ချင်းပြည်နယ် ပလက်ဝ မြို့ နယ်ပြည်သူ့ရဲတပ်ဖွဲ့ ၊ မြို့ပေါ် ပြည်သူ့ရဲ စခန်းမှူး က ပလက်ဝ – ကျောက်တော် ရေ ယာဉ်လိုင်း စက်လှေပေါ် တွင် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ခရီးသွား ကုန်သည်များထံ ရေယာဉ်လိုင်း စည်းမျဉ်းစည်း ကမ်းတွေကို ယခုလ ဇူလိုင် ၂၅ ရက်နေ့ က ရှင်းလင်းချပြသည်ဟု သိရသည်။ ရဲစခန်းမှူးမှ ရှင်းလင်းပြောကြားရာတွင် ရေယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင် ရွက်ရန် အထက်က ညွန်ကြား ထား ကြောင်း၊ မြန် မာပြည်အနှံ့ အပြားတွင် ကားတိမ်းမှောက်ခြင်း၊ ယဉ်တိုက်မှုများ မကြာခဏဆို သလိုဖြစ် နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်မှာမူ ရေကြောင်းသယ်ယူပို့ဆောင်ရေးသာ ရှိသဖြင့် ယခုကဲ့သို့ ရေယာဉ်စည်း ကမ်းတွေကို ရှင်းလင်း ချပြခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
Author: Editor
စတုတ္ထမြောက် ကုန်သွယ်ရေးနှင့် စစ်ဆေးရေးစခန်းအဖြစ် အိန္ဒိယ – မြန်မာနှစ်နိုင်ငံ အစိုးရက နယ်စပ်ကုန် သွယ်ရေး စခန်း နှင့် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းကို ချင်းပြည်နယ်၊ ပလက်ဝမြို့ နှင့် မြိတ်ဝတို့ တွင် ဖွင့်လှစ် ရန် ဆောင် ရွက်လျက် ရှိသည်။
ကျေးရွာပြည်သူများ စီးပွားရေး၊ ကျန်းမာရေး ကောင်းမွန်ရေးကို ရည်စူးပြီး ဒေသအခေါ် khukadang ခေါ် ခူမီး ချင်းတို့၏ ရွာခင်း ရိုးရာ ပွဲတော် ကျင်းပနေစဉ် အစိုးရ စစ်တပ်မှ စစ်ကြောင်းမှူး ဗိုလ်ကြီး သန့် ဇင်ကျော်သည် ရွာ တွင်း ၀င်ရောက်ပြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား တစုံတရာ ပြောဆိုခြင်းမရှိပဲ ကိုယ်ထိ လက်ရောက် စော်ကား ခဲ့သည် ဟု သိရ သည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ် ကွမ်းချောင်းဝအုပ်စု၊ ကွမ်းချောင်းဝကျေးရွာသားများသည် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရွာခင်းပွဲတော်ကို ကျင်းပနေစဉ် ပလက် ၀မြို့ပေါ်အခြေစိုက် ခလရ (၂၃၂) မှ စစ်ကြောင်းမှူး ဗိုလ်ကြီး သန့်ဇင် ကျော်နှင့် အဖွဲ့သည် ည ၇း၃၀ နာရီတွင် ရွာတွင်းသို့ ရုတ်တရက်ဝင်ရောက်ပြီး အုပ်စု ဥက္ကဌ ဦး ကံကြီး အောင်ကို ကန်ကျောက်ခဲ့ခြင်းဖြစ်သည်။ ” စစ်တပ်တွေ ည ၇း၃၀ ခန့်မှာ ရွာထဲ ၀င်လာပြီး စစ်ကြောင်းမှူးက အုပ်စု ဥက္ကဌကို ဘာမှ မပြောမဆိုပဲ ခြေ ထောက် နဲ့သုံးကြိမ်လောက် ကန်ကျောက်ခဲ့တယ်၊ စိတ်နာ စရာပါပဲ” ဟု ဒေသခံ မျက်မြင် တဦးက ပြောသည်။ အဆိုပါ ရွာခင်းခေါ် ခူမီးချင်းရိုးရာ ဓလေ့ ထုံးစံအရ ပွဲတော်ကျင်းပစဉ်တွင် ပြင်ပပုဂ္ဂိုလ် မည်သူမဆို ရွာတွင်း ၀င်ခွင့် မပြုကြောင်း၊…
