#Unicode By လားနွန် – အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီ၏ နောင်အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး ဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) ပါတီအနေဖြင့် ပင်လုံစာချူပ်ကိုအခြေခံပြီး လက်တွဲပူးပေါင်းဆောင်ရွက်ရန်အဆင်သင့်ဖြစ်ဟု ပြောဆိုလိုက်သည်။ CNLD ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “သူတို့က ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုပြီး သူတို့စာပို့ထားတယ် အဲဒီမှာ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ မူဝဒါဖြစ်တဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး အဲဒါနဲ့ ပတ်သက်လို့ရှိရင် ပင်လုုံစာချုပ်ကိုအခြေခံပြီးတော့ အမျိုးသားတန်းတူမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာအခြေခံပြီးတော့ ကျနော်တို့ကတော့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်တဲ့အကြောင်း စာပို့ထားပြီးပါပြီ” ဟု ပြောသည်။ NLD ပါတီအနေဖြင့် တောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကျင်းပပြီးစီးခဲ့သည့် လေးရက် မြောက်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က “နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့်ခေါင်းစဉ်ဖြင့် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ခုထံသို့ စာပေးပို့ခဲ့သည်။ အဆိုပါပေးပို့သည့်စာထဲတွင် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချူပ်၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချူပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိူးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချူပ်ကဖော်ဆောင်မည့် ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် မကြာသေးခင်ရက်ပိုင်းကလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများနှင့် ဦးဆောင်တွေ့ဆုံဆွေးနွေးကြမည့်သူများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဗဟိုမှ ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် အင်ထုံးခါးနော်ဆန်တို့ (၃) ဦးကို ရွေးချယ်ထားပြီးဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ သူတို့က စာပို့ရုံသက်သက် အပြောသက်သက်မဟုတ်ပဲ အစိုးရသစ်မှာ…
Author: Editor
#Unicode Benezer – ခူမီးသတင်းမီဒီယာတွင် အလုပ်လုပ်ကိုင်ပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့၏ လုပ်ငန်းများကို နှောက်ယှက်နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု လေးလခွဲကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်လွှတ်မြောက်လာခဲ့သည့် ချင်းလူငယ်ဆလိုင်းအောင်စိုးကပြောသည်။ “အဓိကတော့ ကျနော့်ကိုဖမ်းရတာက မသင်္ကာလို့ဖမ်းတာလို့ပြောတယ်၊ အထူးသဖြင့် သူတို့အလုပ်ကို နှောက်ယှက်တယ်ပေါ့လေ၊ ပြီးတော့ ခူမီးသတင်းမီဒီယာမှာ လုပ်တယ်ဆိုပြီး စွပ်စွဲထားတယ်၊ ပြီးတော့ မြန်မာ့တပ်မတော်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျနော့်ကိုမသင်္ကာတော့ ဟုတ် /မဟုတ် စစ်ဆေးဖို့ ဖမ်းတာပါ၊ ကျနော့်ကို ဖမ်းထားစဉ်မှာ ရိုက်နှက်တာမျိုးတော့ မရှိပါဘူး၊ သူတို့အထက်ကလူတွေကလည်း ဘာမှ မရိုက်နှက်ဖို့ ပြောထားတယ်လို့ပြောတယ်” ဟု ဆလိုင်းအောင်စိုးမှပြောသည်။ AA တပ်ဖွဲ့မှ စွပ်စွဲသကဲ့သို့ သူသည် ခူမီးသတင်းဌာနတွင် အလုပ်လုပ်ကိုင်ခြင်းမရှိသလို မြန်မာ့တပ်တော်နှင့် အဆက်အသွယ်မရှိခဲ့ကြောင်း ဆလိုင်းအောင်စိုးကပြောသည်။ အေအေတပ်ဖွဲ့မှ ဆလိုင်းအောင်စိုးအား ရန်ကုန်မှ ပလက်ဝသို့အပြန် ကျောက်တော်နှင့်ပလက်ဝအကြား စက်လှေစီးနေစဉ် ဇူလိုင်လ ၃ဝ ရက်နေ့တွင် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၁၃၈ ရက်ကြာချုပ်နှောင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများအား သက်သေခိုင်ခိုင်မာမာမရှိဘဲ မသင်္ကာယုံဖြင့် ဖမ်းဆီး ခြင်းအား အေအေတပ်ဖွဲ့အနေဖြင့် နောက်နောင်တွင် ရှောင်ရှားရန်လိုအပ်ကြောင်း ဆလိုင်းအောင်စိုးကပြောသည်။ “လူတစ်ယောက်ကို သံသယရှိရုံနဲ့ နောက်တစ်ခါကျရင် မဖမ်းဖို့ပြောချင်တယ်၊ တိုင်တဲ့သူရှိရင်လည်း အထောက်အထား ခိုင်ခိုင်မာမာမရှိဘူးဆိုရင် မဖမ်းဖို့ကျနော်ပြောချင်တယ်” ဟု ဆလိုင်းအောင်စိုးကပြောသည်။ ဆလိုင်းအောင်စိုးအား အေအေမှဖမ်းဆီးစဉ်တွင် အခြားချင်းလူငယ်သုံးဦးလည်း ဖမ်းဆီးခဲ့သော်လည်း…
#Unicode By လားနွန် – ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့စစ်ဘေးရှောင်စခန်း (IDPs Camp) တွင် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများသည် မိမိနေရပ်သို့ပြန်လည်အခြေချလိုကြပြီး အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန်လိုလားနေကြသည်ဟု စစ်ဘေးရှောင်ပြည်သူများအား အနီးကပ်ကူညီဆောင်ရွက်နေသော People Hope (ပြည်သူ့မျှော်လင့်ချက်) အဖွဲ့ ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။ “သူတို့ရဲ့ ဆန္ဒကတော့ အများအားဖြင့် ပြန်ချင်တဲ့ဆန္ဒရှိတယ် အခုသူတို့ ပြန်ချင်ပေမဲ့လည်း ကျနော်တို့ ဆမီးမှာဆိုရင်တော့ ဂိတ်ရှိတယ် ဂိတ်ကဖြတ်လို့လည်းမရဘူး ပြီးတော့ အစိုးရအနေနဲ့ အာမခံပေးတာတို့လည်း မရှိဘူး ဒါပေမဲ့သူတို့ အနေနဲ့တော့ ပြန်ချင်တာကတော့ ဆမီးမှာရှိတဲ့ တိုက်ပွဲရှောင်တွေအားလုံးပဲ လူပေါင်း ၃၄၀၀ စလုံးကပြန်ခွင့်ရရင် သူတို့က နေချင်းညချင်းသူတို့ကပြန်ချင်တဲ့သဘောရှိတယ်” ဟု ဆမီးစစ်ဘေး ရှောင်ကူညီရေးအသင်းမှ ဦးဇော်လီအောင်ကေ ပြာသည်။ ဆမီးမြို့ရှိစစ်ဘေးရှောင်စခန်းသည် အခြားစစ်ဘေးရှောင်စခန်းများထက် စားသောက်ရေးပိုင်းတွင် အဆင်ပြေေ သာ်လည်း နေရပ်မြေမှာ ပြန်လည်အခြေချကာ လုပ်ကိုင်စားသောက်ချင်ကြပြီး (IDPs Camp) စခန်းမှာနေရခြင်း သည် စိတ်အားငယ်နေကြသည့်အပြင် အကျယ်ချုပ်ပုံစံလိုခံ စားနေရခြင်းကြောင့် မိမိတို့ဒေသသို့ပြန်ချင်ကြခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။ ဆမီးမြို့စစ်ဘေးရှောင်စခန်းတွင် နေထိ်ုင်နေသည့် ပလက်ဝမြို့နယ် ဝက်မအုပ်စု ဝက်မရွာမှ ဦးကြာလုံး ကလည်း စစ်ဘေးရှောင်စခန်းတွင်နေရခြင်းသည် အနာဂတ်အတွက် မျှော်လင့်ချက်မရှိကြောင်း ပြောဆိုပါသည်။ “ကျနော်တို့က တိုက်ပွဲတွေဘာတွေမဖြစ်ဘူးဆိုရင်တော့ မိမိရွာမှာတော့ပြန်ချင်တာပေါ့ ဒါပေမဲ့ ဒီမှာ ကျနော်တို့ စစ်ဘေးရှောင်အနေနဲ့ဆိုတော့ အနာဂတ်အတွက်လည်းမပါဘူး ဒီမှာကျနော်တို့ မျှော်လင့်ချက်လည်းမရှိဘူး ကျနော်တို့ပြန်ချင်တယ်’’ ဟု ဦးကြာလုံးကပြောသည်။ ယခုလက်ရှိ ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တပ်ဖွဲ့အကြား…
#Unicode နှင်းနှင်း – ၄ လခွဲကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဆလိုင်းအောင်စိုးအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဒီဇင်ဘာလ (၁၅) ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်သည့်အပေါ် ဝမ်းသာကြိုဆိုကြောင်းနှင့် ယခုကဲ့သို့လွှတ်မြောက်နိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း ခူမီးချင်းလူမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကော်စီ KACC ကကြေညာ ချက်ထုတ်ပြန်လိုက်သည်။ KACC မှ ညှိနှိုင်းရေးမှုး ဆလိုင်းပိုင်နန်းက ”သူလွတ်လာတယ်ဆိုတော့မိသားစုနဲ့အတူ ကျွန်တော်တို့လည်းဝမ်းသာကြတယ်၊ အချိန်တွေအကြာကြီးဒီလိုဖြစ်လာဖို့အတွက်ကို ကျွန်တော်တို့မျှော်လင့်ခဲ့တာပေါ့၊ ကျွန်တော်တို့ထုတ်ပြန်ချက်တွေ လည်းထုတ်ခဲ့တယ်၊ မနေ့ကပဲပြန်လာတယ်ဆိုတော့ ကျွန်တော်တို့ဝမ်းသာကြပါတယ်” ဟုပြောသည်။ ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ်(၄)ဦးတို့သည် ပြီးခဲ့သော ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး (၃) ဦးမှာ ဩဂုတ်လ ၂၅ ရက်နေ့ကလွှတ်ပေးခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆလိုင်းအောင်စိုးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ AA တပ်ဖွဲ့အနေဖြင့် ဆလိုင်းအောင်စိုးအား ဖမ်းဆီးထိန်းသိမ်းသည့်ကာလမှာ လေးလခွဲမျှကြာမြင့်ခဲ့သော်လည်း စတင်ဖမ်းဆီးချိန်နှင့် ဖမ်းဆီးထိန်းသိမ်းစဉ်ကာလတလျှောက်လုံးတွင် အေအေတပ်ဖွဲ့ခေါင်းဆောင်များက ဆလိုင်းအောင်စိုးအား ဖမ်းဆီးထားခြင်းမရှိကြောင်းအကြိမ်ကြိမ်ငြင်းဆိုခဲ့ကြသည်။ “ တကယ်တော့ဖမ်းတဲ့အချိန်မှာ အောင်စိုးတယောက်ထဲ မှမဟုတ်တာ၊ သူ့သူငယ်ချင်းတွေလည်းရှိတယ်၊ သူ့သူငယ်ချင်း တွေကစောစောလွတ်လာပြီလေ ကျွန်တော်တို့တွေ့နေရတာပဲလေ၊ အဓိကတော့ကိုယ်လုပ်တဲ့ဟာကိုယ် တာဝန်ခံမှု ၊တာဝန်ယူမှုရှိဖို့တော့ လိုအပ်တာပေါ့သူတို့ ဘယ်လိုပဲငြင်းငြင်း သူ့သူငယ်ချင်းတွေ လွတ်လာတာကိုတွေ့မြင်နေရတာကိုး၊ ဒါက ရုတ္တိမရှိငြင်းတာပဲလေ” ဟုဆလိုင်းပိုင်နန်းကပြောသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော KACC ၏ ကြေညာချက်တွင် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်နှင် ရခိုင်ပြည်န ယ်အတွင်း တပ်မတော်နှင့်အေအေတို့ကြားဖြစ်ပွားသော စစ်ရေး…
#Unicode By လားနွန် – ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်ထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ် လောင်းများအားလုံး ရွေးကောက်ပွဲကာလအသုံးစရိတ်များ တင်ပြပြီးစီးပြီဖြစ်ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချိူ့ သည့် အသုံးစရိတ်တင်သွင်းရန်အခက်အခဲဖြစ်နေခဲ့သော်လည်း Viber မှတဆင့် ပေးပို့လာသည့်အတွက် ယခု အခါ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရန် ကျန်ရှိနေသေးသည့် ကိုယ်စားလှယ်လောင်းမရှိတော့ကြောင်း မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။ “အားလုံးတင်ပြပြီးသွားပါပြီ ပျက်ကွက်သူမရှိပါဘူး ပလက်ဝဘက်ကတော့ Viber ကနေပို့လာတယ် စာတော့ မရောက်သေးဘူး Viber ကနေ ကျနော်ကနေပြီးတော့ လက်ခံပြီးတော့ စာရင်းစစ်လိုက်တာပေါ့ သူ့မူရင်း ကတော့မရောက်သေးဘူး Viber ကနေဓာတ်ပုံရိုက်ပြီးတော့ ပို့လာပေးတယ် ဒါကိုကျနော်တို့ Print ထုတ်လိုက်ြ ပီးတော့ စာရင်းစစ်လိုက်တာပေ့ါ အဲလိုလက်ခံပေးလိုက်တယ် အဆင်ပြေသွားတယ်’’ ဟု ဦးမင်းအောင်ရှိန်က ပြောသည်။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ကြသော ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ တစ်သီးပုဂ္ဂလ အပါအဝင်နိုင်ငံရေးပါတီ ၁၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၁ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း (၁၀၀) အထိ အသုံးပြုခွင့်ပေးထားပြီး ထိုအသုံးစရိတ်များကို ရွေးကောက်ခံကိုယ်စားလှယ်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်း ဥပဒေ (၈၄) အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာရမည်ဖြစ်သည်။ #Zawgyi ချင်းပြည်နယ်တွင် ၂၀၂၀ ခုနှစ်ထွေထွေရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စား လှယ်…
#Unicode By လားနွန် – ချင်းပြည်နယ် ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဌ ပူးစီးဇာကျုံး (Pu C. Za Cung) သည် ဥက္ကဌ ရာထူးမှ နှုတ်ထွက်စာတင်ထားသည်ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ ထန်တလန်မြို့နယ် NLD ပါတီအောင်နိုင်ရေးအတွက်အလှူငွေထည့်ဝင်ကြသည့် ကုမ္ပဏီများအား ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းအတွက် ပူးစီးဇာကျူံး၏လက်မှတ်ဖြင့် ထောက်ခံပေးထားသည့် သဘောသက်ရောက်သော အစီရင်ခံ စာရွက်ပေါက်ကြားလာပြီးနောက် ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကာ ပါတီဗဟိုသို့တင်ပြထားဆဲ ကာလတွင် ယခုကဲ့သို့ ဥက္ကဌရာထူးမှ နှုတ်ထွက်စာတင်သွင်းခြင်းဖြစ်သည်။ “အဲဒါက သူ့စေတနာနဲ့ ကုမ္ပဏီသမားတွေကို အစီရင်ခံစာရေးပြီးတော့ ငွေ amount တွေကိုလေ သွားပေးတဲ့အခါမှာ အားလုံးပေါ်နေတော့လေ သူ့အနေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ အဲဒီမှာနည်းနည်းလေး လွဲချော်မှုရှိလို့ အဲဒါကြောင့်ပါ အထက်ကညွှန်ကြားတာမဟုတ်ဘူး သူကိုယ်တိုင်တင်ထားတယ် အဲဒါ ပါတီဗဟိုကတော့ ဘာမှအရေးယူမှုမရှိသေးဘူး အရေးယူမှုမလာသေးဘူး” ဟု ချင်းပြည်နယ် NLD ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ ပူးစီးဇာကျုံးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုအနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသူဖြစ်သည်။ လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် ၎င်းအစီရင်ခံစာရွက်တွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက်လျှော က်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင်မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝိုင်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသဖြင့် လူမှုကွန်ယက်တွင် ဝေဖန်မှုများမြှင့်တက်ခဲ့သည်။ ထို့နောက် ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးပြီး NLD ပါတီဗဟိုသို့…
