Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ခရစ်ယာန် တီဗီရုပ်သံလိုင်းထုတ်လွှင့်နိုင်ရေး ပြန်ကြားရေးဝန်ကြီးနှင့် ချင်းခရစ်ယာန် သဟာယအဖွဲ့ ဆွေးနွေး

ခရစ်ယာန် တီဗီရုပ်သံလိုင်းထုတ်လွှင့်နိုင်ရေး ပြန်ကြားရေးဝန်ကြီးနှင့် ချင်းခရစ်ယာန် သဟာယအဖွဲ့ ဆွေးနွေး

0
By Editor on August 28, 2019 Khonumthung

By လားနွန် – ခရစ်ယာန်တီဗီရုပ်သံလိုင်း ထုတ်လွှင့်နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ချင်းခရစ်ယာန်သဟာယအဖွဲ့ Chin Christian Alliance (CCA) ၏ ခရစ်ယာန်တီဗီရုပ်သံလိုင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစောထွန်းအောင်မြင့်ဦးဆောင်သောအဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် သြဂုတ်လ (၂၆) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ချင်းခရစ်ယာန် သဟာယအဖွဲ့မှ အတွင်းရေးမှူးဒေါက်တာချယ်ရတီထူးက “Christian TV Channel ပေါ့နော်၊ လုပ်ပိုင်ခွင့်ပေးဖို့ ခွင့်တောင်းတာပါ၊ Christian TV
နိုင်ငံပေါင်းနှစ်ရာကျော်မှာရှိနေပြီ Christian TV က မြန်မာပြည်မှာ
အစိုးရခွင့်ပြုချက် တရားဝင်ခွင့်ပြုချက် တစ်ရွက်လေးပဲပေးပါ၊ သူတို့က
အကုန်လုံးနည်းပညာရော ငွေအင်အားနဲ့ရောစောင့်နေတာ သုံးနှစ်ရှိပြီ အစ်မကဒီကြားထဲမှာ ကြိုးစားနေတာပေါ့ ဒါပေမဲ့ သာသနာရေးဝန်ကြီးက ခနစောင့်ပါအုံးအခြေအနေမကောင်းသေးဘူးဆိုပြီးစောင့်ခိုင်းတာ တစ်နှစ်ကျော်သွားပြီပေါ့အဲလိုနဲ့ အခုကျတော့ အလားအလာ သဘာဝအခြေအနေပွင့်လာတဲ့အချိန်ကြတော့ ကျမတို့က ဒီပြန်ကြားရေးဝန်ကြီးကိုတွေ့ဆုံခွင့် သုံးခါတောင်းပြီ သုံးကြိမ်မြောက်မှာလက်ခံလိုက်တယ် ဆိုတော့ ၀န်ကြီးနဲ့မတွေ့ခင် ကျမတို့ပထမဆုံးတွေ့ခွင်တောင်းတုန်း အဲဒီတုန်းကတော့ God TV အဖွဲ့လာတယ်အိန္ဒိယကနေလာတယ် အမေရိကန်ဘက်ကလည်းပါတယ် ပြီးတော့ ဟောင်ကောင်ကနေလည်းပါတယ်ဆိုတော့ အဲဒီဧည့်သည် (၁၂) ယောက်လောက်နှင့်သွားကြတယ် အဲဒီတုန်းကတော့ ၀န်ကြီးက မအားတဲ့အတွက် ဒုတိယအမြဲတမ်းအတွင်းဝန်ကိုတွေ့ခွင့်ပေးတယ်
အသေးစိတ်ဆွေးနွေးထားပြီးသား လွန်ခဲ့တဲ့သုံးပတ်ကတည်းက အခုတော့ ၀န်ကြီးနှင့်တွေ့ခွင့်ပေးတော့ ၀န်ကြီးက လိုတိုရှင်းနဲ့ပြောပြတယ် မိတ်သဟာယဖွဲ့ကြတယ်ပေါ့နော်” ဟု ခိုနူမ်းသုန်ကို ပြောသည်။

နေပြည်တော် ပြန်ကြားရေးဝန်ကြီး၏ ဧည့်ခန်းမ၌ပြုလုပ်သော ထို့တွေ့ဆုံပွဲတွင် ခရစ်ယာန် တီဗီရုပ်သံလိုင်းထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ ၀န်ကြီး ဒေါက်တာဖေမြင့်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေထွက်ရှိကာ ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီပေါ်ပေါက်လာသည့်အချိန်ရောက်မှသာ
ကောင်စီက သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းသတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည့်အခြေအနေများကို ရှင်းလင်းခဲ့သည်ဟု ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။ ချင်းခရစ်ယာန် သဟာယအဖွဲ့သည် ၂၀၁၉ ဇန်န၀ါရီလ ၃၀ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် အသင်းတော်နှင့် ဂိုဏ်းကဏအဖွဲ့အစည်း (၂၈) ပါဝင်သည်ဟု သိရသည်။ (ဓာတ်ပုံ – MOI)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.