By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားရာ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲများ မကျင်းပနိုင်ခဲ့ကြောင်းသိရသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်ခြင်းနှင့် နယ်မြေလုံခြုံရေးအခြေအနေကြောင့် ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များအနေဖြင့် ခရစ္စမတ်နှင့် နှစ်သစ်ကူးအခါသမယများတွင် ပွဲတော်များအား ယခင်နှစ်လို မကျင်းပနိုင်ကြောင်း ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။ “နှစ်သစ်ကူးက အရင်ကလိုပဲ ပုံမှန်စည်စည်ကားကားတော့ မလုပ်နိုင်ဘူး ဒါပေမဲ့ ကိုယ့်အိမ်မှာကိုကျတော့ မိသားစုအလိုက်နဲ့ပဲ ကြိုဆိုကြတယ် ဒါပေမဲ့ အရင်ကလို စည်စည်ကားကားနဲ့ကျတော့ ကျနော်တို့ မလုပ်ဘူး ခရစ္စမတ်လည်း ထိုနည်းတူစွာ အရင်တုန်းကဆိုရင် ကျနော်တို့ အပိုင်တွေအလိုက် အဲလိုမျိုး ကျနော်တို့ကျင်းပကြတယ် အခုကျတော့ ကျနော်တို့က ခရစ္စမတ်လည်း မကျင်းပရဘူး Happy new year ကလည်း ထိုနည်းတူစွာပဲဖြစ်ပါတယ် အစိုးရက မကျင်းပနဲ့လို့တော့မပြောဘူး ဒါပေမဲ့ တာဝန်မယူဘူးဆိုတော့က ကျနော်တို့က မကျင်းပရဲဘူးပေါ့နော် သူတို့က တာဝန်မယူရဲလို့ရှိရင်ဆိုတော့ ကျနော်တို့ အခက်အခဲက မကျင်းပနိုင်တာဖြစ်ပါတယ်” ဟု ခရစ်ယာန်ဓမ္မဆရာ မိုးစက်ကပြောသည်။ ခရစ္စမတ်ပွဲတော်နှင့် နှစ်သစ်ကူးနေ့များသည် မနက်ပိုင်းတွင်ကျင်းပခဲ့ပြီး ည၀တ်ပြုသည့်အစီအစဉ်များမှာ သွားလို့ရသော်လည်း ညမထွက်ရအမိန့်အရ ညနေ (၆) နာရီနောက်ပိုင်း သွားလာခွင့်ပိတ်ပင်ထားခြင်းကြောင့်…
Author: Editor
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်မှု ရုတ်သိမ်းခြင်းမရှိသေးသည့်အတွက် ခရစ်ယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကို ယခင်နှစ်ကကဲ့သို့ ကျင်းပပြုလုပ်ရန် အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။ နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဆိုကာ ပလက်ဝမြို့နယ်တွင် ည (၆) နာရီမှ မနက် (၆) နာရီအထိ အပြင်မထွက်ရနှင့် လူ (၅) ဦးထက်ပိုပြီး စုမနေရဆိုသည့် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်ထားခြင်းကြောင့် ဘာသာရေးအသင်းတော်များ အနေဖြင့် စည်စည်ကားကားနှင့် ကျင်းပနိုင်တော့မည်မဟုတ်ကြောင်း ပလက်ဝမြို့မှ ခရစ်ယာန်ဓမ္မဆရာ မောဆက်ကပြောသည်။ “အရင်တုန်းကတော့ ပျော်ပျော်ပါးပါးနဲ့ ညမှာရော နေ့မှာပါ ပျော်ပွဲရွှင်ပွဲတွေ၊ အကတွေ စသည်ဖြင့် အားရပါးရနဲ့ ကြီးကြီးမားမားကျင်းပကြတာပေါ့ ဒီနှစ်ကြတော့ အဲလိုကြီးကြီးမားမား ကျင်းပလို့မရတော့ဘူး ဒင်နာစားရုံလောက်ပါဘဲ ခုကတော့မရတော့ဘူး ဒီနှစ်ကတော့ ဘယ်သူမှ ပလက်ဝအသင်းတော်မှာတော့ မလုပ်နိုင်တော့ဘူး အသင်းတော်တိုင်းပါပဲ” ဟု ဆရာမေဆက်ကပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်သည်ဟုဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာလသည် ခရစ္စယာန်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ခရစ္စမတ်ရက်မြတ်ကာလဖြစ်ပြီး အသင်းအသီးသီးက ကယ်ရောလ်သီချင်းများသီဆိုခြင်း၊ ခရစ္စမတ်ပွဲတော်ကို နေ့ရောညပါ စည်စည်ကားကားကျင်းပခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော်လည်း ယခုအခါ ပလက်ဝမြို့တွင် ကယ်ရောလ်သီချင်းသီဆိုမှုကို ညမှာမလုပ်နိုင်တော့၍ နေ့လယ်ပိုင်းမှာ ပြုလုပ်နေကြရပြီး ခရစ်ယာန်ဘာသာဝင်များအတွက်…
By လားနွန် – ၂၀၁၈ – ၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း အပြီးတည်ဆောက်ရန်လျာထားသည့် ပလက်ဝမြို့နယ်၊ မှုံးတနူးကျေးရွာ ကျန်းမာရေးဌာန (ဆေးပေးခန်း) အဆောက်အဦးသည် ယနေ့ချိန်ထိ ဖောင်ဒေးရှင်းချသည့်အဆင့်တွင်သာရှိနေသေးပြီး အမြန်ဆုံးတည်ဆောက်ပေးရန် ဒေသခံများက လိုလားနေကြသည်။ မှုံးတနူးကျေးရွာ ကျန်းမာရေးဌာနအဆောက်အဦးတည်ဆောက်ရန် Royal Shine Star ကုမ္ပဏီမှ တင်ဒါအောင်ထားပြီး ၂၀၁၈ ခုနှစ် ဧပြီလကစ၍ (ဖောင်ဒေးရှင်း) အုပ်မြစ်ချ၊ တိုင်ထောင်သည့်အဆင့်ထိသာ အကောင်အထည်ဖော်ဆောင်ပြီးနောက် လုပ်ငန်းရပ်နားသွားသည်ဟု မှုံးတနူးကျေးရွာဒေသခံ ဦးကွီးထိုးကပြောသည်။ “၂၀၁၈ ခုနှစ် ဧပြီလ (၁၄) ကနေစပြီးမှ လုပ်ငန်းဝင်လာတယ် ဒါပေမဲ့ အခုချိန်ထိက ဒီတိုင်ထောင်တာတစ်ခုတည်းနဲ့ သဲစုတာ၊ အုတ်ခဲစုတာ၊ ဘိလပ်မြေစုတာ တစ်နှစ်ကုန်သွားတယ်၊ ကျနော် လက်တွေ့မြင်တဲ့အတိုင်းကတော့ မိုးရာသီတွင်းမှာ သံထည်ပစ္စည်းတွေကို စုဆောင်းရင်းနဲ့ သဲက မစုအားတဲ့သဘောဖြစ်သွားတယ် နောက်ပြီးမှ အဲဒီလမ်းကလည်း မိုးတစ်ခါရွာတာနဲ့ အကုန်လုံးချော်တာ ကားက မသွားရဲတဲ့သဘောဖြစ်တာလို့သိရတယ်’’ ဟု ဦးကွီးထိုးကပြောသည်။ အဆိုပါအဆောက်အဦးတည်ဆောက်ရန်အတွက် ကျပ်သိန်း (၁၅၀၀) ခန့်ချမှတ်ထားပြီး မြို့နယ်အဆင့်မှ ညွှန်ကြားချက်အရ တင်ဒါအောင်သည့်ကုမ္ပဏီက ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးအတွင်း အပြီးအစီးတည်ဆောက်ရန်အတွက် လျာထားခဲ့ကြသည်။ သို့သော်လည်း သက်ဆိုင်ရာကုမ္ပဏီမှ (၂) နှစ်နီးပါးခန့် ရပ်နားထားပြီးမှ ပြီးခဲ့သည့် နိုဝင်ဘာလကစ၍ ပြန်လည်စတင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဓိကပြသနာက လမ်းပန်းဆက်သွယ်ရေးပေါ့ ကားလမ်းမပေါက်တာ နောက်ပြီးတော့ မှုံးတနူးက ပလက်ဝမြို့နယ်ဆိုတော့ အခုက မြောက်ဦးကနေတဆင့်တက်ရတယ် မြောက်ဦးဘက်မှာ…
