By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်း ဆရာ/မ (၂၀၀) ကျော်တို့သည် ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ခွင့် စာတင်ထားကြသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “ထွက်စာတော့အခုထိတော့မတင်ဘူး ပြောင်းရွှေ့လောက်ပဲတင်ပါတယ် ပြောင်းရွှေ့တယ်ဆိုတာလည်းပဲ ဘာအကြောင်းကြောင့်မဟုတ်ဘူး သူ့ဟာသူ တစ်နှစ်ပြည့်လို့ လုပ်သက်တစ်နှစ်ပြည့်လို့ပြောင်းခွင့်ရလို့ သူတို့လျှောက်ကြတာပဲခဗျား ဒါကနှစ်တိုင်းတင်နေကြပါ မနှစ်ကလည်းအများကြီးတင်တာ ဒီနှစ်ကတော့ ကျနော်တို့နည်းတယ် ထွက်စာတော့တစ်ယောက်မှမတင်ဘူး” ဟု ဆလိုင်းအောင်မင်းကပြောသည်။ ကျောင်းပေါင်း (၃၈၄) ကျော်ရှိသည့် ပလက်ဝမြို့နယ်တွင် ကျောင်းဆရာ/မ ၀န်ထမ်း (၁၅၅၄) ဦးရှိပြီး ယခုပြောင်းရွှေ့ခွင့်တင်ထားသူများသည် လုပ်သက် တစ်နှစ်ပြည့်ပြီးသူများဖြစ်ကြကာ စုစုပေါင်း (၂၀၇) ဦးရှိသည်ဟု သိရသည်။ ပလက်ဝမြို့နယ်သည် နယ်မြေမလုံခြုံသည့်အတွက်အကြောင့် ယခင်နှစ် ၂၀၁၉ တွင် ကျောင်းပေါင်း (၁၀၀) ကျော်တွင် ကျောင်းဆရာ/မ တစ်ယောက်မှမရှိကြသည့် အခြေအနေဖြစ်ခဲ့ရပြီး ပညာရေးဝန်ကြီးဌာနမှ ဒေသခံပြည်သူများအား ထပ်မံခန့်အပ်ခဲ့သော်လည်း ယနေ့ချိန်ထိ ကျောင်းဆရာ/မ (၆၀၀) ခန့်လိုအပ်နေသေးသည်ဟု ပလက်ဝမြို့နယ်ပညာရေးမှူးကပြောသည်။ “လိုတာတော့အများကြီးလိုသေးတယ် တကယ်ကျောင်းသားဦးရေနှင့်ဆိုရင်တော့ အများကြီးလိုတယ် လိုတယ်ဆိုတာတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပေါင်းလိုက်ရင်တော့ လေးငါးရာ၊ ခြောက်ရာလောက်တော့လိုအုံးမှာ” ဟု ပညာရေးမှူးကပြောသည်။ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများပိုမိုပြင်းထန်လာသည့်အတွက် ကျောင်းစာသင်ကြားရာတွင်လည်း အခက်အခဲရှိသလို စိုးရိမ်နေရသည်ဟု ပလက်ဝမြို့နယ်၊ တုံးမ၀ကျေးရွာမှ ကျောင်းဆရာတစ်ဦးကပြောသည်။ “ဒေသလုံခြုံရေးကလုံးဝမရှိဘူး ကျောင်းဖွင့်ထားတယ်ဆိုပေမယ့်လည်း ပိတ်နေရတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ အခုကျနော်တို့ကလည်းအဲလိုမျိုး အခက်အခဲကိုကြုံတွေ့နေရတယ် ကျောင်းစာလည်းပုံမှန်သင်လို့အဆင်မပြေဘူး ကိုယ်တာဝန်ကျတဲ့ဒေသမှာ တာဝန်ကျေအောင်ထမ်းဆောင်မရဘူးပေါ့ ဒေသအခြေအနေရပေါ့…
Author: Editor
By လားနွန် – ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ခမောင်းတောကျေးရွာမှ အသက် (၄၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အနောက်ပိုင်းတိုင်းစစ်ဌာနလက်အောက်ခံ တပ်မတော်တပ်သားများက ပြီးခဲ့သည့် ဇန်န၀ါရီလ (၄) ရက်နေ့က ဖမ်းဆီးချူပ်နှောင်ကာ ခန္ဓာကိုယ်ကို ရေနွေးပူနှင့်လောင်းပြီး ခြေထောက်ကိုလည်း ဓားဖြင့်လှီးခံရသောကြောင့် ဆေးဝါးကုသမှုခံယူနေရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အမ်းမြို့နယ်ရှိ ခမောင်းတောကျေးရွာသား အသက် (၅၁) နှစ်အရွယ် ဦးတင်ထွန်းသည် ရက္ခိုင့်တပ်တော် AA အဖွဲ့နှင့် ပတ်သက်နေသည်ဟုကာ တပ်မတော်သားများက ၎င်း၏နေအိမ်သို့ ဇန်န၀ါရီလ (၄) ရက်နေ့က ၀င်ရောက်ရှာဖွေပြီး ဦးတင်ထွန်းကို မတွေ့သောကြောင့် နေအိမ်တွင်ကျန်ရှိနေသော ၎င်း၏ဇနီး ဒေါ်မလှနှင့် သားဖြစ်သူ အသက် (၂၁) နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးကာ စစ်ဆေးမေးမြန်းစဉ်တွင် ထိုကဲ့သို့ ညှင်းပန်းနှိပ်စက်ခဲ့ကြသည်ဟု CHRO ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ (၃၇၁) လား၊ ခလရ (၃၇၂) လား၊ အဲဒီထဲက တခုခုဘဲ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ၀င်ရောက်ရှာဖွေတယ် အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး၊ မနက် (၁၀) နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး ရွာရဲ့စာသင်းကျောင်းခန်းထဲမှာ နှစ်ဦးစလုံး ကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်၊ ညနေပိုင်း (၃) နာရီလောက်ကနေ စတင်စစ်ဆေးမေးမြန်းတယ်၊ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာဖွတ်ထားသလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းရင်း ဒေါ်မလှရဲ့ ညာဖက်ခြေထောက် ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးတယ်၊ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်၊ ဒူးခေါင်း…
By လားနွန် – နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိရွာ ချင်းပြည်နယ် ထန်တလန်မြို့နယ် သီးကီရ် (Tikir) ကျေးရွာတွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရန် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ နေအိမ်အလုံး (၅၀) တည်ဆောက်လျှက်ရှိသည်ဟု သိရသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများအနေဖြင့် သီးကီရ်ကျေးရွာသို့ ပြောင်းရွှေ့အခြေချနေထိုင်နိုင်ရန်အတွက် (၂၄ ပေ x ၂၄ ပေ x ၁၀ ပေ) အတိုင်းအတာရှိ နေအိမ် (၅၀) လုံးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခင်ကြည်ဖောင်ဒင်းရှင်း၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးကပြောသည်။ “စစ်ဘေးရှောင်ထွက်ပြေးကြတဲ့ ပြည်သူတစ်ချို့တွေက သူတို့ရဲ့နီးစပ်ရာ ဆွေးမျိုးသားခြင်းတွေ တစ်ချို့ကြတော့ မီးဇာဘက်မှာပြောင်းရွေ့နေထိုင်ကျတယ် သူတို့ကတော့ ဒုက္ခသည်စခန်းကိုတော့ အခိုင်အမာတည်ဆောက်ထား ပြီးနေထိုင်ကြတာတော့မရှိဘူး ငြိမ်းချမ်းရာမှာ လက်ခံထားပြီးတော့ သူတို့ကိုကယ်ဆယ်ထားတဲ့အနေအထားမှာရှိတယ်၊ သူတို့ထပ်ပြီးတော့ပြောင်းလာမယ့် မိသားစုတွေရှိတယ်လို့ သိရတယ် ချင်းပြည်နယ်အစိုးရကလည်း အကူအညီတောင်းပါတယ် အိမ်ကအလုံး (၅၀) လောက်ထပ်ပြီးတော့ ပြောင်းရွှေ့ မယ့် မိသားစုတွေအတွက်ဆောက်ချင်တယ် အိမ်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို အကူအညီပေးပါဆိုပြီး ကျနော်တို့ကိုပန်ကြားလာတဲ့အခါမှာ ကျနော်တို့သွားကြည့်သေးတယ် ဘာပဲဖြစ်ဖြစ်ဆောက်လုပ်လို့ဖြစ်နိုင်တယ်ဆိုပြီးတော့ အိမ်အလုံး (၅၀) ဆောက်ပေးတာပါ အရေးတကြီးလည်း ပြောင်းရွှေ့လာမယ့်သူတွေရှိရင်လည်း အမြန်ဆုံးပြောင်းရွှေ့နိုင်အောင်ဆောက်ပေးတာပါ” ဟု ဦးမိုးဇော်ဦးကပြောသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ပလက်ဝမြို့နယ် မီးဇာကျေးရွာမှ စစ်ဘေးရှောင်ပြည်သူ Bawm မျိုးနွယ်စု အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့်…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာသား မူလတန်းကျောင်းအုပ်ဆရာ ဦးအာဗြေလနှင့် ကြက်ဥ၀ရွာသား (၂) ဦးတို့သည် လက်နက်ကိုင်တစ်စုမှ ဇန်န၀ါရီလ (၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးသွားရာမှ ရွာသားများက လိုက်လံရှာဖွေကြရာတွင် (၃) ရက်မြောက်နေ့ ဇန်န၀ါရီလ (၁၀) ရက်နေ့က တောတွင်းတစ်နေရာသို့ လက်ပြန်ကြိုးတုပ်လျက် ဓားဒဏ်ရာဖြင့်သေဆုံးနေသည်ဟု တွေ့ရှိခဲ့ကြသည်။ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ကတော့ ဦးအာဗြေလနှင့် ရွာသား (၂) ဦးတို့ကို ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်များက ကြက်ဥ၀ကျေးရွာတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဇန်န၀ါရီလ ၁၀ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ထားသည်။ ထို့အပြင် (အေအေ) တပ်ဖွဲ့ဝင်များသည် ကျီးလေကျေးရွာသို့ ၀င်ရောက်အခြေပြု၍ ကျေးရွာရှိအမျိုးသမီးငယ်တစ်ဦးအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ရန်ကြိုးစားပြီး ကျေးရွာတာဝန်ရှိလူကြီးများကိုလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည်ဟု ပြောဆိုထားသည်။ ယင်းကိစ္စများနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုင်ခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှဖြင့် ယခုကဲ့သို့ဆက်သွယ်မေးမြန်းထားသည်။ မေး။ ။ ပလက်ဝမြို့နယ် ဆီဖလောင်းကျေးရွာက မူလတန်းပြကျောင်းအုပ်ဆရာ ဦးအာဗြေလနဲ့ ကြဥ၀ကျေးရွာက ရွာသား (၂) ဦး သေဆုံးတဲ့ကိစ္စမှာ အေအေရဲ့ လက်ချက်မကင်းဘူးဆိုပြီး ပြောဆိုနေကြတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်ပါလဲ။ ဖြေ။ ။ အဲဒီ ဆီဖလောင်းကျေးရွာမှာ ခမီးလူမျိုး ကျောင်းဆရာတစ်ယောက်နဲ့ ဒီ ရခိုင်လူမျိုး (၂) ဦးကို ဖမ်းသွားပြီးတော့မှ နောက်တစ်နေ့မှာ အလောင်းတွေ့တယ်ဆိုတဲ့ကိစ္စကို အဲဒီ KACC ရဲ့ထုတ်ပြန်ချက်မှာ ကျနော်တို့ဘက်က ဖမ်းသွားတယ်ဆိုပြီးတော့ အဲလိုမျိုးစွပ်စွဲထားတာရှိတယ် ဆိုတော့ အဲဒီကိစ္စက ကျနော်တို့နဲ့ လုံးဝပက်သက်မှုမရှိဘူး၊ ကျနော်တို့ဘက်က လုပ်တာလည်း…
