Author: Editor

#Unicode နှင်းနှင်း – ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော် တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ပေးမှုအပေါ် ကျေနပ်အားရမှုမရှိဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ (RRCCI) ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေ ကပြောသည်။ “အရမ်းကြီးအားရကျေနပ်မှုရှိတယ်လို့တော့ပြောလို့မရဘူး၊ ဒါပေမယ့် သူတို့လုံးဝကြီး ပစ်ထားတယ်လို့ လည်းမဟုတ်ပြန်ဘူး ၊ဒီလိုရလာဖို့အတွက်ဆိုကျွန်မတို့တောက်လျှောက်အစိုးရဖက်ကို တော့စာတင်ရတယ်၊ တင်ပြရတယ်၊ ဆွေးနွေးရတယ်၊ တကယ်တမ်းကျတော့ ကျွန်မတို့မပြောခင်က တည်းက အစိုးရကလက်လှမ်းမှီနေပြီးသား၊ သိနေပြီးသားဖြစ်နေရမဲ့အနေအထားပေါ့နော်၊ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်နေတဲ့နိုင်ငံမှာပဲဖြစ်ဖြစ် တကယ်ကို အစိုးရကသာသေချာနိုင်နိုင်နင်းနင်း လုပ်မယ်ဆိုရင် CSO တို့၊ပရဟိတအဖွဲ့တို့ဘယ်လိုအပ်တော့မလဲ။” ဟု မိုင်နန်းဝေ ကပြောသည်။ ပလက်ဝမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်မှစပြီး ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်တော်မတော်တို့ အကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ လူဦးရေ (၁၀၀၀၀) ဝန်းကျင်ရှိပြီး လမ်းကြောင်းများပိတ်ထားမှုကြောင့် စစ်ဘေးရှောင်များအပြင် ပြည်သူများအားလုံးနီးပါး အခက်အခဲကြုံနေရကြောင်းသိရသည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့သည် လူဦးရေးပျှမ်းမျှအားဖြင့် တစ်သိန်းကျော်နေထိုင်သည့်မြို့ဖြစ်သည့်အတွက်ချင်းပြည်နယ်အစိုးရအနေဖြင့် ပလက်ဝပြည်သူများအတွက်ဘတ်ဂျက်ခွဲ ဝေပေးမှုနှင့် ပလက်ဝအရေးကို လွတ်လပ်ပြီးပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးခြင်းမျိုးမတွေ့ရှိရေ ကြာင်းချင်းလူ့အခွင့်အရေးအဖွဲ့ မှ Salai Sang Hnin Lian ကပြောသည်။ “ချင်းပြည်နယ်အစိုးရအနေနဲ့ သူတို့မှာရှိတဲ့ ဘတ်ဂျက်ကို ခွဲဝေပေးပြီးတော့ ဒုက္ခသည်တွေအတွက် ဆိုပြီးတော့ သတ်သတ်ဆောင်ရွက်ပေးတာမျိုးမတွေ့ရဘူး၊ တစ်ခြားအဖွဲ့အစည်းတွေကအလှူငွေေ တွပေးတဲ့ဟာကို စီမံခန့်ခွဲရေးလုပ်ရုံဘဲများသောအားဖြင့်မြင်နေရတယ်၊ တစ်ကယ်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ လူဦးရေအားဖြင့်ကြည့်မယ်ဆိုရင် ပလက်ဝကအများဆုံး၊ အဲလိုမျိုး ချင်းပြည်နယ်ရဲ့ လူဦးရေအများဆုံး