By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာနှင့် သဖန်းချောင်းကျေးရွာမှ ရွာသား (၄၀) တို့သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာမည်ကို စိုးရိမ်သည့်အတွက် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု သိရသည်။ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်တစ်ချို့သည် ကြောင်ချောင်းကျေးရွာသို့ဝင်ရောက် နေထိုင်မှုများရှိလာသည့်အတွက် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် တိုက်ပွဲမဖြစ်ခင်တွင် ပလက်ဝမြို့ပေါ်သို့ ဒီဇင်ဘာ (၁၇) ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်ဟု ပလက်ဝမြို့နယ်စစ်ဘေးကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ ၁၂ ရက်နေ့က AA တပ်ဖွဲ့တွေ သူတို့ရွာထဲရောက်လာတယ် သူတို့က ချက်ချင်းကြီးပြေးလာတယ် တော့မဟုတ်ဘူးပေါ့နော် သူတို့ရှိလာတယ်ဆိုတော့ နည်းနည်းတိုက်ခိုက်မှု တွေရှိလာနိုင်တယ်ဖြစ်နိုင်တယ်ဆို ပြီးတော့သူတို့က မဖြစ်ခင်မှာကြိုပြီးရှောင်တဲ့အနေနဲ့ ထွက်ပြေးလာကြတာ AA တပ်ဖွဲ့တွေက ဒုက္ခတော့မပေး ပေမယ့် အနီးအနားမှရှိရင် ဟိုဘက်ဒီဘက်တိုက်ပွဲတွေဖြစ်လာရင် ကြားညှပ်မှာစိုးရိမ်တယ်လေ” ဟု ၎င်းကပြောသည်။ ကြောင်ချောင်းကျေးရွာသည် ပလက်ဝမြို့မှ (၅) နာရီခန့်သွားရပြီး ယခုပလက်ဝမြို့ပေါ်သို့ထွက်ြေ ပးလာသူများမှာ အိမ်ထောင်စု (၉) စု လူဦးရေ (၂၀) ရှိသည်။ အလားတူ သဖန်းချောင်းကျေးရွာအနီးတ၀ိုက်တွင် မြန်မာ့တပ်မတော်နှင့် AA တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား သည့်အတွက် ရွာထဲတွင်ဆက်မနေရဲတော့ဘဲ ဒီဇင်ဘာလ ၁၄ ရက်နေ့က အိမ်ထောင်စု (၅) စု လူဦးရေ (၂၀) တို့ သည် ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။ သဖန်းချောင်းကျေးရွာဒေသခံတစ်ဦးက “သဖန်းချောင်းက တပ်ကုန်းနဲ့အရမ်းနီးတော့လေ အဲဒါကြောင့်မို့ တိုက်ပွဲဖြစ်တော့လည်း သေနတ်ပစ်သံတွေက အနီးနားမှာဖြစ်သလိုခံစားရတယ်၊ ကြောက်လို့မနေရဲကြဘူး ရွာထဲမှာဖြစ်တာတော့မဟုတ်ဘူး အဲဒါကြောင့်မို့ထွက်ပြေးလာတာ” ဟု…
By လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာဒေသ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်ခြင်းကြောင့် ညစာဖတ်ဝိုင်းများဆက်ပြုလုပ်၍မရသဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်ထိခိုက်မည်ဟု စိုးရိမ်နေကြသည်။ ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်အနက် ပလက်ဝမြို့နယ်သည် ဆယ်တန်းအောင်ချက်အနိမ့်ဆုံးဖြစ်လေ့ရှိသည့်အတွက် အောင်ချက်မြင့်မားလာစေရန် ပြည်နယ်အစိုးရမှ စာဖတ်ဝိုင်းများပြုလုပ်ခိုင်းသော်လည်း ည (၆) နာရီမှ နံနက် (၆) နာရီအကြား ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အတွက် စာဖတ်ဝိုင်းမပြုလုပ်နိုင် တော့ကြောင်း ပလက်ဝမြို့နယ် ပညာရေးမှူးက ဆလိုင်းအောင်မင်းကပြောသည်။ “တချို့စာဖတ်ဝိုင်းတွေက ကျနော်တို့စနေပြီလေ ပုဒ်မ ၁၄၄ ထွက်တာနဲ့ စာဖတ်ဝိုင်းကလုံးဝလုပ်လို့မရတော့ဘူး၊ ဆရာ။မတွေရော ကျောင်းသူ။သားတွေရောမလာချင်ကျတော့ဘူး ပုဒ်မ ၁၄၄ ကြောင့် ကျောင်းသူ။သားတွေရော ဆရာ။မတွေကလည်း အဲလိုလုပ်ဖို့ကလည်းနည်းနည်းလေး စိုးရိမ်ကြတာပေါ့” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(ဗဗ) တို့ အကြားတိုက်ပွဲများကြောင့် လုံခြုံရေးအရဟုဆိုကာ ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ပလက်ဝမြို့အထွေထွေအုပ်ချုပ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပလက်ဝမြို့နယ်တွင် ယခင်နှစ်များကစပြီး ဆယ်တန်းအောင်ချက်မြင့်မားစေရန်အတွက် စားဖတ်ဝိုင်းနှင့် စာသင်ဝိုင်းများကို အ.ထ.က (ခွဲ) ၊ အ.ထ.က ကျောင်းတို့တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ် စက်တင်ဘာလမှ စပြီး စာဖတ်ဝိုင်းစတင်ပုံမှန်ပြုလုပ်ခဲ့သော်လည်း နိုဝင်ဘာလ (၉) ရက်နေ့ကစပြီး ယခုချိန်ထိဆက်မလုပ်နိုင်ကြ တော့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ စာဖတ်ဝိုင်းများဆက်လုပ်မပြုလုပ်နိုင်တော့သည့်အတွက် လာမည့်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ နှင့် အောင်ချက်ပိုင်းတွင် ထိခိုက်မှုရှိနိုင်သည်ဟု ဆလိုင်းအောင်မင်းကပြောသည်။ “အများကြီးထိခိုက်နိုင်မယ်လို့တော့ ကျနော်ထင်တယ် ဥပမာ စာဖတ်ဝိုင်းပုံမှန်မလုပ်ဘူးဆိုရင်…
By လားနွန် – ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်တွင် တာဝန်ထမ်းဆောင်သည့် ဒု-ရဲအုပ်ဟန်ဝင်းအောင်က သူ့လက်အောက်ငယ်သား ရဲတပ်သားတစ်ဦိးကို သေနတ်ဖြင့်ပစ်ခတ်မှု ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ အခင်းဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က လုံခြုံရေးဆောင်ရွက်ထားရှိမှု ဇတ်သတ်လေ့ကျင့်ရေးအတွက် သွားရောက်နေစဉ် တွန်းဇံမြို့နယ်၊ ဘပီးအုပ်စု၊ ကျီခါး-ဇမ်ပီးလမ်းခွဲအရောက်တွင် ရဲတပ်သားထန်လျန်းပေါင်ကို