ကလေးမြို့အနောက်ဘက် စက္ကန့်ရွာအထက်နား ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆီးယင်းသစ်တောကြိုးဝိုင်း (၁၄၄) အတွင်း ဘွာလ်ပီးကွင်းနေရာတွင် သဘာဝဘေးဒုက္ခသည်များဟု အမည်ခံကာကျူးကျော်ဆောက်ထား ကြသော အိမ်ခြေစုစုပေါင်း ၃၆၁ အိမ်ကိုဖယ်ရှားရန် သြဂုတ်လ ၁ ရက်နေ့က ပြည်နယ်အစိုးရက အမိန့်ထုတ် ပြန်လိုက်ပြီး ပြောင်းရွှေ့ရန် အချိန်တစ်ပတ်ကြာပေး ခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်နှင့် ဖလမ်းခရိုင်အုပ်ချူပ်ရေးမှူး အဖွဲ့ တို့သည် သြဂုတ်လ ၈ ရက်နေ့က ဘွာလ်ပီးဒေသသို့ သွားရောက်ပြီး အဆိုပါဒေသတွင် ကျူးကျော်နေထိုင်ကြ သော ဒေသခံများနှင့်တွေ့ဆုံကာ အမြန်ဆုံးဖယ်ရှားကြရန်နှင့် အကယ်၍ဖယ်ရှားခြင်းမရှိပါက ဥပဒေအရအရေး ယူဆောင်ရွက်မည်ဟု ထပ်မံသတိပေးပြောဆိုခဲ့သည် ဟု သိရသည်။ ချင်းပြည်နယ်သစ်တောဝန်ကြီး ဦးမာန်ဟင်းဒါလ်က “ ဥပဒေအကြံပေးနဲ့ ပြည်နယ်အစိုးရရဲ့ ဆုံးဖြတ်ချက် အတိုင်းလုပ်မယ် ရှင်းရှင်းပြောရရင် ၇ ရက်အချိန်ပေးထားပြီးတော့ အရေးယူဆောင်ရွက်ခြင်းမပြုမှီမှာ ကိုယ်ဟာ့ကို ကိုယ့်ပစ္စည်းတွေကို ကိုယ်သိမ်းသွား ရင် ဘာမှအရေးယူစရာအကြောင်းမရှိဘူး’’ ဟု ပြောသည်။ အဆိုပါ ဆီးယင်းသစ်တောကြိုးဝိုင်အကွက် (၁၄၄) နေရာတွင် ပြီးခဲ့သည့်နှစ်က သဘာဝဘေးဒဏ်ခံခဲ့ရသည် ဟုဆိုသော ဖလမ်းမြို့နယ်အတွင်းရှိ နီမ်ဇောလ်၊ ဇောလ်ပီး၊ ကောလ်ဖန်း၊ ကိမ်းညောင်း ကျေးရွာများမှ ဒေသခံ များအား ပြန်လည်နေရာချထားပေး ရန် ကျေးရွာလူကြီးများက ယခင်အစိုးရ လက်ထက်တုန်းက တင်ပြခဲ့သည် ဟုသိရသည်။ ပြည်နယ်အစိုးရကလည်း ဆီးယင်း သစ်တောကြိုးဝိုင်းအတွင်းဖြစ်နေသည့်အတွက် ယင်းကိစ္စကို ခွင့်မပြုနိုင် ကြောင်း၊ အခြားမြေနေရာဖြစ်သော စည်သာအ ပတောဒေသ တွင် ပြန်လည်အခြေချနေထိုင်ရန် မြေဧက (၃၀)ကို ခွင့်ပြု…
Author: Editor
By ဆလိုင်းစီးလျံ – ကလေးတက္ကသိုလ်တွင် တက်ရောက်နေကြသော အဆောင်နေကျောင်းသူကျောင်းသားများသည် ယခုရက် ပိုင်းအတွင်းရေရှားပါးမှုပြသာနာနှင့် ရင်ဆိုင်နေကြရသည်ဟုသိရသည်။ ကလေးတက္ကသိုလ်ဝန်းထဲတွင်တည်ရှိသော ဗန္ဒူလ၊ ဇလပ်ဖြူ နှင့် ဇလပ်နီ အဆောင်သို့ ယခုရက်ပိုင်းအ တွင်း ရေပုံမှန်ဖြန့် ဝေပေးနိုင်ခြင်းမရှိသည့်အတွက် အထူးသဖြင့် ဇလပ်ဖြူဆောင်သည် ရေပြတ်လတ်သည့်အဆင့် ထိရှိနေပြီး အဆောင်နေကျောင်း သူများ အခက်ကြုံနေကြရသည်ဟု ဗန္ဒူလဆောင်တွင် နေသော ကျောင်းသားတစ်ဦးကပြောသည်။ “ကျတော်တို့ဆောင်ကတော့ အကြိမ်ကြိမ် အဆောင်မှူးနဲ့တင်ထားလို့ အခုတော့ သက်သာလာပြီ၊ အခု ဇလပ်ဖြူဆောင်မှာ က ကျောင်းသူတွေဘဲနေကြတာ၊ သူတို့ကတော့ အလေးသွားဖို့တောင် မရှိဘူး၊ အရင်ကတော့ ရေပုံမှန်ရပေမဲ့ အခုက