ဖြစ်နေတဲ့နေရာက…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ဖလမ်းမြို့အနီးတွင်တည်ဆောက်ပြီးစီးနေပြီဖြစ်သည့် ဆူးရ်ဘုန်လေယာဉ်ကွင်းမှာ ဖွင့်ပွဲပြုလုပ်ပြီးမှ လေယာဉ်စတင်ပြေးဆွဲနိုင်မည်ဟု ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောသည်။ “ဖလမ်းလေဆိပ်က လောလောဆယ်ကျွန်တော်တို့ ဖွင့်ပွဲလည်းမလုပ်ရသေးဘူး၊ ခရီးစဉ်လည်းမဆွဲရ သေးဘူး၊ ဖွင့်ပွဲလုပ်ဖို့ကတော့ အတိအကျမသိရသေးဘူး၊ ဒါပေမယ့်ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် နိုင်ငံတော်အကြီးအကဲတွေအား လပ်ဖို့ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီဖေဖော်ဝါရီလမှာ လူစုလူဝေး နည်းနည်းလေးနဲ့ ချင်းအမျိုးသားနေ့နဲ့တွဲပြီးတော့ လုပ်ဖို့ဒီလိုလေးစဉ်းစားချက်တွေရှိတယ်။ ဖြစ်မဖြစ်ဆိုတာတော့အတိအကျပြောလို့မရဘူးဒီကိုဗစ်ကာလနဲ့ဆိုတော့” ဟု ဦးစိုးထက်ကပြောသည်။ ချင်းပြည်နယ်ရှိ ဆူးရ်ဘုန်လေယာဉ်ကွင်းတည်ဆောက်မှု ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် မြန်မာ့လေကြောင်းလိုင်းမှ ATR-72 လေယာဉ်အမျိုးအစားဖြင့် ပထမဆုံး စမ်းသပ်သည့်အနေဖြင့် ဆင်းသက်ပျံသန်းခဲ့ပြီးဖြစ်သည်။ ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၆၀၀၀) တွင်တည်ရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်စတင်ဆောင်ရွက်ခဲ့ပြီး လေဆိပ်တည်ဆောက်မှုကုန်ကျ စရိတ်မှာမြန်မာ ကျပ်ငွေ (၃၇) ဘီလီယံရှိသည်ဟု သိရသည်။ အလားတူ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ၂၀၁၉ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်မှုမှာလည်း (၇၅) ရာခို်င်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရပြော ရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကဆက်ပြောသည်။ “လိုင်လင်းပီလေယာဉ်ကွင်းလည်းကျွန်တော်တို့သွားကြည့်တော့ ၇၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ၊ သူတို့ ဖက်ကဆောက်လုပ်တဲ့အင်ဂျင်နီယာတာဝန်ခံပြောတာကတော့ ၂၀၂၁ မတ်လ လောက်မှာအပြီး လုပ်မယ်လို့ပြောပါတယ်။” ဟု ဦးစိုးထက်ကပြောသည်။ လိုင်လင်းပီလေယာဉ်ကွင်းငယ်သည် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဖွဲ့အစည်းတစ်ခု၏ ငွေကြေးနှင့် နည်းပညာရာနှုန်းပြည့်ထောက်ပံ့မှုဖြင့် ပထမဆုံးတည်ဆောက်နေခြင်းဖြစ်ပြီး Caravan Cessna လေ ယာဉ်အမျိုးအစားဆင်းသက်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ (၄၉၁၈) တွင်တည်ရှိသော လေယာဉ်ကွင်းဖြစ်ကြောင်းသိရသည်။ #Zawgyi နှင်းနှင်း  -…

