Author: Editor

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ လေမြိုမြစ်ဒေသ၊ မောင်ကျေးရွာမှ ရွာသား (၃) ဦးတို့သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့သို့ စက်တင်ဘာလ (၁၄) ရက်နေ့က စားနှပ်ရိက္ခာများဝယ်ယူပြီး အပြန်လမ်း လမ်းခုလတ်တနေရာတွင် ပျောက်ဆုံးသွားသည်ဟု လေမြို့မြစ်ဒေသကိုဖေချေကျေးရွာသား ဦးလွင်ထန်ထံမှသိရသည်။ “ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ စိန်အောက်ကျေးရွာကနေ ထွက်လာတာက ၁ နာရီလောက်က ထွက်လာတယ်လို့သိတယ် လှေနဲ့ထွက်လာတော့ သူတို့ပျောက်တဲ့နေရာကတော့ ငိုရွာနားမှာ ပျောက်သွားတယ်လို့သိရတယ် သူတို့ကစားနှိပ်ရိက္ခာဝယ်ဖို့သွားတာ စက်တင်ဘာ (၁၈) ရက်နေ့ကလည်း မိသားစုတွေကသွားရှာကြသေးတယ် ဘာမှအဖြေမပေါ်တော့ဘူး အဲဒီနေရာမှာပျောက်တဲ့သူက အစအနကိုပျောက်တာ” ဟု ဦးလွင်ထန်ကပြောသည်။ ပျောက်ဆုံးသွားသည့် မောင်ကျေးရွာသား (၃) ဦးမှာ ဦးလှခိုင် အသက် (၂၃) နှစ်၊ ဦးမောင်မောင်ဖေ အသက် (၃၂) နှစ်၊ ဦးမောင်ပူးဆယ်(ခ) မောင်စော အသက် (၄၀) နှစ်ဖြစ်ပြီး ၎င်းတို့မှာအိမ်ထောင်သည်များဖြစ်ကြကာ တောင်ယာလုပ်ကိုင်သူများဖြစ်ကြသည်ဟု သိရသည်။ လေမြိုမြစ်ဒေသတွင်နေထိုင်ကြသော ဒေသခံရွာသားများသည် ရခိုင်ပြည်နယ်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့မှ ဆန်၊ ဆီ၊ ဆားနှင့် စားနှိပ်ရိက္ခာများကို အဓိက၀ယ်ယူပြီး စက်လှေဖြင့် သယ်ယူလေ့ရှိကြသည်။ မောင်ကျေးရွာသား (၃) ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ပျောက်ဆုံးသွားသည့်နေရာဟု ယူဆသောနေရာများတွင် လိုက်လံရှာဖွေခဲ့ကြသော်လည်း အစအန တစုံတရာမျှ တွေ့ရှိခြင်းမရှိဘဲ သံထောင်ကျေးရွာရဲစခန်းသို့ တိုင်ကြားထားသည်ဟု သိရသည်။ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ၏ သြဂုတ်လ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ပလက်ဝမြို့နယ်အတွင်း ယခုကဲ့သို့ ဒေသခံရွာသားများ…

Read More

By လားနွန် – လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲပေးခွင့်ရှိသူ ၆ သောင်းကျော်တိုးလာမည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ထုတ်ပြန်သော ၂၀၂၀ အခြေခံမဲဆန္ဒရှင်စာရင်းအရသိရသည်။ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ၂၀၂၀ မှာ (၁၈) ပြည့်လာမယ်သူတွေထည့်ထားတယ် အဲလိုထည့်ထားဖြစ်တဲ့အတွက် ဒီငါးနှစ်တာကာလအတွင်းမှာ (၁၈) နှစ်ပြည့်လာတဲ့လူက ၂၀၁၄ သန်းခေါင်စရင်းစမ်းသပ်ချက်အရ ငါးသောင်းကျော်လောက်ရှိတယ် ချင်းပြည်နယ်ထဲမှာ အခုလက်ရှိမှာလည်း ခြောက်သောင်းကျော်လောက်ပိုနေတဲ့ဟာသည် ငါးသောင်းကျော်ကတော့ (၁၈) နှစ်ပြည့်လာမယ့်တဲ့သူပေါ့ ပြီးရင် တခြားနယ်ကနေပြောင်းလာတဲ့ဝန်ထမ်းတွေလည်းပါမယ် နောက်တစ်ခုကတော့ ကျနော်တို့ပြန်စီစဉ်ဖို့ လုပ်ငန်းရှင်တစ်ရပ်အနေနဲ့ ကျန်နေတဲ့ထပ်နေတဲ့သူတွေရှိမယ် ဘယ်လိုထပ်လဲဆိုရင် ဒီဟားခါးမြို့မှာဆိုလို့ရှိရင် ကျောင်းတွေ တက္ကသိုလ်တွေ ကောလိပ်တွေ အဲဒီကလူတွေက တခြားမြို့မှာလည်း စာရင်းပါတယ် ကျနော်တို့ဟားခါးမှာလည်း စရင်းပါတယ် အဲလိုလဲထပ်မယ် ပြီးရင် ကျေးရွာကနေပြီးမှ မြို့ပေါ်တွေကို ပြောင်းလာတဲ့လူတွေလည်းရှိတယ် ကျေးရွာမှာလည်းပါနေမယ် မြို့ပေါ်မှာလည်းပါနိုင်တယ် အဲလိုလူတွေကို ကျနော်မှန်းကြည့်တယ် သောင်းဂဏန်းလောက်ရှိတယ် အဲဒီအတွက်ကြောင့် (၆) သောင်းကျော်လောက်က ၂၀၁၅ မဲစရင်းထက်စာရင် ၂၀၂၀ အခြေခံမဲစာရင်းကတိုးလာတာပေါ့” ဟု ဦးလင်းကျော်ကပြောသည်။ ချင်းပြည်နယ် အခြေခံမဲစာရင်းအရ ပြည်နယ်ချုပ်အားဖြင့် ၂၀၁၅-၂၀၁၇-၂၀၁၈ ခုနှစ်တွင် မဲဆန္ဒရှင် စုစုပေါင်း ၂၇၅၄၁၈ ရှိပြီး ၂၀၂၀ အခြေခံမဲစာရင်းတွေ့ရှိချက်အရ ၃၄၂၆၁၃ ရှိကာ ကွာဟမှုသည် ၆၇၁၉၅ ရှိကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ပြည်နယ်ချုပ်အားဖြင့် ရပ်ကွက် ၇၀ အုပ်စု ၄၆၄ ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံစုစုပေါင်း ၁၀၃၁ ရှိကာ လာမည့် ၂၀၂၀ အတွက်…