ကျတော်မြန်မာနိုင်ငံတွင် နေခဲ့စဉ်က အထက်ပါ ” တဘောင် ” ကိုမကြားခဲ့ဖူးပါ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်မြို့တော် အိုက်ဇောလ်မြို့သို့ရောက်လာပြီး ၁ဝ-နှစ်ကျော်ကာလ အကြာတွင် စစ်ကိုင်းတိုင်း ကလေး မြို့နယ် ရှားတောရွာမှ ပြောင်းရွှေ့လာသော မိတ်ဆွေသစ် တစ်ယောက်ထံမှကြားသိခဲ့ရခြင်းဖြစ်ပါသည်၊ တဘောင် ဟူသည် ဘုရားဟောဗျာဒိတ်လည်းမဟုတ်၊ ဗေဒင် နက္ခတ် ဟောကိန်းလည်းမဟုတ်၊ ဖြစ်လာ လတ္တံ့သောအရာ ကို ပြည်သူလူ ထုရင်ကြားမှ တပြိုင်တည်း ပေါက်ထွက်လာသည့် အတိတ်နိမိတ်ဆိုက မှားအံ့မထင်ပါ၊ တဘောင်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါသည်၊ ပေါက္ကာရာမပြူပုဂံခေတ်ကုန်၍ မြန်မာပုဂံ ခေတ်ဦး ကာလ၊ တောင် သူကြီးမင်းလက်ထက်တွင် “ မင်းလောင်းပေါ်မယ် ” ဟူသောတဘောင်ပေါ်ခဲ့ရာ တစ်နေ့သော အခါ တွင် ပုဂံမြို့သူမြို့သားများ မင်းလောင်းကြို ရန် မြို့တံခါးနေရာသို့ချီတက် သွားကြသည်၊ တောင်သူကြီးမင်း ထံတွင် ကွမ်းဆော်အမှုဖြင့် ခစားနေသော ကြောင်ဖြူ ရွာသားလုလင်ငယ်တစ်ယောက်လည်း မင်းလောင်းလာမည် ထင်သည့် မြို့တံခါးဆီသို့ တစ်ယောက် တည်းထွက်လာခဲ့စဉ် လမ်းခုလပ် တွင် မင်းမြှောက်တန်ဆာဆင်ယင်ထားသောမြင်းစီး အဘိုးအို တစ်ယောက်နှင့် ဆုံခဲ့ရာ အဘိုးအိုက မေးမြန်းစုံစမ်းသဖြင့် မင်းလောင်း ကြို ရန် သွားရခြင်းဖြစ်ကြောင်းဖြင့် ဖြေကြားခဲ့သည်၊ ထိုအခါအဘိုးအိုက မင်းလောင်းကြိုမည်ဆိုလျှင်ဒါတွေနဲ့ သွားကြိုနှင့်ဆိုပြီး ၄င်းဆင်မြန်းထားသည့် မင်း မြှောက် တန်ဆာများ ( မကိုဋ်၊ ရွှေခြေနင်း၊ သံလျက်၊ သားမြီးယပ်။ ထီးဖြူ၊ အရိန္မမြာလှံများ) ကို ဆင်မြန်းပေးကာ စီးနင်းလာ သောမြင်းပေါ်တင်ပေးပြီး တခါတည်း အဘိုးအိုလည်း…
နိုင်ငံတော်မှ ၂၀၁၃ခုနှစ်၊ ဧပြီလမှစတင်၍ လစဉ်ပုံမှန်ရောင်းချပေးလျက်ရှိသော တန်ဖိုးနည်း မိုဘိုင်း Sim Card ကို ချင်းပြည်နယ်အတွက် ၁၁၀၀ ခု ဆက် လက်ဖြန့် ဖြူးရန် ချမှတ်ပေးခဲ့ရာ အဆိုပါ ဖြန့် ဖြူးရောင်းချမည့် Sim card တွင် GSM- ၄၀၀ နှင့် WCDMA -၇၀၀ ဖြစ်ကြောင်း ယနေ့ ထုတ် နိုင်ငံပိုင် သတင်းစာ တွင်ဖေါ်ပြထားသည်။ မြန်မာနိုင်ငံ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီး ဌာနမှ ပြည်နယ်နှင့် တိုင်းဒေသကြီး များသို့  လစဉ် အလုံးရေ- ၃၅၀၀၀၀ရောင်း ချလျက် ရှိကြောင်း၊ ယင်း Sim card များကိုသက် ဆိုင်ရာပြည်နယ်နှင့် တိုင်း ဒေသ ကြီး အစိုးရများမှ တဆင့် ပြည်သူများ ထံ ရောင်းချပေးခြင်းဖြစ်သည်။