Read More

#Unicode By လားနွန် – ၂၀၂၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုစြဖ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၈၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၆) ရက်နေ့က ၁၀ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် တီးတိန်မြို့နယ် မဲစာရင်း ပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း (၄၈၄၉) ရှိပြီး မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း (၃၅၈၂) ရှိပြီး စုစုပေါင်း (၈၄၃၀) ရှိသည်ဟုဖော်ပြထားသည်။ ယင်းထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကဒ် (နိုင်ကတ်) တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး ၄၀၁၆ ဦး၊ နိ်ုင်ကဒ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၅၃၃ ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း (၃) ကြိမ်ပါဝင်နေသူများ (၂၇၃) ဦး၊ နိုင်ကတ်တူ၊ မိခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၃၈ ဦး ၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ ဖခင်အမည်လွဲသူများ) ၁၂၈ ဦးနှင့် နိုင်ကတ်တူ၊အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) ၁၂၆ ဦး စသည်ဖြင့် တွေ့ရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ တီးတိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး…

Read More

#Unicode နှင်းနှင်း – တီးတိန်မြို့နယ်သည် ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်သော်လည်း အစိုးရအဖွဲ့၏ ကိုင်တွယ် ဆောင်ရွက် ပေးမှုအပိုင်းတွင် အားရကျေနပ်စရာမရှိကြောင်း တီးတိန်မြို့နယ်၊ ကိုဗစ်-၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုး ကပြောသည်။ “ချင်းပြည်နယ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ ထိန်းချုပ်တဲ့အပိုင်းမှာ တော်တော်လေးကို အားနည်း တယ်လို့မြင််တယ်၊ ပြည်နယ်အစိုးရမှာက ကိုဗစ်-၁၉ အတွက် ဘတ်ဂျက်ဘယ်လောက် ရှိတယ်၊ မရှိဘူးလဲဆိုတာ ချပြတာမျိုးမရှိဘူး၊ပြီးတော့ တကယ့်အရေးပေါ်ဖြစ်တဲ့ အချိန်မှာ အရေးပေါ်သုံးဖို့ဒီလောက်ရှိတယ်ဆိုတာ ပြောရုံရှိပေမယ့် လက်တွေ့မှာအသုံးချ တာမျိုးကိုသိပ်ပြီးတော့မတွ့ရဘူး၊ အခုကျွန်တော်တို့ တီးတိန်းမှာဆိုရင် အောက်ဆီဂျင်လည်း မရှိဘူး ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျွန်တော်တို့က CSO ဖက်ကနေရော၊ မြို့မိမြို့ဖဖက်ကေ ရာ၊ အောက်ဆီဂျင်တောင်းတယ်၊ ICU တောင်းတယ် ရမယ် ရမယ်ဆိုပြီးအခုချိိန်ထိ မရသေး ဘူး” ဟု ကိုမုန်နိုးကပြောသည်။ တီးတိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက် နေ့ကစပြီး လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါဒေသအတွင်း ကူးစက်မှုမြင့်တက်လာကာ သေဆုံးသူ ၂ ဦီးအထိရှိလာပြီဖြစ်သော်လည်း ကိုဗစ်လူနာများ ကို အဓိကကုသပေးနေသည့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယနေ့ချိန်ထိအောက်ဆီဂျင် ၊ ICU အခန်း၊ ကွာရန်တင်း စင်တာမရှိခြင်း ရေ၊မီး အချိန်မှန်ရရှိမှုှု့မရှိခြင်း စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည်။ ချင်းပြည်နယ်၊ လှုမှုဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင်အရေးပေါ်အခြေအနေတွင် အသုံးပြုရန်လိုအပ်လျှက်ရှိသော ICU အခန်းနှင့် သီးသန့်အဆောင်အတွက်အဆောက်အဦးကို အလှူရှင်များ၏ ဆောက်လုပ်ပေးမှုဖြင့် ပြီးစီးနေပြီးဖြစ်ကာ…

