Author: Editor
#Unicode By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်က အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်း ခွဲများအား လုံး မဖွင့်လှစ်နိုင်ကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာအထက်တန်းကျောင်းများကို ယနေ့ဇူလိုင်လ (၂၁) ရက်နေ့ကစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသော ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသော်လည်း စစ်မက်ဖြစ်ပွားရာဒေသ ပလက်ဝမြို့နယ်မှာမူ အခြေခံပညာအထက်တန်းကျောင်းအားလုံး ဖွင့်လှစ်နိုင်ခြင်းမရှိဘူးဟု ဆလိုင်းအောင်မင်းကပြောသည်။ “ကျောင်းကတော့ ကျနော်တို့လက်ခံတာ ဒီလ (၁၃) ရက်ကတည်းက လက်ခံထားပြီးသား ဒါပေမဲ့ ကျောင်းတွေကတော့ ဖွင့်လို့မရဘူး၊ အစကတော့ ဖွင့်ဖို့တော့ ကျနော်တို့လျာထားတယ်၊ ဒါပေမဲ့ ကျနော်တို့ ကျန်းမာရေးဌာနက ကိုဗစ် ဖြစ်တဲ့အတွက်ကြောင့် အချက်ပေါင်းများစွာနဲ့ A,B,C နဲ့ ပြန်ပြီးတော့ စမ်းစစ်လိုက်တော့ ကျနော်တို့က C အဆင့်လောက်မှာပဲ ဝင်တဲ့အတွက်ကြောင့် လောလောဆယ်ကတော့ ကျနော်တို့ မဖွင့်နိုင်သေးဘူး” ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ကျောင်း နှင့် အထက်တန်းကျောင်း(ခွဲ) (၂၂) ကျောင်း စုစုပေါင်း (၃၈) ကျောင်းရှိသည့်အနက် ယခုလက်ရှိမှာ ကျောင်းပေါင်း (၁၃) ကျောင်းကသာ ကျောင်းအပ်လက်ခံနိုင်ပြီး ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ပြည့်မီခြင်းမရှိသောကြောင့် မဖွင့်လှစ်နိုင်ကြခြင်းဖြစ်သည်။ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း အထက်တန်းကျောင်းသူ၊ကျောင်းသားများ ကျောင်းအပ်လက်ခံလျက်ရှိပြီး ယခုလက်ရှိတွင် ကျောင်းသား၊ကျောင်းသူ (၇၃၄) ဦးက ကျောင်းအပ်လက်ခံထားရှိပြီဟု ပလက်ဝမြို့နယ်ပညာရေးမှူး ကပြောသည်။ အခြေခံပညာအထက်တန်းကျောင်းများပြန်လည်ဖွင့်နိုင်ရန်အတွက် ပြည်ထောင်စု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက A,B,C ဆိုပြီးအဆင့်သုံးဆင့်သတ်မှတ်ကာ…
Read More
#Unicode By ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၇) ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှ လေကြောင်းဖြင့်ပြန်လာသူ မြန်မာနိုင်ငံသား (၂) ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ ဇူလိုင်လ (၁၇) ရက်နေ့ညက မီဇိုရမ်ပြည်နယ် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးကုသသောနေရာ Zoram Medical College တွင် ရောဂါးပိုးစစ်ဆေးချက်အရ နယူးဒေလီမြို့မှပြန်လာပြီး ကျန်ဖိုင်းခရိုင်တွင် Quarantine ဝင်နေသူ အဆိုပါ မြန်မာနိုင်ငံသား (၂) ဦးထံ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ အဆိုပါ ပိုးတွေ့လူနာ မြန်မာနိုင်ငံသား (၂) ဦးတို့ကို အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Quarantine စင်တာသို့ မပို့ဆောင်မှီ အိုက်ဇောလ်ခရိုင် Mualpui Salem ရပ်ကွက်ရှိ R Dengthuama Hall တွင် Quarantine ဝင်ထားပြီးကြသူများဖြစ်ကြသည်။ R Dengthuama Hall တွင် Quarantine ဝင်ရောက်နေစဉ် (၁) ဦး အပြင်ထွက်ပြီး စျေးဆိုင်တစ်ခုတွင် စျေးဝင်ရောက်ဝယ်ယူခဲ့ကြောင်း သိရှိကြသည့်အတွက်၄င်းဖြစ်စဉ်ကြောင့် Salem ရပ်ကွက်ရှိ Local Task Force မှ ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့ကစပြီး Salem ရပ်ကွက် အတွင်း curfew ကြေညာကာ ၄င်းတို့နှင့်ထိတွေ့ဆက်ဆံနိုင်ဖွယ်ရှိသော လူ (၁၅) ဦးတို့၏ swab sample…
Read More
#Unicode By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၅၄) နှစ်အရွယ် အမျိူးသမီးတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု ဇူလိုင်လ (၁၉) ရက်နေ့က ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ အသက် (၅၄) နှစ်အရွယ် လူနာအမှတ် (၃၄၁) သည် ဇူလိုင်လ (၉) ရက်နေ့က ရောဂါပိုးတွေ့ရှိခဲ့သည့် တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာမှ အသက် (၆) နှစ်အရွယ် လူနာအမှတ် (၃၁၈) ၏ မိခင်ဖြစ်သည်။ ၎င်းတို့သားအမိသည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် Churachandpur (Lamka) မြို့မှ ဇွန်လ (၂၉) ရက်နေ့က နေရပ်ပြန်လာပြီး ဟိုင်ကျင်းကျေးရွာတွင် Facility Quarantine ဝင်လျက်ရှိသူများဖြစ်ကြကာ သားဖြစ်သူထံတွင် ကိုဗစ်-၁၉ ရောဂါပိုးအား ဇူလိုင်လ (၉) ရက်နေ့ကတွေ့ရှိခဲ့ကြသည်။ ထို့နောက် ဇူလိုင်လ (၁၀) ရက်နေ့တွင် လူနာအမှတ် (၃၁၈) သည် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် မိခင်နှင့်အတူ ပို့ဆောင်ပြီးနောက် မိခင်ဖြစ်သူအား ဓာတ်ခွဲစစ်ဆေးရာတွင် ဇူလိုင်လ (၁၉) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၁၂) ဦးထိရှိခဲ့ပြီး (၁၀) ဦးမှာ ရောဂါလက္ခဏာနှစ်ကြိမ်ဆက်တိုက် မတွေ့ရှိတော့သည့်အတွက် ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်သည်။ #Unicode By လားနွန် – ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ အသက် (၅၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်ဟု…
Read More
#Unicode အမ်းမြိုပေါ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ယာယီအဆောင်များလိုအပ်နေ ရခိုင်ပြည်နယ် ၊ အမ်းမြို့ပေါ်တွင်ရောက်ရှိနေသည့် ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်နှ င့် နေထိုင်စရာ ယာယီအဆောင်များအရေးတကြီးလိုအပ်နေသည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။ “လောလောဆယ်တော့ စခန်း (၂) ခုထဲမှာ လူဦး ၁၅၃၄ ဦး ရှိတယ် ချင်းရော ရခိုင်ရော ရှိတယ် ။ အများစုက ချင်းလူမျိုး များတယ်။ စခန်းအပြင်ဖက်မှာ ကိုယ့်အစီအစဉ်နဲ့ကို ကိုယ်ထူကိုယ်ထနေကြတဲ့ သူတွေရှိတယ် သူတို့က ၃၀၀၀ လောက်ရှိ တယ်၊ စာရင်းကောက်တာ ၁၉၆၀ ဦးစာရင်းရတယ်၊ ကျန်တာတော့ ကောက်နေဆဲပဲ၊ အဓိကသူတို့လိုတာက စားစရာဆန် ၊ နေစရာ ၊ လုံခြုံရေး သွားရေးလာရေးခက်တယ် ၊ ကျန်းမာရေး နဲ့ပညာရေးတွေ အခက်အခဲရှိတာပေါ့ ” ဟု (RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ယခုလက်ရှိ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းအမှတ် (၁)နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး အစိုးရဖက်မှ စခန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကိုတာဝန်ယူကာ စခန်းတွင်နေရာထိုင်ခင်းမလုံလော က်မှုကြောင့် စခန်းအပြင်ဖက်တွင် ကိုယ့်အစီစဉ်နှင့်ကိုယ်နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူများကိုမူ တာဝန်မယူပေးသည့်အတွက် အခက်ကြုံတွေ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။ “အစိုးရဖက်ကတော့ စခန်း(၂)ခုထဲမှာရှိတဲ့ပြည်သူတွေကိုတော့ တာဝန်ယူပေးတာပေါ့ ၊ စခန်းအပြင်ဖက်မှာရှိတဲ့သူတွေကိုတော့ အစိုးရကဖက်တော့ တာဝန်မယူဘူး၊ စခန်းအပြင်ဖက်မှာရှိသူတွေကို လူမူရေး ၊ ဘာသာရေးအဖွဲ့အစည်းတွေက ဝိုင်းကူညီတာပေါ့၊ နောက်ထပ် စခန်းတခုလိုတယ်လို့ ပြောတယ် ၊ ကျွန်တော်တို့ကလည်း အဲ့ဒီ…
Read More
Read More
#Unicode ၂၀၂၀-၂၀၂၁ ပညာနှစ်အတွက် အထက်တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူများကို ဇူလိုင်လ ၁၃ ရက်နေ့က မြန်မာတစ်နိုင်ငံလုံး၌ ကျောင်းအပ်နှံမှုစတင်နေပြီဖြစ်သော်လည်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ နယ်တွင် နယ်မြေတည်ငြိမ်းအေးချမ်းမရှိခြင်းကြောင့် အထက်တန်းကျောင်းအများစု သည်ကျောင်းအပ်လက်ခံရန် အခက်အခဲရှိနေကြသည်ဟု ပလက်ဝမြို့နယ် ပညာရေးမှူး ဆလိုင်းအောင်မင်းကပြောသည်။ “အခြေအနေမပေးတာရှိတယ်၊ လုံခြုံရေးအခြေအနေအရရယ်၊ လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ လောလောဆယ် သွားလို့လာလို့မရတဲ့နေရာတွေကို ပိတ်ထားတယ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လုံခြုံရေးအခြေအနေတွေ ပြန်ကော င်းလာရင် ပြန်ဖွင့်ပါမယ်’’ ဟု ဆလိုင်းအောင်မင်းကပြောသည်။ ပလက်ဝမြို့နယ်တွင် အထက်တန်းကျောင်း (၁၆) ကျောင်း နှင့် အထက်တန်းကျောင်း(ခွဲ) (၂၂) ကျောင်း စုစုပေါင်း ၃၈ ကျောင်းရှိသည့်အနက် ယခုလက်ရှိမှာ ကျောင်းပေါင်း (၁၃) ကျောင်းကသာ ကျောင်းအပ်လက်ခံနိုင်ပြီး (၂၅) ကျောင်းသည် လောလောဆယ်ပိတ်ထားရဆဲဖြစ်သည်ဟု ပညာရေးမှူးထံမှ သိရသည်။ ထို့အပြင် ပြည်မဘက်မှ ကျောင်းဆရာ/ဆရာမ အများစုသည် ပလက်ဝမြို့ပေါ်သို့ ရောက်မလာနိုင်ကြသေးကြော င်း၊ ရှိနေသည့်ဆရာ၊ဆရာမများသည်လည်း ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ထားသည့်အတွက် ၎င်းတို့တာဝန်ကျရာကျေးရွာများသို့ သွားရောက်နိုင်ခြင်းမရှိကြကြောင်း သိရသည်။ “ပြည်မကနေ မရောက်လာကျတဲ့သူရှိတယ်၊ ပလက်ဝမြို့ပေါ်ရှိတဲ့သူတွေကလည်း တာဝန်ကျတဲ့ကျောင်းကို သွားလို့မရတဲ့ အခက်အခဲရှိနေပါတယ်၊ တချိူ့ကလမ်းပိတ်ထားတာရှိတယ်၊ အခြေအနေအရ မသွားနိုင်တဲ့ဟာလည်းရှိတယ်’’ ဟု ပလက်ဝမြို့နယ်ပညာရေးမှူးကပြောသည်။ ပလက်ဝမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၉၁) ကျောင်းရှိသည့်အနက် ယခုပညာသင်နှစ်တွင် ကျောင်းပေါင်း (၂၀၀) သာဖွင့်လှစ်နိုင်ဖွယ်ရှိပြီး စစ်ဘေးဒဏ်ကြောင့် (၁၉၁) ကျောင်းဖွင့်လှစ်နိုင်မည့်အနေအထားမရှိကြောင်း သိရသည်။ ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား စစ်မက်ဖြစ်ပွားရာဒေသဖြစ်ပြီး ယခုလက်ရှိတွင်လည်း စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ကျော်ခန့်ရှိသည်။…
Read More
#Unicode လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း ပါတီတစ်ခုတည်းမှ အပြတ်အသတ်အနိူင်ရရှိပြီး အစိုးရဖွဲ့နိုင်ရန် ခက်ခဲမည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ (USDP) ဥက္ကဌ ဒေါက်တာမူထန်းကပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) မှ (NLD) ဖြစ်ခဲ့ကြသော်လည်း ၎င်းတို့အစိုးရ (၅) နှစ်တာကာလအတွင်း လုပ်ကိုင်ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရမှုတွေရှိခဲ့ကြသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အလားအလာနည်းပါးကြောင်း ဒေါက်တာမှုထန်ကသုံးသပ်သည်။ ဒေါက်တာ မှုထန်းက “ပါတီတစ်ခုထဲအနေနဲ့အစိုးရဖွဲ့ဖို့ဆိုတာ နည်းနည်းခက်နိုင်မယ်လို့ကျွန်တော်မြင်တယ်၊ NLD ပါတီက ၂၀၁၅ လိုတော့ သူတို့ကို လူတွေက စိတ်ထဲမှာ မကျန်တော့ဘူးလေ၊ ၅ နှစ်နီးပါး သူတို့လုပ်ကိုင်ဆောင် ရွက်တဲ့နေရာတွေမှာ အားမရတာတွေ၊ မကျေနပ်တာတွေရှိတာ အများကြီးရှိတာကိုး၊ ၂၀၁၅တုန်းကတော့ NLD မှ NLD ဆိုတဲ့စိတ်က လူတိုင်းမှာရှိတယ်၊ ဒီတခါမှတော့ အဲ့လို မဟုတ်တော့ဘူးလို့ ဒါကြောင့် ပါတီတခုထဲအနေနဲ့ အစိုးရဖွဲ့နိုင်မယ်မထင်ဘူး” ဟု ပြောသည်။ မဲဆန္ဒနယ်မြေ (၃၉) နေရာရှိသည့် ချင်းပြည်နယ်တွင် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) က မဲဆန္ဒနယ်မြေ (၂၈) နေရာ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD) ပါတီက မဲဆန္ဒနယ်မြေ (၆) နေရာနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီက (၅) နေရာအသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်…
Read More
#Unicode By ရစ်ချက် – မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ် ပြည်နယ် တို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာယက္ကန်း လုပ်သားများသည် Covid-19 ဂယက်ကြောင့် လုပ်ငန်းပြတ်လတ်မှု များလာပြီး ကိုယ့်အစီစဉ်ဖြင့် နေရပ်ပြန်သွားကြသူများပြားလာကြောင်း သိရသည်။ ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် Covid-19 ကြောင့် Lockdown ချထားမှု (၃) လ ကျော်ရှိနေပြီဖြစ်ကာ အလုပ်ရှင်များမှ လုပ်ငန်းများမချပေးနိုင်တော့သည့်အတွက် လုပ်ငန်းပြတ်လတ် သော