ဒုရဲအုပ်ဟန်ဝင်းအောင်က ၎င်းကိုင်ဆောင်သော ခြောက်လုံးပြူးသေနစ်ဖြင့် (၄) ချက်ပစ်ခတ်ခဲ့ပြီး၊ ကျည်ဆံထိမှန်မှုတော့ မရှိခဲ့ကြောင်း သေနတ်ဖြင့်အပစ်ခံရသည့် ရဲတပ်သား ထန်လျန်းပေါင်က ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ “သူက ဟဲ့ကောင် မင်းဝါးတားတားမလုပ်နဲ့နော်ဆိုပြီး ကျနော်လည်း ဟုတ်ကဲ့ဗိုလ်ကြီးဆိုပြီး အဲဒါလေးခါလောက်ပြောတာ အဲဒါနဲ့ ကျနော်လည်း လေးခါငါးခါလောက်ပေါ့ ဗိုလ်ကြီး ကျနော်ဘာအမှားလုပ်လဲဆိုပြီး ကျနော်လည်း ဗမာစကားသိပ်မကျွမ်းဘူးပေါ့နော် ပြောမှားတာလည်း ရှိရင်ရှိအုံးမယ် ကျနော့်ကို နားလည်ပေးပါ ကျနော်ပြန်ပြောတာနဲ့ မင်းဘာဖြစ်လို့ပြန်ပြောတာလဲ မင်းအရာရှိလား ငါ့အရာရှိလား အဲလိုပြောပြီးတော့ သေနတ်နဲ့ပစ်တာလေ၊ ကျနော့်သူငယ်ချင်းတွေရှိလို့ ဗိုလ်ကြီးနဲ့ ၅ ပေလောက်ပဲကွာတာလေ ဘယ်သူမှမတားရင်တော့ ထိကိုထိမှာ’’ ဟု ရဲတပ်သား ထန်လျန်းပေါင်ကပြောသည်။ ဒု-ရဲအုပ်ဟန်ဝင်းအောင်၏ ပစ်ခတ်မှုကြောင့် တပ်သားထန်လျန်းပေါင်သည် ကျည်ဆံထိမှန်ခြင်းမရှိသော်လည်း ဆိုင်ကယ်ခေါင်းအား ထိမှန်ခဲ့သည်ဟုသိရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်သား ထန်လျန်းပေါင်က အများအဖွဲ့အစည်းရှေ့မှောက်တွင် တပ်ဖွဲ့ဝင်တစ်ဦး၏ ဂုဏ်သိက္ခာထိပါးစေရန်နှင့် အသက်အန္တရာယ်သေစေရန် ကြံရွယ်ချက်ဖြင့် ပစ်ခတ်သည့် ဒုရဲအုပ်ဟန်ဝင်းအောင်အား အရေးယူဆောင်ရွက်ပေးရန် တွန်းဇံမြို့ရဲစခန်းသို့ တိုင်ကြားထားသည်ဟု သိရသည်။ အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ခိုနူမ်းသုန်သတင်းဌာနမှ သက်ဆိုင်ရာ တွန်းဇံမြို့ ရဲစခန်မှူး ဒုရဲမှူးစိုးဝင်းအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ယင်းကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။ (Photos…
By လားနွန် – လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ယာယီပိတ်ထားရသည့် ပလက်ဝြမို့နယ် ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွ က်မှ အ.ထ.က (ခွဲ) ကျောင်းကို ပြီးခဲ့သည့်ဒီဇင်ဘာလ (၁၂) ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်လိုက်ပြီဟု သိရသည်။ ခ.မ.