သုံးရက် တစ်ကြိမ်လောက်ပဲ ရကြတယ်” ဟု သူကပြောသည်။ ယင်းကိစ္စအား ဖြေရှင်းပေးရန် အဆောင်မှူးထံ တင်ပြတောင်းဆိုသော်လည်း အဆင်မပြေကြောင်း၊ ထို့ကြောင့် အဆောင်နေကျောင်း သူများသည် တက္ကသိုလ်ကျောင်းဆောင်သို့ ရေပိုက်သွယ်ယူရေး အင်ဂျင်နီယာထံ သွားရောက် တင်ပြကြသော်လည်း ယနေ့ချိန်ထိ ရေပြသာနာနှင့်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်ဟု သိရသည်။ “ရေပိုက်သွယ်ယူတဲ့အင်ဂျင်နီယာကို သူတို့သွားတွေ့ကြတော့ မင်းတို့အိမ်သာတက်ချင်ရင်တော့ ဗန္ဒူလ ဆောင် (အမျိုးသားဆောင်) ကို သွားတတ်ကြ၊ ဒါမှမဟုတ် တောထဲဝင်ပြီး အလေးစွန့်ကြဆိုပြီးပြော လွှတ်လိုက်တယ်’’ ဟု အဆောင်နေကျောင်းသား တစ်ဦးက ဆို သည်။ ကလေးတက္ကသိုလ်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအနောက်ဘက် ချင်းပြည်နယ် နယ်နမိတ်တွင် တည်ရှိပြီး၊ ချင်းလူမျိုးများ အဓိက ပညာသင်ကြားနေသည့် ကျောင်းတော်ကြီးဖြစ်သည်။
အစိုးရတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံချင်းပြည်သူများ ထိခိုက်နစ်နာမှုများ နောက်ထပ်မရှိစေရန် ပလက်ဝ မြို့နယ်ဒေသတွင် တိုက်ပွဲများမဖြစ်ပွားရန် စစ်ရေးရှောင်ရှားသွားမည်ဟု ရခိုင့်တပ်မတော် (Arakan Army) က ချင်းအမျိုး သားတပ်ဦး CNF တို့တွေ့ဆုံစဉ်တွင် ပြောဆိုလိုက်သည်။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား မှုကြောင့် ဒေသခံချင်းပြည်သူများ စစ်ဘေးဒုက္ခရောက်နေရသည့်ကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် (KIA) ထိမ်းချူပ် နယ်မြေ မိုင်ဂျာယာန်တွင် ဇူလိုင် ၂၆ မှ ၃၀ ရက်နေ့အထိ ကျင်းပသော မိုင်ဂျာယာန် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး မျက်နှာစုံညီအစည်းအဝေးတွင် ရခိုင်တပ်မတော်နှင့် ချင်းအမျိုးသားတပ်ဦးမှ ထိပ်ပိုင်းခေါင်းဆောင်များ သီးသန့် တွေ့ဆုံဆွေးရာမှာ AA ဖက်က ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်ဟု CNF အထွေထွေအတွင်းရေးမှူး (၃) ပူးထက်နီက ပြောသည်။ “ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တာပါ၊ သူတို့ဖက်ကလည်း သူတို့ရဲ့ အခက်အခဲ၊ ပြသာနာတွေကို ပြန်ပြောကြပါတယ်၊စစ်ရေးကြောင့် မလွှဲမရှောင်သာလို့ လူထု ထိခိုက် နစ်နာမှုတွေ အပေါ်စိတ်မ ကောင်းကြောင်း၊ လူထုနစ်နာ မှုတွေကို အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေး တောင်းပန် လိုကြောင်းတွေပြောပါတယ်၊ အဓိက က လူထုထိခိုက်နစ်နာ စေတာမျိုးတွေ မဖြစ်ဖို့နဲ့ အတတ်နိုင်ဆုံး စစ်ရေးရှောင်ရှားသွားမယ်လို့ သူတို့ဖက်ကပြောပါတယ်’’ ဟု ပူးထက်နီက ပြောသည်။ ပလက်ဝဒေသကို ခြေကုပ်စခန်းယူထားသော ရခိုင့်တပ်မတော်သည် အစိုးရတပ်မတော်နှင့် ၂၀၁၅ ကစ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများကြောင့် ပြင်စိုရွာသား ၃၇၀ ဦးခန့် ယနေ့ချိန်ထိ မိမိနေရပ်သို့…
