ချင်းပြည်နယ် တီတိန်းမြို့နယ်တွင် ရာသီဥတုနှင့် ပထ၀ီနယ်မြေအနေအထားအရ လေယာဉ်ကွင်းတည်ဆောက်ရန် အစီစဉ်မရှိမကြောင်း ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောဆိုလိုက်သည်။ တီးတိန်မြို့နယ်တွင် လေယာဉ်ကွင်း ဖောက်လုပ်ပေးရန် အစီစဉ်ရှိမရှိနှင့်ပတ်သက်၍ ယနေ့အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၆) ဦး ကျင့်ခန့်ပေါင်မှ မေးမြန်းခဲ့ရာတွင် ဒုဝန်ကြီး ဦးကျော်မျိုးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် လေယာဉ်ကွင်းတည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစတင်ပြီး ဖလမ်း၊ ဟားခါး၊ တီးတိန်စသည့်မြို့ နယ်များတွင် ကွင်းဆင်းတိုင်တာမှုများပြုလုပ်ခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျင့်ခန့်ပေါင်တင်ပြသော ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ငယ်များဆက်သက်ခဲ့သည့် စံပီးတောင်တန်းသည် လေယာဉ်များအန္တာရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေးအတွက် လုံလောက်သော ပြေးလမ်းတည်ဆောက်၍မရသည့်အတွက်ကြောင့် လေယာဉ်ကွင်းတည်ဆောက်ရန်အစဉ်မရှိကြောင်း ဒုဝန်ကြီးကပြောသည်။ “စံပီးတောင်ဟု အမည်ရသည့် တောင်တန်းနယ်မြေသည် ပင်လယ်ရေမျက်နှာပင်အထက် မြင့်မားစွာတည်ရှိနေခြင်း၊ လေယဉ်များဘေးအန္တာရယ်ကင်းစွာဆင်းသက်အသုံးပြုနိုင်ရန် လုံလောက်သော ပြေးလမ်းအလျားတည်ဆောက်၍မရနိုင်ခြင်း၊ လက်ရှိတည်ဆောက်လျက်ရှိတဲ့ ဖလမ်းလေယဉ်ကွင်းနဲ့ လေကြောင်းခရီးလမ်း အကွာအဝေးခန့်မှန်း ၁၈ မိုင်ခန့်သာကွာဝေးပြီး နီးစပ်စွာတည်ရှိနေခြင်းကြောင့် အဆိုပါနေရာမှာ လေယဉ်ကွင်းဆောက်လုပ်ပေးရန် အစီစဉ်မရှိပါကြောင်းဖြေကြားအပ်ပါသည်” အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ဒုဝန်ကြီးကဖြေကြားခဲ့သည်။ တီးတိန်မြို့သည် ပင်လယ်ရေ မျက်နှာပင် ပေ ၈၀၀၀ အထက်တွင်တည်ရှိပြီး တောင်တန်းမြင့်မားထူထပ်ခြင်း၊ လေတိုက်နှုန်းပြင်းထန်ခြင်း မိုးရေချိန်များပြားခြင်း၊မြင်ကွင်းရှင်းလင်းမှုအားနည်းခြင်း၊ လေယဉ်အထွက်လမ်းကြောင်းနှင့် ပတ်ဝန်းကျင်အတားအဆီးများပြားခြင်းတို့အပြင် လေယဉ်ပြေးလမ်းအလျား ပေ ၃၀၀၀ ခန့်သာတည်ဆောက် နိုင်မည်ဖြစ်ပြီး လေယဉ်ငယ်များသာဆင်းသက်နိုင်မည်ဖြစ်သည်ဟု သိရသည်။ ထို့ကြောင့် ချင်းပြည်နယ်တွင် လေယာဉ် ပြေးလမ်းတည်ဆောက်ရန် အကြိမ်ကြိမ်တိုင်းတာချက်အရ ပေ ၆၀၁၀၀ ရရှိရန် တည်ဆောက်ရန်ဖြစ်သဖြင့်…
Author: Editor
နိုင်ငံတကာ ချင်းခရစ်ယာန်လူငယ်များညီလာခံ International Chin Christian Youth Conference 2017 ကို မီဇိုရမ်ပြည်နယ် Lawngtlai မြို့တွင် နိုဝင်ဘာ ၂၃-၂၆ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ International Chin Christian Youth Conference 2017 သည် ပမဆုံးအကြိမ်ပြုလုပ်မည့် ညီလာခံဖြစ်ပြီး အဆိုပါ ညီလာခံပွဲကြီး ကို International Chin Literature Society (ICLS) မှ ဦးစီးကျင်းပမည်ဖြစ်ပြီး၊ အိမ်ရှင်အဖြစ် Lairam Isua Krista Baptist Kohhran (LIKBK) အသင်းတော်မှ လက်ခံကျင်းပမည်ဖြစ်ကြောင်း ICLS website တွင် ဖော်ပြသည်။ အဆိုပါ နိုင်ငံတကာ ချင်းခရစ်ယာန်လူငယ်များညီလာခံပွဲကို မီဇိုရမ်ပြည်နယ် Lawngtlai AOC အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla ကို ဖိတ်ကြားထားကြောင်း သိရသည်။ “Unity” ဆိုသည့် ဆောင်ပုဒ်ဖြင့်ကျင်းပမည့် ၎င်းညီလာခံပွဲကြီးတွင် နိုင်ငံခြားမှ ချင်းလူငယ်အများအပြား လာရောက်ရန် မျော်မှန်းထားပြီး လူဦးရေ ၂၀၀၀ ခန့်ပါဝင်နိုင်သည့် pandal ကိုလည်း ဆောက်လုပ်လျှက်ရှိပြီး နိုဝင်ဘာ ၁၅ ရက်နေ့မတိုင်မီ အပြီးစီးလုပ်ဆောင်သွားမည်ဟု သိရသည်။ ၄င်းညီလာခံပွဲအတွက် ကုန်ကျစရိတ် ရူပီး သိန်း ၅၀ လျှာထားကြောင်း သိရသည်။ ဒီညီလာခံပွဲကြီးသည် အသင်းတော်တစ်ပါးမှ ကြီးမူးကျင်းပခြင်းမဟုတ်သည့်အတွက် နိုင်ငံတကာရှိ ချင်းလူငယ်များစွာ လာရောက် ကြမည်ဟု မျော်လင့်ပြီး၊ ၄င်းညီလာခံပွဲကြီးတွင်…
ချင်း(ဇိုမီး)လူမျိုးများ အထွဋ်အမြတ်ထားရှိသည့် “Khuado Pawi 2017” ကို မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် Sesih ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကပြီး နှစ်ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ နှစ်ရက်တာကျင်းပခဲ့သည့် “Khuado Pawi” ကို Zomi Cultural Society of Mizoram (ZCS) မှ ကြီးမူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဧည့်သည်တော်ကြီးအဖြစ် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla တက်ရောက်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။ ဧည့်သည်တော်ကြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalthanhawla က မိမိလူမျိုး၊ ဘာသာစကား နှင့် ယဉ်ကျေးမှုများ ထိန်းသိမ်း စောင့်လျှောက်ခြင်းသည် အရေးကြီးသောကဏ္ဍတခုဖြစ်ပြီး သို့သော်လည်း ထိန်းသိမ်းစောင့်လျှောက်တဲ့နေရာမှာ မိမိတို့ ဇိုးမျိုးနွယ်စုများ၏ စည်းလုံးခြင်းနှင့် တစ်အူတုံဆင်းညီအကိုဖြစ်ခြင်းကို မပျက်ဆီးစေဖို့ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ “သီးခြားမခွဲထွက်ဖို့ လိုအပ်တယ်။ မိမိလူမျိုးနဲ့ပတ်သက်တဲ့အရာကို ဘယ်အရာကမှ မပျက်ဆီးစေဖို့လည်း လိုအပ်တယ်။ မိမိလူမျိုး ဘာသာစကားကို