ရ (၂၈၉) တပ်ရင်းဧရိယာအတွင်းတည်ရှိသည့် အဆိုပါ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်မနက်ပိုင်း (၄) နာရီခန့်က ဗဗ လက်ချက်ဟုယူဆရသည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ ခဲ့သည့်အတွက် ကျောင်းကိုယာယီပိတ်ပင်ထားရာကနေ ယမန်နေ့စ၍ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ပလက်ဝြမို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “ ကျောင်းသားတော့မနေ့ကတော့မစုံသေးဘူး ဒီနေ့တော့စုံလောက်ပြီထင်တယ်၊ စိုးရိမ်စိတ်တော့ရှိတယ် စိုးရိမ်စိတ်ရှိလို့ အနားယူခိုင်းလိုက်တာပေါ့ နည်းနည်းလေးအချိန်လေးစောင့်ပါအုံး ဆိုပြီးတော့ တစ်ရက်နှစ်ရက်တော့အနားယူခိုင်းလိုက်ပြီးမှ အခုကျတာ့နည်းနည်းလေးငြိမ်သွားပါပြီ အဲဒါနဲ့ ကျောင်းပြန်တက်ခိုင်းတာပါ” ဟု မြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ ရိက္ခာတိုးချဲ့ မြို့သစ်ရပ်ကွက် အ.ထ.က (ခွဲ) ကျောင်းတွင် တက်ရောက်သည့် ကျောင်းသားကျောင်း သူအများစုသည် (၂၈၉) တပ်ရင်းမှ တပ်မတော်သားသမီးများဖြစ်ကြပြီး အနီးနားကျေးရွာများ မှ ကျောင်းသားကျောင်းသူများလည်း တက်ရောက်ကြသည်။ အဆိုပါကျောင်းတွင် ကျောင်းသား။သူဦးရေ ၂၇၀ ကျော်ရှိသည်။ ပလက်ဝြမို့နယ်တွင် ယခုနှစ်အတွင်း တိုက်ပွဲကြောင့် ယာယီပိတ်ထားသည့် ကျောင်း (၅) ကျောင်းရှိပြီး ယင်းကျောင်းများသည်လည်း လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်နိုင်ကြပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ် တောင်ပိုင်းပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ အကြား တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ခရီးသည်တင်စက်လှေ များပစ်ခတ်ထိခိုက်မှုများရှိလာသည့်အတွက် ကုလားတန် မြစ်ကြောင်း တွင် ပြေးဆွဲနေသည့် ခရီးသည်စက်လှေများသည် ပြေးဆွဲမှုရပ်နားထားရကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့က ပလက်ဝမြို့မှ တောင်ပြိုကျေးရွာအကြား ပြေးဆွဲသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ကုလားတန်မြစ်ကြောင်းအတိုင်းပြေးဆွဲပြီး ကမ်းကပ်နေစဉ်တွင် လက်နက်ကြီးကျည်ကျ ရောက်ပေါက်ကွဲမှုကြောင့် စက်လှေပေါ်ပါလာသည့် ခရီးသည် (၂) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ လိုင်းဆွဲစက်လှေများပြေးဆွဲမှု ရပ်နားထားခြင်းဖြစ်သည်ဟု ပလက်ဝမြို့မှ စက်လှေ အမောင်းသမား ဦးရောဘာကပြောသည်။ “ဟိုနေ့ဖြစ်တဲ့ဟာကြောင့် လိုင်းဆွဲတွေကမသွားဘူး မသွားဘူးဆိုတာက လိုင်းဆွဲတွေပါ ကိုယ်ပိုင်စက်လှေ အသေးစားတွေတော့သွားလို့ရတယ် အခုလောလောဆယ်တော့ လိုင်းဆွဲတွေတော့ နားထားတယ်၊ အခုလို ဖြစ်နေရင် မသွားရဲဘူး စက်လှေတော့ထွက်မယ် လူကလိုက်လို့သိပ်အဆင်မပြေဘူးပုံစံဖြစ်နေတယ် စက်လှေ ကိုယ်ပိုင်အသေးစားတွေနဲ့ နှစ်ယောက်သုံးယောက်အရေးပေါ်ပုံစံမျိုးနဲ့ သွားရမယ့်အခြေအနေဖြစ်နေပြီ” ဟု