မာဂရက် – ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ် ကျီခါးမြို့တွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ကစပြီး ယနေ့ ချိန်ထိ ကိုဗစ်ကူးစက်ခံရသူ ၂၅ ဦးအထိရှိခဲ့ပြီး ၇ ဦးမှာ ကျီခါးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူ နေဆဲ ဟု ယင်းဆေးရုံမှအထက်တန်းသူနာပြု ဆရာမ ကပြောသည်။ “၁၁ ရက်နေ့ကနေစပြီးတော့မှ ဒီနေ့အထိဆိုရင် ၂၅ ယောက်ရှိတယ်၊ ကျမတို့ သံသယရှိပြီးတော့ OPD(ပြင်ပလူနာဌာန) လာပြတဲ့သူတွေထဲက စစ်ပြီးတွေ့တာ၊ အခုဆေးကုသမှုခံယူနေတာက ဆေးရုံ မှာရှိတာ ၇ ဦးပဲရှိတယ်၊ ကျန်တဲ့သူတွေကပြန်ကောင်းသွားပြီ” ဟု အထက်တန်းသူနာပြု ဆရာမ ကပြောသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့လူနာများသည် Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ ကျော်အထက်များနှင့် သွေးတိုးရောဂါ၊ ဆီးချိုးေ ရာဂါနှင့် အခြားရောဂါအခံရှိသူများတွင် ရောဂါလ က္ခာများပိုမို ပြင်းထန်းစွာခံစားကြရကြောင်းလည်းသိ ရသည်။ ကျီခါးတိုက်နယ်ဆေးရုံတွင် ယခုလက်ရှိ ဆရာဝန်တစ်ယောက်မှမရှိဘဲ ကျန်းမာရေးဝန်ထမ်း ၃ ဦးခန့်သာရှိပြီး ၎င်းတို့က ကိုဗစ်ပိုးတွေ့လူနာများအား ကြပ်မတ်ကုသပေးလျှက်ရှိသည်ဟု သိရသည်။ “ကုသရေးပိုင်းက ဆရာဝန်မရှိတော့ ကျမကပဲ အသိဆရာဝန်တွေ၊ သမားတော်တွေ ဆက်သွယ်ပြီး သူတို့အကြံညဏ်ယူပြီးတော့ ကုပေးရတယ်၊ လူနာတွေအတွက်ကျတော့ ဒီဇယ်၊ဓာတ်ဆီ၊ မီးစက်က သူတို့ဟာသူတို့စီစဉ်နေရတယ်၊ အောက်ဆီဂျင်ကလည်း ကျမတို့မှာရှိတဲ့ ၆ လုံးနဲ့လည်ပတ်နေရတယ်၊ ကျမတို့ ၂၄ နာရီလုပ်ပေးချင်ပေမယ့် အောက်ဆီဂျင်စက်ကလည်း မနိုင်ဘူး မီးစက်ကလည်းမနိုင်တော့ အနည်းဆုံး တစ်နာရီ ၂ နာရီကတော့ နားရတာပေါ့’’ ဟု ကျီခါးတိုက်နယ်ဆေးရုံက…
Author: Editor
ရစ်ချက် – မီဇိုရမ်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု အမြင့်ဆုံးဖြစ်သည့် မြို့တော်အိုက်ဇောလ်ရှိ ရပ်ကွက်နှစ်ခုတွင် မြန်မာစစ်ဘေးရှောင် အယောက် ၄၀ ကျော်ခန့် ကိုဗစ်ကူးစက်ခံထားရပြီး ယင်းအနက် ၃ ဦးမှာ သေဆုံးသွားပြီဟု သိရသည်။ အိုက်ဇောလ်မြို့ရှိ Chhinga Veng နှင့် Electric Veng ရပ်ကွက် နှစ်ခုတွင် မြန်မာစစ်ဘေးရှောင်အဖြစ် ဝင်ရောက်ခိုနေကြသော အယောက် ၄၅ ဦးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး လက်ရှိတွင် အယောက် ၃၀ ခန့် ကုသမှုခံယူနေကြဆဲဖြစ်ကြောင်း မီဇိုရမ်ရောက်စစ်ဘေးရှောင် ကူညီရေးအဖွဲ့ Myanmar Refugee Relief Committee အတွင်းရေးမှူး Salai Hulian က ပြောသည်။ “ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ၄၅ ဦးဆိုတာက