Read More

#Unicode ချင်းပြည်နယ် ဟားခါးမြို့နယ်တွင် မဲသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ အရပ်ဘက်မဲဆန္ဒရှင်တွင် မဲမသမာမှု မရှိခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။ “မသမာမှုဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့စကားရပ်ကို ကြည့်မယ်ဆိုရင် ကျနော်တို့ချင်းပြည်နယ်မှာဖြစ်တဲ့ဟာက ချင်းလူမျိူးတွေ ဖြစ်တာတစ်ကြောင်းရယ်၊ လူဦးရေနည်းပြီးတော့ တစ်ယောက်နဲ့တစ်ယောက်သိနေကြတာ၊ ချင်းလူမျိူးအများစုနေထိုင်တာ ဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်သိတော့ ရပ်ကျေးကော်မရှင်ကလည်း ကိုယ့်ရပ်ကွက်ထဲက လူတွေအားလုံး သိနေတယ်၊ သိနေတော့ သူ ၂ ခါလာပေးတာနဲ့ မသမာမှုကပေါ်မှာပေါ့ ဒီလိုထပ်နေတဲ့စာရင်းကတော့ ဘယ်နေမှာဘဲ ဖြစ်ဖြစ်မသမာမှုကတော့ဖြစ်နိုင်တယ်၊ သို့သော်ဒီမှာတော့ အရပ်ဘက်မဲဆန္ဒရှင်တွေထဲမှာ မတွေ့ရဘူး၊ မရှိဘူးပေါ့နော်၊ ရှိခဲ့ရင်တောင်မှ တန်းပေါ်မှာ” ဟု ဦးလင်းကျော်ကပြောသည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့်စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကိုပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၃ ရက်နေ့က သတ္တမအကြိမ်ထုတ်ပြန်ချက် တွင် ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မဲစာရင်းပုံစံ (၁) တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၃၈၅၅၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်းပေါင်း ၃၀၉၀ စုစုပေါင်း ၆၉၄၅ ရှိသည်ဟု ဖော်ပြထားသည်။ ယင်းအထဲတွင် နိ်ုင်ငံသားစိစစ်ရေးကဒ်ပြား(နိ်ုင်ကဒ်)မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူအများဆုံးဖြစ်ပြီး ၃၀၂၆ ဦး၊ နိုင်ကဒ်အ မှတ်တူသော်လည်း ကျန်အချက်အလက်အားလုံးလွဲသူ ၂၉၃၈ ဦး၊ နိုင်ကဒ်တူ၊ အမည်တူ၊ အသက်တူ၊ မိဘတူ (အားလုံး တူသူ) ၆၆ ဦးနှင့် အသက် ၁၀၀ နှစ်အထက် ၄၅ ဦးရှိသည်ဟု…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ကစ၍ လက်ရှိအချိန်ထိ တစ်ပြည်နယ်လုံးတွင် ကိုဗစ်ပိုးကူးစက်ခံရသူ စုစုပေါင်း (၂၇၇) ဦးနှင့် သေဆုံးသူ (၃) ဦးထိလာပြီဟု ချင်းပြည်နယ်၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာအောင်ငွေစံ ကပြောသည်။ “တပြည်နယ်လုံးက (၂၇၇) ဦးရှိတယ်၊ ဟားခါး ၃၉၊ ထန်တလန် ၃၊ ဖလမ်း ၁၇၊ တီးတိန် ၈၇၊ တွန်းဇံ ၂၂၊ မင်းတပ် ၅၆၊ ကန်ပလက် ၆၊ မတူပီ ၃၁၊ ပလက်ဝ ၁၆ ဦး ဖြစ်တယ်၊ သေဆုံးတဲ့သူက ၃ ယောက်ရှိတယ်၊ သူတို့ ၃ ယောက်လုံးက သေပြီးမှ ပိုးရှိမရှိ စစ်ဆေးကြည့်တဲ့အခါ ကိုဗစ်ပိုး ကူးစက်ခံရတာကို သိရတာဖြစ်တယ်” ဟုပြောသည်။ ချင်းပြည်နယ်တွင် ကိုဗစ်ကြောင့် သေဆုံးခဲ့သူ (၃) ဦးမှာ ရန်ကုန်မြို့တွင် သွေးကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူပြီး မတူပီမြို့သို့ပြန်လာရာတွင် Facility Quarantine ထားရာမှ စက်တင်ဘာလ (၂၉) ရက်နေ့ကသေဆုံးသူ (၁) ဦး၊ ဒီဇင်ဘာလ (၂၆) နေ့တွင် တွီးထန်ကျေးရွာမှ အသက် (၆၃) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသား (၁) ဦးနှင့် တီးတိန်မြို့မှ အသက် (၇၅) အနှစ်အရွယ် သွေးတိုးရောဂါခံရှိသူ အမျိူးသား (၁) ဦး တို့ဖြစ်ကြသည်။…