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင် (၂၆) ရက်နေ့မှ (၃၀)ရက်နေ့အထိ ကချင်ပြည်နယ် (KIA) ထိမ်းချူပ်နယ်မြေ မိုင်ဂျာယာန်တွင်ကျင်းပခဲ့ကြသည်။ ယင်း မျက်နှာစုံညီအစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၈) ဖွဲ့၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၊ အမျိုးသမီးများအဖွဲ့ချူပ်(မြန်မာနိုင်ငံ)၊ ကုလသမဂ္ဂအဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ် စာလှယ် Mr. Sun Guoxiang အပါအ၀င် အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသော လေ့လာသူများစုစုပေါင်း(၂၀၆) ဦးတက်ရောက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းအရာများဆွေးနွေးကြသလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချမှတ်နိုင်ခဲ့သလဲ၊ စသည့်အကြောင်းကိစ္စများသိရှိနိုင်ရန် အစည်းအဝေးသို့ တက်ရောက်ခဲ့သော ချင်းအမျိုးသားတပ်ဦး CNF မှ အထွေထွေအတွင်းရေး မှူး (၃) ပူးထက်နီကို ခိုနူမ်းသုန်သတင်းဌာနမှ တွေ့ဆုံမေးမြန်းထားသည်။ မေး။ ။ မိုင်ဂျာယာန်ဆွေးနွေးပွဲမှာ အဓိက ဘာတွေဆွေးနွေးကြလဲ။ ဖြေ။ ။ ဒီမိုင်ဂျာယာန်အစည်းအဝေးမှာ အချက်လေးချက်ပေါ့ – ဖက်ဒရေဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအခြေခံမူ၊ နိုင်ငံရေးမူဘောင် ကိစ္စ၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အခြေခံရမည့်မူ နဲ့ ၂၁ ရာစု ပင်လုံအပေါ် ကိုင်စွဲရမည့် ပင်လုံလက်စွဲ စာတမ်း ဆိုပြီး အဓိကဆွေးနွေးခဲ့ပါတယ်။ မေး။ ။ အဲဒီဆွေးနွေးပွဲမှာ ဘာရလဒ်တွေထွက်လာလဲ၊ ဘာတွေဆုံးဖြတ်ချက်တွေချနိုင်ခဲ့လဲ။ ဖြေ။ ။ ရလဒ်ကတော့…
ချင်းပြည်နယ် တောင်ပိုင်းဒေသများဖြစ်သည့် မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များရှိ အစိုးရကျောင်များတွင် မိခင်ဘာသာစကားသင်ကြားရေးအခက်အခဲဖြစ်နေကြသည်ဟုသိရသည်။ ချိုးဘာသာစကားကို အစိုးရကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် သင်ကြားနေကြသော မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်းနှင့် ဆောမြို့နယ်များတွင် ဒေသနှင့် မကိုက်ညီသော ကျောင်းဆရာ/ဆရာမ ခန့်ထားခြင်းကြောင့် ယခုကဲ့သို့ သင်ကြားရေးတွင် အခက်ကြုံနေရခြင်းဖြစ်သည်ဟု မင်းတပ်မြို့မှ ဒေသခံ ကျောင်းဆရာ Pa Ng’ Thang Om Pang က ပြောသည်။ “အစိုးရက ၀န်ထမ်းခန့်တဲ့ချိန်မှာ ဒေသခံထဲက မခန့်ကြပဲ မြေပြန့်က လူတွေကို