ဆလိုင်း ချင်းဖြူ – ချင်းလူမျိုး၏ မူလဘူတ လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများသည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်၊ ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ်သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည်၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိခဲ့ဟုဆိုရပါမည်၊ အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိမြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်၊ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အား ဖြင့်တောင်တန်း သားများ ဟူသောအနက် ရဟန်တူပါသည်၊ ချင်း ဟူသော စကားလုံး၏ အဓိပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ…
Author: Editor
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟလာဝအုပ်စု၊ ဟလာဝ ကျေးရွာ လက်ရှိ အုပ်ချုပ်ရေးမှူး ပူး ထွန်းဘေး (Tun Bay) သည် ဒေသထွက် ကျွန်းသစ်များကို ခုတ်ပြီး ရခိုင် သူဌေးများ ထံ ရောင်းစားနေကြောင်း သိရသည်။
မကြာသေးခင်က ကောက်ခံခဲ့သော ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် အားနည်းချက်အမြောက်အများ ရှိနေသည့်အတွက် ယင်းသန်းခေါင်စာရင်းကောက် ခံမှုရလဒ်ကို အခြေခံကာ လူမျိုးကြေညာခြင်းများမပြုလုပ်ရန် သန်း ခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီက တောင်းဆိုလိုက်သည်။
ချင်းပြည်နယ်မြို့တော်ဟားခါး၊ မြို့ဟောင်းရပ်ကွက်နေ ရဲဘက်စခန်းတွင် ၁၀ နှစ်ကြာ အကျဉ်းချခံရဘူးသူ အသက် ၅၇ နှစ်အရွယ် Pu Suitling ၊ ကုလားနာမည် Saila ဆိုသူက ၈လ ကိုယ်ဝန်လွယ်နေသူ Pi Biak Zing (43) အား ယနေ့ နံနက် ၆း၃၀ ခန့်က သတ်ဖြတ်လိုက်သည်ဟု သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ပူး ဟုန်းငိုင်းနှင့် ၀န်ကြိး သုံးဦးတို့သည် ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့က မတူပီမြို့နယ် လိုင်လင်း ပီသို့နယ်လှည့်ရောက်ရှိခဲ့စဉ်ဒေသခံများက လှိုက် လှဲ စွာ ကြို ဆိုကြပြီး ဧပြီလ ၁၄ ရက်နေ့တွင် ဒေသခံ လူထု နှင့် တွေ့ဆုံဆွေး နွေးမှုပြု လုပ်ခဲ့ကြ သည်။
ချင်းတောင်သူများ၏ အရေးကိစ္စများအား ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ချင်းတောင်သူလယ်သမားများကွန်ယက်ကို မေလ ၅ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် ဖွဲ့စည်းလိုက်ကြသည်ဟုသိရသည်။ Network for Chin Community Development အဖွဲ့၏ ဦးဆောင်မှုဖြင့် Workshop on Chin Farmers Network အလုပ်ရုံဆွေးနွေးပွဲတရပ်ကို အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် မေလ ၅-၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြပြီးနောက် Chin Farmers Network (ချင်းတောင်သူလယ် သမားများကွန်ယက်)ကို ဖွဲ့စည်းလိုက်ကြခြင်းဖြစ်သည်။
