ချင်းပြည်နယ် ပလက်ဝမြို့နယ် တုံးမ၀ကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၂၄ ရက်နေ့ ည ၁၁ နာရီကျော်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား သုံးဦးဒဏ်ရာရရှိခဲ့ကြသည်ဟုသိရသည်။ အဆိုပါလက်နက်ကြီးကျည်ကျမှုကြောင့် တုံးမ၀ကျေးရွာမှ အသက် (၁၂) နှစ်အရွယ် မထက်ထက်မြင့်၊ အသက် (၄၂) နှစ်ရွယ် ဦးသောကြာအောင်နှင့် အသက် (၄၂) နှစ်အရွယ် ဦးကျော်သိန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနေကြောင်း ဦးသောကြာအောင်၏ ညီတော်စပ်သူ ဦးအောင်ကျော်ကပြောသည်။ “လက်နက်ကြီးကျတာက ဦးကျော်သိန်းရဲ့အိမ်မှာပေါ်မှာ ကျတာပါ၊ အိမ်းနီးနားခြင်းဖြစ်တဲ့ ဦးသောကြာအောင်နဲ့ သူ့သမီးလည်း ထိသွားတာတာ ဦးကျော်သိန်းဆိုတဲ့သူက နည်းနည်းတော့ စိုးရိမ်စရာဖြစ်နေတယ်” ဟု ဦးအောင်ကျော်ကပြောသည်။ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၄ ရက်နေ့ကညက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့သည် တုံးမ၀ကျေးရွာအောက်ပိုင်းတွင် နာရီအတော်ကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ရွာထဲသို့ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ အဆိုပါလက်နက်ကြီးကျည်ဆံသည် ဘယ်တပ်ဖွဲ့မှပစ်ခတ်လိုက်သည့် ကျည်ဆံဖြစ်သည်ကိုမူ ခန့်မှန်းလို့မရကြောင်း ဦးအောင်ကျော်ကပြောသည်။ Photo – Hello Paletwa
Author: Editor
By ဒိမ် – တိမ်ကောလုနီးပါးဖြစ်နေပြီဖြစ်သော နွားနောက်မွေးမြူရေးလုပ်ငန်းကို ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသော်လည်း ၎င်းတို့မွေးမြူထားသည့်နွားနောက်များကို ခိုးပြီးသတ်ဖြတ်သူများရှိနေသည့်အတွက် ပျောက်ဆုံးမှု များနေသည်ဟု နွားနောက်မွေးမြူသူများထံမှသိရသည်။ နွားနောက်သည် ခြံခတ်၍ မွေးမြူသည့် အိမ်မွေးတိရိစ္ဆာန် မဟုတ်သည့်အတွက် စားကျက်နေမြေတွင် လွှတ်ထားပြီးမွေးမြူ ရသောကြောင့် အနီးနားပတ်ဝန်ကျင်ရှိအမည်မသိရွာသားတချို့မှ ခိုးပြီးပစ်သတ်ကြသည့်အပြင် တောရိုင်းတိရိစ္ဆာန်များက ကိုက်ဖြတ်စားသောက်လေ့ရှိသည့်အတွက် ပျောက်ဆုံးမှုပိုများလာနေကြောင်း နွားနောက်မွေးမြူသူ ဟားခါးမြို့နယ် ဆုန်ကျူံးကျေးရွာသား ဦးဘွောလ်ရဲမ်းကပြောသည်။ “တချို့က နွားနောက်ကို သတ်ပစ်ပြီးတော့ တောထဲမှာ အခြောက်ခံတယ်။ ပြီးတော့ ဟားခါးမြို့ပေါ်မှာ ခိုးရောင်း နေကြတယ်။ အရိုးတွေကို မြေမြုပ်ထားကြတယ်။ ကျတော့ နွားနောက် အမ အကောင်ကြီးကြီး ၁၂ ကောင်ကို ၂၀၁၈ ခုနှစ် အတွင်းမှာ ပျောက်သွားတယ်” ဟု နွားနောက်ပိုင်ရှင် ဦးဘွောလ်ရဲမ်းက ဆိုသည်။ နွားနောက်ကောင်ရေ ၅၀ ကျော်မွေးမြူနေသည့် ဦးဘွောလ်ရဲမ်း၏ နွားနောက်သည် ယခုနှစ်တွင်လည်း ၄ ကောင် ပျောက်ဆုံးပြီးဖြစ်သည်ဟု သိရသည်။ ထို့အပြင် နွားနောက်ကောင်ရေ ၁၅၀ ခန့်မွေးမြူနေသည့် ဟိုင်ရောန်ကျေးရွာသား ဦးရောလ်တလိန်း၏ နွားနောက်မှာ ယခုနှစ်အတွင်း ကောင်ရေ ၁၅ ကောင်ခန့်ပျောက်ဆုံးနေကြောင်း သိရသည်။ “နွားနောက်ခိုးပစ်တဲ့သူတွေ တိုင်ကြားဖို့ လုပ်ပေမဲ့ အချင်းချင်းဒီလိုမျိုးလုပ်တာ မကောင်းဘူးဆိုတော့ ပြေလည်မှုနဲ့ လုပ်လိုက်တယ်။ ထိုက်သင့်သလောက်ပြန်လျော်ခိုင်းတာဘဲရှိတယ်။ တချို့လူတွေကို မတိုင်တာဘဲရှိတယ်၊ လက်ပူးလက်ကျက်မမိတော့ စွတ်စွဲလို့မကောင်းတော့ ဒီအတိုင်းဘဲနေနေရတယ်” ဟု ဦးရောလ်တလိန်းက ဆိုသည်။ ယခုကဲ့သို့ နွားနောက်များကို ခိုးပြီးသတ်ဖြတ်သူများသည် နွားနောက်မွေးမြူနေသည့် အနီးအနားရှိ ပြည်သူတချို့ဖြစ်ကြောင်း၊ တောရိုင်းတိရိစ္ဆာန်ဖြစ်သည့်…
By မိုးကျော် – ဝက်ရောဂါမကူးစက်စေရေးအတွက် မီဇိုရမ်ပြည်နယ်သို့တင်သွင်းခွင့် အချိန်ကန့်သတ်မရှိ တားမြစ်ပိတ်ပင်သည့် မြန်မာဝက်များအား တင်သွင်းခွင့်ပြုရန် ZNP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် Pu Lalduhoma က မီဇိုရမ်လွတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံမှ ဝက်များ မီဇိုရမ်ပြည်နယ်သို့ တင်သွင်းခွင့် ပိတ်ပင်မည့်အစား တင်သွင်းလာသော ၀က်များ၏ ကျန်းမာရေးအခြေအနေများကို နယ်စပ်တွင် သေချာစစ်ဆေးပြီးကာ တင်သွင်းခွင့်ပြုရန် Pu Lalduhoma က ယမန်နေ့က ကျင်းပသောလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု မီဇိုရမ်ရုပ်သံသတင်းဌာန Zonet တွင်ဖော်ပြထားသည်။ မီဇိုရမ်ပြည်နယ် တိရစ္ဆာမွေးမြူရေးနှင့် ကုသရေးဌာန (AH&Vety) ဝန်ကြီး Dr K Beichhua ကလည်း လွန်ခဲ့သော ၂၀၁၃၊ ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာဝက် များတွင် PRRS ခေါ် ဝက်ရောဂါဖြစ်ပွားခဲ့ပြီး ပြည်သူများအခက်တွေ့ရကြကြောင်း၊ ယခုလို မီဇိုရမ်တွင် ဝက်သား ရှားပါးလာရခြင်းမှာ အဆိုပါဝက်ရောဂါကြောင့်ဟု ဆိုသည်။ ယခုနှစ်တွင်လည်း မြန်မာနိုင်ငံမှာ PRRS ဝက်ရောဂါထက် ကြောက်မက်ဖွယ်ကောင်းသော ဝက်ရောဂါ African Swine Fever (ASF) ထပ်မှန်ဖြစ်ပွားခဲ့သောကြောင့် ယခုလို တားမြစ်ပိတ်ပင်ရခြင်းဖြစ်ပြီး အဆိုပါ African Swine Fever (ASF) ခေါ် ဝက်ရောဂါမှ မီဇိုရမ်ပြည်နယ်ကို ကာကွယ်တဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေစ၍ မြန်မာဝက်များ မီဇိုရမ် ပြည်နယ်သို့ တင်သွင်းခွင့်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ဝန်ကြီး Dr K.…
