#Unicode ရစ်ချက် – မြန်မာနိုင်ငံအတွင်း ယခုဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဝင်ရောက်ခိုလုံသူ (၇) ဦးရှိနေပြီဟု သိရသည်။ မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးဝင်ရောက်ခိုလုံသူ(၇) ဦးအနက် သုံးဦးမှာ ရဲတပ်သားများဖြစ်ပြီး Serchhip မြို့နယ် Lungkawlh ကျေးရွာတွင် ဝင်ရောက်ခဲ့ကြောင်းနှင့် ကျန် (၄) ဦးတို့မှာ အိန္ဒိယ-မြန်မာနယ်စပ် Champhai မြို့တွင် ဝင်ရောက်ခဲ့ကြောင်း မီဇိုရမ်သတင်းများတွင်ဖော်ပြချက်အရသိရသည်။ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က မီဇိုရမ်ပြည်နယ် Lungkawlh ကျေးရွာတွင် ထွက်ပြေးလာသော မြန်မာနိုင်ငံ ရဲ တပ်သား (၃) ဦး ထွက်ဆိုချက်အရ “ပြည်တွင်းဆန္ဒပြပြည်သူများကို လက်နက်ဖြင့်ပစ်ခတ်ရန် အထက်အရာရှိများက အမိန့်ပေးခဲ့ခြင်းကြောင့် မိမိပြည်သူလူထု၊ မိမိလူမျိုးများကို မပစ်သတ်နိုင်တဲ့အတွက်ကြောင့် မိမိလက်နက်များကိုချပြီး အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာရတာဖြစ်တယ်”လို့ ထွက်ဆိုခဲ့ကြကြောင်းသိရသည်။ မြန်မာနိုင်ငံမှ စစ်ဘေးဒုက္ခသည်အဖြစ် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာသော ပြည်သူ့ရဲ (၃) ဦးတို့ကို မီဇိုရမ်ရဲ နှင့် BDO E.Lungdar တို့က သေချာစစ်ဆေးခဲ့ပြီးနောက် N.Vanlaiphai ဆရာဝန်များက ကျန်မာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလာတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၁ ရက်နေ့တို့တွင် မြန်မာပြည်က အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ဟာ လည်း Champhai မြို့ဘက်ကို ထွက်ပြေးခဲ့ကြကြောင်း သိရသည်။ ၄င်း (၄) ဦးအနက်…
Author: Editor
#Unicode By မာဂရက် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မတ်လ ၂ ရက်နေ့က ဆန္ဒဖော်ထုတ်မှုကို ရဲနှင့်တပ်မတော်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာတွင် ရင်ခေါင်းကျည်ထိမှန်ခဲ့သည့် အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိူးမောင်သည် မတ်လ ၃ ရက်နေ့ ၃ နာရီဝန်းကျင်ခန့်က သေဆုံးခဲ့ပြီး ရုပ်အလောင်းကို မနက်ဖြန်တွင် သဂြိုလ်ကြမည်ဟုသိရသည်။ “ မနေ့က ၂း၄၅ မိနစ်မှာ ဆုံးသွားတာပါ၊ မနေ့က မန္တလေးကို သူတို့က သွားတာရတယ်ဆိုတော့ မန္တလေးကို ဆင်းတာ လမ်းမှာပဲဆုံးသွားလို့ ပြန်သယ်ခဲ့တယ်၊ မနေ့ည ၈ ခွဲကို ပြန်ရောက်တယ်၊ အသုဘက မနက်ဖြန် (၃) နာရီမှာချမယ် ဒီနေ့မချသေးဘူး သားအကြီးမရောက်သေးလို့” ဟု ကိုဇင်မျိုးမောင်၏ မိခင်ကပြောသည်။ မတ်လ ၂ ရက်နေ့ ကလေးမြို့လူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်က မျက်ရည်ယိုဗုံးဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည့် အပြင် သေနတ်ကျည်အစစ်များဖြင့်ပစ်ခတ်ခဲ့သည့်အတွက် မောင်ဇင်မျိူးမောင်အပါအဝင် လူ ၄ ဦးအပြင်းအထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ရင်ခေါင်းကျည်ထိမှန်သည့် မောင်ဇင်မျိူးမောင်သည် အခြေအနေစိုးရိမ်ရသည့်အတွက် မန္တလေးမြို့သို့ဆေးကုသရန် ပို့ဆောင်နေစဉ်လမ်းခုလပ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ မောင်ဇင်မျိူးမောင်သည် ကလေးမြို့နယ် လှိုင်သာယာရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုဆန္ဒဖော်ထုတ်မှုတွင် ရဲနှင့် တပ်မတော်မှ ပစ်ခတ်မှုကြောင့် ပထမဆုံး ကျဆုံးခဲ့သူဖြစ်သည်။ #Zawgyi By မာဂရက် – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မတ်လ ၂ ရက်နေ့က ဆန္ဒဖော်ထုတ်မှုကို ရဲနှင့်တပ်မတော်က သေနတ်ဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းရာတွင် ရင်ခေါင်းကျည်ထိမှန်ခဲ့သည့် အသက် ၁၈ နှစ်အရွယ်…
#Unicode ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် NGO United For Democratic Myanmar အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း Civil Disobedience Movement – CDM ဝင်နေကြသည့် အစိုးရဝန်ထမ်းများအားထောက်ပံ့နိုင်ရေးအတွက် အလှူငွေကောက်ခံသွားမည်ဟု သိရသည်။ NGO United For Democratic Myanmar အဖွဲ့ဦးဆောင်မှုဖြင့် မတ်လ ၃ ရက်နေ့က မီဇိုရမ်ရောက် မြန်မာ အဖွဲ့အစည်း အသီးသီးတို့နှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။ “ဒီကနေ့ ကျနော်တို့ အိုက်ဇောလ်မြို့မှာရှိတဲ့ မြန်မာပြည်က အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံကြတယ်။ အဓိကတော့ မီဇိုရမ်မှာရှိနေကြတဲ့ မြန်မာပြည်သားများအနေနဲ့ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ဒုက္ခ ရောက်နေတဲ့ဟာကို တတ်နိုင်တဲ့ဖက်ကနေကူညီပါဝင်ချင်လို့ ပြည်တွင်း CDM အတွက် ရံပုံငွေကောက်ခံကြရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်။” ဟု ၎င်းကပြောသည်။ NGO United For Democratic Myanmar အဖွဲ့အစည်းသည် ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ပြီးနောက် မီဇိုရမ်ရောက် မြန်မာပြည်သားများမှ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ (၁၃) ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြပွဲကိုလည်း ကျင်းပခဲ့ပြီး အိန္ဒိယဗဟို အစိုးရထံ သဘောထားထုတ်ပြန်ချက်များကိုလည်း ပေးပို့ခဲ့သည်။ #Zawgyi ရစ်ချက် – ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော…