#Unicode နိုင်ငံတော် ဒု-သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူသည် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲကာလတွင် ကျပ်ငွေသိိန်း ၇၀ ကျော်အသုံးပြုခဲ့ကြောင်း ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁၀ ထန်တလန်မြို့နယ်မှ အမျိူးသား ဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီကိုယ်စားပြုအနေဖြင့် ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ် ကျပ်ငွေ ၇၁၄၆၈၉၀ သိန်းရှိခဲ့သည်ဟု ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူး ဒေါ်ချိူခိုင်ဦးကပြောသည်။ “ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရွေးကောက်ပွဲအသုံးစရိတ်တွေ လာရောက်တင်သွင်းပါတယ်၊ စုစုပေါင်း ၇၁၄၆၈၉၀ သိန်းရှိပါတယ်’’ ဒေါ်ချိူခိုင်ဦးကပြောသည်။ ချင်းပြည်နယ်အမျိူးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၀ တွင် NLD ပါတီမှ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးရှန်လျန်မှုန်း၊ ချင်းအမျိူးသားဒီမိုကရေစီအဖွဲပ်ချူပ် CNLD ပါတီမှ ဦးဗန်မွန်လျန်တို့ ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဦးဟင်နရီဗန်ထီးယူက မဲအပြတ်သတ်ဖြင့်အနိုင်ရရှိခဲ့သည်။ ဦးရှန်လျန်မှုန်း၏ ရွေးကောက်ပွဲကာလအသုံးစရိတ်မှာ ကျပ် ၉၆၈၁၅၀၀ သိန်းအထိရှိခဲ့ပြီး ဦးဗန်မွန်လျန်၏ အသုံးစရိတ်မှာ ကျပ် ၈၂၅၀၀၀၀ သိန်းရှိခဲ့သည်ဟု ဟားခါးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ ထိ အသုံးပြုနိုင်ပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း သက်ဆိုင်ရာရွေး ကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။ ဟားခါးခရိုင်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၂ ဦးရှိခဲ့ပြီး ၎င်းတို့၏ အသုံးစရိတ်များကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းခဲ့ကြပြီဖြစ်ကြောင်း ဒေါ်ချိူခိုင်ဦးကပြောသည်။ ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ…
#Unicode By လားနွန် – ချင်းအမျိူးသမီးများအား ခွဲခြားဆက်ဆံမှုနှင့် နစ်နာမှုရှိစေသည်ဆိုသော ချင်းဝိသေသတိုင်းအက်ဥပဒေ (Chin Act) ကို လွှတ်တော်တွင်းကနေ ပြင်ဆင်နိုင်ရန်ကြိုးပမ်းသွားမည်ဟု ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ထန်လတန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) မှ ရွေးချယ်ခံရသည့် ဒေါ်နီရွှေလျန်ကပြောသည်။ “ဘာပဲပြောပြော ကျမတို့အနေနဲ့ အဲဒီဥပဒေကို ပြင်ကိုပြင်သင့်တယ် ဒါပေမဲ့ ကျမအနေနဲ့တော့ ဥပဒေပညာရှင်လည်း မဟုတ်ဘူးဆိုတော့ ဘယ်နည်းဘယ်ပုံစံနဲ့ ပြင်ရမယ်ဆိုတာတော့ အတိအကျမပြောနိုင်သေးဘူး ဒါပေမဲ့ ခေါင်းထဲမှာတော့ ဒါဟာအမျိုးသမီးတွေအတွက် တကယ့်ကိုနစ်နာစေတဲ့ ဥပဒေကြီးဖြစ်တယ် ခေါင်းထဲမှာတော့ရှိနေတယ် ဒါပေမဲ့ ဘယ်ပုံ ဘယ်နည်းနဲ့ဝင်ပြီးမှလုပ်ပေးမယ်ဆိုတာကတော ဥပဒေပညာရှင်လမ်းဆိုတော့ ဥပဒေပညာရှင်တွေနဲ့လည်း ပူးပေါင်းပြီးမှ ဆက်လုပ်ရမယ့်အပိုင်းရှိတယ် လုပ်ချင်တဲ့စိတ်ဆန္ဒကတော့အပြည့်ဘဲ” ဟု ဒေါ်နီရွှေလျန်ကပြောသည်။ ဒေါ်နီရွှေလျန်သည် ယခုလက်ရှိတွင် ထန်တလန်မြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင် ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ်(၂) တွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။ သူသည် ချင်းပြည်နယ်၏ ပထမဦးဆုံးသော ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်သည်။ ချင်းပြည်နယ်တွင် ယခင်နှင့် ယခုလွှတ်တော်သက်တမ်း (၁၀) နှစ်စလုံးတွင် ချင်းအမျိူးသမီး ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်မျှမရှိခဲ့ပဲ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်မှာ အမျိူးသမီးတစ်ဦးပါလာသည့်အပေါ်ဝမ်းသာကြိုဆိုကြောင်း ချင်းအက်ပြင်ဆင်ရေးပိုင်းတွင်လည်းအထောက်အကူဖြစ်လာမည်ဟုယုံကြည်ကြောင်း Ninu ခေါ် ချင်းအမျိူးသမီးအဖွဲ့ဒါရိုက်တာ Mai Len Nei Cer ကပြောသည်။ “ချင်းပြည်နယ်လွှတ်တော်မှာ အမျိုးသမီးပါလာတာ ကောင်းတယ်၊ ဝမ်းလည်းသာတယ်၊ ဒါပေမယ့် အမတ် ၂၆ ယောက် လောက်မှာ အမျိုးသမီးတစ်ယောက်တည်းဖြစ်မှာဆိုတော့…
#Unicode Benezer – ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် လောင်းအများစုသည် ရွေးကောက်ပွဲကာလအသုံးစရိတ်တင်သွင်းခဲ့ကြပြီးဖြစ်သော်လည်း ပလက်ဝမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့မှာ လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ကုန်ကျစရိတ်တင်သွင်းရန် အခက်အခဲရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံမှသိရသည်။ “ကျနော်တို့ဆီမှာတော့ လောလောဆယ်လာတင်သွင်းတာ ၉ ယာက်လိုသေးတယ်၊ အဓိက လိုတာကတော့ ပလက်ဝဘက်က ၇ ယောက် တင်သွင်းဖို့ ကျန်နေသေးတယ်၊ ပလက်ဝက လမ်းပန်းဆက်သွယ်ရေး အနေအထားအရ မရောက်နိုင်တာ၊ ဒီနေ့အရောက်ပို့မယ်လို့တော့ပြောတယ်၊ ဒါပေမယ့် နယ်မြေမလုံခြုံဘူးဆိုတော့ ပြည်ထောင်စုက ဘယ်လိုဆုံးဖြတ်မလဲ မသိသေးဘူး၊ ကျန်တဲ့ နှစ်ယောက်ကတော့ မတူပီကပါ၊ ဒီနေ့လာတင်မယ်ပြောတယ်”ဟု မတူပီခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးမင်းအောင်ရှိန်ကပြောသည်။ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မတူပီခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူ ၃၇ ယောက်ရှိပြီး လက်ရှိအချိန်ထိ ရွေးကောက်ပွဲအသုံးစရိတ် လာရောက်တင်သွင်းပြီးသူ ၂၈ ယောက်ရှိပြီဖြစ်ကာ ပလက်မြို့နယ်မှ ရဦးနှင့် မတူပီမြို့နယ်မှ ၂ ဦး တင်သွင်းရန် ကျန်ရှိနေသေးကြောင်းသိရသည်။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း သိန်း ၁၀၀ ထိ အသုံးပြုခွင့်ပေးထားပြီး၊ ထိုအသုံးစရိတ်များကို ရွေးကောက်ပွဲကျင်းပသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း (ဒီဇင်ဘာလ ၈ ရက်) နေ့အထိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်များထံ တင်သွင်းရမည်ဖြစ်သည်။ ရွေးကောက်ပွဲကုန်ကျစရိတ်များကို တင်သွင်းခြင်းမရှိပါက သက်ဆိုင်ရာရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရမည်ဖြစ်ပြီး ထို့ကြောင့် ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အသုံးစရိတ်အား မဖြစ်မနေလာရောက်တင်သွင်းကြရန် နှိုးဆော်မှုများ လုပ်ဆောင်ခဲ့ကြောင်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်မှပြောသည်။ “မတင်ရတဲ့သူတွေကနည်းသွားပါပြီ၊ တစ်ချို့လာတင်ထားတယ်၊ ဒါပေမယ့်…