Author: Editor
ဒုတိယအကြိမ်မြောက် ဖလမ်းလူငယ်ညီလာခံ (Falam Youth Conference) ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မေလ ၂ ရက်နေ့က စတင်ပြီး ကျင်းပလျက်ရှိသည်။ ကလေးမြို့ တာဟန်းရပ်ကွက် BCDC ခန်းမ၌ မေလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာကျင်းပလျက်ရှိသော အဆိုပါ ညီလာခံကို အနယ်နယ်အရပ်ရပ်တွင်ပြန့်နှံ့ရောက်ရှိနေကြသော ဖလမ်းလူငယ်များစည်းလုံးညီညွတ်မှုပိုမိုရှိလာစေရေး နှင့် အချင်းချင်းအကြားကောင်းမွန်သော ကွန်ယာက်ချိတ်ဆက်မှုရှိလာစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ကျင်း ပရေးကော်မတီ ဥက္ကဌ ၁ ကို Jesses ကပြောသည်။ “ ကျနော်တို့က မြေပြန့်၊ တောင်ပေါ် ပြည်တွင်း ပြည်ပမှာ ကျနော်တို့လူငယ်တွေက နယ်စုံပြန့်နေတော့ ကျနော်တို့က အဆက် အသွယ်အချိတ်အဆက်မရှိကြဘူး၊ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးမှုမရှိကြတော့ တစုတစည်းတည်းမရှိ နိုင်ဘူး၊ အမျိုးသားရေးတစ်ခုခုပေါ်လာရင်တောင်မှာ ကမကထလုပ်ဖို့ ကျစ်ကျစ်လစ်လစ်မရှိကြဘူး အချိတ်ဆက်တွေ ပျက်နေတယ်၊ အဲဒီဥစ္စာအတွက် ပထမဆုံးလိုအပ်တဲ့ ခင်မင်ရင်းနှီးမှု၊ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်ရှိဖို့ အဲဒီဟာလေးကိုလိုချင်တာပါ” ဟု ကို Jesses ကပြောသည်။ ဖလမ်းလူငယ် ၁၀၀ ကျော်တက်ရောက်သော ယင်း ညီလာခံတွင် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြည် သူ့နိတိ(civic education)၊ စီမံခန့်ခွဲရေး နှင့် ပေါ်လစီ၊ ချင်းသမိုင်း စသည့်ခေါင်းစဉ် ၅ ခုကို သက်ဆိုင်ရာကဏ္ဍ အလိုက်တတ် သိပညာရှင်များအား ဖိတ်ခေါ်ကာ အဓိက ဆွေးနွေးကြသည်ဟုသိရသည်။ ဖလမ်းလူငယ်ညီလာခံကို ၃ နှစ်တစ်ကြိမ်ကျင်းပလေ့ရှိပြီး ပထမအကြိမ် ညီလာခံကို ချင်းပြည်နယ် ဖလမ်းမြို့တွင် ၂၀၁၃…
ယခု လတ်တလော မီဇိုရမ်ပြည်နယ်အတွင်း ပြန့်နှံ့နေသော ဝတ်ရောဂါကြောင့် မြန်မာနိုင်ငံမှ သယ်ဆောင်လာသော ဝတ်များ မီဇိုရမ်ပြည်နယ်အတွင်း တင်သွင်းခွင့် ခေတ္တခဏပိတ်ပြင်လိုက် တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်နဲ့ နယ်နမိတ်ချင်း ထိ စပ်နေသော မီဇိုရမ်ပြည်နယ် Champhai ခရိုင်အတွင်း ဝတ်နာရောဂါမှာ Procine Reproductie & Respiratory Syndrome (PRRS) ရောဂါဖြစ်ကြောင်း AH & Vety Commissioner K.Lal Nghinglova က အတည်ပြု ပြော ဆိုပြီးနောက် Champhai District Magistrate ထံ မြန်မာပြည်မှ သယ်ဆောင်လာသော ဝတ်များကို မီဇိုရမ်ပြည်နယ်အတွင်း မတင် သွင်း ရန် ခေတ္တခဏ ပိတ်ပြင်ဖို့ တောင်းဆိုထားခြင်းဖြစ်သည်။ ၄င်းဝတ်များ၏ သွေး နှင့် အသားကို မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ်ရှိ ခွဲစိတ်ခန်းတွင် သေသေချာချာ စမ်းသပ်ပြီးမှ PRRS ရောဂါဖြစ်ကြောင်း အတည်ပြုတာဖြစ်သည်။ ယခုလို ပြန်နှံ့နေသော ဝတ်နာရောဂါကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝတ်တော်တော်များ များ သေဆုံး သွားပြီးဖြစ်ကြောင်း နှင့် သေဆုံးသည့်ဝတ်များကို သေသေချာချာ မြေမြှပ်ထားရန် ဝတ်မွေးမြူရေးလုပ်နေသူများကို အသိပေးထားသည်။ အဆိုပါ ဝတ်နာရောဂါခေါ် PRRS သည် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကလည်း မီဇိုရမ်ပြည်နယ် ခရိုင် (၆) ခုမှာ ပြန်နှံ့ခဲ့ဖူးပြီး ယင်း ဝတ်နာရော ဂါကြောင့် ဝတ်ကောင်များစွာ သေဆုံးခဲ့ဖူးသည်။