ရေး – လျန်တွောင် အရင်တစ်ခေါက်က ကျွန်တော် လိုင်ဘုန်ကျေးရွာကို အလုပ်ကိစ္စနဲ့ သွားရင်း လမ်းကြုံလို့ ခိုင်ကမ်းမြို့က ဆရာမဒိမ်းလွန်းမန်တို့အိမ် ၀င်လည်ခဲ့တယ်။ ဆရာမ၏မိခင်(Nu Man) နှင့် ၅ တန်း၊ ၆တန်းအရွယ် ကလေး သုံးလေးဦးကို တွေ့ခဲ့တာကြောင့်”သက်တူရွယ်တူ သူငယ်ချင်းတွေ လာလည်ကြတာလား” ဆိုပြီး ကျွန်တော် နောက်ပြောင်လိုက်တယ်။ Nu Man က “မဟုတ်ရပါဘူးအေ…မင်းညီမ(ဆရာမ)ရဲ့ ကျောင်းသားလေးတွေပါ။ သူမ တစ်ခေါက်အိမ်ပြန်လာတိုင်း သူ့ကလေးတွေပါ ပါလာတယ်လေ။ တစ်ချို့ကို တောင်ပေါ်ပြန်ခေါ်သွားပြီး တစ်ချို့ကိုကျတော့ ဒီအိမ်ကနေ ကျောင်းတက်ခိုင်းရမယ်လို့ ဇွတ်အတင်း ပြောတော့ အမေနဲ့အမေတို့တောင် ၀မ်းဝရုံ အနိုင်နိုင်ပါဆိုမှ ဘာကိုကျွေးပြီး ဘာနဲ့ ကျောင်းတက်ခိုင်းရမှာတုန်း” လို့ပြောလိုက်တော့ သူမက”အမေရယ် သူတို့လေးတွေက ကျွန်မတို့ထက် ပိုပြီးခက်ခဲလွန်းကြလို့ပါ၊ ပြီးတော့ ဒီကလေးတွေက စာသိပ်လိုချင်ကြတာ ဒီကနေ ကျောင်းတက်လို့ရှိရင် ပိုပြီး ထူးချွန်ထက်မြက်ကြမှာ” လို့သူမက ပြောလိုက်တယ်။ ဒါတွေကို သူမမိခင်က ကျွန်တော့်ကို ပြန်ပြောပြတာပါ။ သူတို့ဘ၀ ခက်ခဲနေပေမယ့် သူ့သမီး(ဆရာမ)ရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ချက်ကို သဘောကျလေးစားမိတာကြောင့် ငြင်းဆန်မနေတော့ဘဲ ကျေနပ်စွာ လက်ခံပေးလိုက်တယ်လို့ သူမက ဂုတ်ယူစွာပြန်ပြောပြလိုက်ပါတယ်။ သူမပြောပြချက်တွေအရ ဆရာမဟာ သူတာဝန်ကျခဲ့တဲ့ တွီးဗျဲလ်ဇန်ရွာကို သွားခါနီးတိုင်း သူမအတွက် လိုအပ်တဲ့ ပစ္စည်းစားနပ်ရိက္ခာတွေ သိပ်မ၀ယ်ဘဲ ကလေးတွေကျွေးဖို့ ချိုချဉ်၊ မုန့်များသာမဟုတ်ဘဲ ကလေးတွေသုံးဖို့ အသုံးအဆောင်ပစ္စည်းများကိုသာ ၀ယ်တတ်လွန်းလို့ သမီးက ဘာသုံးပြီး ဘာနဲ့ စားမှာလဲ၊ သမီးရဲ့ ရှိသမျှနဲ့ပိုက်ဆံနဲ့ ကလေးတွေအတွက်ချည်းပဲ ၀ယ်ပေးနေတာလို့…
By လားနွန် – ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု Tuivial zang ကျေးရွာတွင် တာဝန်ကျသည့် မူလတန်း ကျောင်းဆရာမတစ်ဦးကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိုးတစ်ဦးက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်ညက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။ အခင်းဖြစ်စဉ်မှာ Tuivialzang ကျေးရွာတွင် တာဝန်ကျသော မူလတန်းပြဆရာ အသက် (၂၇) နှစ်အရွယ် မ Dim Lun Mang သည် နိုဝင်ဘာလ ၁၇ ရက်ည ၉ နာရီခွဲခန့်တွင် ၎င်းကျေးရွာတွင် အိမ်ထောင်ကျပြီးနေထိုင်သည့် ကသည်းလူမျိုး Vinok (ခေါ်) Binok က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဟိုင်ကျင်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။ “ည(၉) ခွဲလောက်မှာအခင်းဖြစ်တယ် အဲဒီကျေးရွာမှာ ဆရာမကနေတာတော့ တော်တော်ကြာပြီ လူမှုရေးကိစ္စနဲ့ စကားများတာဖြစ်တယ် လူမှုရေးကိစ္စနဲ့စကားများဖူးတယ်လို့လည်းပြောကြတယ် ဒါပေမဲ့ အကြောင်းအရင်းတော့ ကျနော်လည်းမသိရသေးဘူး အဲဒါပဲကျနော်တို့ကြားထားတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။ အခင်းဖြစ်ပွားသည့် အချိန်တွင် ကျောင်းသူနစ်ယောက်လည်း ဆရာမနှင့်အတူရှိနေပြီး ဆရာမကို ပစ်သတ်ပြီးနောက် Vinok သည် အိန္ဒိယဘက်သို့ထွတ်ပြေးသွားသည်ဟုသိရသည်။ ဦးကမ်ဇအင်က “ပစ်တဲ့သူက ဘယ်သူမှမဖမ်းလိုက်နိုင်ဘူး ဖမ်းမယ့်သူလည်းမရှိဘူး တကယ်ပြောရမယ်ဆိုရင်လုံ ခြုံရေးလည်းမရှိဘူး သေနတ်သမားဆိုပါတော့ ကျေးရွာအချင်းချင်းလည်း မလုပ်ရဲတဲ့သဘောဖြစ်မလားတော့မသိဘူး သူတို့က သူတို့ရွာမှာမရှိတော့ဘူးတဲ့ ထွက်သွားပြီတဲ့ သူတို့ကနယ်စပ်ဆိုတော့လေ တစ်ဖာလုံလမ်းလျှောက်လိုက်ရင် ကုလားပြည်ရောက်သွားတာဆိုတော့ တဖက်နိုင်ငံကိုထွက်သွားပြီလို့သူတို့ပြောကြတယ်” ဟု ပြောသည်။ ဟိုင်ကျင်းကျေးရွာမှ (၉) မိုင်ခန့်ဝေးသော Tuivialzang ကျေးရွာသည်…
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်သည့်နောက်ပိုင်းတွင် ည၀တ်ပြု အစီစဉ်များ ပြုလုပ်သည့်မရခြင်းကြောင့် ဘုရားကျောင်း အတော်များများ ည၀တ်ပြုအစည်းအဝေးများ ပိတ်ထားကြရသည်ဟု သိရသည်။ ပလက်ဝမြို့ပေါ်ရှိ ခရစ်ယာန်သာသနာပြု အမှုတော်ဆောင်ဓမ္မဆဆရာမောဆက်က “အခု ကျနော်တို့အသင်း တော်ဆိုရင်လည်း အဝေးကနေလာတယ်ဆိုတော့ တနင်္ဂနွေနေ့မနက်ပဲ ၀တ်ပြုလုပ်ရတယ် ညမှာ ၀တ်ပြုလို့မရတော့ဘူး ဘာလို့လဲဆိုတော့ ၀တ်ပြုဖို့လာဖို့တော့အချိန်တော့ရတယ် ပြန်ဖို့အချိန်ကမရှိတော့ဘူးလေ ကျနော်တို့ကျတော့ဝတ်ပြုချိန်ကို ပိတ်လိုက်ရ တာပေါ့ ည (၆) နာရီနောက်ပိုင်းအပြင်မထွက်ရဆိုတော့ စနေညလည်းမရတော့ဘူး တနင်္ဂနွေလည်းမရတော့ဘူး ဗုဒ္ဓဟူးလည်းမရတော့ဘူး” ဟုပြောသည်။ ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးလိုက်သည့်နောက်ပိုင်း တွင် နယ်မြေလုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ပလက်ဝမြို့နယ်တွင် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ညနေ (၆) နာရီမှ နံနက် (၆) နာရီထိ လုံခြုံရေးအရတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်းနှင့် လူ (၅) ဦးထက်ပို၍ စုဝေးခြင်းမပြုလုပ်ရန် ပလက်ဝမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေးမှူးက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ညမထွက်ရအမိန့်ကြောင့် ဘာသာရေးပိုင်းဆိုင်ရာတွင် အခက်ကြုံနေကြရသကဲ့သို့ နေ့စဉ်လူနေမှုဘ၀တွင်လည်း ထိခိုက်နစ်နာမှုများရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်းတွေ အလုပ်လုပ်ကိုင်နေသူ ပလက်ဝဒေသခံတစ်ဦးကပြောသည်။ “တစ်မြို့နယ်လုံးဆိုတော့ လူတွေက ကသိကအောင့်ဖြစ်နေတာပေါ့ လူ (၅) ဦးနဲ့ အထက်စုဝေးမရဆိုတော့ CSO, NGO တွေကအစ အဖွဲ့အစည်းအားလုံးကိုယ်လုပ်ဆောင်ရမယ့်အလုပ်တွေ လုပ်ဆောင်တဲ့နေရာမှာ အဆင်မပြေတော့ဘူး၊ နောက်တစ်ခုက ဒေသခံတွေ ငါးဖမ်းတဲ့သူတွေရှိတယ် တောင်ယာသွားတဲ့သူတွေရှိတယ် အဲဒါတွေလည်း အဆင်မပြေကြတော့ဘူး” ဟု ပလက်ဝဒေသခံကပြောသည်။ ညမထွက်ရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လကြာမြင့်မည်ဖြစ်သည့်အတွက် ဘာသာရေးပွဲလမ်းများနှင့်…
ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် တစ်ရက်လျှင် လူ ၉ ဦးနှုန်း HIV ရောဂါကူးစက်ခံနေရသည်ဟု Mizoram State Aids Control Society (MSACS) ၏ လေ့လာဆန်းစစ်ချက် အရသိရသည်။ ယခုနှစ် ၂၀၁၉ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ (၉ လတာအတွင်း) မီဇိုရမ်ပြည်နယ်တွင် HIV ရောဂါပိုးရှိသူ ၁၂၅၇ ဦး ထပ်မံတွေ့ရှိခဲ့ကြသည်။ ဇန်န၀ါရီလ မှ စက်တင်ဘာလအတွင်း ရက်ပေါင်း ၂၇၃ ရက်ရှိကာ ယင်းနေ့ရက်နှင့်တွက်ချက်ပါက တစ်ရက်လျင် HIV ရောဂါကူးစက်ခံရသည် (၄.၆၀) နှုန်းရှိသည်။ သို့သော်လည်း အစိုးရရုံးဖွင့်သည့် နေ့ရက်များတွင်သာ HIV ရောဂါပိုးရှိမရှိ သွေးစစ်ဆေးမှုများပြုလုပ်လေ့ရှိသည့်အတွက် အစိုးရရုံးပိတ်သည့်နေ့များ(စနေ၊ တနင်္ဂနွေ၊ အခြားသော Holiday ရက်များ) မပါဘဲ အစိုးရရုံးဖွင့်သည့်နေ့ရက်ကိုသာ အခြေခံပြီးတွက်ချက်ပါက တစ်ရက်လျှင် လူ (၉) ဦးနှုန်း HIV ရောဂါပိုးကူးစက်ခံရသည့်သဘောဖြစ်သည်ဟု (MSACS) ၏ မှတ်တမ်းအရသိရှိရကြောင် မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင်ဖော်ပြထားသည်။ ၂၀၁၉ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ မီဇိုရမ်ပြည်နယ် ခရိုင်အသီးသီး၌ HIV ရောဂါပိုးကူးစက်ခံရသည့်ပမာဏမှာ Aizawl ခရိုင်တွင် (၈၄၃) ဦး၊ Lunglei ခရိုင်တွင် (၁၂၀) ဦး၊ Saiha ခရိုင်တွင် (၁၄)ဦး၊ Champhai ခရိုင်တွင် (၈၄) ဦး၊ Kolasib ခရိုင်တွင်(၉၄) ဦး၊ Serchhip ခရိုင်တွင် (၃၆) ဦး၊ Lawngtlai…
ရက္ခိုင့်တပ်မတော် (AA) တပ်ဖွဲ့က ဖမ်းဆီးထားသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း (၄၀) ကျော်က ယနေ့တောင်းဆိုလိုက်သည်။ AA တပ်ဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးအဆက်အသွယ်ဖြတ်ထားသည်မှာ ယနေ့ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ၉ ရက်မြောက်ရှိနေပြီဖြစ်ကြောင်း ဦးဝှေ့တင်း၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေ များအတွက် များစွာစိုးရိမ်မကင်းဖြစ်ကြရပြီး အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုသည်ဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်း (၄၃) ဖွဲ့က ယနေ့နေ့စွဲဖြင့်ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှ ညှိနှိုင်းရေးမှူး အိုက်စောမြက “AA တပ်ဖွဲ့အနေနဲ့ ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ သူ့ရဲ့မဲဆန္ဒနယ်မှာရှိတဲ့ လူထုတရပ်လုံးကို စော်ကားလိုက်သလိုဘဲ လူထုရွေးကောက်တင်မြောက်ထားတဲ့ကိုယ်စားလှယ်ကို ဖမ်းတယ်ဆိုတာက ဒေသခံမဲဆန္ဒရှင်တွေကို စော်ကားလိုက်သလိုဘဲ ပြောမယ်ဆိုရင် အချူပ်အခြာအာဏာကိုပါ ထိပါးလိုက်သလိုဘဲ AA တပ်ဖွဲ့အနေနဲ့ တကယ်မလုပ်သင့်တဲ့အထဲမှာပါတယ်’’ ဟု ပြောသည်။ AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန် နှင့် ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း ခိုင်လုံသည့်သက်သေအထောက်အထားများဖြင့် ဦးဝှေ့တင်း၏ မိသားစုဝင်များနှင့် အများပြည်သူအား ပွင့်လင်းစွာ အသိပေးချပြရန် အချိန်တန်နေပြီဟု ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့အပြင် မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ အကြမ်းဖက်မှုများ ကျူးလွန်၍ မရကြောင်းနှင့် ယင်းသို့ ကျူးလွန်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအရ ရာဇ၀တ်မှုမြောက်နိုင်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်ခြင်းသည် ချင်းပြည်သူများနှင့် AA လက်နက်ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေးတင်းမာလာစေမည့်အပြင် AA လက်နက်ကိုင်အဖွဲ့၏…
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် နိုဝင်ဘာလ (၉) ရက်နေ့ကစ၍ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို မြို့နယ်အုပ်ချူပ်ရေးမှူးက ထုတ်ပြန်လိုက်သည်။ ပလက်ဝမြို့နယ်တွင် အကြမ်းဖက်သောင်းကြမ်းသူများမှ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း သာမန်အရပ်သားပြည်သူ အယောင်ဆောင်ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်တိုက်ခိုက်မှု/ခေါ်ဆောင်မှုများဆောင်ရွက်ခြင်း၊ ထိတွေ့တိုက်ပွဲဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူ အချို့ သေဆုံး/ဒဏ်ရာရရှိမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ညအချိန် လွတ်လပ်စွာဆက်လက်သွားလာခွင့်ပြုပါက အကြမ်း ဖက်မှုများပိုမိုထိရောက်စွာ ဆောင်ရွက်လာဖွယ်ရှိသဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို နိုဝင်ဘာလ ၉ ရက်နေ့စွဲဖြင့် ပလက်ဝမြို့နယ်အုပ်ချူပ်ရေး ဦးကိုးအောင်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းအမိန့်ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်အတွင်း မည်သူမဆို ည (၆) နာရီမှ နံနက်(၆)နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားခြင်းမပြုကြောင်း ပလက်ဝမြို့နယ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား အများပြည်သူနှင့်သက်ဆိုင်သော