ဦးရောဘာကပြောသည်။ ပလက်ဝမြို့နယ်တွင် စားသုံးကုန်၊ လူသုံးကုန်အများစုကို ရခိုင်ပြည်နယ်ကျောက်တော်မှတဆင့် စက်လှေဖြင့် အဓိကသယ်ယူလေ့ရှိကြပြီး ယခုကဲ့သို့ စက်လှေလိုင်းဆွဲများရပ်နားမှုကြာမြင့်လာပါက ကုန်ပစ္စည်းများပြတ်လပ် မည်ဆိုလည်း ဒေသခံများကစိုးရိမ်မကင်းဖြစ်နေကြသည်ဟုသိရသည်။ စက်လှေသမားဦးရောဘာက “မြို့ပေါ်မှာရှိတဲ့သူတွေအတွက်တော့အခက်အခဲရှိမယ် နယ်မှာတော့ တစ်လ စာနှစ်လစာရတဲ့ စိုက်ပျိုးတောင်ယာစိုက်ထားတာတွေတော့ရှိတယ် နယ်မှာတော့အဆင်ပြေတယ် ဒါပေမဲ့ မြို့ပေါ်ကပိုပြီးစိုးရိမ်ရတယ် ဟိုတစ်ခေါက်ကလည်း ကုလားတန်တံတားဆောက်ဖို့ ကုန်ပစ္စည်းသယ်တဲ့ သင်္ဘောပစ်ခံရတယ်၊ အရင်တုန်းက ဆန်ဆိုလည်း အိတ် ၂၀ဝ သယ်လို့ရတယ်၊ အခုက အိတ် ၂၀ လောက်ပဲသယ်ရတယ်” ဟု ပြောသည်။ ယခုလက်ရှိပလက်ဝမြို့နေ ပြည်သူများသည် အလုပ်ကိစ္စကြောင့်ဖြစ်စေ…
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့မှ တောင်ပြိုကျေးရွာအကြား ကုလားတန်မြစ်ကြောင်းအတိုင်း ပြေးဆွဲနေသည့် စက်လှေတစ်စီးသည် ယနေ့မွန်းလွဲပိုင်း ၁၂ နာရီကျော်ခန့်က လက်နက်ကြီးကျည်ထိမှန်၍ စက်လှေပေါ်ပါလာသည့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။ အဆိုပါစက်လှေသည် ပလက်ဝမြို့မှ ယနေ့(ဒီဇင်ဘာလ ၁၀) ရက် မနက် ၉ နာရီခန့်က ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ခွါသွားပြီး နုံဘူးကျေးရွာရှိ စစ်တပ်ဂိတ်တွင်ရပ်ပြီး အကြောင်းကြားနေစဉ်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက် ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။ “ပလက်ဝ နဲ့ တောင်ပြိုကြားမှာ တပ်စခန်းတွေရှိတယ် အဲဒီမှာအကြောင်းကြားရတာကိုး နုံးဘူးဆိုတဲ့ရွာမှာ ကပ်ပြီး တပ်ကိုအကြောင်းကြားတဲ့အချိန်မှာ ဖြစ်ပွားတာလို့သိရတယ်အဲဒီလက်နက်ကြီးက ဘယ်ကနေ ဘယ်လိုလာတယ် တိတိကျကျတော့မသိဘူး္လ ဟု ပလက်ဝဒေသခံကပြောသည်။ ယင်းစက်လှေပေါ်တွင် ခရီးသည်မည်မျှလိုက်ပါသည်ကို မသိရသော်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၂) နှစ်ခန့်အရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လူ (၅) ဦးထက်မနည်းဒဏ်ရာရရှိကြသည် ဟု သိရသည်။ ယခုလောလောဆယ်တွင် ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံနေကြကာ သေဆုံးသွားသည့် ကလေးငယ်၏ ဖခင်မှာ ဒဏ်ရာပြင်းထန်သည့်အတွက် အရေးပေါ်အခန်းသို့ ပို့ထားရပြီး စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည်ဟု ဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ပလက်ဝဒေသခံကပြောသည်။ ပလက်ဝမြို့နှင့် တောင်ပြိုအကြား စက်လှေသည် တစ်ရက်လျှင် တစ်ကြိမ်သာပြေးဆွဲလေ့ရှိပြီး ပုံမှန်အားဖြင့် ခရီးသည် ၂၀ ဝန်းကျင်ခန့်လိုက်ပါလေ့ရှိကြသည်။ ပလက်ဝမြို့ ကုလားတန်မြစ်တဖက်ကမ်းတွင် တည်ရှိသော ခမရ (၂၈၉) တပ်ရင်းဌာနချူပ်နှင့် နုံးဘူးရွာငယ် အခြေစိုက် ဗျူဟာကုန်းတစ်ခုကို ဒီဇင်ဘာလ (၉) ရက်နေ့နံနက်အစောပိုင်းတွင် ရက္ခိုင့်တပ်တော်မှ(ဗဗ) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ သည်ဟု ဗဗ တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ယင်းကိစ္စကြောင့် ပလက်ဝမြို့ပေါ်တွင်လည်း…
By လားနွန် – နယ်သာလန်နိုင်ငံ၊ သဟေ့ဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) တွင် တရားစွဲဆိုမှုကို သွားရောက်ရင်ဆိုင် ဖြေရှင်းသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲကို ချင်းပြည်နယ် မြို့ (၄) မြို့တွင် ယနေ့နံနက်ပိုင်း တပြိုင်တည်းကျင်းပပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ မင်းတပ် နှင့် မတူပီမြို့တို့တွင် ယနေ့နံနက်ပိုင်း ၉ နာရီက ထောက်ခံပွဲများအသီးသီး ကျင်းပပြုလုပ်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများသာ အများစုပါဝင်ခဲ့ကြသည်ဟု သိရသည်။ ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်းတွင်ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများသာ အဓိကပါဝင်ခဲ့ကြပြီး လူဦးရေ ၂၀၀ ကျော်ကျော်ခန့်သာရှိသည်ဟု သိရသည်။ ဟားခါးမြို့အခြေစိုက် The Chinland post အယ်ဒီတာ Salai Bawi Uk Thang က “အစိုးရက လူတွေကိုဖိတ်ပြီးတော့ NLD ပါတီလူကြီးတစ်ချို့တွေနဲ့ ပူးပေါင်းပြီးတော့လုပ်တယ်၊ ပြီးတော့လူထုက ဘာမှန်းမသိဘူးလေ အခုက ဒေါ်စုထောက်ခံပွဲလား မထောက်ခံတဲ့ပွဲလား ဒေါ်စုကို ICJ သွားပြီးတော့ ထောက်ခံတာလား ဘာကိုထောက်ခံမှန်း သူတို့ကသိပ်နားလည်ကြမှာမဟုတ်ဘူး၊ လူထုလှုပ်ရှားမှုတော့မဟုတ်ဘူး” ဟု ပြောသည်။ အလားတူ ဖလမ်း၊ မင်းတပ် နှင့် မတူပီမြို့တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲတွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများသာ ပါဝင်ခဲ့ကြပြီး လူထုပူးပေါင်းပါဝင်ထင်သလောက် မရှိခဲ့ကြောင်းသိရသည်။ မင်းတပ်ချင်းအရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းမာန်အွမ်းက “ မင်းတပ်မြို့တွင်းနဲ့ မြို့အနီးအနားက ကျောင်းသူကျောင်းသားတွေတော်တော်များများတက်ကြတယ် ကလေးတွေလည်းပါတယ်၊ ကိုယ်ပိုင်ကျောင်း…