ဆက်လက်ရှင်သန်စေဖို့လိုအပ်တယ်။”ဟု မီဇိုရမ် ၀န်ကြီးချုပ်က ပြောသည်။ ဆက်လက်ပြီး “ဇိုးမျိုးနွယ်စုအသီးသီးမှာရှိကြတဲ့ ပွဲအမျိုးမျိုးကို တစ်ယောက်နဲ့တစ်ယောက် လေးစားတန်ဖိုးထားကြဖို့ ဒီအရာဟာ ကျနော်တို့ ပိုမိုစည်းစည်းလုံးလုံးရှိဖို့အတွက် အရေးပါတယ်” ဟု ခွါဒိုပွဲတော် အခမ်းအနားတွင် ၀န်ကြီးချုပ်က ဆက်ပြောဆိုခဲ့သည်။ “Khuado Pawi” သည် ဇိုမီးလူမျိုးအတွက် အလွန်အရေးကြီးသည့် ပွဲတစ်ခုဖြစ်ပြီး တစ်နှစ်တာ ကြိုးကြိုးစားစား စိုက်ပျိုးလုပ်ဆောင်ခဲ့သော ဆန်စပါးများ ရိတ်သိမ်းအပြီး ပျော်ရွှင်ကြည်နူးသည့်…
ချင်းပြည်နယ် ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာကို ဖလမ်းမြို့ပေါ် ရပ်ကွက်အဖြစ် ထည့်သွင်းသတ်မှတ်လိုက်သည့်အပေါ် မကျေနပ်၍ လိုင်ဇိုးကျေးရွာသားများက နိုဝင်ဘာလ ၆ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြမည်ဟု သိရသည်။ ဖလမ်းမြို့သစ်စီမံကိန်းအရ မကြသေးခင်ရက်ပိုင်းက ပြည်ထောင်စုလွတ်တော်မှ ဖလမ်းမြို့တွင် ရပ်ကွက် (၄) ရပ်ကွက် တိုးချဲ့ဖွဲ့စည်းလိုက်ပြီး လိုင်ဇိုးကျေးရွာအုပ်စုနှင့် ကျေးရွာ(၇) ရွာကို ပယ်ဖျက်ကြောင်း အတည်ပြုခဲ့သည်။ ယင်း အတည်ပြုချက်အရ ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာအုပ်စုနှင့် ကျေးရွာ (၇) ရွာသည် တိုးချဲ့ဖွဲ့စည်းလိုက်သည့် ဖလမ်းမြို့၏ ရပ်ကွက် အနေဖြင့် တည်ရှိသွားမည်ဖြစ်သည်။ ယင်းကိစ္စကို မကျေနပ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ဆန္ဒဖော် ထုတ်ဖို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု လိုင်ဇိုးမြေယာထိန်းသိမ်းရေးကော်မတီဥက္ကဌ Pu Za Thang ကပြောသည်။ “ရွာနာမည်ကို အခြေပြုတဲ့ လူမျိုးနွယ်စုက ကျနော်တို့ လိုင်ဇိုးရယ် တာရွှန်းရယ် လဲန်သဲရယ်ပဲရှိတယ်၊ ဆိုတော့ အဲဒီရွာက ရပ်ကွက်ထဲ ၀င်သွားလို့ရှိရင် ရပ်ကွက်ဆိုတာ သိတဲ့အတိုင်းပဲဗျ အရောရော အနှောနှောဖြစ်သွားမယ်၊ ဒါကျနော်တို့မြေ ပါလို့ပြောလို့မရတော့ဘူး မြေဂရမ်နဲ့ပေးလိုက်မယ် ဟိုလူလည်းဝင်လာမယ် ဒီလူလည်းဝင်လာမယ်ဆိုတော့ ဘာသာစကား ပြောက်မယ်၊ ယဉ်ကျေးမှုမှေးမိန်သွားမယ်’’ ဟု Pu Za Thang ကပြောသည်။ လိုင်ဇိုးမြေယာထိန်းသိမ်းရေးကော်မတီအနေဖြင့် ယခင်အတိုင်း ကျေးရွာအုပ်စုအဖြစ်နှင့်သာ ဆက်လက်နေလိုကြောင်း ပြည်နယ်ဝန်ကြီးချူပ်အပြင် နိုင်ငံတော်သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအထိ အကြိမ်ကြိမ် အသနားခံစာရေးသား တင်ပြခဲ့ကြသော်လည်း လိုင်ဇိုးကျေးရွာအုပ်စု နှင့် ကျေးရွာ ၇ ရွာကိုကို ပယ်ဖျက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။ Pu Za Thang က…