သဘာ ၀ဘေး ဒဏ်ခံခဲ့ ရသော ချင်းပြည်နယ် ပြန်လည် ထူထောင်ရေး အတွက် အာရှဖွံ့ဖြိုးရေး ဘဏ် Asian Development Bank (ADB) နှင့် ဂျပန်နိုင်ငံ တို့ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း ကူညီ မည်ဟု သိရ သည်။ မြန်မာနိုင်ငံ တွင် အဆင်းရဲဆုံး နှင့် ဝေလံခေါင်းဖျား အဖြစ်ဆုံးဒေသ တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင် ယမန်နှစ် ဇွန်၊ ဇူလိုင် လက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတောင်ပြိုမှုများကြောင့် ပျက်စီးသွားခဲ့သော အခြေခံ အဆောက် အဦးများ ပြန်လည် တည်ဆောက်ရေး နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်များပြန်လည်ထူထောင်ရေးအတွက် ဂျပန်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ရန်ပုံငွေမှ ငွေးကြေးထောက်ပံ့မှုဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန် ဒေါ်လာ ၁၀ သန်း ကူညီရန်သွား မည် ဟု ADB ၏အွန်လိုင်းစာမျက်နှာတွင် ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
Sangte – မြန်မာနိုင်ငံ၏ ဘိလပ်မြေ လိုအပ်ချက်သည် တစ်နှစ်လျင် အနည်း ဆုံး တန်ချိန်ပေါင်း သန်း(၂၀၀) ခန့် ရှိသည် ဟု သိရပြီး ယင်း အတွက် နိုင်ငံခြားမှ တင်သွင်း လျက်ရှိ သည်။ သို့ သော် လည်း လုံလောက်မှု ရှိသည် ဟုမဆို နိုင် ပေ။ မြန်မာနိုင်ငံ တွင် ဘိလပ် မြေ ထုတ်လုပ်သည့်စက်ရုံ အနည်းဆုံး (၁၂) ရုံခန့်ရှိသည်။ ရန်ကုန်မြို့ရှိ မြိုင်ကလေးစက်ရုံသည် အကြီးဆုံး ဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် (၉၀၀၀) ခန့်ထုတ်လုပ်လျက်ရှိသည်။ နိုင်ငံ နဲ့ ပြည်သူများ ၏ ထက်တစ်နေ့မြင့်မားလာသော လိုအပ် ချက်ကိုသိသော ကုမ္ပဏီများ ကလည်း အစိုးရ ခွင့်ပြုချက်ဖြင့် ဘိလပ်မြေ ကုန်ကြမ်းရရှိရန် အပြိုင်အဆိုင် တော တောင်များဖြို ချပြီး နယ်မြေ ချဲ့ထွင် လျက် ရှိကြ သည်။ ကလေးမြို့ဘက် တွင်လည်း ကုမ္ပဏီနှစ်ခုမှ ဘိလပ်မြေ ကုန်ကြမ်းရရှိရန်အတွက် အင်ဒိုင်းလေး နှင့် အင် ဒိုင်း ကြီး တို့ ဘက်တွင် တောင် တွေစမ်းသပ်လျက်ရှိပါသည်။ ဦးသိန်းထွန်းပိုင်ဆိုင်သော ထွန်းသွင် ကုမ္ပဏီက အင်း ဒိုင်းလေး ကျေးရွာ ဘက် တွင် သတ္တုဝန်ကြီးဌာန ၏ ခွင့်ပြုချက်ဖြင့် ဘိလပ်မြေကုန်ကြမ်း ရှာဖွေ တူး ဖော် ရေး…
ပြီးခဲ့သည့်နှစ် လယ်ပိုင်းက မိုးသည်းထန်စွာရွာ သွန်းပြီး ရေကြီးမှု များကြောင့်ဖြစ်ပေါ် လာသော ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ သဘာဝမြေပြိုဆည် ကို ပြည်ထောင်စု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး ကိုယ် တိုင် ဧပြီလ ၁၉ ရက်နေ့က ကွင်းဆင်းလေ့လာခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ သည် ဒေသခံချင်းပြည်သူများ၏ လိုအပ်ချက်များ သိရှိနိုင်ရန်အတွက် ချင်းပြည်နယ်ဒေသ တစ်ချို့ တွင် စတင်ပြီး ကွင်းဆင်းလေ့လာနေပြီဟု သိရသည်။ ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ် ဦးဆောင်သော ချင်းပြည်နယ် အစိုးရသစ် သည် ဧပြီလ ၁၄ နှင့် ၁၅ တွင် ထန်တလန်မြို့ နယ်၊ ဧပြီလ ၁၆၊ ၁၇ ၊ ၁၈ တွင် ဖလမ်း နှင့် ရိဒ်ခေါဒါရ်းမြို့နယ်ခွဲရှိ ကျေးရွာများတွင် သွားေ ရာက်လေ့ လာ ခဲ့ကြသည်ဟု ခရီးစဉ်သို့ လိုက်ပါသော ချင်းပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအို ကပြော သည်။