ခန့်ကြတယ်၊ ချိုးဘာသာ စကားကို သင်ပေးဖို့ဆိုတော့လည်း သူတို့က မသင်ပေးနိုင်ဘူး၊ ချိုးစကားလုံးဝ မတတ်တဲ့သူက လာသင် ပေးတော့ လုံးဝမဖြစ်နိုင်ဘူး” ဟု သူကပြောသည်။ ထို့အပြင် မိခင်ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရှိဘဲ ကျောင်းချိန်အပြီးတွင် နောက်ထပ် အချိန်ပိုအနေဖြင့်သာ သင်ကြားနေပြီး ကလေးများအတွက်လည်း အဆင်မပြေကြောင်း အဆိုပါ ကျောင်း ဆရာကဆက်ပြောသည်။ ချိုးဘာသာစကားသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် အဓိက အသုံးပြုသော ဘုံဘာသာ စကားဖြစ် ကြောင်းသိရသည်။
ရှမ်းပြည်နယ် သမိုင်းဝင် ပင်လုံမြို့တွင် ဇူလိုင်လ ၂၇ မှ ၃၁ ရက်နေ့အထိ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်း သားလူငယ်များညီလာခံအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပလက်ဝ ကို ချင်းဝိ သေသ တိုင်းထဲသို့ ပေးလိုက်ရသည်ဟု ပြောဆိုခဲ့မှုအပေါ် ချင်းတိုင်းရင်းသားလူငယ်များက ကန့်ကွက်ကြောင်း ဇူလိုင် ၃၁ ရက်နေ့ က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ကြသည်။ အဆိုပါညီလာခံ၏ ဒုတိယနေ့ ဇူလိုင် ၂၈ ရက် ဖက်ဒရယ်ပြည်ထောင်စု အကြောင်းအရာ ကိစ္စဆွေးနွေးခြင်း ဆိုသည့်အစီစဉ် တွင် ဒေါက်တာအေးမောင်က “ ၁၉၅၃-၅၄ လောက်မှာ ဖဆပလခေတ်မှာ ချင်းဝိသေသတိုင်း ထဲကို ကျွန်တော်တို့ရဲ့ Hill Track ဖြစ်တဲ့ ပလက်ဝကို ပေးလိုက်ရပါတယ်’’ ဟု ပြောဆိုခဲ့သည်ဟု ကြေညာချက် တွင်ဖော်ပြထားသည်။ ထိုသို့ပြောဆိုခြင်းသည် ၁၉၄၇ တိုင်းပြုပြည်ပြုလွှတ်တော်မှ အတည်ပြုပြဌာန်းခဲ့သော အခြေခံဥပဒေ ပုဒ်မ (၁၉၆)ပါ “ ချင်းတောင်တန်းခရိုင်နှင့် ရခိုင်တောင်တန်းဒေသ(သို့မဟုတ်) ရခိုင်မြောက်ပိုင်းခရိုင် (ယခု ပလက်ဝမြို့နယ်) ပါဝင်သော ချင်းဝိသေသတိုင်းရှိရမည်’’ ဟူသော ပြဌာန်းချက်နှင့်ဆန့်ကျင်နေပြီး ဒေါက်တာ အေးမောင်၏ အထက်ပါပြောဆိုခဲ့မှုအပေါ် ချင်းတိုင်းရင်းသားလူငယ်များမှ ကန့်ကွက်သည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။ ရခိုင်အမျိုးသားပါတီဥက္ကဌမှ ယင်းကဲ့သို့ ပြောဆိုခဲ့မှုအပေါ် လူမှုကွန်ယက်ပေါ်တွင်လည်း ချက်ချင်းဆိုသလို ကန့်ကွက် ၊ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ ချင်းပြည်နယ်လျှပ်စစ်၊စက်မှုဝန်ကြီး ဆလိုင်း အိုင်ဇက်ခင် က လည်း သူ၏ လူမှုကွန်ယက်ပေါ်တွင် “ ပလက်ဝမြို့နယ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအဆက်ဆက်အရ ချင်းပြည်နယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာကို…
