Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှုမရှိခဲ့ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှုမရှိခဲ့ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ပြော

0
By Editor on January 6, 2021 Headline

#Unicode

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် မဲသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှု မရှိခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“မသမာမှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့စကားရပ်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာဖြစ်တဲ့ဟာက ချင်းလူမျိူးတွေ ဖြစ်တာတစ်ကြောင်းရယ်၊ လူဦးရေနည်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ၊ ချင်းလူမျိူးအများစုနေထိုင်တာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်သိတော့ ရပ်ကျေးကော်မရှင်ကလည်း ကိုယ့်ရပ်ကွက်ထဲက လူတွေအားလုံး သိနေတယ်၊ သိနေတော့ သူ ၂ ခါလာပေးတာနဲ့ မသမာမှုကပေါ်မှာပေါ့ ဒီလိုထပ်နေတဲ့စာရင်းကတော့ ဘယ်နေမှာဘဲ ဖြစ်ဖြစ်မသမာမှုကတော့ဖြစ်နိုင်တယ်၊ သို့သော်ဒီမှာတော့ အရပ်ဘက်မဲဆန္ဒရှင်တွေထဲမှာ မတွေ့ရဘူး၊ မရှိဘူးပေါ့နော်၊ ရှိခဲ့ရင်တောင်မှ တန်းပေါ်မှာ” ဟု ဦးလင်းကျော်ကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကိုပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၃ ရက်နေ့က သတ္တမအကြိမ်ထုတ်ပြန်ချက် တွင် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မဲစာရင်းပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၈၅၅၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၉၀ စုစုပေါင်း ၆၉၄၅ ရှိသည်ဟု ဖော်ပြထားသည်။

ယင်းအထဲတွင် နိ်ုင်ငံသားစိစစ်ရေးကဒ်ပြား(နိ်ုင်ကဒ်)မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၃၀၂၆ ဦး၊ နိုင်ကဒ်အ မှတ်တူသော်လည်း ကျန်အချက်အလက်အားလုံးလွဲသူ ၂၉၃၈ ဦး၊ နိုင်ကဒ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံး တူသူ) ၆၆ ဦးနှင့် အသက် ၁၀၀ နှစ်အထက် ၄၅ ဦးရှိသည်ဟု ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုန်ပြန်သကဲ့သို့ မဲစာရင်းတွင် အချက်အလက်တူထပ်နေမှုများရှိ နေနိုင်သော် လည်း အရပ်ဘက်မဲဆန္ဒရှင်များထက် တပ်ဘက်မဲဆန္ဒရှင်များတွင် မဲမသမာမှုပိုဖြစ်နိုင်သည်ဟု ချင်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အတွင်းရေးမှူးဦးလင်းကျော်ကယခုလိုထောက်ပြသည်။

“နှစ်ပိုင်းခွဲပြီးတော့ပြောရင်တော့ အရပ်ဘက်မဲဆန္ဒရှင်တွေက ကျနော်တို့ချင်းလူမျိူးဘက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်သိနေတဲ့အတွက်ကြောင့် နှစ်ခါပေးဖို့လာလို့ရှိရင်လည်းပေါ်မှာ မိမှာ၊ တပ်ဖက် (တပ်မတော်) လူတွေ လာလို့ရှိရင်တော့ မသိနိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရပ်ကျေးကော်မရှင်က သူတို့ကိုမသိဘူး၊ မသမာမှုဖြစ် နိုင်ခြေရှိတာကတော့ တပ်ဖက်ကတော့အများဆုံးပဲလို့ ကျနော်တို့ကတော့ သူတို့ရဲ့ကိန်းကဏန်းတွေအ ရတွေ့ရတယ်တ ပ်ဘက်က မဲစာရင်းနဲ့ပတ်သက်ရင်တော့ သူတို့လူတွေကို ကျနော်တို့မသိဘူး မသိတဲ့အတွက် အဲဒီဘက်က မသမာမှု လုပ်နိုင်ခြေရှိတဲ့ဟာလည်းကျနော်တို့တွေ့တယ်၊ ဒါပေမယ့် အဲဒီဟာသည် ကျနော်တို့က လူတွေမသိတဲ့အတွက်မပေါ်ပြန် ဘူး”ဟု ဦးလင်းကျော်ကပြောသည်။

ဟားခါးမြို့နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲတုန်းက ရှေ့တန်းထွက်မည့် တပ်မတော်သား ၂၉ ဦးကသာကြိုတင်မဲတောင်း ခဲ့ကြပြီး ရှေ့တန်းမထွက်ဘဲ နောက်တန်းမှာရှိနေသည့် တပ်ခွဲမှူး၊ ဒုအရာခံဗိုလ်စသည့်ပုဂ္ဂိုလ်များကလည်း ကြိုတင်မဲ တောင်းခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်နိုင်ခြေရှိပြီး သူ့မဲဆန္ဒနယ်မြေ ထန်တလန်ဘက်မှာလည်း အလားတူဖြစ်ရပ်မျိူး နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲတုန်းက ဖြစ်ပွားခဲ့ကြောင်းပြောဆိုသည်။