Read More

#Unicode လားနွန် – လာမည့် ဖေဖော်ဝါရီလ (၂၀) နေ့ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်နယ်ဆင့်အနေဖြင့် ကျင်းပပြုလုပ်ရန် မသေချာသေးကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “လောလောဆယ်ဘာမှတော့အစီစဉ်မရှိသေးဘူး ဆွေးလည်းမဆွေးနွေးရသေးဘူး လွတ်လပ်ရေးနေ့တို့၊ တစ်ချိူ့ပွဲကြီး တွေတောင်မှ သိပ်မလုပ်ခိုင်းဘူးဆိုတော့လေ လူအများနဲ့လုပ်ဖို့ကြတော့ သိပ်အဆင်မပြေဘူး ကျင်းပဖြစ်မယ်ဆိုရင် တောင်မှ အကျဉ်းရုံးသဘောမျိူးနဲ့ပဲလုပ်ရမယ်ထင်တယ်’’ ဟု ဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။ ချင်းလူမျိူးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဖေဖော်ဝါရီလ (၂၀) ရက် ချင်းအမျိူးသားနေ့ကို ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အဆင့်အနေဖြင့် နှစ်စဉ်စဉ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့ကြသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်ကျင်းပပြုရန် မသေချာသေးခြင်းဖြစ်သည်။ ပြီးခဲ့သည့် (၇၂) နှစ်မြောက် ချင်းအမျိူးသားနေ့ပွဲတော်ကို ချင်းပြည်နယ် ထန်တလန်မြို့တွင် ပြည်နယ်ဆင့် အနေဖြင့် ကျင်းပခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီး မြင့်ခဲ့သည်။ လွန်ခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ မှ ၂၂ ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့တွင် ကျင်းပခဲ့ကြသော ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီလာခံတွင် တက်ရောက် လာခဲ့ကြသော ချင်းအမျိူးသားလူထုကိုယ်စားလှယ်ပေါင်း ငါးထောင်ကျော်က သက်ဦးစံပိုင်မြေရှင်ပဒေသရာဇ်စနစ်အုပ်ချူပ်မှုကို ကန့်ကွက်ဖယ်ရှားလိုက်ကြပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ရွေးချယ်ခဲ့ကြသည်။ ၁၉၅၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပခဲ့သော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ပထမဦးဆုံးအကြိမ် ချင်းအမျိူးသား ညီ လာခံကျင်းပခဲ့သည့်ရက်ကိုအစွဲပြု၍ ဖေဖော်ဝါရီ…