ချင်းပြည်နယ်၏ မြို့နယ် ၃ ခုဖြစ်သော တီးတိန်၊ မတူပီ နှင့် ပလက်ဝ မြို့နယ်များကို ၅ နှစ်တာအစိုးရသက်တမ်း ကာလ အတွင်း ခရိုင်အဆင့်ပေးရန် ချင်းပြည်နယ်အစိုးရက စီစဉ်ထားသည်ဟုသိရသည်။ “ ကျနော်တို့ ချင်းပြည်နယ်မှာကတော့ ကျေးရွာမှာနေတဲ့လူက ၈၀ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပေါ်မှာနေတဲ့လူက ၂၀ ရာခိုင်နှုန်း လောက်ဘဲရှိတော့ ဘာဘဲဖြစ်ဖြစ် မြို့တိုးချဲ့ အဲဒီကနေ ခရိုင်တိုးချဲ့မှဘဲ တိုးတက်မှုက အရာ ရောက်မယ်ဆိုပြီးတော့ ခရိုင်တိုးချဲ့ဖို့ စီစဉ်ရတာဖြစ်ပါတယ်’’ ဟု ချင်းပြည်နယ်လွှတ်တော် ဥက္ကဌဦးဇိုဘွဲ့ ကပြောသည်။ မကြာခင်ကာလအတွင်း မတူပီမြို့နယ်ကို ခရိုင်အဆင့်တိုးပေးမည်ဖြစ်ပြီး၊ ပလက်ဝ နှင့် တီးတိန်မြို့နယ် တို့ကိုလည်း ခရိုင် အဆင့်သို့ ဆက်လက်တိုးပေးသွားမည်ဟု လွှတ်တော်ဥက္ကဌကပြောသည်။ ချင်းပြည်နယ်၏ အချက်အချာကျရာမြို့များဖြစ်သည့် ပလက်ဝနှင့် တီးတိန်မြို့နယ်တို့ကို ခရိုင် အဆင့်သတ်မှတ်ပေးရန် ယခင် ဦးဟုန်းငိုင်းအစိုးရလက်ထက်ကတည်းက ဒေသခံများက ဆန္ဒပြ တောင်းဆိုမှုတွေရှိခဲ့သည်။ ယခု NLD အစိုးရသစ် လက်ထက်တွင် ခရိုင်အဆင့်သို့တိုးပေးရန် လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။ ယခုကဲ့သို့ ချင်းပြည်နယ်အစိုးရမှ မြို့နယ် ၃ ခုကို ခရိုင်အဆင့်တိုးပေးရန် စီစဉ်သည့်အပေါ် ကြိုဆိုကြောင်း လက်ရှိ အုပ်ချူပ်ရေးယန္တာရားပုံစံအရ ခရိုင်များများတိုးပေးခြင်းသည် ပြည်နယ်အတွက် အကျိုးပိုဖြစ်ထွန်းစေ သည်ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။ “ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လက်ရှိအုပ်ချူပ်ရေးယန္တာရားအရဆိုရင်တော့ ကျနော်တို့ ချင်းပြည်နယ်မှာ ခရိုင်တွေ၊ မြို့နယ်တွေ၊ မြို့နယ်ခွဲတွေ၊ ကျေးရွာအုပ်စုတွေပေါ့ ဒါတွေဟာ များလေလေကောင်းလေလေပေါ့၊ ဘာကြောင့်လဲဆိုတော့ အဲလိုများခြင်းအားဖြင့် ချင်းပြည်နယ်မှာ အစိုးရအခြေခံအဆောက်အဦးတွေများ လာမယ်၊…
ချင်းပြည်နယ်၊ မဏိပူရမြစ်ပေါ်ရှိ မဏိပူရဘက်စုံရေလှောင်တမံ စီမံကိန်းကို ပြန်လည်စတင်ဆောင်ရွက်သွား မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဇူလိုင် ၂၅ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ဒုတိယ အကြိမ်ပုံမှန် အစည်းအဝေး ပထမနေ့တွင်ပြောဆိုလိုက်သည်။ ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကလေးမြို့နယ် ပြည်သူ့လွှတ်တော ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ မေးခွန်းမေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းမှ ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ယခင် နိုင်ငံတော်သမ္မတ၏ စစ်ကိုင်းတိုင်းဒေသကြီး ရေကြီးမှုဖြစ်စဉ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း