By လားနွန် – ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင် ပြီးစီးနိုင်မည်ဟု ကျောင်းအုပ်ဆရာကြီး ဦးဒါလ်ပေါင်ကပြောသည်။ တုန်းဇန်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဆောင်သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့ည မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်တစ်ဆောင်၊ ၀န်ထမ်းအိမ်ယာ (၅) လုံး၊ လူနေအိမ်တစ်လုံး လောင်ကျွမ်းပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ အလှူရှင်နဲ့လုပ်တာပါ မန်းလေးဘက်က အလှူရှင်တွေနဲ့လုပ်တာ မနက်ဖြန် တဘက်ခါလောက်ဆိုရင် သွပ်ပြားတွေ အမိုးမိုးတော့မယ် ဒီလကုန်ပိုင်းလောက်ဆိုရင်ပြီးလောက်ပြီ ဒီလကုန်လောက်ဆိုရင် ကျောင်းလည်းတက်နိုင်လောက်ပြီ’’ ဟု ကျောင်းအုပ်ဆရာ ဦးဒါလ်ပေါင်ကပြောသည်။ ယခုအသစ်တည်ဆောက်သည့် ကျောင်းဆောင်အသစ်ကို မန္တလေးမြို့၊ ပန်းပျိုးသူပရဟိတအသင်းမှ ကျပ်ငွေ သိန်း (၇၀၀) ဖြင့် ပေ ၉၀ x ၃၀ ဖြင့် ပြန်လည်တည်ဆောက်ပေးခြင်းဖြစ်သည်။ တုန်းဇန်ကျေးရွာရှိ ကျောင်းသူကျောင်းသားများသည် လက်ရှိတွင် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း UPC၊ RC နှင့် AG တို့တွင် စာသင်နေကြဆဲဖြစ်ပြီး ကျောင်းသား/ကျောင်းသူဦးရေ (၄၂၀) ခန့်ရှိသည်။ ချင်းပြည်နယ်အစိုးရမှလည်း မီးလောင်သွားသည့် အ.ထ.က (ခွဲ) ကျောင်းဆောင်များအတွက် ပေ ၁၂၀ x ၃၀ ကို Steel Structure တည်ဆောက်ဖို့ မြေနေရာများ၊ မြေညှိုမှုများ လုပ်ဆောင်ပြီးနေပြီဖြစ်ကြောင်းလည်း သိရသည်။ Unicode ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ တုန်းဇန်ကျေးရွာရှိ မီးလောင်သွားသည့် အထက်တန်းကျောင်းခွဲ ကျောင်းဆောင်အသစ်ကို စေတနာရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ပြန်လည်ဆောက်လုပ်လျက်ရှိကြပြီး ယခုလကုန်ပိုင်းတွင်…
By လားနွန် – ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ ရပ်နားထားသော မဏိပူရရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်အကောင်အထောင်ဖော်ဆောင်ရန် စီစဉ်လျက်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ သန်း (၂၀၀) ကျော်ချထားသည်ဟု ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ဒီမဏိပူရမြစ်ရေအားလျှပ်စစ်ကိုအကောင်အထည်ဖော်ဖို့ သင့်မသင့်နဲ့ မြေပြင်မှာတွေ့ရှိချက်တွေ အဲဒါလေးတွေကို သုံးသပ်တယ် အဲဒီပေါ်မှာ ကျနော်တို့ နောက်ထပ် နောက်တစ်ကြိမ်ကို ဒီလထဲမှာပဲ အလုပ်ရုံဆွေးနွေးပွဲပြန်ခေါ်အုံးမယ် အဲဒီသုံးသပ်ချက်ပေါ်မူတည်ပြီးမှ နောက်တစ်ကြိမ်ဆွေးနွေးချက်ကျမှပဲ အတည်ပြုပြီးတော့ နိုင်ငံတော်အစိုးရ ပြည်ထောင်စုအစိုးရကိုတင်ပြဖို့ဖြစ်ပါတယ်၊ ဒါပေမဲ့ ၂၀၁၉ – ၂၀၂၀ ဘက်ဂျက်မှာတော့ ပြည်ထောင်စုဘက်ဂျက်အနေနဲ့ ကျနော်တို့ ရှေ့ဆက် ဘက်ဂျက်အနေနဲ့ သန်း ၁၉၇ သန်းထည့်ထားတယ် ဆည်မြောင်းအနေနဲ့ သန်း (၅၀) ထည့်ထားတယ် အခုဒီ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးမှာ အဲဒီဟာတော့ ကျနော်တို့ ဒီနှစ်အတွင်းမှာထည့်ထားတဲ့ ဘက်ဂျက်အတိုင်းတော့ အကောင်ထည်ဖော်ဆောင်ရွက်နေမှာပေါ့ အခုက ကြီးကြီးမားမားနဲ့ ဒီစီမံကိန်းပြီးအောင်လုပ်မယ် အစီအစဉ်အတွက်ကတော့ အသေးစိတ်ပြန်ဆွေးနွေးဖို့လုပ်နေတယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ မဏိပူရရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘက်ဂျက်ဖြင့် ၂၀၀၄ ခုနှစ်မှစတင်ကွင်းဆင်းလေ့လာကာ ၂၀၀၉ ခုနှစ်ကစ၍ လုပ်ငန်းစတင်ခဲ့ကြပြီး ၁၉.၅၇ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ရပ်နားခဲ့ကြခြင်းဖြစ်သည်။ လျှပ်စစ်မိဂါဝဘ် (၃၈၀) ခန့်ထုတ်လုပ်နိုင်မည့် မဏိပူရရေအားလျှပ်စစ်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း (၈၀၅) ခန့်ကုန်ကျမည်ဖြစ်ကာ မြန်မာကျပ်ငွေ ဘီလီယံ (၁၂၀၀) ကျော်ခန့်ရှိသည်။ ယင်းစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာသို့ တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာအတွက် အခက်ကြုံနေကြရသည်ဟု သိရသည်။ ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် ယာယီတဲများထိုးကာနေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို အစိုးရအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများက ယခင်က ဆန်ထောက်ပံ့မှုများရှိခဲ့သော်လည်း လွန်ခဲ့သည့် ၂ လခန့်ကစ၍ အထောက်ပံ့တစ်စုံတစ်ရာမျှမရရှိကြတော့ သည့်အတွက် ကြုံရာကျပန်းအလုပ်များလုပ်ကိုင်ကာ ၀မ်းစာအတွက်ဖြေရှင်းနေရသည်ဟု မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ “လက်ရှိကျနော်တို့မီးဇာမှာ ရောက်လာတာတစ်နှစ်ကျော်ရှိပြီ ဒါပေမဲ့ အဲဒီကြားမှာကျနော်တို့ ကျပန်းအလုပ်တွေလုပ်တယ် ပြီးတော့ ကြားကာလမှာ တော်တော်များများ NGO တွေ အဲလိုမျိုးထောက်ပံ့တာတွေရှိတယ် အခုကျတော့ ဘာမှရောက်မလာတော့ ကျနော်တို့တောင်ယာလည်းမရှိသေးတော့ အခုလက်တလောကတော့ ကျနော်တို့ စားဝတ်နေရေးပေါ့နော် အဓိကဆန်ပေါ့ အရမ်းကိုအခက်အခဲရှိတယ်” ဟု ကုန်ပြင်ကျေးရွာတာဝန်ခံကပြောသည်။ ပလက်ဝမြို့နယ်အတွင်းရှိ ကုန်ပြင်၊ ကင်းတလင်း၊ ပီတောင်၊ ယင်ခံဝ နှင့် ဆတ်လိုင်ဝ ကျေးရွာတို့မှ ပြည်သူ (၆၀၀) ကျော်တို့သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်ကတည်းက မီးဇာကျေးရွာသို့ စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြသည်။ ကင်းတလင်း နှင့် ပီတောင်ကျေးရွာမှ အိမ်ထောင်စု (၂၀) လူဦးရေ (၁၀၀) ကျော်တို့သည် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇာတိ သီကီရ်းရွာသို့ ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီစဉ်ဖြင့် ပြောင်း ရွှေ့ခဲ့ကြပြီး ယခုလက်ရှိ မီးဇာကျေးရွာတွင် ကျန်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ (၅၀၀) ခန့်တို့သည် ဆန်အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ “အခုကျတော့ ဒီအနီးနားလေးမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့…
ချင်းပြည်နယ် ပလက်ဝြမို့နယ် ဆီးဖလောင်းရွာနှင့် ကြက်ဥဝကျေးရွာမှ ပျောက်ဆုံးသွားသည့် မူလတန်းပြကျောင်း အုပ်ဆရာကြီးနှင့် ရွာသား (၂) ဦးတို့ကို ဇန်နဝါရီလ ၁၀ ရက်နေ့က တောထဲတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြသည်ဟု သိရသည်။ ဆီးဖလောင်းရွာသား ကျောင်းအုပ်ဆရာကြီး ဦးအာဗြေလ၊ ကြက်ဥဝရွာမှ ဦးကျော်သန်းဝင်း နှင့် ဦးလှသိန်းတို့သည် ဇန်နဝါရီလ ၇ ရက်နေ့က ပျောက်ဆုံးခဲ့ကြပြီး ရွာသားများက လိုက်လံရှာဖွေကြရာတွင် ဇန်နဝါရီလ ၁၀ ရက်နေ့မနက်ပိုင်းက အင်ခိုဝနှင့် စိမ်းစင်းရွာအကြားတောထဲတနေရာတွင် လက်ပြန်ကြိုးတုတ်လျက် ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြသည်ဟု ဦးအာဗြေလ၏ဆွေမျိုးများထံမှသိရသည်။ “ သူတို့ကို ဘယ်သူတွေကဖမ်းခေါ်သွားတယ်ဆိုတာတော့ တိတိကျကျမသိရဘူး ကျနော်တို့လိုက်ရှာတော့ တောထဲမှာ သူတို့အလောင်းကိုသွားတွေ့တာ ဆရာဦးအာဗြေလနဲ့ တစ်ယောက်ကို အတူတူတွေ့တယ် တစ်ယောက်ကတော့ သပ်သပ်တွေ့တယ်’’ ဟု ဦးအာဗြေလ၏ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ သေဆုံးသွားသည့် ရုပ်အလောင်းများကို ပလက်ဝြမို့ပေါ်သို့ ပို့ဆောင်ခဲ့ကြပြီးနောက် ယနေ့မွန်းလွဲပိုင်းက မြေမြှပ်သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။ ထို့အပြင် ပလက်ဝြမို့နယ် ကျီးလေကျေးရွာတွင် ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်ကစ၍ အခြေချခဲ့ကြပြီး ဒေသခံပြည်သူများအား ကိုယ်ထိလက်ရောက်ရိုက်နက်ခြင်း၊ လူငယ်များအား ကုလားတန်မြစ်ကမ်းနဘေး နေပူထဲတွင် ချူပ်နှောင်ထားခြင်း၊ ဆန်နှင့်ရက္ခာများသယ်ယူခိုင်းခြင်းနှင့် ကျေးရွာမှ အခြားသို့ထွက်သွားလိုသူများအား ထွက်သွားခွင့်မပြုဘဲ ကျေးရွာအတွင်း အတင်းအကျပ် တားဆီးမှုများပြုလုပ်လျက်ရှိသည်ဟု ဇန်နဝါရီလလ (၁၀) ရက်နေ့က ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်စီ(KACC) ထုတ်ပြန်ထားသည်။ ပလက်ဝြမို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ယခုသေဆုံးသွားသည့် (၃) ဦးကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ယူဆထားကြသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မရခဲ့ပေ။