( Mai Ling hung Leng တွေ့ဆုံမေးမြန်းသည်) မေး။ ။ ပထမဆုံးအနေနဲ့ မောင်လေးရဲ့ ဇာတိမြေနဲ့ မိသားစုအကြောင်း အရင်ပြောပေးပါဦး။ ဖြေ။ ။ ဇာတိကတော့ ချင်းပြည်နယ် မင်တပ်မြို့ကပါ၊ မောင်နှမ ခြောက်ယောက်ထဲက ကျတော်က အငယ်ဆုံးပါ။ မေး။ ။ အခွေ ဘယ်နှခု ထွက်ပြီလဲ၊ မီနီအယ်လ်ဘမ်ကော ဘယ်နှခု ထွက်ပြီလဲ။ ဖြေ။ ။ ခွေက Group အခွေပဲ ထွက်သေးတယ်၊ ခုလည်း Group ခွေပဲထွက် ထွက်မယ်၊ Mini Album တစ်ခွေ ထွက်ထားတယ်၊ သုံးပုဒ်ပါ။ မေး။ ။ ဘယ်တုန်းကတည်းက သီချင်းဆိုတာဝါသနာပါတာလဲ။ မောင်လေး ဘယ်လို သီချင်း အမျိုးအစားတွေကို ဆိုရတာ ပိုကြိုက်လဲ။ ဖြေ။ ။ ဆိုတာတီးတာကတော့ နှစ်တန်း သုံးတန်း ကတည်းက တီးတယ်၊ ဆိုတယ်၊ကြိုက်တာကတော့ Trash Metal , Heavy Metal တွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ မဆိုဖြစ်ဘူး၊ ဆိုဖြစ်တာက Modern Rock အထာတွေ များတယ်။ Heavy တွေလည်း ပါပါတယ်။ Show ကျရင်တော့ Heavy တွေက မပါတော့ဘူး။ မေး။ ။ BAND ရဲ့ အမည်လေးကော ပြောပြပေးပါဦး BAND ရဲ့ အဓိပ္ပါယ်လေးကော…
လာမည့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ချင်းပြည်နယ် မြို့တော် ဟားခါးတွင် ပြည်နယ်အဆင့်အနေဖြင့် ကျင်းပသွားမည်ဟုသိရသည်။ ချင်းအမျိုးသားနေ့ကျင်းပရေးကိစ္စကို အောက်တိုဘာလ ၁၃ ရက်နေ့က ဟားခါးမြို့ လွှတ်တော်ရေးရာအစည်းအဝေးခန်းမတွင်ပြုလုပ်သော ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ချင်းပြည်နယ် လွှတ်တော်ပူးတွဲအထူး အစည်းအဝေးတွင် ဘက်ပေါင်းစုံအကျေအလည် သုံးသပ်ဆွေးနွေးပြီးနောက် လာမည့် ၂၀၁၈ ခုနှစ် ချင်းအမျိုးသားနေ့ကို ဟားခါးမြို့တွင် ကျင်းပပြုလုပ်ရန် တစ်ညီတညွတ်တည်း ရွေးချယ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်နေ့ထုတ်ပြန်သော ချင်းပြည်နယ်အစိုးရ၏ ကြေညာချက်တွင်ဖော်ပြထားသည်။ အစကနဦးပိုင်းတွင် ချင်းအမျိုးနေ့ကို ပလက်ဝမြို့တွင် ကျင်းပမည်ဟု သတင်းများထွက်ပေါ်ခဲ့သလို ပလက်ဝဒေသခံ ပြည်သူများကလည်း ၎င်းတို့ဒေသတွင် ကျင်းပရန် ဆန္ဒရှိကြသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် တည်းခိုရေးကိစ္စ ပိုင်းတွင် အဆင်သင့်မဖြစ်သေးသည့်အတွက် ဟားခါးမြို့တွင် ကျင်းပရန်ဆွေးနွေးအတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။ “အစတုန်းကတော့ ပလက်ဝကတော့ စိတ်ဝင်စားကြတယ်လေ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဆိုတင်တယ်လေ၊ ဒါပေမယ့် တည်းဖို့ နေဖို့ထိုင်ဖို့ အဆင်မပြေသေးဘူး ဟိုတလောက လွှတ်တော်အစည်းအဝေးပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးတော့ ဒီနှစ်ကတော့ ဘာဘဲဖြစ်ဖြစ် ပလက်ဝက အဆင်မပြေသေးဘူး