မဏိပူရ စီမံကိန်း၏ တာတမံပိုင်းဆိုင်ရာ တည်ဆောက်မှု လုပ်ငန်းများကို လယ်ယာစိုက်ပျိုးရေးနှင့် ဆညမြောင်းဝန်ကြီး ဌာနမှ ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းပိုင်းကို လျှပ်စစ် ဝန်ကြီး ဌာနမှ ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသဖြင့် စိန်အင်တာပရိုက်ကုမ္ပဏီ၊ China Harbour Engineering ကုမ္ပဏီလီမိတက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနနှင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနတို့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ် ပါကြောင်း၊ စီမံကိန်းဖြစ် မြောက်နိုင်စွမ်းအစီရင်ခံစာကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြအတည်ပြုချက်ရယူပြီးတော့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့်ညှိနှိုင်းပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာချပြဆွေးနွေး ဆောင်ရွက်သွားမည်’’ ဟု လျှပ်စစ်ဝန်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ကမ္ဘားနီ တံတား အထက်ဘက် ၂.၅ မိုင်ခန့်အကွာ၊ ဆည်တော် ရွာအနီး ချင်းပြည်နယ် မဏိပူရမြစ်ပေါ်တွင်…
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) ပါတီမှ ဦးဆောင်ပြီး ရန်ကုန်မြို့ Orchid Hotel တွင် ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ကြသော ချင်းပြည်နယ်လုံးဆိုင်ရာ ဒုတိယ(၂၁ ရာစု) ပင်လုံ ညီလာခံ အကြို ဆွေးနွေးပွဲတွင် အချက် ၅ ချက်ကို သဘောတူခဲ့ကြသည်ဟု သိရသည်။ ယင်းအချက် ၅ ချက်တို့မှာ တိုင်းရင်းသားများမှ ပြည်နယ် သစ်များ ဖွဲ့စည်းရန် တောင်းဆိုလာလျှင် အများသဘောတူ ထားသော စံနှုန်းများအပေါ် အခြေခံ၍ စဉ်းစားပေးရန်၊ ပြည်နယ်/ တိုင်းဒေသကြီးများ၏ နယ်နိမိတ်များအား လွတ်လပ် ရေးမတိုင်မီ အနေအထားအပေါ် အခြေခံ၍ပြန် လည် ရေးဆွဲသတ်မှတ်ရန်၊ ပြည်ထောင်စုနှင့် ပြည်နယ်များ၏ အာဏာ ခွဲဝေရာတွင် ပင်လုံစာချုပ်အတိုင်းအသက်ဝင် အာဏာတည်စေရန်၊ ကြွင်းကျန်အာဏာကို ပြည်နယ်များထံ အပ်နှင်းရန်၊ ပြည်ထောင်စုအဆင့်တွင် လွှတ်တော်(၂)ရပ်သာထားရှိရန် (ပြည်ထောင်စုလွှတ်တော်ကိုဖျက်သိမ်းရန်)၊ ယင်း လွှတ်တော် (၂) ရပ်တွင်ညီမျှသော အာဏာများရှိရန်နှင့် ပြည်နယ်များတွင်လည်း လွှတ်တော် (၂)ရပ်စီထားရှိရန်နှင့် လက်ရှိ အခွန် ကောက်ခံ မှုနှင့်အရင်းအမြစ်ခွဲဝေမှု ပုံသဏ္ဍာန်များကို ပြန်လည်ပြင်ဆင် ပြောင်းလဲရာတွင် ပြည်နယ်များမှ သင့်လျော်သော အချိုးအစားအတိုင်း ရရှိစေရေးသေချာစေရန်၊ အခွန်အကောက်နှင့်အရင်းအမြစ်များမျှဝေရာတွင် လိုအပ်ချက်အပေါ် အခြေခံ၍မျှတစွာ ခွဲဝေ ရန်၊ ပြည်ထောင်စု အစိုးရမှတဆင့် ပြန်လည်ခွဲဝေ ခြင်းအပြင် ပြည်နယ်များ အချင်းချင်း တိုက်ရိုက် မျှဝေပေးနိုင်သော စနစ်ကို ဖော်ဆောင်ရန်တို့ဖြစ်သည်ဟု ZCD ၏ ထုထ်ပြန်ချက်တွင်ဖော်ပြထားသည်။ ၂ ရက်တာကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲမှ ရရှိလာသော…