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် နယ်မြေလုံခြုံရေး တည်ငြိမ်အေးချမ်းမှု မရှိသေးဟုဆိုကာ ရာဇ၀တ်ကျင့်ထုံးဥပဒေ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို (၂) လ ထပ်တိုးလိုက်သည်ဟု ဇန်န၀ါရီလ (၉) ရက်နေ့က ပလက်ဝမြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ညမထွက်ရအမိန့်ကို (၂) လတိတိထုတ်ပြန်ခဲ့ပြီး ဇန်န၀ါရီလ (၉) ရက်နေ့က သက်တမ်းကုန်ဆုံးခဲ့သည်။ သို့သော်လည်း ပလက်ဝမြို့နယ်၏ နယ်မြေလုံခြုံရေးအခြေအနေသည် တည်ငြိမ်အေးချမ်းမှု မရှိသေးသည့်အတွက် ညမထွက်ရအမိန့်ကို ဇန်န၀ါရီလ (၉) ရက်နေ့ကစ၍ (၂) လအထိ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ၎င်းအမိန့်ထုတ်ပြန်ချက်အရ ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက် (၆) နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်း ပလက်ဝမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသောရည်ရွက်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ လူ (၅) ဦးသို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြော်ခြင်း၊လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရန်အကယ်၍ အဆိုပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။
By လားနွန် – မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်သည့် အဆိုပြိုင်ပွဲများအနက် လူထုအားပေးထောက်ခံမှု အများဆုံးရရှိထားသော Myanmar Idol Season – 4 ပြိုင်ပွဲကြီးတွင် Winner ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သည့် ချင်းလူမျိုးဂုဏ်ဆောင် Esther Dawt Chin Sung ကို အဖ ဦး Chan Cung Hnin နှင့် အမိ ဒေါ် Par Ki တို့မှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်မွေးဖွားခဲ့သည်။ မောင်နှမ (၄) ဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် နောက်ဆုံးနှစ်တက်ရောက်နေသည့် Esther သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်က ချင်းပြည်နယ် ဟားခါးမြို့တွင်ကျင်းပခဲ့ကြသော ဒုတိယအကြိမ်မြောက် Chin Idol အဆိုပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့သူဖြစ်သည်။ သူ့ဘ၀ ကောက်ကြောင်းနှင့်ပတ်သက်၍ စာဖတ်ပရိတ်သတ်များသိရှိနိုင်ရန် ခိုနူမ်းသုန်သတင်းဌာနမှ Esther Dawt Chin Sung ကို သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ မေး။ ။ Myanmar Idol မှာ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေး အရင်ဆုံးပြောပြပါဦး။ ဖြေ။ ။ ဟုတ်ကဲ့ ဒီ Myanmar Idol ပေါ့နော် Season 3 ကတည်းကနေပြီးတော့ အရမ်းဝင်ပြိုင်ချင်ခဲ့တယ် ဒါပေမဲ့ Season 3 မှာကျတော့ သမီးဘုရားကျောင်းအစီအစဉ်နဲ့ပေါ့နော် ပြည်ပခရီးစဉ်ထွက်လိုက်တော့ ဘယ်လိုမှမပြိုင်နိုင်ခဲ့ဘူး အဲဒီတော့ ဒီ Season 4…