#Unicode ရစ်ချက် – တပ်မတော်က အရပ်သားအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပြင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများ အပေါ် လက်နက်အင်အားအသုံးပြုပြီး အကြမ်းဖက်သည့်လုပ်ရက်များကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာပြည်သားများက မတ်လ ၃ ရက်နေ့တွင် ဒုတိယ အကြိမ် ဆန့်ကျင်ဆန္ဒဖော်ထုတ်သွားမည်ဟု သိရသည်။ အဆိုပါ ဆန့်ကျင်ဆန္ဒဖော်ထုတ်ပွဲကို မတ်လ ၃ ရက်နေ့ မနက် (၁၁းဝ၀) နာရီတွင် Chin Refugee Committee (CRC) အဖွဲ့မှ ဦးဆောင်ပြီး အရင်ဆန္ဒပြခဲ့ကြသည့်နေရာ နယူးဒေလီမြို့ Jantar Mantar ပန်းခြံရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နယူးဒေလီရှိ CHRO ရုံးတာဝန်ခံ Salai Cung Dawt က ပြောသည်။ “ပထမဆန္ဒပြတုန်းကတော့ စစ်အစိုးရကို အလိုမရှိကြောင်း ကန့်ကွက်တဲ့အကြောင်းကို အဓိကထားပြီး ဆန္ဒပြခဲ့တာဖြစ်တယ်။ ယခုတခါတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုမရှိတဲ့ကြောင်း၊ မြန်မာ့တပ်မတော်အနေနဲ့ ပြည်သူကို ကာကွယ်မဲ့အစား တိုက်ခိုက်နှိုင်နှင်းတဲ့လုပ်ရက်ကြောင့် အကြမ်းဖက်အဖွဲ့ကဲ့သို့ မှတ်ယူတယ်။ နောက်ပြီး UN ဖြစ်ဖြစ် နိုင်ငံတကာကပါ စီပွားရေးတွေ ပိတ်ဆို့လာတဲ့အတွက် ဒီစစ်တပ်မှသိမ်းယူတဲ့အာဏာကို ကျနော်တို့ အမြန်ဆုံး ဘယ်လို ပြန်လည်ရယူ မလဲ၊ စသဖြင့် အဓိကထားပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်သွားမှာဖြစ်တယ်။” လို့ Salai Cung Dawt က ပြောသည်။ အိန္ဒိယအစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် အစိုးရရဲ့ ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ ပြောထားကြောင်းနှင့် အိန္ဒိယရောက် မြန်မာပြည်သားများအနေဖြင့် ယခု တိုက်နေသော တိုက်ပွဲကို…
#Unicode ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့် အမှုဖွင့်အရေးယူထားသည်ဟုသိရသည်။ ဖလမ်းမြို့မှ Chinland Herald သတင်းဌာအယ်ဒီတာချူပ် ကိုငယ်ပီးက “ အစတုန်းက ရဲအချုပ်ကနေ စစ်တပ်ထဲကို ထိန်းထားတယ်၊ အခုပထမ အကြိမ် မနေ့ကရုံးထုတ်တယ်၊ တဖက်ခါဒုတိယအကြိမ်ပြန်ချိန်းထားတယ်၊ စစ်တပ်ကနေ ရဲအချုပ်ဖက်ကို ပြန်ပြောင်းလာကြပြီ၊ ရှေ့နေတွေငှားဖုုိ့ပြင်ဆင်နေတယ်၊ ရှေ့နေတွေ ငှားပိုင်ခွင့်ရှိတယ်လို့ မနေ့က တရားသူကြီးကပြောလိုက်တယ်၊ ဆန္ဒပြကိစ္စကြောင့်ပါ၊ အခုသူတို့ကို ရဲစခန်းအချုပ်ထဲမှာ ထားတယ်” ဟု ပြောသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖလမ်းမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့က ခရစ်ယာန်သင်းအုပ်ဆရာများ၏အကူအညီဖြင့် ဆန္ဒပြပြည်သူများအားလူစုခွဲရန်ဖြောင်းဖြကာ ဆုတောင်းခြင်းဖြင့်ငြိမ်းချမ်းစွာလူစုခွဲရန်သဘောတူခဲ့ကြပြီး လူစုခွဲမည့် နေရာမရောက်ခင်တွင် ရဲနှင့်တပ်မတော်က မျက်ရည်ယိုဗုံး ၃ ချက်ပြစ်ဖောက်ကာ လူ ၃ ဦးဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) သည်အာမခံ ပေးခွင့်မရှိသော ပုဒ်မဖြစ်ပြီး ထောင်ဒဏ် (၂) နှစ်အထိ ကျခံနိုင်ပြီး ငွေဒဏ်လည်းကျခံနိုင်ကြောင်းသိရသည်။ #Zawgyi ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေသော ပြည်သူများကို မျက်ရ ည်ယိုဗုံးဖြင့် ပစ်ဖောက်ဖြိုခွင်းကာလူစုခွဲပြီးနောက်ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၃) ဦးသည် မတ်လ ၁ ရက်နေ့တွင် ပုဒ်မ (၅၀၅) (က) ဖြင့်…