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla သည် အိန္ဒိယနိုင်ငံ ခြားရေးရာ ဝန်ကြီး Sushma Swaraj နှင့် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ဆုံးခဲ့ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကိစ္စများ ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။ ယင်းကဲ့သို့ နိုင်ငံခြားရေးရာဝန်ကြီးနှင့် ဆွေးနွေးသည့်အချိန်တွင် မီဇိုရမ်ဝန်ကြီးချူပ်က အိန္ဒိယ-မြန်မာနိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများအဆင်ပြေချောမွေ့နိုင်စေရန်အတွက် မြန်မာနိုင်ငံ၏ နယ်စပ်ကားလမ်းများကို အမြန်ဆုံးကူညီဆောင် ရွက်ပေး စေ လိုကြောင်း တောင်းဆိုခဲ့သည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကောင်းမွန်စွာဆက်သွယ်နိုင်ရေးအတွက် နယ်စပ် Zokhawthar တွင် Land Custom Station ထားရှိပြီဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်အကူအညီဖြင့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းနှင့် Zokhawthar အကြား လမ်းများတိုးချဲ့ ကာ အဆင်သင့်အနေအထားသို့ ရှိနေပါသော်လည်း မြန်မာနိုင်ငံဘက်ရှိ ကားလမ်းများမကောင်းသည့်အတွက် ကုန်သွယ်ရေး လုပ်ငန်းပိုင်းတွင် အဆင်မပြေမှုများဖြစ်စေပြီး မြန်မာနိုင်ငံရှိ လမ်းများအား အမြန်ဆုံးပြီးစီးနိုင်အောင် ကူညီလုပ်ဆောင်ပေး ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ “မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုအများစုမှာ တရုတ်နိုင်ငံက လွှမ်းမိုးနေတယ်၊ တရုတ်ကြောင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ဆက်ဆံ ရေး ထိခိုက်လာနိုင်တယ်၊ မြန်မာပြည်သူတွေကလည်း အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းလိုတဲ့ ဆန္ဒရှိတာကြောင့် အခြေအနေ ဆိုးဆိုးဝါး ဝါးမဖြစ်ခင် နှစ်နိုင်ငံဆက်ဆံရေး အမြန်အကောင်အထည်ဖော်ဖို့လိုအပ်တယ်လို့” ဝန်ကြီးချုပ် Lalthanhawla က ပြောဆိုခဲ့သည်ဟု မီဇိုရမ်သတင်းစာတွင်ဖော်ပြထားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် မိမိတို့ မျိုးနွယ်စုအမြောက်အများရှိနေပြီး ပါလီမန်လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ် ၂၅ ဦးခန့်ရှိနေကြောင်း နိုင်ငံခြားရေးဝန်ကြီးကို…