Read More

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နန်းချောင်းကျေးရွာသားတစ်ဦး သြဂုတ်လ (၁၀) ရက်နေ့တွင် နန်းပတာကျေးရွာသို့သွားရာလမ်းတွင် ပျောက်ဆုံးကာ ယနေ့ထိပျောက်ဆုံးနေကြောင်း နီးစပ်ရာဆွေမျိုးများထံမှသိရှိရသည်။ ပလက်ဝမြို့နယ်၊ နန်းချောင်းကျေးရွာတွင်နေထိုင်သည့် ဦးဆာဘွန် အသက် (၄၃) နှစ်သည် နံပတာကျေးရွာသို့သွားရန် သြဂုတ်လ (၁၀) ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေအိမ်မှထွက်သွားပြီး လမ်းတွင်ပျောက်ဆုံးသွားကြောင်း တူမဖြစ်သူ မချယ်ရီကပြောသည်။ “ဦးလေးကလေ မွန်းလွဲ ၂ နာရီလောက်က ထွက်သွားတာ နန်းပတာရွာကိုသွားဖို့ထွက်သွားတာ ၄ နာရီလောက်မှာ ပြန်ဖုန်းဆက်ကြည့်တော့သူ့ကို ဖုန်းခေါ်လို့မရတော့ဘူး၊ ဒီကြားပျောက်သွားတယ်ဆိုတော့ ဥပမာ ယာဉ်မတော်တဆ တစ်ခုခုဖြစ်လို့သေသွားတယ်ဆိုရင်တောင် ဆိုင်ကယ်နဲ့ လူက ကျန်ရစ်မှပေါ့နော် သူကကျတော့ ဘာမှလည်းမတွေ့ရဘူး၊ ဆိုင်ကယ်ကလည်း အစနည်းနည်းလေးပဲချန်ထားခဲ့တယ်ဆိုတော့ ခေါ်သွားခံရတယ်လို့ပဲထင်ကြတာပေါ့နော်” ဟု မချယ်ရီက ခိုနူမ်းသုန်ကို ပြောပြသည်။ ၎င်းပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရပ်ကွက်အုပ်ချုပ်မှူးနှင့် ရဲစခန်းသို့သွားရောက်တိုင်ကြားခဲ့ပြီး မိသားစုများမှ လက်နက်အဖွဲ့များဖမ်းဆီးခြင်းခံရသည်ဟု ယူဆခြင်းကြောင်း သြဂုတ်လ (၁၄) ရက်တွင် တပ်မတော်သို့ ထပ်မံ တိုင်ကြားခဲ့ကြောင်းဆက်ပြောသည်။ “အုပ်ချုပ်ရေးမှူးဆီမှာလည်းတိုင်တယ် နောက်ပြီးရဲစခန်းမှာလည်းတိုင်ထားတယ် အကုန်လုံးတိုင်ထားတယ်၊ တပ်မတော်ဘက်ကိုလည်းတိုင်ထားတာတော့ရှိတယ် ဒါပေမဲ့ ဖြစ်ခါစဆိုရင်မတိုင်ထားဘူး သူ့အတွက် အန္တရာယ်ရှိတယ်လေ၊ တစ်ချို့ ဟိုးအထက်ပိုင်းမှာ ဆိုလို့ရှိရင် နှစ်ရက်သုံးရက်ဆိုလို့ရှိရင်ပို့ပေးတယ်။ အဲဒါကြောင့်မို့ (၁၄) ရက်နေ့လောက်မှပဲတိုင်ထားတာ၊ တပ်ဖက်ကလည်း သူတို့ဘာမှမလုပ်ပေးနိုင်ဘူးလို့ ပဲပြောတယ်” ဟု မချယ်ရီကပြောသည်။ ဦးဆာဘွန်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဦးဆာဘွန်၏ ညီမရင်းဖြစ်သူမဟိုရိန်းမှလည်း “ညီမတို့ ရွာအောက်နန်းပတာရွာရှိတယ် သူက တနင်္ဂနွေနေ့ဆိုရင် အမြဲတမ်းသွားလေ့ရှိတယ်လေ အဲဒီရွာမရောက်ခင်လည်းရှာတယ် တောထဲမှာလည်းရှာတယ်…

Read More

By လားနွန် – ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၀ိဇ္ဇာသိပ္ပံကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်ရာမြေကွက်များလည်းရှိထားပြီးဖြစ်ကာ ဘဏ္ဍာငွေကျပ်သန်း (၃) ထောင်ကျော်လျာထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ကွန်းကပြောသည်။ စက်တင်ဘာလ (၁၃) ရက်နေ့ ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် ဦးနေလင်းအောင်မှ မင်းတပ်မြို့တွင် ၀ိဇ္ဇာသိပံ္ပ တက္ကသိုလ် သို့မဟုတ် ကောလိပ်ကျောင်း(၁) ကျောင်း တည်ဆောက် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ကွန်းမှ ထိုသို့ဖြေကြားခြင်းဖြစ်သည်။ “ချင်းပြည်နယ် မင်းတပ်မြို့တွင် ၀ိဇ္ဖာသိပ္ပံကောလိပ်တစ်ခု စတင်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိုပြီးမြေလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအနေဖြင့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်ပြီးဖြစ်သည့် အတွက် ချင်းပြည်နယ် အစိုးရနှင့် ပေါင်းစပ်ဆောင်ရွက် နေပြီဖြစ်ပါကြောင်း” ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ကွန်းကပြောသည်။ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်စာသင်ဆောင်နှစ်လုံး ငွေကျပ် ၁၂၆၄.၆၄၀ သန်း၊ ဆရာဆရာမဆောင် နှစ်ထပ်နှစ်လုံး ကျပ်သန်းပေါင်း ၅၄၇.၂၀ သန်း၊ ခြောက်ခန်းတွဲ တစ်ထပ်ဝန်ထမ်းအိမ်ရာ နှစ်လုံးငွေကျပ် ၂၄၀ သန်း၊ ကျောင်းသားဦးရေ ၁၀၀ ဦးဆံ့ကျောင်းသားကျောင်းသူအိပ်ဆောင် နှစ်လုံးငွေကျပ် ၁၃၁၂ သန်း၊ ရေ၊မီး၊မြေယာ ပြုပြင်ခြင်းအတွက် ကျပ် ၃၉၀ သန်းလျာထားပြီး စုစုပေါင်း ငွေကျပ် ၃၇၅၃.၈၄ သန်းဖြစ်ကြောင်းသိရသည်။ တက္ကသိုလ် ဆောက်လုပ်ရေးလုပ်ငန်းများသည် စီမံကိန်းနှစ်အရ တစ်ဆင့်ချင်းဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး အမြန်ဆုံးရှေးရှုဆောင်ရွက်ပေးမည်ဖြစ်ကာ…