စတွေ့တဲ့အချိန်ကနေရေတွက်တာဖြစ်တယ်။ တကြိမ်တည်းမှာ တွေ့တာတော့မဟုတ်ဘူး။ သက်သာပျောက်ကင်းသွားတဲ့သူတွေလည်းရှိနေပြီ၊ လက်ရှိမှာ ပျမ်းမျှအားဖြင့်တော့ အယောက် ၃၀ လောက် ကုသဆဲဖြစ်တယ်။ ဒါအပြင့် အခြားအခြားသောရပ်ကွက်၊ မြို့နယ်တွေမှာလည်း ရှိနိုင်တယ်။”ဟု သူက ပြောသည်။ ကိုဗစ်ပိုးကူးစက်ခံထားရသည့် မြန်မာစစ်ဘေးရှောင်များသည် မြန်မာပြည်မှာကတည်းက ကူးစက်ခံထားရခြင်းမဟုတ်ဘဲ၊ မီဇိုရမ်ပြည်နယ်ရောက်မှ ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့ NGO United for Democratic Myanmar အတွင်းရေးမှူး Pu JH Liansanga က ပြောသည်။ “ဒီသတင်းကိုကြားကြားချင်ဘဲ သူတို့ကို ကျနော်ဆက်သွယ်ခဲ့တယ်။ Electric ရပ်ကွက်မှာ အစုလိုက်နေထိုင်ပြီး ကူးစက်ခံရတဲ့သူတွေက ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အိုက်ဇောလ်ကိုရောက်လာကြတဲ့သူတွေဖြစ်တယ်။…
ကလေးမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏အကို အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန် (Dr. Za chhinga) သည် ယမန်နေ့ (မေလ ၂၆) ညက အိမ်အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ် ရမ်းသမ်း ပစ်ခတ်မှုကြောင့် မျက်စီနှင့် လက်တွင် ကျည်ဆံထိမှန်ခဲ့သည်ဟု သိရသည်။ မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အထူးကုခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဇရှိန်သည် ခရိုင်ဂေါက်သီးရိုက်ပြိုင်ပွဲတွင်ပါဝင်ကာ မေလ ၂၆ ညနေ ၉ နာရီဝန်းကျင်ခန့် ကားဖြင့်နေအိမ်သို့အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဘယ်ဘက်မျက်စိနှင့် ဘယ်လက်မောင်းတွင် ကျည်ဆံထိမှန်ခဲ့သည်ဟု သူ၏ နီးစပ်သူများထံမှသိရသည်။ ယခုလက်ရှိတွင် နေပြည်တော် ပြည်သူ့ဆေးရုံ ICU တွင် ကုသမှုခံယူလျှက်ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်မရှိသော်လည်း ကျည်ဆံထိမှန်သည့် မျက်စိမှာ စိုးရိမ်ဖွယ်ရှိသည်ဟု သိရသည်။
မာဂရက် – ချင်းပြည်နယ်၊ မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာသယ်ဆောင်သော ကားမောင်း သမား၊ ဆိုင်ကယ်သမားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနှိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှု ရှိနေသောကြောင့် ရိက္ခာသယ်ယူရေး အခက်အခဲဖြစ်နေကြသည်ဟု မင်းတပ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “အဓိကတော့ ကျွန်တော်တို့ ထောက်ပို့လာတဲ့ကားတွေကို စစ်ကောင်စီက ကားဆရာတွေကို စနှိုက်ပါနဲ့ လှမ်းလှမ်းပစ်တာ၊ စစ်ဘေးရှောင်လာတဲ့ကားတွေကို လမ်းကြောင်းမှာ သူတို့ တပ်စွဲပြီးတော့ ကားဆရာတွေ၊ ဆိုင်ကယ်တွေလာတဲ့သူတွေကို စနှိုက်ပါနဲ့ လှမ်းလှမ်းပစ်တာတို့ရှိတယ်၊ ပြီးတော့ ရာသီဥတုက အခုမိုးတအားရွာတော့ တောင်ပေါ်လမ်းတွေက မြေသားလမ်းတွေဆိုတော့ မိုးတအားရွာ တော့ လမ်းတွေကချော်ကုန်တယ်၊ အရမ်းလည်း မတ်တယ်ဆိုတော့ ကားသွားလာဖို့ အရမ်းခက်ခဲ သွားတာတွေရှိတယ် စစ်ရှောင်တွေအတွက် ရိက္ခာတွေကို သယ်ယူဖို့ဆိုတဲ့နေရာမှာ အရမ်းခက်ခဲ ဖြစ်တာပေါ့” ဟု မင်းတပ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ တာဝနရှိသူက ပြောသည်။ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်််နယ် မင်းတပ်မြို့တွင် မေလ ၁၂ ရက်နေ့ကစပြီး တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာခဲ့သည့်အတွက် မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုအားလုံးနီးပါးသည် နီးစပ်ရာကျေးရွာ၊ ဆွေမျိုး၊ IDP Camp များတွင် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။ ယခုလက်ရှိတွင် မင်းတပ်မြို့ စစ်ဘေးရှောင်ပြည်သူ လူဦးရေ ၈၁၆၇ ဦးရှိပြီဟု သိရပြီး ၎င်းတို့အတွက် ဆန်၊ မိုးကာ၊ အိမ်သာခွက်၊ ဓာတ်ဆီ နှင့် တခြား အခြေခံလူသုံးကုန်ပစ္စည်းများ၊ ကူညီထောက်ပံ့မှုများ လည်း လိုအပ်လျှက်ရှိနေသေးကြောင်းလည်းသိရသည်။ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုမရှိသည်မှာ ၃ ရက်ခန့်ရှိနေပြီဖြစ်သော်လည်း ရှေ့ဆက်မည်ကဲ့သို့ဖြစ်လာနိုင်သည်ကို စောင့်ကြည့်နေရသည့် အနေအထားတွင် ရှိနေသည်…
အာဏာသိမ်းစစ်ကောင်စီသည် ဖေဖော်ဝါရီလ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ သုံးလအတွင်း အသက် ၁၈ နှစ်အောက်ကလေး ၇၃ ဦးသတ်ဖြတ်ခဲ့သည်ဟု အမျိူးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ထုတ်ပြန်သည်။ အမျိူးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ စာရင်းအရ အသက် ၁၈ နှစ်အောက် ယောကျာ်းလေး ၆၃ ဦး နှင့် အမိန်းကလေး ၉ ဦးတို့သည် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် လမ်းမပေါ်ဆန္ဒထုတ်ဖော်ရင်း၊ အိမ်ထဲနေရင်းနှင့် အိမ်ပြင်မှာကစားနေရင်းနှင့် သေနတ်ထိမှန်ပြီးသေဆုံးခဲ့ကြ ရသည်ဟု NUG ကပြောသည်။ ယခုထုတ်ပြန်သည့် သေဆုံးမှုစာရင်းတွင် အာဏာသိမ်းစစ်ကောင်စီက တစ်မြို့လုံးပစ်မှတ်ထားချေမှုန်းတိုက်ခိုက်ခံထားရ သော မင်းတပ်၊ ကနီ နှင့် ဒီမောဆိုစသည့်ဒေသက သေဆုံးစာရင်းမပါသေးကြောင်း၊ မိုးမောက်မြို့နယ်အတွင်း အသက် ၁၂ နှစ်အရွယ်ကလေးတစ်ယောက် လက်နက်ကြီးထိမှန်သေဆုံးမှုရှိသည်ဟု စာရင်းထပ်ရရှိထားကြောင်း NUG ကထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ််၊ ၆ မိုင်ကျေးရွာက လူငယ် (၂) ဦးကို