မီဇိုရမ်ပြည်နယ်အနေနဲ့ မြန်မာနိုင်ငံမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများထံ အတုယူသင့်စရာအများကြီးရှိတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Lal Thanhawla က ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့က Congress Bhavan တွင် ယခုလို ပြော ဆိုခြင်းဖြစ် သည်။ ပြီးခဲ့တဲ့ ဧပြီလ ၆-၇ ရက်နေ့တွင် ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ကျင်းပတဲ့ Chapchar Kut ပွဲတွင် မြန်မာနိုင်ငံ ကို ရောက်ရှိလာတဲ့ Lal Thanhawla က မြန်မာပြည်ရှိ ဇိုးမျိုးနွယ်စုများနေထိုင်သည့် နေရာဒေသအသီးသီးကို သွားရောက်လေ့ လာခဲ့ပြီး သူမြင်တွေ့ခဲ့တဲ့အရာကို ယခုလို ပြောဆိုခြင်းဖြစ်သည်။ “မီဇိုရမ်ပြည်ပမှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ့်အားကို ကိုးပြီး ရပ်တည်တဲ့သူ၊ အချောင်ခိုဖြင့် ငွေကိုရှာတတ်သော သူမျိုး မဟုတ်တဲ့အပေါ် မီဇိုရမ်ပြည်သူတွေအနေနဲ့ အတုယူစရာ၊ သင်ယူစရာ အများကြီးရှိတယ်။ အစိုးရအပေါ် မှီခိုရပ်တည်ရုံ သက်သက် မဟုတ်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားသင့်တယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံအပြင် မဏိပူ၊ တီးပူရား နှင့် အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ ကိုယ်လုပ်အားကိုစားချင်သောသူတွေဖြစ်တဲ့အချိန်မှာ မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဇိုးမျိုးနွယ်စုများကတော့ အစိုးရအပေါ်မှာပဲ မှီခိုနေကြတယ်။ အလွယ်တကူ ငွေရချင်ကြတယ်။ မြန်မာနိုင်ငံမှာ ရှိကြတဲ့ ဇိုးမျိုးနွယ်စုများဟာ အစိုးရအပေါ် မမှီခိုပဲ ကိုယ့်အားကို အားကိုးသောသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် Lalthanhawla က ဆက်ပြောပါ တယ်။ “သူတို့တွေက အစိုးရအပေါ် မမှီခိုပဲ နေထိုင်ကြတယ်။…
မြန်မာလူမှုရေးအသင်းဦးဆောင်မှုဖြင့် (၉) ကြိမ်မြောက် အတာသင်္ကြန်ပွဲကို မီဇိုရမ်ပြည် နယ်ရောက် မြန်မာ လူမျိုးများနှင့် အ တူ ပျော်ပွဲစား ဥယျာဉ်တွင် ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က သွားရောက်ကျင်းပခဲ့ကြသည်။ ယင်း ကိစ္စနဲ့ပတ် သက်ပြီး မြန်မာ လူမျိုးများရဲ့ တစ်နှစ်မှာ တစ်ကြိမ်ကျင်းပရတဲ့ ရိုးရာပွဲ ယဉ်ကျေးမှုပွဲတခုဖြစ်တဲ့ အတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတွေ ရှိတဲ့ မီဇိုရမ်ပြည် နယ်မှာလည်း ပျော်စေချင်လို့ နောက်ပြီးတော့ ဒီရိုးရာပွဲမ ပပျောက်လေအောင် ကျင်း ပ ရခြင်းဖြစ် တယ်လို့ မြန်မာလူမှုရေးအသင်း ဥက္ကဌ ဦးအောင်ရွှေက ယခုလို ပြောပါတယ်။
ပြီးခဲ့သည့် ဧပြီလ ၁၅-၁၆ ရက်နေ့များက မီဇိုရမ်ပြည်နယ်အတွင်း ပြင်းထန်စွာတိုက်ခပ်လာသော လေ နှင့် မိုးသီးကြောင့် အိမ်ခြေ ၃၃၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပြီး အိမ်ခြေ ၇၀ ခန့်မှာ လူနေလို့မရလောက်အောင် အကုန် ပျက် စီး သွားတယ်လို့ သိရသည်။