Read More

By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပိုးမွေးမြူးရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် ပိုးစာပင်စိုက်ခြင်း၊ ပိုးမွေးမြူရေးသင်တန်းများနှင့် ပိုးအိမ်များ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ကာ ချိတ်ဆက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်ကပြောသည်။ စက်တင်ဘာလ (၁၁) ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တွန်းဇံမြို့နယ် မဲဆန္ဒနယ် ဦးခမ်ခန့်ထန်မှ တွန်းဇံမြို့တွင် ပိုးမွေးမြူရေးလုပ်ငန်း ပြန်လည်လုပ်ကိုင်နိုင်ရန် လိုအပ်သည့် အရင်းနှီး၊ နည်းပညာနှင့် ဈေးကွက်များ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်မှ ထိုသို့ဖြေကြားခြင်းဖြစ်သည်။ “ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာငွေရရှိရေးမှုအပေါ်တွင် မူတည်ပြီးတော့ လိုအပ်တဲ့ နည်းပညာပေးပံ့ပိုးမှုလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး၊ ပိုးမွေးမြူရေးသင်တန်းများပေး၍ နည်းပညာများဖြန့်ဖြူးပေးခြင်းနှင့် ယခင်မျိုးများထက် အထွက်နှင့် ရောဂါဒဏ်ခံနိုင်တဲ့ မျိုးပိုးဥများကို ဖြန့်ဖြူးပေးမည်ဖြစ်ပြီး ဒေသလုပ်ငန်းလိုအပ်ချက်နှင့် အညီ ကူညီဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို သက်ဆိုင်ရာမှ ဖိတ်ခေါ်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး ပိုးအိမ်ဈေးကွက်ရရှိရေးအတွက် ပြည်တွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်ကပြောသည်။ ချင်းပြည်နယ်အနေဖြင့် ပိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် သင့်တော်သည့် ပြည်နယ်တစ်ခု ဖြစ်ပြီး တွန်းဇံမြို့နယ်အတွင်း ပိုးမွေးမြူရေးပြန်လည်တိုးတက်ရန်၊ ကာလဒေသဈေးနှုန်းနှင့် ကိုက်ညီသည့်ပိုးအိမ်ဈေးနှုန်းသတ်မှတ်ပြီး ပိုးအိမ်အဝယ်ဒိုင်ဖွင့်လှစ် နိုင်ရန်နှင့် ပိုးချည်မျှင်၏အရွယ် တစ်ညီတည်းဆွဲနိုင်သော Auto ပိုးချည်စက်တည်ဆောက် နိုင်ရန်အတွက် လိုအပ်မည်ဖြစ်ကြောင်းလည်း…