မေလ ၂၂ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ယခုအချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။ “လူငယ် ၂ ယောက်ကို ဖမ်းသွားကြတယ်၊ သူတို့က လမ်းဘေးမှာ ဖုန်းသုံးနေတာ သွားစစ်ဆေးပြီးမှ ဖုန်းထဲမှာ မင်္သကာစရာတွေ့လို့ဆိုပြီးမှ ဖမ်းသွားတယ်၊ ၃ ယောက်ထိုင်နေတာ ၁ယောက်ကတော့ လွတ်တယ် ထွက်ပြေးလို့၊ အခုထိတော့ ပြန်မလွတ်ကြသေးဘူး” ဟု ကန်ပက်လက်မြို့ခံတစ်ဦးက ပြောသည်။ အဖမ်းခံရသောလူငယ် (၂) ဦးမှာ ကိုနိုင်းမလာ နှင့် ကိုလွန်းကီး တို့ဖြစ်ကြပြီး လက်ရှိတွင် ကန်ပက်လက်မြို့ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကန်ပလက်မြို့မှ ၂ မိုင်ကျော်ကျော်ခန့် ဝေးသော ရဲလောင်းပန်းကျေးရွာတွင် ဧည့်စာရင်းဝင်စစ်ကာ အိမ်ထောင်စုစာရင်းများစစ်ဆေးခြင်း၊ အလုပ်အကိုင်မေးမြန်းခြင်းအပြင် တချို့မှတ်ပုံတင်များနှင့် ဘုရားကျောင်းအလှူငွေများကိုလည်း ယူဆောင်သွားကြသည်ဟု သိရသည်။ ကန်ပက်လက်မြို့တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုမရှိသော်လည်း မြို့ခံအများစုသည် ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်ပြီး စစ််ကောင်စီတပ်ဖွဲ့များကလည်း စာသင်းကျောင်း၊ ရဲစခန်း၊ လူမှုဝန်ထမ်းရုံးတို့တွင် တပ်စွဲထားကာ ညအချိန်တွင်လည်း သေနတ်ဖောက်သံများ ကြားနေရကြောင်း သိရသည်။
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့တွင် မေလ ၂၃ ရက် (တနင်္ဂနွေ) နေ့က မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ဟု သတင်းပျံနှံ့ခဲ့ပြီးနောက် ပြည်သူများစိုးရိမ်လာပြီး မတူပီ တမြို့လုံးနီးပါး ထွက်ပြေးတိမ်း ရှောင်းနေကြရပြီး မြို့ခံတွေသာ နေရစ်ခဲ့ကြသည်ဟု သိရသည်။ “၂၃ ရက်နေ့ ပစ်မယ်ဆိုပြီး သတင်းကြားတော့ ဒီမြို့ပေါ်ကလူတွေအကုန်လုံး နယ်ဖက်အကုန်းလုံး ပြေးသွားတယ် ကျန်ခဲ့တာဆိုလို့ မတူပီမြို့ခံ အစစ်တွေပဲကျန်ခဲ့တာ၊ ဟိုးအရင်ကတည်းက နေလာ တဲ့သူတွေဒေသခံအစစ်တွေပေါ့၊ ရွာကနေတက်လာတဲ့သူတွေကြတော့ ကိုယ့်ရွာကို ပြန်သွားတာလေ၊ ဒီဒေသခံအစစ်တွေကြတော့ ကျန်ခဲ့တယ် သူတို့ကြတော့ သွားစရာ မရှိဘူးဆိုတော့ ဒီဟာပဲ ကိုယ့် ဒေသဆိုတော့လေ အဲ့လိုမျိုးတွေပဲ ကျန်ခဲ့တယ် တချို့နေရာတွေက ကျန်ပါသေးတယ်၊ တော်တော် များများကတော့ မရှိတော့ဘူး၊ သူတို့က ရွာကိုအပြီးရှောင်တာ အဲ့လိုမျိုး စစ်ဘေးရှောင်ပုံစံဖြစ်သွား တာပေါ့နော်၊ အထုပ်အပိုးနဲ့ပြေးပြီး ပြန်ကုန်တာ ကိုယ့်ရွာကိုယ်ပြန်တာ၊ အိမ်တွေဆိုရင် အကုန်ဒီအ တိုင်းပဲထားခဲ့ပြီ၊” ဟု မြို့ခံတစ်ဦးက ပြောသည်။ မတူပီမြို့ပေါ်တွင် ရပ်ကွက်ကြီး (၄) ရပ်ကွက်ရှိပြီး