစာတစ်ရပ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ Human Rights Education & Religious Freedom Program Director Salai Sang Hnin Lian ကိုတွေ့ဆုံမေးမြန်းတဲ့ အပိုင်း (၁) ကို ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။ ယခု အပိုင်း (၂) ကို တင်ဆက်ပေးလိုက်ပါတယ်။ မေး။   ။ ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ပလက်ဝအရေးကိုင်တွယ်ဖြေရှင်းမှုအပေါ်ကျေနပ်အားရမှုရှိလား။ ဖြေ။ ။ ချင်းပြည်နယ်အစိုးရအနေနဲ့ အတတ်နိုင်ဆုံးကျိူးစားတာတော့တွေ့ရပါတယ်၊ ဒါပေမယ့် ချင်းပြည်နယ်အ စိုးရအနေနဲ့ သူတို့မှာရှိတဲ့ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေး တာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေက အလှူငွေတွေပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တကယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာလူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ ပထဝီအနေအထားအရကြည့်ရင်လည်း ပလက်ဝကအကောင်းဆုံးဖြစ်နေတယ်၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာကဒီလိုမျိုးကြုံနေရတယ်ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့တစ်ခြားအဖွဲ့အစည်းတွေလည်းပါပြီးတော့ အစိုးရလည်းပါမယ့်ကော်မတီတစ်ခုဖွဲ့စည့်ပြီးတော့ ပလက်ဝအရေးကို ဘယ်လိုဆောင်ရွက်မလဲဆိုတာကို လွတ်လပ်စွာဆွေးနွေးပြီးတော့ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်တယ်လို့ ကျနော်မြင်တယ်၊ ချင်းပြည်နယ်အစိုးရကမလုပ်ဘူးလို့ ကျနော်ပြောချင်တာမဟုတ်ဘူး၊ လုပ်တာတော့လုပ်တယ်၊ ဒါပေမယ့် အစိုးရအနေနဲ့ဒီထက်ပိုပြီးတော့ အများကြီးလုပ်နိုင်တယ်ဆိုတာပြောချင်တယ်၊ အစိုးရဘဲဖြစ်ဖြစ်ပြည်သူတွေဖြစ်ဖြစ် ပူးပေါင်းပြီးတော့ လူဦးရေ လေး ငါး သောင်းလောက်ကြုံနေရတဲ့ပြသနာကို အစိုးရအနေနဲ့ ပိုပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။ မေး။  …

Read More

#Unicode By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် မတူပီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၄၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၇) ရက်နေ့က ၁၁ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် မတူပီမြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၃၉၅၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၇၂၅) ရှိပြီး စုစုပေါင်း (၄၆၈၄) ရှိသည်ဟု ဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၂၇၁၂) ဦး၊ နိ်ုင်ကတ်အမှတ် (၁) တည်းဖြင့် မဲစာရင်း (၃) ကြိမ် ပါဝင်နေသူ (၂၆၁) ဦး၊ နိုင်ကတ်တူ မိဘတူ (အမည်လွဲ အသက်လွဲသူများ) (၂၀၆) ဦး၊ နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၉၂) ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၇၀) ဦးနှင့် နိုင်ကတ်တူ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) (၁၄၂) ဦး စသည်ဖြင့် တွေ့ရသည်။ ယခုကိစ္စနှင့်ပတ်သက်၍…

Read More

#Unicode By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးဒဏ်ခံနေရသော ပလက်ဝမြို့နယ်အတွင်းရှိ နိုင်င့ံဝန်ထမ်းများအား ၎င်းတို့မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတဏပ်ရပ်အနေဖြင့် ခံစားခွင့်ပြုသည်ဟု သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသောဒေသများအဖြစ် သတ်မှတ်ထားသည့် မြို့ပေါ်၊ ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများခံ စားလျက်ရှိသည့် ဒေသစရိတ်နှုန်းထားများအစား ဒေသ၏လက်ရှိအခြေအနေအရ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှစ၍ ၂၀၂၁ ခုနှစ် မတ်လအထိ မူရင်းလစာ၏ (၂) ဆ ကိုအထူးကိစ္စတစ်ရပ်အနေဖြင့် ခံစားခွင့်ပြုလိုက်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဒီဇင်ဘာ (၃၀) ရက်နေ့ကထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူး ဦးအောင်လောဟာက “ဟုတ်ပါတယ် ဒီဇင်ဘာလမှ ဇန်နဝါရီ ဖေဖော်ဝါရီ မတ်လအထိပေါ့ လေးလစာ ခွင့်ပြုထားတယ်၊ ကောင်းပါတယ် ဒီမှာကတော့ ဝန်ထမ်းတွေက လစာက နှစ်ဆမတိုးဘူးဆိုရင် နယ်တွေ တာဝန်ထမ်းဆောင်ရတဲ့ အထူးသဖြင့် ကျောင်းဆရာမ ကျန်းမာရေးဝန်ထမ်းဆရာမတို့ဆိုရင် နယ်ဝေးတွေသွားရတယ်လေ ဒီကပလက်ဝရဲ့ လုံခြုံရေးအခြေအနေအရ သွားရေးလာရေးက သူတို့အတွက် အန္တရာယ်ရှိတဲ့အခါကျတော့ တခြား တိုင်းခြားပြည်ခြားကနေလာတဲ့ တာဝန်ထမ်းဆောင်တဲ့သူတွေကျတော့ တစ်ချို့ကျတော့ ထွက်စာတင်တယ် ပြောင်းစာတင်တယ် အဲလိုအပြောင်းအရွေ့တွေ ပြန်ပြောင်းတဲ့ဆရာဆရာမတွေကအများကြီး ကျောင်းတွေမှာ ဆရာဆရာမ မရှိတဲ့ကျောင်းတွေကအများကြီးလေ ဆိုတော့ လစာ (၂) ဆ ပေးခြင်းအားဖြင့် ပလက်ဝကိုပြောင်းရွှေ့ချင်တဲ့ ပုဂ္ဂိုလ်တွေထပ်ပြီးတော့ ပြန်ပေါ်လာနိုင်တယ်လေ တာဝန်ထမ်းဆောင်ချင်တဲ့ ပုဂ္ဂိုလ်တွေက ဘာပဲဖြစ်ဖြစ် နှစ်ဆလေးနဲ့လုပ်ကြည့်တော့ ဒီဘက်လာရတာဝန်မလေးတော့ဘူးပေါ့ကွာ” ဟု ပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့်…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော် တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ပေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။ “အရမ်းကြီးအားရကျေနပ်မှုရှိတယ်လို့တော့ပြောလို့မရဘူး၊ ဒါပေမယ့် သူတို့လုံးဝကြီး ပစ်ထားတယ်လို့ လည်းမဟုတ်ပြန်ဘူး ၊ဒီလိုရလာဖို့အတွက်ဆိုကျွန်မတို့တောက်လျှောက်အစိုးရဖက်ကို တော့စာတင်ရတယ်၊ တင်ပြရတယ်၊ ဆွေးနွေးရတယ်၊ တကယ်တမ်းကျတော့ ကျွန်မတို့မပြောခင်က တည်းက အစိုးရကလက်လှမ်းမှီနေပြီးသား၊ သိနေပြီးသားဖြစ်နေရမဲ့အနေအထားပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်နေတဲ့နိုင်ငံမှာပဲဖြစ်ဖြစ် တကယ်ကို အစိုးရကသာသေချာနိုင်နိုင်နင်းနင်း လုပ်မယ်ဆိုရင် CSO တို့၊ပရဟိတအဖွဲ့တို့ဘယ်လိုအပ်တော့မလဲ။” ဟု မိုင်နန်းဝေ ကပြောသည်။ ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိပြီး လမ်းကြောင်းများပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များအပြင် ပြည်သူများအားလုံးနီးပါး အခက်အခဲကြုံနေရကြောင်းသိရသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သည် လူဦးရေးပျှမ်းမျှအားဖြင့် တစ်သိန်းကျော်နေထိုင်သည့်မြို့ဖြစ်သည့်အတွက်ချင်းပြည်နယ်အစိုးရအနေဖြင့် ပလက်ဝပြည်သူများအတွက်ဘတ်ဂျက်ခွဲ ဝေပေးမှုနှင့် ပလက်ဝအရေးကို လွတ်လပ်ပြီးပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးခြင်းမျိုးမတွေ့ရှိရေ ကြာင်းချင်းလူ့အခွင့်အရေးအဖွဲ့ မှ Salai Sang Hnin Lian ကပြောသည်။ “ချင်းပြည်နယ်အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေးတာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေကအလှူငွေေ တွပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တစ်ကယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာက…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဆူးရ်ဘုန်လေယာဉ်ကွင်းမှာ ဖွင့်ပွဲပြုလုပ်ပြီးမှ လေယာဉ်စတင်ပြေးဆွဲနိုင်မည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောသည်။ “ဖလမ်းလေဆိပ်က လောလောဆယ်ကျွန်တော်တို့ ဖွင့်ပွဲလည်းမလုပ်ရသေးဘူး၊ ခရီးစဉ်လည်းမဆွဲရ သေးဘူး၊ ဖွင့်ပွဲလုပ်ဖို့ကတော့ အတိအကျမသိရသေးဘူး၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေအား လပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီဖေဖော်ဝါရီလမှာ လူစုလူဝေး နည်းနည်းလေးနဲ့ ချင်းအမျိုးသားနေ့နဲ့တွဲပြီးတော့ လုပ်ဖို့ဒီလိုလေးစဉ်းစားချက်တွေရှိတယ်။ ဖြစ်မဖြစ်ဆိုတာတော့အတိအကျပြောလို့မရဘူးဒီကိုဗစ်ကာလနဲ့ဆိုတော့” ဟု ဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ်ရှိ ဆူးရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့် ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ဆင်းသက်ပျံသန်းခဲ့ပြီးဖြစ်သည်။ ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၆၀၀၀) တွင်တည်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျ စရိတ်မှာမြန်မာ ကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။ အလားတူ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ၂၀၁၉ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်မှုမှာလည်း (၇၅) ရာခို်င်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြော ရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆက်ပြောသည်။ “လိုင်လင်းပီလေယာဉ်ကွင်းလည်းကျွန်တော်တို့သွားကြည့်တော့ ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ၊ သူတို့ ဖက်ကဆောက်လုပ်တဲ့အင်ဂျင်နီယာတာဝန်ခံပြောတာကတော့ ၂၀၂၁ မတ်လ လောက်မှာအပြီး လုပ်မယ်လို့ပြောပါတယ်။” ဟု ဦးစိုးထက်ကပြောသည်။ လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့်ထောက်ပံ့မှုဖြင့် ပထမဆုံးတည်ဆောက်နေခြင်းဖြစ်ပြီး Caravan Cessna လေ ယာဉ်အမျိုးအစားဆင်းသက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၉၁၈) တွင်တည်ရှိသော လေယာဉ်ကွင်းဖြစ်ကြောင်းသိရသည်။ #Zawgyi နှင်းနှင်း  -…