Read More

By လားနွန် – ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင်စိုက်ထူမည့် ဗိုလ်ချုပ်ကြေးရုပ် ရောက်ရှိနေပြီဖြစ်သော်လည်း စိုက်ထူမည့်နေရာအတည်တကျမရှိသေးကြောင်း ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ “နေရာကတော့ ရှာတုန်းပါပဲ၊ နေရာအတည်တကျမရသေးဘူး၊ နှစ်နေရာ သုံးနေရာလောက်တော့ လွတ်တဲ့နေရာကို စီစဉ်ထားတယ်၊ ဒါပေမဲ့ ဘာမှအတည်ပြုမပြောနိုင်သေးဘူး၊ ဗိုလ်ချုပ်ကြေးရုပ်က အရင်ကစိုက်ထူပြီးသားလေ၊ အရင်က စည်ပင်ဧရိယာအတွင်းမှာ စိုက်ထူပြီးသားဖြစ်တယ်၊ အရင်က စိုက်ထူတဲ့ဟာက ကွန်ကရစ်နဲ့စိုက်ထူတဲ့ဟာဆိုတော့ ဟိုရွှေ့ဒီရွှေလုပ်တာနဲ့ ပွန်းတာ၊ ပဲ့တာတွေရှိတယ်၊ အဲဒါနဲ့ အသစ်ပြန်လုပ်ပေးမယ်ဆိုပြီး ပြန်လုပ်ပေးတဲ့ဥစ္စာဖြစ်တယ်” ဟု လွှတ်တော်ဥက္ကဌ ပူးဇိုဘွဲ့ကပြောသည်။ ယခုအသစ်ပြုလုပ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သည် ချင်းပြည်နယ်လွှတ်တော်ရုံးတွင် ကွန်ကရစ်ခင်းပေးသည့်ကုမ္ပဏီမှ ကျပ်သိန်းနှစ်ရာအကုန်ကျခံကာ ပြုလုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်းလည်း ဥက္ကဌကပြောသည်။ ဟားခါးမြို့တွင်ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ကြေးရုပ်စိုက်ထူခြင်းသည် လွတ်လပ်ရေးနှင့်သက်ဆိုင်ခြင်းကြောင့် ချင်းလွတ်လပ်ရေးခေါင်းဆောင်များ၏ ကြေးရုပ်များလည်းပါလျှင် ပြသနာများလျော့နည်းနိုင်မည်ဟု ချင်းအရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းမှ ကို Jacob Thang ကပြောသည်။ “ကော်မတီမဖွဲ့ခင်ကတည်းက ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူဖို့ အလှူရှင်တွေရှိတယ်၊ လွတ်လပ်ရေးကျောက်တိုင်လည်းစိုက်ထူမယ်၊ အဲဒီကော်မတီမဖွဲ့ခင် ဆွေးနွေးမှုတွေလုပ်နေတဲ့အချိန်တုန်းက ကျနော်လည်းဆွေးနွေးခွင့်ရတော့ ကျွန်တော်ကပြောတယ်၊ ဗိုလ်ချုပ်က လွတ်လပ်ရေးခေါင်းဆောင်လည်းဖြစ်တယ်၊ အဲဒါကြောင့် လွတ်လပ်ရေးနှင့်ပတ်သက်တဲ့ဟာဖြစ်ရင်တော့ ချင်းလွတ်လပ်ရေးခေါင်းဆောင် (၃) ဦး၊ အဓိက ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတဲ့ ပုဂ္ဂိုလ် (၃) ဦးရဲ့ကြေးရုပ်ရယ်၊ ဗိုလ်ချုပ်ရယ်၊ စုစုပေါင်း (၄) ယောက်ရဲ့ကြေးရုပ်ကို စိုက်ထူရင်တော့ ပြသာနာရှိမှာမဟုတ်ဘူး၊ တစ်ဦးတည်းကိုစိုက်ထူရင်တော့ ဒီဟာက နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ဟာဖြစ်တဲ့အတွက်ကြောင့် ဒုက္ခရောက်မယ်လို့တော့ ကျနော်ဆွေးနွေးခဲ့ဖူးတယ်၊ အားလုံးတော့ သဘောတူခဲ့ကြပါတယ်” ဟု ကို Jacob Thang ကပြောသည်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင်လည်း ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူဘက်မှ…

