Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ္းျမဳိ႕ဆူးရ္ဘုန္ေလယာဥ္ကြင္း ဖြင့္ပြဲျပဳလုပ္ျပီးမွ ေလယာဥ္စတင္ေျပးဆြဲမည္

ဖလမ္းျမဳိ႕ဆူးရ္ဘုန္ေလယာဥ္ကြင္း ဖြင့္ပြဲျပဳလုပ္ျပီးမွ ေလယာဥ္စတင္ေျပးဆြဲမည္

0
By Editor on January 7, 2021 Khonumthung

#Unicode

နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဆူးရ်ဘုန်လေယာဉ်ကွင်းမှာ ဖွင့်ပွဲပြုလုပ်ပြီးမှ လေယာဉ်စတင်ပြေးဆွဲနိုင်မည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောသည်။

“ဖလမ်းလေဆိပ်က လောလောဆယ်ကျွန်တော်တို့ ဖွင့်ပွဲလည်းမလုပ်ရသေးဘူး၊ ခရီးစဉ်လည်းမဆွဲရ သေးဘူး၊ ဖွင့်ပွဲလုပ်ဖို့ကတော့ အတိအကျမသိရသေးဘူး၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေအား လပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီဖေဖော်ဝါရီလမှာ လူစုလူဝေး နည်းနည်းလေးနဲ့ ချင်းအမျိုးသားနေ့နဲ့တွဲပြီးတော့ လုပ်ဖို့ဒီလိုလေးစဉ်းစားချက်တွေရှိတယ်။ ဖြစ်မဖြစ်ဆိုတာတော့အတိအကျပြောလို့မရဘူးဒီကိုဗစ်ကာလနဲ့ဆိုတော့” ဟု ဦးစိုးထက်ကပြောသည်။

ချင်းပြည်နယ်ရှိ ဆူးရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့် ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ဆင်းသက်ပျံသန်းခဲ့ပြီးဖြစ်သည်။

ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၆၀၀၀) တွင်တည်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျ စရိတ်မှာမြန်မာ ကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။

အလားတူ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ၂၀၁၉ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်မှုမှာလည်း (၇၅) ရာခို်င်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြော ရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆက်ပြောသည်။

“လိုင်လင်းပီလေယာဉ်ကွင်းလည်းကျွန်တော်တို့သွားကြည့်တော့ ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ၊ သူတို့ ဖက်ကဆောက်လုပ်တဲ့အင်ဂျင်နီယာတာဝန်ခံပြောတာကတော့ ၂၀၂၁ မတ်လ လောက်မှာအပြီး လုပ်မယ်လို့ပြောပါတယ်။” ဟု ဦးစိုးထက်ကပြောသည်။

လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့်ထောက်ပံ့မှုဖြင့် ပထမဆုံးတည်ဆောက်နေခြင်းဖြစ်ပြီး Caravan Cessna လေ ယာဉ်အမျိုးအစားဆင်းသက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၉၁၈) တွင်တည်ရှိသော လေယာဉ်ကွင်းဖြစ်ကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း  – ခ်င္းျပည္နယ္၊ဖလမ္းျမဳိ႕အနီးတြင္တည္ေဆာက္ျပီးစီးေနၿပီျဖစ္သည့္ ဆူးရ္ဘုန္ေလယာဥ္ကြင္းမွာ ဖြင့္ပြဲျပဳလုပ္ၿပီးမွ ေလယာဥ္စတင္ေျပးဆြဲႏိုင္မည္ဟု ခ်င္းျပည္နယ္အစုိးရေျပာေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစုိးထက္ ကေျပာသည္။ 