လုပ်သားများစွာရှိသည့်အပြင် အခြားသောအခက်အခဲအမျိုးမျိုးကြောင့် လတ်တလော နှစ်ပတ်အတွင်း အယောက် (၁၀၀) ခန့်သည် ကိုယ့်အစီစဉ်ဖြင့်နေရပ်ပြန်သွားကြပြီဟု မြန်မာယက္ကန်းသမားတစ်ဦးက ယခုလို ပြောသည်။ “Lockdown ချထားတာကလည်း (၃) လကျော်ရှိပြီဆိုတော့ အခြေအနေက မတူကြဘူး။ လုပ်ငန်းချပေးနိုင်တဲ့ အလုပ်ရှင်တွေရှိသလို လုံးလုံးကို မချပေးနိုင်တော့တဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ စားစရိတ်ရရုံလောက်ဘဲ အလုပ်ကို လုပ်ခိုင်းတဲ့ အလုပ်ရှင်တွေလည်းရှိတယ်။ အများသောအားဖြင့် လုပ်ငန်းပြတ်လတ်မှုကြောင့် ပြန်ကြတာများတယ်။ တချို့က သားသမီးတွေကျောင်းအပ်ဖို့ ပြန်ကြတယ်။ ပြီးခဲ့တဲ့အရင်ပတ်က ကား (၇) စီးနဲ့ အယောက် (၆၀) ကျော် ပြန်တယ်။ ပြီးခဲ့တဲ့အပတ်က ကား (၅) စီးနှင့် အယောက် (၅၀) လောက်ထပ်ပြီးတော့ ပြန်တယ်။ နောက်ထပ် ပြန်မယ့်သူ တွေလည်း အများကြီးရှိသေးတယ်’’ ဟု အထက်ပါယက္ကန်းသမားကပြောသည်။ နေရပ်ပြန်သွားကြသည့် မြန်မာယက္ကန်းသမားများသည် မြန်မာ-အိန္ဒိယချစ်ကြည်ရေးတံတား ရိ-ဇိုခေါထား ဂိတ်ပိတ်ထားမှုကြောင့် အောက်လမ်းမှ (၃) နာရီကျော် မိမိအထုတ်အပိုးများထမ်းကာ နယ်စပ်ကိုဖြတ်ကျော်ကြရသည်ဟု…
Read More
#Unicode ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်း ထောင်နဲ့ချီသော ဒေသခံပြည်သူများသည် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ တပ်မတော်မှ လမ်းကြောင်းပိတ်စို့ကာ ရိက္ခာပြတ်လပ်မှုတို့ကြောင့် အမ်းမြို့ပေါ်သို့ ထပ်မံရောက်ရှိလာကြပြီး နေထိုင်စရာအခက်အခဲ ကြုံတွေ့နေကြရသည်ဟု သိရသည်။ ဒါးလက်အုပ်စုအတွင်းကျေးရွာ (၂၁) ရွာမှ ဒေသခံပြည်သူ (၂၀၀၀) ကျော်သည် ပြီးခဲ့သည့်ဇွန်လ ကုန်ပိုင်းကစ၍ အမ်းမြို့နယ်သို့ထွက်ပြေးတိမ်းရှောင်လာကြရာ ယင်းတို့အနက် လူဦးရေတစ်ထောင်ခန့်သည် အမ်းမြို့ပေါ် ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင် ရောက်ရှိကြပြီး ကျန်စစ်ဘေးရှောင်ပြည်သူများမှာ နီးစပ်ရာဆွေမျိူးအသိုင်း အဝန်းထံသို့ ခိုလုံနေကြရသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်း လှကျော်ကပြောသည်။ “သူတို့ကဇွန်လ(၂၈)ရက်နေ့ကတည်းကစပြီးတော့အမ်းမြို့ကိုပြောင်းလာကြတယ်၊ အဓိကတော့ အဲဒီဒေသမှာ နယ်မြေမငြိမ်းချမ်းတာကတစ်ကြောင်း၊ စားနပ်ရိက္ခာပြတ်လပ်နေတာကတစ်ကြောင်းပေါ့ ဒါကြောင့် အမ်းမြို့ကိုပြောင်းလာကြတယ် လူပေါင်းက ၂၀၀၀ ကျော်ပါတယ်၊ လူဦးရေတစ်ထောင်လောက်ကပဲ အမ်းမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်း ၂ ခုကိုရောက်သွားကြတယ် ကျန်တဲ့သူတွေကတော့ အမ်းမြို့ပေါ်မှာပဲ အိ်မ်ငှါးပြီးနေကြတယ်၊ ဆွေမျိူးတွေဆီမှာကပ်ပြီးတော့နေနေကြတယ်’’ ဟု ဆလိုင်းထွန်းလှကျော်ကပြောသည်။ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း အမှတ် (၁) နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး ယခုနောက်ထပ်ရောက်ရှိ လာကြသည့် စစ်ဘေးရှောင်တစ်ထောင် ကျော်အတွက် နေစရာအဆောင်မရှိတော့သည့်အတွက် အမ်းမြို့ရှိ မိုးလုံလေလုံခန်းမတွင် နေရာချထားပေးကြသည်ဟု ၎င်းကဆက်ပြောသည်။ “စခန်းထဲရောက်နေတဲ့လူဦးရေတစ်ထောင်ကျော်တောင်မှ နေစရာမရှိဖြစ်နေသေးတယ်၊ အလှူရှင်တွေဆီကနေရတဲ့ ရန်ပုံငွေနဲ့ သူတို့အဆောင်တွေဆောက်နေတာရှိတယ် ၁၂၀ တော့ပြီးသွားပြီး အဲဒီ ၁၂၀ မှာ အရင်တုန်းကရောက်တဲ့ စစ်ဘေးရှောင်တွေကို အကုန်းလုံးနေရာချပေးထားတယ်၊ အခုလည်း နောက်ထပ် အလုံး ၈၀ ဆောက်နေတယ်…
Read More
#Unicode ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များ အချိန်မီကျောင်းတက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ယာယီကျောင်းဆောင်များဆောက်လုပ်ပေးလျက်ရှိသော်လည်း လုံလောက်မှုရှိဦးမည်မဟုတ် သည့်အပြင် ကျောင်းသင်ထောက်ကူပစ္စည်များလည်း အရေးတကြီးလိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင် ရွက်ပေးနေသည့်အဖွဲ့အစည်းများကပြောသည်။ ယခုလက်ရှိ ဆမီးမြို့တွင်ခိုလုံနေကြသည့် စစ်ဘေးရှောင်ကလေးငယ်များအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့က ဆမီး အ.ထ.က နှင့် လိပ်ခုံး အ.လ.က ကျောင်းတွင် အကျယ် ပေ ၈၀*၃၀ ရှိသော ယာယီကျောင်းဆောင် ၂ ဆောင်ဆောက် လုပ်ပေးလျက်ရှိပြီး (၁၀၀၀) နီးပါးခန့်ရှိသော စစ်ဘေးရှောင်ကျောင်းသူကျောင်းသားများအတွက် လုံလောက်မှု ရှိဦးမည်မဟုတ်ကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသည့် People Hope အဖွဲ့မှဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။ “ကိုဗစ်ကလည်း ဒုတိယအသုတ် အားပြန်ကောင်းလာတယ်ဆိုတော့ ချင်းပြည်နယ်မှာဆိုရင် အိန္ဒိယဘက်ကလာတဲ့သူ ပိုများတာပေါ့နော် အဲဒါကြောင့်စိုးရိမ်မိတော့ ကျောင်းဆောင် ပေ ၈၀ * ၃၀ ဆိုတာက ကျောင်းသား ၂၀၀ ကျော်လောက်ပဲ ဆံ့မယ် ဒါကြောင့်ကျောင်းဆောင် ၂ ဆောင်လောက်ကတော့ ထပ်ဆောက်ဖို့ ကျနော်တို့စဉ်းစားထားတယ်၊ ဒီ IDPs စခန်းမှာ ကျောင်းသားတွေတော်တော်များတဲ့အခါမှာ ဝန်ကြီးကတော့ ကျောင်းထပ်ဆောက်ဖို့လျာထားတာတော့ရှိတယ် ဒါပေမယ့်ခုချိန်ထိတော့ ပြည်တွင်းပြည်ပအလှူများလည်းပဲမတွေ့ရသေးဘူး၊ ဒါပေမယ့် လောလောဆယ်တော့ အထက်တန်းတွေပဲ အရင်ဆုံးတက်ဦးမှာဆိုတော့ အဆင်ပြေအောင်တော့လုပ်လို့ရသေးတယ်’’ ဟု ဦးဇော်လီအောင်ကပြောသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားစစ်ရေးပဋိပက္ခကြောင့် ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ ၃၃၀၀ ကျော်ရှိသည့်အနက် သူငယ်တန်းမှ ၁၀ တန်းအထိ တက်ရောက်ကြမည့် စစ်ဘေးရှောင်ကလေးငယ်များအယောက် (၈၀၀) ကျော်ရှိသည်ဟု သိရသည်။ “ကျောင်းသူကျောင်းသားများအတွက် အရေးကြီးဆုံးအရာကဘာလဲဆိုတော့ စားပွဲ၊ ထိုင်ခုံတွေလုံးဝမလုံလောက်ဘူး၊ ပျဉ်စွဲပြီးမှ စားပွဲ၊ ထိုင်ခုံရိုက်ဖို့လည်းလုံးဝအဆင်မပြေဘူး…
Read More