စန်းဘောင်ရပ်၊ ခူဘွေရပ်ကွက်၊ လောင်ဗိုင်း၊ ငလား ရပ်ကွက်ဖြစ်ပြီး ၎င်းတို့ ရပ်ကွက်ထဲတွင်လည်း မြို့ခံ၊ သက်ကြီးရွယ်အို၊ ကျန်းမာရေးအခက်အခဲ ကြောင့် မတိမ်းရှောင်နိုင်သူများသာ ကျန်ရစ်ခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ကျော်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ဖနိုင်ကျေးရွာမှ (၂) ဦး၊ ရှန်းကီကျေးရွာ (၂) ဦး၊ ကျုပ်ရွာ (၁) ဦး၊ ဟားလ်တူးကျေးရွာ (၂) ဦး စုစုပေါင်း…
မာဂရက် – ချင်းပြည်နယ်၊ မတူပီမြို့ မေလ ၂၃ ရက်ည ၉ နာရီခွဲ အချိန်တွင် Joseph Qxygen ပရဟိတအ သင်း၏ရုံးကို စစ်ကောင်စီမှ ဝင်ရောက် ထွင်းဖောက်ကာ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားပြီး အသုံးမလိုသော ပစ္စည်းများကိုမှု ဖျက်စီးပစ်သည်ဟု သိရသည်။ “ဦးထွန်းလင်းတို့ နေတဲ့အိမ် Joseph Qxygen ပရဟိတရုံးကို သူတို့သော့ဖောက်ပြီးမှ အနောက်ဖက် မီးဖိုချောင်ဖက်မှ သူတို့ တံခါးမဖက်ကျတော့ သော့ပိတ်ထားတော့ ဝင်လို့မရဘူးဆိုတော့ အနောက်ဖ က်ကနေ သူတို့ ခြေထောက်နဲ့ ကန်ကြပြီး အထဲမှာဝင်ကြတယ် ပြီးတော့ ကားဘီး ၆ ဘီးယူကြတယ်၊ ကားမှာသုံးတဲ့ဟာလားမသိဘူး ပိုက်တစ်ခွေလုံးရှိတယ် အဲ့တာလည်း အကုန်ယူကြတယ်၊ Maske တွေ၊ ဆေးဖာ ၂ ဖာအကုန်ယူကြတယ် ကျန်တဲ့ တိုလီမိုလီတွေလည်း အများကြီးရှိတယ်၊ ဖျက်စီး တာလည်းရှိတယ်၊ အပြင်မှာထားတဲ့မီးစက်တွေကိုလည်း မှောက်လှန်ပစ်ကုန်တယ်၊ အထဲမှာတွေ လည်း ယူပြီးမှ ကျန်တဲ့ဟာ သူတို့အကုန်လုံးဖျက်စီးခဲ့တယ်” ဟု မြို့ခံတစ်ဦး ကပြောသည်။ အဆိုပါ Joseph Qxygen ပရဟိတ အသင်းရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ယနေ့ နေ့ခင်းအထိ နေရာယူထားတာကြောင့် ၎င်းရုံးကို သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ မတူပီမြို့တွင် Joseph Qxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီလ ၇ ရက်နေ့ည ၁၀ နာရီအချိန်တွင် အာဏာသိမ်း စစ် ကောင်စီက…
ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိဘဲ ခြောက်ကပ်နေပြီး သရဲခြောက်မှာပင်ကြောက်ရကြောင်း ဒေသခံများထံမှ သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် ဇွန်လ ၁ ရက်နေ့ကစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်စီစဉ်လျှက်ရှိကာ မြန်မာနိုင်ငံတဝန်းလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့စပြီး ကျောင်းအပ်လက်ခံခဲ့သော်လည်း ဟားခါးနှင့် ထန်တလန်မြို့တွင် ကျောင်းအပ်နှံသူတစ်ယောက်မှမရှိကြောင်း ဒေသခံများထံမှသိရသည်။ ထန်တလန်မြို့မှကျောင်းသားမိဘတစ်ဦးက “ ထန်တလန်မြို့က အစိုးရကျောင်းတစ်ကျောင်းမှ ဒီနေ့တော့ကျောင်းအပ်တဲ့ သူမရှိဘူး သော့ခတ်ထားကြတယ်၊ သရဲခြောက်မှာတောာင် ကြောက်ရတယ်’’ ဟု ပြောသည်။ ထန်တလန်မြို့ပေါ်တွင် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) အ.