Read More

By လားနွန် – ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ လိုင်မုန်းလမ်းမပေါ်တွင် ယမန်နေ့ စက်တင်ဘာလ (၁၀) နေ့က ကျပ်သိန်း (၇၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ချင်းအမျိုးသားတစ်ဦးထံမှ ဖမ်းဆီးရမိကြောင်းသိရသည်။ မူးယစ်ဆေးဝါးသတင်းအရ တာဟန်းရဲစခန်း၊ စခန်းမှူး ဒုရဲအုပ်စိုးသီဟလွင်တို့အဖွဲ့သည် ကလေးမြို့နယ်၊ တောင်ဖီလာရပ်ကွက်၊ လိုင်မုန်းလမ်းမပေါ်တွင် စောင့်ဆိုင်းနေခဲ့ပါသည်။ ညနေ (၆) နာရီဝန်းကျင်ခန့်တွင် ဆာလာအိတ်နှစ်ထုပ်အား Kenbo 125 ဆိုင်ကယ်ပေါ်တွင်တင်ဆောင်ပြီး မောင်းနှင်လာသည့်လူတစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရမှ ယခုလိုဖမ်းဆီးရမိကြောင်းသိရသည်။ ဆိုင်ကယ်မောင်နှင်းလာသူသည် ဦးရွာလ်ဒုသောင် (ခ) တင်ရွှေ၊ အသက် (၄၂) နှစ်ဖြစ်ပြီး ကလေးမြို့၊ မြို့လှရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့များစစ်ဆေးတွေ့ရှိချက်အရ ၎င်းဆာလာအိတ်အတွင်း WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ဆေးပြား (၂၄၆၅၀၀) ပြားရှိပြီး WY တစ်ပြားလျှင် ကာလပေါက်ဈေး (၃၀၀၀/-) ကျပ်ရှိကာ ဖမ်းဆေးရမိသည့် စုစုပေါင်းတန်ဖိုးမှာ ကျပ် (၇၃၉,၅၀၀,၀၀၀/) ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။ လက်ရှိတွင် ဦးရွာလ်ဒုသောင်အား ကလေးမြို့၊ မြို့မရဲစခန်းတွင် ပုဒ်မ ၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Read More

By လားနွန် – တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း၊ လူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းကိစ္စသည် ခက်ခဲပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန် များပြားသည့်အတွက် သန်းခေါင်စာရင်းတွင် ချင်းလူမျိုး (၅၃) မျိုးဟု ဖော်ပြမှုကို ပြန်လည်စီစစ်ရန်မရှိသေးဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့ပြောဆိုလိုက်သည်။ စက်တင်ဘာလ (၁၀) ရက်နေ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၅) ဦးပူဂင်ကမ်းလျန်မှ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃) မျိုးဟု ဖော်ပြထားခြင်းကို မြေပြင်ကွင်းဆင်းစိစစ်၍ ပြန်လည်သုံးသပ်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဦးသိန်းဆွေက “ တိုင်းရင်းသားမျိုးနွယ်စုများ၏ အမည်ပြင်ဆင်သတ်မှတ်ခြင်း၊ လူမျိုးနွယ်စုများ ပြန်လည်သတ်မှတ်ခြင်းကိစ္စသည် ခက်ခဲပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များ၊ လုပ်ငန်းစဉ် များလည်း များပြားပါကြောင်း၊ တိုင်းရင်းသားများအားလုံးကို တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ချင်းပြည်နယ်တစ်ခုတည်း၌ တိုင်းရင်းသားလူမျိုး (၅၃)မျိုးဟု ဖော်ပြထားခြင်း ကို မြေပြင်ကွင်းဆင်းစိစစ်ကာ ပြန်လည်သုံးသပ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း” ဟု ဖြေကြားခဲ့သည်။ ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်းမေးခွန်းတွင် လူမျိုးမေးခွန်းထည့်သွင်းရာ၌ လူမျိုးအမည်များ မှားယွင်းနေကြောင်း၊ တိုင်းရင်းသား ၁၃၅ မျိုးအပေါ် အခြေခံခြင်းသည် ပကတိအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ လူမျိုးအုပ်စုကြီးများတွင် ပါဝင်သည့် လူမျိုးစုငယ်အရေအတွက်များ…