Read More

#Unicode By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုစြဖ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၆) ရက်နေ့က ၁၀ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၄၈၄၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၃၅၈၂) ရှိပြီး စုစုပေါင်း (၈၄၃၀) ရှိသည်ဟုဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ကတ်) တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး ၄၀၁၆ ဦး၊ နိ်ုင်ကဒ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၅၃၃ ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၂၇၃) ဦး၊ နိုင်ကတ်တူ၊ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၃၈ ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၂၈ ဦးနှင့် နိုင်ကတ်တူ၊အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) ၁၂၆ ဦး စသည်ဖြင့် တွေ့ရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး…

Read More

#Unicode နှင်းနှင်း – တီးတိန်မြို့နယ်သည် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သော်လည်း အစိုးရအဖွဲ့၏ ကိုင်တွယ် ဆောင်ရွက် ပေးမှုအပိုင်းတွင် အားရကျေနပ်စရာမရှိကြောင်း တီးတိန်မြို့နယ်၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုး ကပြောသည်။ “ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင််တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိိန်ထိ မရသေး ဘူး” ဟု ကိုမုန်နိုးကပြောသည်။ တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှုှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။ ချင်းပြည်နယ်၊ လှုမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်အရေးပေါ်အခြေအနေတွင် အသုံးပြုရန်လိုအပ်လျှက်ရှိသော ICU အခန်းနှင့် သီးသန့်အဆောင်အတွက်အဆောက်အဦးကို အလှူရှင်များ၏ ဆောက်လုပ်ပေးမှုဖြင့် ပြီးစီးနေပြီးဖြစ်ကာ…

Read More

#Unicode ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် မဲသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှု မရှိခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “မသမာမှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့စကားရပ်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာဖြစ်တဲ့ဟာက ချင်းလူမျိူးတွေ ဖြစ်တာတစ်ကြောင်းရယ်၊ လူဦးရေနည်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ၊ ချင်းလူမျိူးအများစုနေထိုင်တာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်သိတော့ ရပ်ကျေးကော်မရှင်ကလည်း ကိုယ့်ရပ်ကွက်ထဲက လူတွေအားလုံး သိနေတယ်၊ သိနေတော့ သူ ၂ ခါလာပေးတာနဲ့ မသမာမှုကပေါ်မှာပေါ့ ဒီလိုထပ်နေတဲ့စာရင်းကတော့ ဘယ်နေမှာဘဲ ဖြစ်ဖြစ်မသမာမှုကတော့ဖြစ်နိုင်တယ်၊ သို့သော်ဒီမှာတော့ အရပ်ဘက်မဲဆန္ဒရှင်တွေထဲမှာ မတွေ့ရဘူး၊ မရှိဘူးပေါ့နော်၊ ရှိခဲ့ရင်တောင်မှ တန်းပေါ်မှာ” ဟု ဦးလင်းကျော်ကပြောသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကိုပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၃ ရက်နေ့က သတ္တမအကြိမ်ထုတ်ပြန်ချက် တွင် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မဲစာရင်းပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၈၅၅၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၉၀ စုစုပေါင်း ၆၉၄၅ ရှိသည်ဟု ဖော်ပြထားသည်။ ယင်းအထဲတွင် နိ်ုင်ငံသားစိစစ်ရေးကဒ်ပြား(နိ်ုင်ကဒ်)မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၃၀၂၆ ဦး၊ နိုင်ကဒ်အ မှတ်တူသော်လည်း ကျန်အချက်အလက်အားလုံးလွဲသူ ၂၉၃၈ ဦး၊ နိုင်ကဒ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံး တူသူ) ၆၆ ဦးနှင့် အသက် ၁၀၀ နှစ်အထက် ၄၅ ဦးရှိသည်ဟု…

Read More