Read More

#Unicode နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း မြင့်တက်လာပြီး သေဆုံးသူရှိလာသဖြင့် တီးတိန်မြို့နယ်ကို Stay At Home အဖြစ်သတ်မှတ်ရန် ပြင်ဆင်နေကြောင်း တီးတိန်မြို့၊ ကိုဗစ် – ၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။ “မနေ့ကသေဆုံးသွားတဲ့သူကသူမသေဆုံးခင်မှာအသက်ရှုကြပ်တာတို့၊ ချောင်းဆိုးပြီး၊ ဖျားတာတို့ရှိ တော့သူသေဆုံးတဲ့ အခါမှာ သူ့မိသားစုတွေက နည်းနည်း သံသယဖြစ်မိလို့ကျန်းမာရေးဌာနကို အကြောင်းကြားပြီးတော့ ကျန်းမာရေးက စစ်လိုက်တော့ပိုးတွေ့တာ၊ မြို့မရပ်ကွက်မှာနေတဲ့သူပါ၊ လက်ရှိအခြေအနေကတော့ ကျန်းမာရေးနှင့်ထွေအုပ်ရုံးက Stay At Home လုပ်ဖို့တော့စပြီးတော့မှ ကြေညာလိုက်ပြီ၊ ဒါပေမယ့် Stay At Home ကတော့မစသေးဘူး သတိပေးတဲ့ အဆင့်တော့ရောက်တယ် ” ဟု ကိုမုန်နိုးကပြောသည်။ တီးတိန်မြို့နယ်တွင် ဒေသတွင်းကိုဗစ်ပိုးကူးစက်မှုမြင့်တက်လာသည့်အပြင် သေဆုံးသူ (၂) ဦးအထိ ရှိလာပြီဖြစ်ပြီး သေဆုံးသူ (၂) ဦးမှာ တီးတိန်မြို့၊ တွီးထန်းကျေးရွာမှ (၁) ဦးနှင့် တီးတိန်မြို့၊ မြို့မရပ်ကွက်မှအသက် (၇၅) နှစ်အရွယ်အမျိုးသား (၁) ဦးတို့ဖြစ်ကြောင်းသိရသည်။ တီးတိန်မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်မှုတိုးများလာသည့်အပြင် သေဆုံးသူ (၂) ဦးထိရှိလာပြီဖြစ်သော ကြောင့် တီးတိန်မြို့နယ်သည် Stay At Home ပြုလုပ်မှသာလျှင် ဒေသတွင်းကူးစက်မှု့ လျှော့နည်းလာမည်ဖြစ်ပြီး၊ စည်းစနစ်ကျသော Stay At Home အဖြစ်ပြုလုပ်ရန်အရေးကြီးသောအချိန်ဖြစ်နေပြီ ဟု တီးတိန်မြို့၊ ကိုဗစ် – ၁၉ Volunteer အဖွဲ့မှ ကိုမုန်နိုးကပြောသည်။ “ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် တီးတိန်မြို့က Stay At…

Read More

#Unicode ကျပ်ငွေသန်း (၆၀) ကျော်အကုန်ကျခံပြီး ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ခုစီလိုဘိုပန်းခြံတွင် အမြင့်ပေ (၇၅) ရှိသော လွတ်လပ်ရေးကျောက်တိုင်ကို ဇန်နဝါရီလ ၄ ရက်နေ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ဖွင့်လှစ်ခဲ့ကြသည်။ အမြင့် (၇၅) ပေ၊ အချင်း (၁၄) ပေရှိသည့် အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို ချင်းကာလီလီကုမ္ပဏီမှ ပြီးခဲ့သည့် ဇူလိုင်လကစ၍ တာဝန်ယူတည်ဆောက်ကာ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့မှာ ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်း လျန်လွယ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်အစိုးရအနေဖြင့် ယခုကဲ့သို့ လွတ်လပ်ရေးကျောက်တိုင်ကို ငွေကျပ်သန်းပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မည့်အစား အကူအညီလိုအပ်နေသူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေးပိုင်းတွင် အသုံးပြုသင့်သည်ဟု ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။ Tedim Youth Fellowship မှ ဦးဆောင်သူ ကိုမုန်းနိုးက “ ချင်းပြည်နယ် ဟားခါးမြို့တော်မှာသန်း (၆၀) ကုန်ပြီးတော့ တော်တော်လေးကို ဘဏ္ဍငွေကိုအလဟသ သုံးတယ်လို့ ကျနော်မြင်တယ် ဒုတိယချက်က ဒီလောက်ထိချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးသုံးပြီးတော့မှ ဘာမှမဟုတ်တဲ့လွတ်လပ်ရေး ကျောက်တိုုင်ကို စိုက်ထူတာက လုံးဝမသင့်တော်တဲ့လုပ်ရပ်လို့ ကျတော်မြင်တယ် တတိယအနေနဲ့ အခုလက်ရှိ ချင်းပြည်နယ်မှာ ကိုဗစ်နိုင် ၁၉ ကြောင့် ဒီလောက်ထိပြည်သူလူထုတွေ အခက်အခဲရောက်နေတယ် ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရောက် နေတဲ့အချိန်မှာ ဒီသန်း (၆၀) လုံးကို အဲဒီလွတ်လပ်ရေးကျောက်တိုင်စိုက်ထူတဲ့နေရာမှာ အသုံးပြုထားတာထက် ဒီကိုဗစ် ၁၉ ကိစ္စမှာသုံးရင်တော့ ပိုပြီးတော့မှ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဘဏ္ဍာငွေအသုံးပြုမှုများ ဖြစ်မလားပေါ့” ဟု ထောက်ပြထားသည်။ အဆိုပါလွတ်လပ်ရေးကျောက်တိုင်ကို…