#Unicode ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မတ်လ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များမှ မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် သတင်းသမားတစ်ဦးနှင့် အမျိူးသမီး ၈ ဦးအပါအဝင် ၂၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟုသိရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဦးဆောင်သူတစ်ဦးဖြစ်သည့် ဆလိုင်းဆန်နှင်းလျန်က “ ကျွန် တော်တို့ခေါင်း ဆောင်တွေ မနေ့ညက စခန်းမှာသွားပြီးတော့ သူတို့စာရင်းကိုတောင်းတာ နာမည်စာရင်း အတိအကျ ကို မပေးချင်ဘူး၊ ဒါပေမယ့် ဘယ်နှစ်ယောက်လည်းဆိုတာကတော့ သူတို့ဖက်ကနေပြောတာကတော့ အမျိုးသမီး ၈ ဦး၊ အမျိုး သား ၁၅ ဦးဖြစ်တယ်၊ မနေ့ညမိုးချုပ်တဲ့အထိတော့ ရဲစခန်းမှာပဲ ထမင်းနဲ့ ည အိပ်စောင်တွေရဲစခန်းမှာသွွားပေးတော့ ကျွန် တော်တို့ အထင်ကတော့ ရဲစခန်းမှာပဲထင်တယ်။ အာဏာ သိမ်းစစ်ကောင်စီရဲ့ အကြီးအကဲလို့ပြောလို့ရမယ်ထ င်တယ်သူ နဲ့ စကားပြောတာကတော့ များသော အားဖြင့် ဒီနေ့ပြန်လွတ်ပေးမယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ဖက်ကနေပြီး စစ်ဆေး ချင်တဲ့ဟာ တခုခုရှိတယ်ဆိုရင်တော့ ၁ယောက် ၂ယောက်လောက်ထိန်း သိမ်းခံနိုင်တယ်လို့ပြောတယ်” ဟု ပြောသည်။ ယမန်နေ့ ဟားခါးမြို့ဆန္ဒဖော်ထုတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြပြည်သူများအား လူနေအိမ်းများအထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြသည့်အပြင် လမ်းဘေးတွင်ရပ်ထားသည့် ဆိုင်ကယ်များလည်း ဖမ်းဆီးယူဆောင်သွားကြသည်ဟုသိရသည်။ ဆလိုင်း ဆန်နှင်းလျန်က“ ဒီဟာကတော့ လုံးဝမဖြစ်သင့်တဲ့လုပ်ရပ်လို့ ကျွန်တော်တို့မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်း ချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့သူတွေကို အတင်းအဓမ္မ၊ အကြမ်းဖက်နည်းနဲ့ အာဏာပိုင်တွေဖက်ကနေပြီး ဖြိုခွင်းနေတယ်၊ အာဏာကို အသုံးပြုပြီးတော့ လူတွေကို ဒီလိုမျိုးဖြိုခွဲတယ်ဆိုတော့ လုံးဝမဖြစ်သင့်တဲ့…
#Unicode တပ်မတော်က အရပ်သားအစိုးရထံမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌအပါအဝင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးငါးဦးသည် ယနေ့မနက်ပိုင်း ၈ နာရီ အချိန်တွင် ပြန်လည်လွတ်မြောက်လာပြီး လက်ရှိ ဝန်ကြီးအိမ်ယာတွင် နေအိမ်အကျယ်ချုပ်သဘောဖြင့် ထားရှိသည်ဟု သိရသည်။ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ ဒီနေ့မနက် ၈ နာရီပြန်ရောက်လာကြတာ အားလုံးပေါ့ (၅) ယောက်၊ ဝန်ကြီးအိမ်ယာမှာ နေကြရတယ်၊ လောလောဆယ်က အားလုံးပါပဲ ကျွန်တော်တို့ အပါအဝင် အိမ်ယာမှာပဲ အေးဆေးနေလို့ရတယ်။ အပြင်ထွက်ခွင့်တော့မပြုဘူး၊ ကိုယ့် အိမ်ထဲမှာပဲ လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ပုံမှန်လေးပါပဲ ဖုန်းကိုင်ခွင့်မရှိတာပဲရှိတယ်၊ သူတို့က ဘာမှလုပ်လို့ မရလောက်ဘူးထင်တယ်သတ်မှတ််ချက်တခုနဲ့နေရတယ်ဆိုတော့” ဟု ပြောသည်။ ယနေ့ပြန်လည်လွတ် မြောက်လာကြသူများမှာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စည်းပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် လွတ်တော်ဥက္ကဌ ဦးဇိုဘွဲ၊ ဒုတိယ လွတ်တော် ဥက္ကဌ ဦးတိတ်ထန်း၊ ပြည်နယ်လူမှုဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးဖွေအား တို့ဖြစ်ကြ သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က စစ်အာဏာ သိမ်းယူပြီးနောက် ချင်းပြည်နယ်တွင် ဖမ်းဆီးခံရသူ ၃၈ ဦးအထိရှိခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွ င်လည်း ချင်းလူမျိုး ၆ ဦး ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌများအားလုံးပြန်လည်လွတ်မြောက်ပြီ ဆိုသော်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှတာဝန်ရှိသူ ၂၅…
#Unicode ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အစိုးရဝန်ထမ်း အင်အား ၁၂၅၄ ဦးခန့်ရှိသည့်အနက် ယနေ့အထိ ၂၈၅ ဦးမှ CDM လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ သိရသည်။ တီးတိန်မြို့၊ လူငယ်ခေါင်းဆောင်တစ်ဦးက “ တီးတိန်မြို့ပေါ်မှာက အစိုးရဝန်ထမ်းက ၁၂၅၄ ဦး ရှိ တယ်၊ ဌာနတစ်ခုမှာ အကုန်လုံးမဟုတ်ပဲ ၈ယောက် ၄ယောက်တို့ပါဝင်ကြတယ်၊ ပါဝင်မှုဆိုရင် ကျန်း မာရေးက ပါဝင်မှုပိုများမယ်၊ ကုသရေးပိုင်းကလည်း CDM မှာ အယောက် ၄၀၊ ၅၀ ဝန်းကျင်လောက်ပါဝင်တယ်” ဟု ပြောသည်။ CDM Supporting Tedim ၏ စာရင်းထုတ်ပြန်ချက်အရ CDM လှုပ်ရှားမှုတွင် ပြည်သူ့ကျန်းမာရေးမှ ဝန်ထမ်းအင်အား ၂၁၆ ဦးဖြင့် အများဆုံးပါဝင်နေပြီး အခြားအစိုးရဝန်ထမ်းများသည်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်နေကြေ ကြာင်းသိရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ပြသသည့် အနေဖြင့် အစိုးရဝန်ထမ်း အများအပြားမှ အလုပ်အဆင်းဘဲ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြခြင်း ဖြစ်သည်။ တီးတိန်မြို့ CDM လှုပ်ရှားမှုတွင် ပါဝင်နေကြသော ကျန်းမာရေးဝန်ထမ်းများကို ဆေးရုံအုပ်မှ ဝန်ထမ်းလစာများကို လွဲပေးခြင်းများပြုလုပ်ပေးမည် မဟုတ်ကြောင်း ခြိမ်ခြောက်မှုများ ရင်ဆိုင်နေရသည့်အပြင် ဌာနဆိုင်ရာ အရာရှိများမှ ဖိအားပေးမှုများရှိနေကြောင်းသိရသည်။ #Zawgyi ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အစိုးရဝန်ထမ်း အင်အား ၁၂၅၄ ဦးခန့်ရှိသည့်အနက် ယနေ့အထိ ၂၈၅ ဦးမှ CDM…