Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝမြို့တွင် အင်တာနက်လိုင်းပြန်ဖွင့်

ပလက်ဝမြို့တွင် အင်တာနက်လိုင်းပြန်ဖွင့်

0
By Editor on September 2, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စက်တင်ဘာလ (၁) ရက်နေ့ မနက်ပိုင်းမှစပြီး ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေးအင်တာနက်လိုင်းပြန်လည်ဖွင့်လှစ်ပေးကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တို့ကြားတိုက်ပွဲများကြောင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ (၂၁) နေ့မှစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း (၈) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့သည်။

ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းများပြန်ဖွင့်ပေးသည့်အတွက် ဒေသခံများအနေဖြင့် အချင်းချင်းဆက်သွယ်လို့ရနေပြီဖြစ်သော်လည်း လိုင်းတော့ နှေးနေသေးသည်ဟု ပလက်ဝမြို့ အရပ်ဖက်အဖွဲ့အစည်းမှ ဒေါ်အောင်မဖြူကပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ်လိုင်းဖွင့်လာတော့ အရမ်းကောင်းတာပေါ့ ပြန်ဖွင့်ပေးတော့ ကျမတို့အချင်းချင်းဆက်သွယ်မှုတွေရနေပြီလေ လိုင်းတော့ သိပ်မကောင်းသေးဘူး လူတွေကလည်း အားလုံးဆက်သွယ်ရေးအဆင်ပြေလာတယ်၊ ငွေလွှဲတာဆိုလည်း ရမယ် လိုင်းဖွင့်ပေးနေပြီဆိုတော့၊ အင်တာနက်လိုင်းရတာက တစ်ချို့ကပြောတာတော့ ည ၁၂ နာရီလောက်ကနေရပြီတဲ့ ကျမတော့ မနက်မှသိတယ်” ဟု ဒေါ်အောင်မဖြူကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်းတော၊ မြောက်ဦး၊ ကျော်တော်၊ မင်းပြား၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံနှင့် ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့နယ်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် အင်တာနက်လိုင်းများကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် နှစ်လကျော် အင်တာနက်လိုင်းများဖြတ်တောက်သည့် မြို့နယ်များတွင် ရခိုင်ပြည်နယ်ဘက်မှ ဘူးသီးတောင်၊ မောင်တောနှင့် မင်းပြား၊ ချင်းပြည်နယ် ပလက်ဝတို့တွင် လက်ရှိ ဆက်သွယ်ရေးလိုင်းများပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အင်တာနက်လိုင်းဖြတ်တောက်ထားခြင်းကြောင့် ငွေလွဲကိစ္စ၊ အင်တာနက်၊ အီးမေလ်းအသုံးပြုလို့မရတာကြောင့် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရပြီး ပလက်ဝမြို့နယ်မှ ဒေသခံများအတွက် အင်တာနက်လိုင်းပြန်ရခြင်းအတွက် ဝမ်းသာနေရသည်သာမက အဝေးရောက် ပလက်ဝမြို့နယ်သူ/သားများလည်း အလားတူ ဝမ်းသာနေကြသည်ဟု ခူမီးမီဒီယာတွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.