Read More

By လားနွန် – ချင်းပြည်နယ်ရှိ မြို့နယ် (၉) မြို့နယ်အနက် ဟားခါးမြို့နယ်သည် ယာဉ်မတော်တဆမှုအများဆုံးဖြစ်ပြီး လူသေဆုံးမှုတွင် တီးတိန်မြို့နယ်သည် အများဆုံးဖြစ်ကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်၏ ပြောကြားချက်အရသိရသည်။ “ယာဉ်မတော်တဆမှုအများဆုံးက ဟားခါးမှာအများဆုံး၊ ဒုတိယလိုက်တာက တီးတိန်၊ တတိယလိုက်တာတော့ မင်းတပ်၊ တီးတိန်မြို့နယ်မှာက ကားတွေ ခဏခဏကျောက်ထဲကျလို့ အဲဒါကြောင့် အသေအပျောက်များတာက ဒီတီးတိန်မြို့နယ်မှာများတယ်၊ ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ကားနဲ့ဖြစ်တာများတော့ သေတဲ့သူလည်းများတာပေါ့၊ ခရီးသည်တွေများတယ်လေ၊ အဓိကဖြစ်တာက မြောက်ပိုင်းတီးတိန်နယ်ထဲမှာ ကားကျောက်ထဲကျတာတို့ ခဏခဏဖြစ်တယ်လေ၊ အဲဒါကြောင့် သေဆုံးသူဦးရေကများတာလေ” ဟု ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ယာဉ်တိုက်မှုအခြေပြဇယား ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်၏ ဇန်န၀ါရီလမှ ဇူလိုင်လအထိ နှိုင်းယှဉ်ချက်ဇယားမှ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်တွင် သေဆုံးမှုနှုန်းခြားနားချက်သည် ယခင်နှစ်ထက် (၁) ဦးပိုတိုးလာကြောင်းသိရသည်။ ချင်းပြည်နယ်၊ တောင်ပိုင်းနှင့်မြောက်ပိုင်းတွင် မြောက်ပိုင်းသည် သေဆုံးမှုအများဆုံးဖြစ်နေပြီး ယာဉ်မတော်တဆဖြစ်ပွားမှုလျော့ချနိုင်ရန်အတွက် စည်းကမ်းဖောက်ဖျက်သည့်သူများကိုလည်း အရေးယူမှုတွေဆောင်ရွက်နေကြောင်း ယာဉ်ထိန်းရဲအုပ်ဘယ်နီဖိုင်ကပြောသည်။ “ကျနော်တို့ကတော့ ကြိုတင်ကာကွယ်မှုတွေလုပ်ရတယ်၊ ကြိုတင်ကာကွယ်မှုဆိုတဲ့အခါမှာ ပထမအနေနဲ့ အသိပညာပေးဟောတယ်၊ စာသင်ကျောင်းတွေမှာ၊ နောက်ပြီး ရုံးတွေမှာ၊ နောက်ပြီးတော့ ကားသမား ဆိုင်ကယ်သမား ယာဉ်မောင်းတွေလည်း အသိပညာပေးတာ နောက်ပြီး ပြည်သူလူထုကိုလည်း ပညာပေးတယ် အသိပညာပေးတယ်ဆိုတဲ့အခါမှာ ဟောပြောတာလည်းပါတယ်၊ လက်ကမ်းစာဆောင်တွေနဲ့ အသိပညာပေးတာလည်းပါတယ်၊ နောက်တခါကျနော်တို့ လမ်းသင်္ကေတတွေနဲ့ပေးတာလည်းပါတယ်၊ နောက်တစ်ခါကျတော့ ကျနော်တို့ ယာဉ်မတော်တဆမှုလျော့နည်းကျဆင်းအောင် စည်းကမ်းပျက်တဲ့လူ စည်းကမ်းမလိုက်နာတဲ့သူကို အရေးယူဆောင်ရွက်ပြီးတော့ ဖမ်းဆီးတယ်၊ အရေးယူဖမ်းဆီးတာလဲ ပညာပေးခြင်းတစ်မျိုးပဲ၊ အဓိက ပညာပေးတာကို အလေးထားပြီးတော့ ဖမ်းဆီးအရေးယူတာ အဲလိုကျနော်တို့က ဆောင်ရွက်တယ်” ဟု…