Read More

#Unicode By လားနွန် – ချင်းပြည်နယ်တွင် အသစ်တက်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များသာမက ဒေသတွင်းတိုင်းသားပါတီများကိုလည်း ပြန်လည်ဖိတ်ခေါ်ပါဝင်စေမည်ဟု မျှော်လင့်ကြောင်း လက်ရှိ ချင်းပြည်နယ်၏ လူမှုရေး ဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “ ဒီနှစ် ၂၀၂၀ – ၂၀၂၅ အစိုးရသက်တမ်းမှာလည်းပဲ တိုင်းရင်းသားတွေကဏ္ဍကို မမေ့ပဲ ကျနော်တို့ဆက်လက််ပြီးတော့ ပါဝင်ခွင့်ရဖို့တော့လိုမယ်ထင်တယ် အဲလိုပါမှပဲ အဝေးကနေကြည့်မယ်ဆိုခြင်းထက် အထဲကနေလုပ်ခြင်းက ပိုပြီးတော့ အိမ်ရှင်စိတ်ရှိတယ် အဲဒါကြောင့် ဒီနှစ်မှာတော့ တိုင်းရင်းသားတွေကို ခေါ်ပြီးတော့ ဖိတ်ပြီးတော့ ကျနော်တို့ ပါဝင်ခွင့်ရဖို့ ဒါကျနော့်အနေနဲ့ လိုချင်ပါတယ် ဒါမှလည်းပဲ အခု CNLD ကတစ်ယောက် ZCD ကတစ်ယောက် ဒီနှစ်ယောက်ရှိနေရုံလေးနဲ့ ပါတီတွေက ဒီအစိုးရမှာ ပါဝင်ခွင့်ရမယ်ဆိုရင် ပြည်ထောင်စု ဦးဆောင်တဲ့ ပါတီနဲ့ ကျနော်တို့ Link (အဆက်အသွယ်) ရှိသွားတာပေါ့ အဲဒါကြောင့် အဲလိုမျိုးဖြစ်ဖို့ ပူးပေါင်းဖို့ပေ့ါ ကျနော့်အနေနဲ့ လိုချင်ပါတယ် အဲလိုဖြစ်ဖို့လည်းမျှော်လင့်ပါတယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ ဦးပေါင်လွန်မင်းထန်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတုန်းက ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ်(ZCD) ပါတီကိုယ်စားပြုအနေဖြင့် ချင်းပြည်နယ် တွန်းဇံမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေမှ ရွေးချယ်ခံရပြီး NLD ပါတီက အစိုးရဖွဲ့စည်းသည့်အခါ ချင်းပြည်နယ်၏ လူမှုရေးဝန်ကြီး အဖြစ်ခန့်အပ်ခံခဲ့ရသည်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း ZCD ပါတီမှ တွန်းဇံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ထပ်မံအနိုင်ရရှိခဲ့သည်။ ချင်းနိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် Chin MATA အဖွဲ့မှ ကိုအင်ဒရူးထားတွောင်ကလည်း NLD ပါတီအနေဖြင့် အစိုးရသစ်ဖွဲ့စည်းသည့်အခါ ဒေသတွင်တိုင်းရင်းသားပါတွေကိုလည်း…

Read More