သွားရေးလာရေး နေရေးထိုင်ရေးတွေအခက်အခဲတွေရှိသေးတဲ့အတွက်ကြောင့် မလုပ်သေးဘဲနဲ့ အဆင်ပြေဆုံးဖြစ်မယ့် ဟားခါးမှာလုပ်ဖို့ဖြစ်လာတာပါ၊ ပြီးခဲ့အစိုးရလက်ထက်တုန်းက မင်းတပ်မှာလုပ်တယ်၊ ဒီနှစ်မှာ ဖလမ်းမှာလုပ်တယ်၊ ခရိင်နဲ့ပြောမယ်ဆိုရင်တော့ မင်းတပ်ခရိုင်ပြီးသွားပြီ ဖလမ်းခရိုင်ပြီးသွားပြီ၊ အခုဟားခါးမှာလုပ်ရင် ဟားခါးခရိုင်ပေါ့ အဲလိုဟာမျိုးဆွေးနွေးပြီးတော့ အတည်ပြုတာပါ’’ ဟု ၀န်ကြီးကပြောသည်။ ယခုကဲ့သို့ဆုံးဖြတ်ရခြင်းသည် ပလက်ဝမြို့ဒေသခံပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကို…
ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့ (CNRWG) မှ ရေးသားပြုစုထားသော သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) မိတ်ဆက်သည့် သတင်းစာရှင်း လင်းပွဲတရပ်ကို ကလေးမြို့ မင်းကြီးဟိုတယ်တွင် အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်း ၂ နာရီက ကျင်းပခဲ့ကြသည်။ ချင်းပြည်နယ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနှင့် မူဝါဒများရေဆွဲရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အမြင်သဘောထားသိရှိနိုင်ရန်နှင့် အထောက်အပံ့ပြုနိုင်ရန်ဖြစ်နိုင်ရန်အတွက် ယခုကဲ့သို့ မှတ်တမ်းပြုစုရခြင်းဖြစ်သည်ဟု CNRWG မှ ဒါရိုက်တာ ဦးလျန်းခန့်တွောင်က ပြောသည်။ “ ပြည်နယ်အတွက် မူဝါဒကောင်းဖြစ်လာဖို့ ရှူထောင့်ပေါင်းစုံလိုအပ်ပါတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့အမြင်ကလည်း အရေးကြီးပါတယ်၊ အရပ်ဖက်အမြင်အားကောင်းမှ မူဝါဒကောင်းဖြစ်လာမယ်လို့ ယူဆတယ်၊ ဒါကြောင့် ဒီကိစ္စကို မဖြစ်မနေ ကြိုးစားပြီးလုပ်တာဖြစ်တယ်၊ မူဝါဒကောင်းရှိမှ ကျနော်တို့ဘ၀တွေ စီးပွားရေး ရင်းနှီးမြှပ်နှံတွေ တကယ်အကျိုးအမြတ်ခံစားမှာပါ၊ ဒါကြောင့် ဒီကိစ္စကို ၂၀၁၃ ကနေစပြီးလုပ်လာကြတာပါ’’ ဟု ဦးလျန်းခန့်တွောင်ကပြောသည်။ အခန်း (၁၀) ပါဝင်သည့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ (မူကြမ်း) ကို သက်ဆိုင်ရာ ချင်းပြည်နယ်တာဝန်ရှိသူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အခြားသော အရပ်ဖက်လူမှုအဖွဲ့အစည်းများပိုမိုသိရှိလာနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။ “ တာဝန်ရှိတဲ့ လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပြုတဲ့ ကဏ္ဍက ဒီကိစ္စကို သတိထားမိအောင် တတ်နိုင်တဲ့လမ်းကြောင်းကနေ တောက်လျှောက်ကြိုးစားသွားမယ်’’ ဟု CNRWG ဒါရိုက်တာကပြောသည်။ ကလေးမြို့တွင် အခြေစိုက်ထားသော CNRWG အဖွဲ့သည် ၂၀၁၂…
https://youtu.be/Q_fISdS9Yb4
https://youtu.be/uYFbSsrHLUo