ထ.က (၂)၊ အခြေခံပညာမူလတန်းလွန် ကျောင်း(၁)၊ (၂) နှင့် မူလတန်းကျောင်းတစ်ကျောင်းရှိသည်။ အလားတူ ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်လည်း ကျောင်းအပ်နှံသူမရှိဘဲ ခြောက်ကပ်နေသည်ဟု သိရသည်။ “ကျနော်တို့နိုင်ငံက အိမ်နီးချင်းနိုင်ငံမှာတောင် အောက်ကျနောက်ကျဖြစ်နေတဲ့နိုင်ငံကိုး အဲလိုဖြစ်နေတော့ အရှိန်ယူနေတဲ့ အချိန်မှာ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အခါကျတော့ စိတ်ဓာတ်ကျတာပေါ့နော် ဟိုးအရင်စစ်တပ်အုပ်ချုပ်တုန်းက လည်း ပညာရေးကအရမ်းနိမ့်ကျခဲ့တာကို အခုလည်း အဲလိုဖြစ်လာမယ်၊ ကလေးတွေလည်း မနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ကျောင်းမတက်ရဘူး သူတို့အတွက်လည်း စဉ်းစားတယ် ဒါပေမယ့် တဖက်ကလည်း စစ်တပ်က မတရားအာ ဏာသိမ်းတဲ့အခါကျတော့ ကျနော်တို့ကလည်း လက်မခံဘူး’’ ဟု ကျောင်းသားမိဘတစ်ဦးကပြောသည်။ အာဏာသိမ်းစစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့မေလ ၂၄ ရက်နေ့ကစ၍ ကျောင်းအပ်လက်ခံခဲ့သော်လည်း ကျောင်းအပ်နှံသူမရှိ သလောက်နည်းပါးသည်ဟုသိရသည်။ ကျောင်းသားမိဘတစ်ဦးက “ကျောင်းအပ်တဲ့သူတွေရှိရင်လည်းပဲ အဆင်ပြေမယ်မထင်ဘူး ချင်းပြည်နယ်မှာ CDM ဝင်တဲ့လူများတာကိုး နောက်တစ်ခုက ဦးသိန်းစိန် နဲ့ အဲန်အယ်ဒီအစိုးရခေတ် နိုင်ငံရေးကောင်းနေတဲ့အချိန်တုန်းကတောင်မှ ချင်းပြည်နယ်ကသိတဲ့တိုင်း…
လားနွန် – ကလေးမြို့ အောင်ဇေယျရပ်ကွက် အ.ထ.က (၆) ကျောင်းနားတွင် ယနေ့မနက် ၉ နာရီ ၂၀ ဝန်းကျင်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီအဖွဲ့များမှ ၎င်းဖြစ်ပွားမှုကြောင့် သေနတ်မိုးပေါ်ထောင်ပစ်ဖောက်ကြောင်း အနီးရှိလူတစ်ဦးထံမှ သိရသည်။ “အသံဗုံးပေါက်ကွဲမှု ဖြစ်တယ် စစ်သားတွေက မနေ့ကတည်းက အဲဒီမှာနေရာယူထားပြီးသား ဒီနေ့ကျောင်းစအပ်ရမယ့်နေ့ဆိုတော့ ပေါက်ကွဲမှုဖြစ်တော့ သူတို့စစ်သားတွေက သေနတ်ခြောက်ချက်လောက်ပစ်ဖောက်တယ် လူတွေကြောက်အောင်လို့နေမှာပေါ့ ပစ်ဖောက်တာကတော့ မိုးပေါ်ထောင်ပစ်ဆိုတော့” ဟု အနီးနားရှိလူကပြောသည်။ အာဏာသိမ်းစစ်ကောင်စီများမှ သေနတ်ပစ်ဖောက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကာ မသင်္ကာမှုကြောင့် ဖမ်းဆီးမှုမှာလည်းမရှိကြောင်းသိရသည်။ အဆိုပါကျောင်းသည် ကလေးမြို့တွင် Non-CDM အများဆုံးကျောင်းဟုလူအများကသိကြပြီး Non-CDM အယောက်သုံးဆယ်နီးပါးရှိကြောင်းသိရသည်။