အဆောက်အဦးနေရာများတွင် ဆူပူလှုံ့ဆောင်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ၊ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်လိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ လူ (၅) ဦးသို့မဟုတ် (၅) ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟစ်အော်ကြွေးကြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတို့ကို မပြုလုပ်ရန် အကယ်၍ အဆိုပါတားမြစ်ချက်များကို ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပါရှိသည်။ ယခုထုတ်ပြန်သည့် ညမထွက်ရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ (၂) လအထိ အသက်ဝင်မည်ဖြစ်သည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့တို့ စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က ချင်းပြည်နယ်…
ချင်းပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရက ကျပ် ဘီလီယံ ၂၆၀ ကျော် ဘတ်ဂျက်ချထားသည်ဟု သိရသည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကျပ်ငွေ ၂၆၃.၂၈၉ ဘီလီယံချထားပြီး ပြည်နယ်ဘတ်ဂျက် ကျပ်ငွေ ၁၂၇.၂၂၈ နှင့် ပြည်ထောင်စု ဘတ်ဂျက်ငွေမှာ ၁၃၆.၀၆၁ ဘီလီယံရှိကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့ ချင်းမီဒီယာနှင့် ပြည်နယ်အစိုးရတွေ့ဆုံပွဲတွင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကော ပြောကပြောသည်။ “၁၃၆.၀၆၁ ဘီလီယံက ပြည်ထောင်စုဝန်ကြီးဌာနကနေ ချင်းပြည်နယ် ဒေသတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမယ့် ရံပုံငွေဖြစ်တယ်။ ခုနက ကျပ်ငွေ ၁၂၇.၂၂၈ ဘီလီယံကတော့ ပြည်ထောင်စုကနေ ပြည်နယ် အစိုးရကို ချထားပေးပြီးတော့မှ ပြည်နယ်အစိုးရ အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မယ့် Investment ဘတ်ဂျက်လျာထားချက်ဖြစ်ပါတယ်” ဟု ၀န်ကြီးက ဆိုပါသည်။ ယခင်နှစ် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်ဘတ်ဂျက် ၁၁၀ နှင့် ပြည်ထောင်စု ဘတ်ဂျက် ၁၁၀ ဘီလီယံစီ သာရှိခဲ့ရာကနေ ယခုနှစ်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ချင်းပြည်နယ်အတွက် ဘတ်ဂျက်ငွေ တိုးပြီး ချပေးထားကြောင်း သိရသည်။ ၀န်ကြီးကဆက်လက်ပြီး ” ပြည်နယ်ရဲ့ဘတ်ဂျက်ကို မြို့နယ် (၉) ခုနဲ့ အညီအမျှဖြစ်အောင် လုပ်လို့တော့ မရပါဘူး။ မြို့နယ်အလိုက် ပြည်ထောင်စုနဲ့ ပြည်နယ်ရဲ့ စီမံကိန်းတွေများနေတဲ့ မြို့နယ်တွေက ဘတ်ဂျက်လျာထားချက်က များတာဖြစ်ပါတယ်” ဟုဆိုပါသည်။ ချင်းပြည်နယ် မြို့တော် ဟားခါးမှာ ယခင်ကတည်းကနေ ပညာရေးကော်လိပ်၊ အားကာသိပ္ပံ၊ သားဖွားသင်တန်းကျောင်းများနှင့် ဖလမ်းမြို့ရှိ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းများကို ယခင်နှစ် အဆက်ဆက်များမှ…