Read More

အန္တရယ်ရှိပြီး ရွေးချယ်စရာများသောပတ်ဝန်းကျင်တွင် လူငယ်များ မူးယစ်ဆေးဝါး၊ အရက်၊ လောင်းကစားများ၏ ကျွန်မဖြစ်စေပဲ မိမိတို့၏ဘဝကို ရည်ရွယ်ချက်ရှိရှိ၊ ပန်းတိုင်ရှိရှိ ဖြတ်သန်းနိုင်စေရေးအတွက် ချင်းလူမျိုး ဒေသခံအဖွဲ့အစည်းများမှ အားကစား၊ အလုပ်အကိုင်၊ လူမှုရေးအဖွဲ့ဖွဲ့ခြင်း အစရှိသည်တို့ဖြင့် လူငယ်များ လမ်းမှန်ပေါ်ဆက်လက်လျှောက်လှမ်းနိုင်ရန် အဖက်ဖက်မှ ကူညီလုပ်ဆောင်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်များတွင် လူငယ်များအတွက်ရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ဘောလုံးပြိုင်ပွဲသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကလေးမြို့၊ တာဟန်းတွင် လူငယ်များ အားကစားဘက်၌ စိတ်ပါဝင်စားလာစေရန်အတွက် ရည်ရွယ်ပြီး ဘောလုံးပြိုင်ပွဲများကို နှစ်စဉ် ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် ကျင်းပပြုလုပ်ပေးလျက်ရှိသည်။ ကလေးမြို့၊ တာဟန်းမီဇိုးထာလိုင်းပေါလ် (TMTP) ၏ အတွင်းရေးမှူးဖြစ်သူ ဦးဗားလ်ပွီမှ ဘောလုံးပြိုင်ပွဲများ ကျင်းပပေးရသည့် ရည်ရွယ်ချက်ကို ယခုလိုပြောကြားခဲ့သည်။ “ဘောလုံးပြိုင်ပွဲကျင်းပရတဲ့ အဓိကရည်ရွယ်ကတော့ ကျနော်တို့ လူငယ်တွေ မူးယစ်ဆေးဝါးနွံထဲမှာ မကျရောက်ဖို့၊ ပြီးတော့ ကျနော်တို့ လူငယ်အားကစားသမားတွေ အားကစားဘက်မှာ ဒီထက်မက ပိုမိုးတိုးတက်လာဖို့ ဒီအားကစားနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့အထိ တိုးတက်အောင်မြင်လာစေဖို့ဖြစ်ပါတယ်” ဆက်လက်၍ “ကျနော်တို့ရဲ့ လူငယ်ကစားသမားတွေ မူးယစ်နွံထဲမှာ မနစ်မြုပ်ဖို့ ရည်ရွယ်ပြီး ဒီလိုဘောလုံးဖလားပြိုင်ပွဲတွေကို ကျင်းပတာဖြစ်တယ်၊ ဒါကြောင့် ဒီလိုပွဲမျိုးတွေ များများလုပ်ပေးသင့်တယ်၊ ဒါကြောင့် ကျနော်တို့ရဲ့ ဘောလုံးဖလားပြိုင်ပွဲတွေကို လာပြီးအားပေးကြပါ၊ တန်ဖိုးထားပေးကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟုတိုက်တွန်းခဲ့သည်။ တာဟန်း (E) ဘောလုံးအသင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မောင်လားနွန်ပွီးကလည်း “ကျနော်တို့ဒီပြိုင်ပွဲအတွက် အတတ်နိုင်ဆုံးပြင်ဆင်ထားကြပါတယ်၊ ဒါပေမယ့် အလုပ်ကိုယ်စီရှိကြတဲ့သူတွေလည်းရှိတော့ မနက်ပိုင်းမှာ အဖွဲ့လိုက် လေ့ကျင့်ခန်းတော့မလုပ်နိုင်ဘူး၊ ညနေပိုင်းလောက်မှာပဲ လေ့ကျင့်ခန်းလုပ်နိုင်ကြတယ်” ဟု ပြိုင်ပွဲအတွက် ၎င်းတို့၏ ပြင်ဆင်မှုအခြေအနေကို ပြောပြခဲ့သည်။ ဆက်လက်၍ လူငယ်များအတွက်ရည်ရွယ်ပြီး…

Read More