ယခုလ ဇူလိုင် ၂၄ ရက်နေ့မှ စတင်ကျင်းပမည့် Nation Wide Cease fire Coordination Team (NCCT) အဖွဲ့ဝင် လက်နက်ကိုင် ထိပ်သီး အစည်းအဝေးသို့ ချင်း အမျိုးသားတပ်ဦး ( CNF) မှ ထိပ်သီးခေါင်းဆောင် (၅) ဦး တက်ရောက် ကြမည်ဟု သိရသည်။ ကေအိုင်အို ( KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် အဆိုပါ အစည်းအဝေးသို့ ချင်းအမျိုးသားတပ်ဦး အလှည့် ကျ ဥက္ကဌ ဒေါက်တာဇလှေထန်း အပါအ၀င် အထွေထွေအတွင်းရေးမှူးချုပ် ပူး ဇင်ကျုံး၊ အဓိပတိကောင်စီဝင်များ ဖြစ် သည့် ပူး ထန်ယဲန် နှင့် ပူး ထန်းနိန်ကီး၊ နိုင်ငံခြားရေးအတွင်းရေးမှူး ဆလိုင်း တလာဟဲတို့ တက်ရောက်ကြမည် ဖြစ် သည်။
ချင်းပြည်နယ်၊ ရေဇွာမြို့ ခွဲတွင် ခလရ (၂၆၉) မှ တပ်သား မျိုးသူရကျော်က အိမ်ထောင်သည် အမျိုးသမီးတစ်ဦး မုဒိမ်း ကျင့်ရန် ကြံစည်မှု အပေါ် ရှုတ်ချကန့် ကွက်ခဲ့သည့် ရေဇွာမြို့ခံ အမျိုးသမီး ခေါင်းဆောင် (၄) ဦး နှင့် မတူပီ မြို့ခံ အမျိုး သမီးခေါင်းဆောင် (၄)ဦး တို့ တရားရုံး တင်ခံရ သည်နှင့် ပါတ်သက်ပြီး ပြစ်ဒါဏ် တစုံတရာ မချမှတ်ရန် ချင်းလူ့  အခွင့်အရေး အဖွဲ့ချုပ် (CHRO) က ကျေညာ ချက် ထုတ်ပြန်သည်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ အစိုးရ အထက်တန်းကျောင်း ဆရာမကြီး မိုင်ဌေးဌေး ( Mai Thim Dik) အား အမှတ်(၂) ပညာဦးစီးဌာန၊ အထက်ဗမာပြည်၊ မန္တလေး က ၀န်ထမ်းအဖြစ်မှ ရပ်စဲသည့် ကိစ္စကို သက်ဆိုင် ရာ ပြည်နယ်လွှတ်တော် ဂတိက၀တ်များ၊ တိုင်စာများ၊ အသနားခံစာများ စီစစ်ရေး ကော်မီတီက ယခုနှစ် ပညာသင်နှစ်၊ ဇွန်လကတည်း က ပြန်လည် စီစစ်ပြီး အရေးယူဆောင်ရွက်သည်ဟုသိရသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) ပါတီခေါ် ချင်းအမျိုးသား နိုင်ငံရေးပါတီ သစ် တခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ပြီးခဲ့တဲ့လက မှတ်ပုံတင် လိုက်ကြောင်း သိရ သည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD) သည် ၂၀၁၅ ရွေးကောက်ပွဲကျယင် ချင်းပြည်နယ် အပြင်၊ ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေး – ကဘော်ဒေသ၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန် တိုင်းဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင် ဖို့ ပြင်ဆင်ထားကြောင်း ပါ တီခေါင်းဆောင် ဆလိုင်း ငိုင်ဆာခ့် က ခိုနုမ်းသုန်ကို ပြောသည်။
ချင်းလူမျိုးများ တသိန်းခန့်နေထိုင်သည့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ၁၇ နှစ်ကြာ ကျင့်သုံး လာခဲ့ သော အရက်တား ဆီး ပိတ်ပင်မှု ဥပဒေ (Mizoram Liquor Total Prohibition Act, 1995) ကို ရုတ်သိမ်းပြီး Mizoram Liquor Prohibition & Control (MLPC) Bill, 2014 အရက်ရောင်းချခွင့် နှင့် ထိန်းချုပ်မည့် ဥပဒေ သစ်တရပ်ကို ဇူလိုင်လ ၁၀ ရက်နေ့က မီဇိုရမ် ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။