“ဖလမ္းေလဆိပ္က ေလာေလာဆယ္ကြ်န္ေတာ္တုိ႔ ဖြင့္ပြဲလည္းမလုပ္ရေသးဘူး၊ ခရီးစဥ္လည္းမဆြဲရ ေသးဘူး၊ ဖြင့္ပြဲလုပ္ဖုိ႔ကေတာ့ အတိအက်မသိရေသးဘူး၊ ဒါေပမယ့္ကြ်န္ေတာ္တုိ႔ကေတာ့ ျဖစ္ႏုိင္ရင္ ႏုိင္ငံေတာ္အၾကီးအကဲေတြအား လပ္ဖို႔ ျဖစ္ႏုိင္မယ္ဆုိရင္ေတာ့ ဒီေဖေဖာ္ဝါရီလမွာ လူစုလူေဝး နည္းနည္းေလးနဲ႔ ခ်င္းအမ်ဳိးသားေန႔နဲ႔တြဲျပီးေတာ့ လုပ္ဖုိ႔ဒီလုိေလးစဥ္းစားခ်က္ေတြရွိတယ္။ ျဖစ္မျဖစ္ဆုိတာေတာ့အတိအက်ေျပာလုိ႔မရဘူးဒီကုိဗစ္ကာလနဲ႔ဆုိေတာ့” ဟု ဦးစုိးထက္ကေျပာသည္။

ခ်င္းျပည္နယ္ရွိ ဆူးရ္ဘုန္ေလယာဥ္ကြင္းတည္ေဆာက္မႈ ရာခုိင္ႏႈန္းျပည့္ ျပီးစီးျပီျဖစ္၍ ၂၀၂၀ ခုႏွစ္ ေအာက္တုိဘာလ ၂၇ ရက္တြင္ ျမန္မာ့ေလေၾကာင္းလုိင္းမွ ATR-72 ေလယာဥ္အမ်ဳိးအစားျဖင့္ ပထမဆုံး စမ္းသပ္သည့္အေနျဖင့္ ဆင္းသက္ပ်ံသန္းခဲ့ျပီးျဖစ္သည္။

ဆူရ္ဘုန္ေလယာဥ္ကြင္းသည္ ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ (၆၀၀၀) တြင္တည္ရွိျပီး ၂၀၁၅-၂၀၁၆ ဘ႑ာေရးႏွစ္စတင္ေဆာင္ရြက္ခဲ့ျပီး ေလဆိပ္တည္ေဆာက္မႈကုန္က် စရိတ္မွာျမန္မာ က်ပ္ေငြ (၃၇) ဘီလီယံရွိသည္ဟု သိရသည္။

အလားတူ မတူပီျမဳိ႕နယ္၊ လုိင္လင္းပီျမဳိ႕တြင္ ၂၀၁၉ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့သည့္ လိုင္လင္းပီ ေလယာဥ္ကြင္းငယ္ တည္ေဆာက္မႈမွာလည္း (၇၅) ရာခုိ္င္ႏႈန္း ျပီးစီးေနျပီျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစုိးရေျပာ ေရးဆုိခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္ကဆက္ေျပာသည္။

“လုိင္လင္းပီေလယာဥ္ကြင္းလည္းကြ်န္ေတာ္တုိ႔သြားၾကည့္ေတာ့ ၇၅ ရာခုိင္ႏႈန္းေလာက္ျပီးေနျပီ၊ သူတုိ႔ ဖက္ကေဆာက္လုပ္တဲ့အင္ဂ်င္နီယာတာဝန္ခံေျပာတာကေတာ့ ၂၀၂၁ မတ္လ ေလာက္မွာအျပီး လုပ္မယ္လုိ႔ေျပာပါတယ္။” ဟု ဦးစုိးထက္ကေျပာသည္။

လုိင္လင္းပီေလယာဥ္ကြင္းငယ္သည္ ျမန္မာႏုိင္ငံတြင္ ႏုိင္ငံတကာအဖြဲ႔အစည္းတစ္ခု၏ ေငြေၾကးႏွင့္ နည္းပညာရာႏႈန္းျပည့္ေထာက္ပံ့မႈျဖင့္ ပထမဆုံးတည္ေဆာက္ေနျခင္းျဖစ္ၿပီး Caravan Cessna ေလ ယာဥ္အမ်ဳိးအစားဆင္းသက္ႏုိင္ျပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္အျမင့္ေပ (၄၉၁၈) တြင္တည္ရွိေသာ ေလယာဥ္ကြင္းျဖစ္ေၾကာင္းသိရသည္။ 

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.