“ကျနော်တို့ ထန်တလန်မှာတောင်မှ သေချာမစိစစ်ဘူး ရွာတစ်ရွာမှာတောင်မှ အဲဒါမျိူး မှတ်ပုံတင်မရှိတာ အမည်ထပ်တာတို့ အသက် ၁၂၅ ဖြစ်တဲ့လူက မဲပေးတာတို့ ဒါတွေက ရွာတစ်ရွာအတွင်းမှာတောင်မှ တော်တော်ရှိတယ် ဖြစ်နိုင်ခြေရှိပါ တယ်’’ ဟု ဒေါက်တာမှုထန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားမျှတမှုမရှိဟုဆိုကာ ကန့်ကွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပေါင်း၍ ရွေးကောက်ပွဲပြန်ကျင်းပရန်တောင်ဆိုမှုလည်း ရှိခဲ့သည်။

#Zawgyi


“မသမာမှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့စကားရပ်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာဖြစ်တဲ့ဟာက ချင်းလူမျိုးတွေ ဖြစ်တာတစ်ကြောင်းရယ်၊ လူဦးရေနည်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ၊ ချင်းလူမျိုးအများစုနေထိုင်တာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်သိတော့ ရပ်ကျေးကော်မရှင်ကလည်း ကိုယ့်ရပ်ကွက်ထဲက လူတွေအားလုံး သိနေတယ်၊ သိနေတော့ သူ ၂ ခါလာပေးတာနဲ့ မသမာမှုကပေါ်မှာပေါ့ ဒီလိုထပ်နေတဲ့စာရင်းကတော့ ဘယ်နေမှာဘဲ ဖြစ်ဖြစ်မသမာမှုကတော့ဖြစ်နိုင်တယ်၊ သို့သော်ဒီမှာတော့ အရပ်ဘက်မဲဆန္ဒရှင်တွေထဲမှာ မတွေ့ရဘူး၊ မရှိဘူးပေါ့နော်၊ ရှိခဲ့ရင်တောင်မှ တန်းပေါ်မှာ” ဟု ဦးလင်းကျော်ကပြောသည်။ 


ယင်းအထဲတွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား(နိုင်ကဒ်)မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၃၀၂၆ ဦး၊ နိုင်ကဒ်အ မှတ်တူသော်လည်း ကျန်အချက်အလက်အားလုံးလွဲသူ ၂၉၃၈ ဦး၊ နိုင်ကဒ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံး တူသူ) ၆၆ ဦးနှင့် အသက် ၁၀၀ နှစ်အထက် ၄၅ ဦးရှိသည်ဟု ဖော်ပြထားသည်။ 


“နှစ်ပိုင်းခွဲပြီးတော့ပြောရင်တော့ အရပ်ဘက်မဲဆန္ဒရှင်တွေက ကျနော်တို့ချင်းလူမျိုးဘက်မှာတော့ တစ်ယောက်နဲ့ တစ်ယောက်သိနေတဲ့အတွက်ကြောင့် နှစ်ခါပေးဖို့လာလို့ရှိရင်လည်း ပေါ်မှာ မိမှာ၊ တပ်ဖက်(တပ်မတော်)လူတွေ လာလို့ရှိရင်တော့ မသိနိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရပ်ကျေးကော်မရှင်က သူတို့ကိုမသိဘူး၊ မသမာမှုဖြစ် နိုင်ခြေရှိတာကတော့ တပ်ဖက်ကတော့အများဆုံးပဲလို့ ကျနော်တို့ကတော့ သူတို့ရဲ့ကိန်းကဏန်းတွေအ ရတွေ့ရတယ်တ ပ်ဘက်က မဲစာရင်းနဲ့ပတ်သက်ရင်တော့ သူတို့လူတွေကို ကျနော်တို့မသိဘူး မသိတဲ့အတွက် အဲဒီဘက်က မသမာမှု လုပ်နိုင်ခြေရှိတဲ့ဟာလည်းကျနော်တို့တွေ့တယ်၊ ဒါပေမယ့် အဲဒီဟာသည် ကျနော်တို့က လူတွေမသိတဲ့အတွက်မပေါ်ပြန် ဘူး”ဟု ဦးလင်းကျော်ကပြောသည်။


ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်ကတော့ တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ ဖြစ်နိုင်ခြေရှိပြီး သူ့မဲဆန္ဒနယ်မြေ ထန်တလန်ဘက်မှာလည်း အလားတူဖြစ်ရပ်မျိုး နိုဝင်ဘာ ၈ ရက်နေ့ရွေးကောက်ပွဲတုန်းက ဖြစ်ပွားခဲ့ကြောင်းပြောဆိုသည်။ 

“ကျနော်တို့ ထန်တလန်မှာတောင်မှ သေချာမစိစစ်ဘူး ရွာတစ်ရွာမှာတောင်မှ အဲဒါမျိုး မှတ်ပုံတင်မရှိတာ အမည်ထပ်တာ တို့ အသက် ၁၂၅ ဖြစ်တဲ့လူက မဲပေးတာတို့ ဒါတွေက ရွာတစ်ရွာအတွင်းမှာတောင်မှ တော်တော်ရှိတယ် ဖြစ်နိုင်ခြေရှိပါ တယ်’’ ဟု ဒေါက်တာမှုထန်ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက တရားမျှတမှုမရှိဟုဆိုကာ ကန့်ကွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော်ပေါင်း၍ ရွေးကောက်ပွဲပြန်ကျင်းပရန်တောင်ဆိုမှုလည်း ရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.