ချင်းပြည်နယ်ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင်နေထိုင်သူ ရှော်ဖီအာမတ်(ခ)ဦးဌေးဝင်း (ဘင်္ဂလီလူမျိုး) နှင့် ၄င်း၏ မိသား စုဝင် ၄ ဦးတို့ သည် ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့နံနက် ၂း၀၀ နာရီခန့်က နေအိမ်မှ ရုတ်တရက် ပျောက်ဆုံး သွားကြ ကြောင်း သိရသည်။ ဦးဌေးဝင်းမိသားစု အပါအ၀င် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အလည်အပတ်ရောက်ရှိလာသည့် နောက် မာလ်(ခ) ခင် မောင်သန်း နှင့် မဟူရာ ဂျော်နက်(ခ)ဦးမြခင် တို့လည်း ပါဝင်ကြောင်း သိရသည်။
ဆလိုင်းရောဘတ် ချင်းပြည်နယ်သည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၄ ခုအနက် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးပြည်နယ်ဟု ဆိုရပေမည်။ ယခု ကဲ့သို့ အဆင်းရဲဆုံး နှင့်ဖွံ့ဖြိုးမှု အနိမ်ကျဆုံးပြည်နယ် ဖြစ်သည့် ချင်းပြည်နယ်တွင် မြို့နယ်ပေါင်း ၉ မြို့နယ် ရှိသည့်အနက် ကန်ပက်လက်မြို့ နယ် သည်ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးမြို့ နယ်ဟု ဆိုရပေမည်။ ထင်သာမြင်သာရှိသော အကြောင်းအရာတစ်ခုကို တင်ပြမည်ဆိုပါက Information Technology ဟုခေါ်ဆိုသော ယနေ့ ချိန်ခါလို အိုင်တီခေတ်မှာပင်ချင်းပြည်နယ်တောင်ပိုင်းတွင်တည်ရှိသော ကန်ပက်လက်မြို့ပေါ်၌ အင်တာနက် ဆိုင်လေး တစ်ဆိုင်မျှပင် မရှိသေးပေ။ ကန်ပက်လက်မြို့ပေါ်မှ ကျောင်းသားလူငယ် များသည် အင်တာနက် အသုံးပြုချင်ပါက ကန်ပက် လက်မြို့ တောင်ခြေ ရင်းတွင်တည်ရှိသော မကွေးတိုင်း ဆောမြို့တွင် အသုံးပြု ကြရသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ်မှ ရွေးချယ်ခံရသော ကြံ့ဖွံ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အမတ် မင်းများရှိနေပါသော်လည်း ကန်ပက်လက်လူထုမှ ၎င်းတို့ကိုယ်စားရွေးချယ်ကြသော ယင်းအမတ်မင်းများသည် ယနေ့ ချိန် ထိ ဒေသဖွံ့ဖြိုးရေး အတွက် မယ်မယ်ရရ ဘာတစ်ခုမျှအကောင်အထည်ဖော်ဆောင်ပေးခြင်းမတွေ့ရသေးပေ။ ကန်ပက်လက်မြို့သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသတွင် တည်ရှိသည်သာမက ဆက်သွယ် ရေး(ဖုန်း၊ အင်တာနက်) အလွန်ခက်ခဲသော ဒေသဖြစ်သည့်အတွက်ကြောင့် ချင်းပြည်နယ် အစိုးရ တာဝန်ရှိသူများ၊ ချင်း နိုင်ငံရေး ပါတီ များ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ အဲန်ဂျီအိုများသည်လည်း တစ်နှစ်တစ်ခါပင် ပုံမှန် မရောက်နိုင်ကြပေ။ သတင်းမီဒီယာများအနေဖြင့် ဆက်သွယ်ရေးခက်ခဲမှုများကြောင့် ယင်းဒေသတွင် ဖြစ်ပျက်နေသော အခြေအ…
သို့ အယ်ဒီတာချုပ် Khonumthung News Journal ၂၀၁၄ ခုနှစ် ဧပြီလထုတ် ချင်းဂျာနယ် Khonumthung News Journal Vol. II, No.4 စာမျက်နှာ ၅ တွင် ရေးထားသော “ထန်တလန် – လုံလဲရ် ကားလမ်းဖောက်လုပ်မှု လူထုမကျေနပ်” ဟူသော သတင်းနှင့် ပါတ်သက်၍ – ၁။ ပြည်ထောင်စုအစိုးရက လမ်းမကျယ် ၂၄ ပေ၊ လမ်းကွေ့ ၃၄ ပေ ဖြင့် ဖောက်လုပ်ရန် ၂၀၁၃ မှ ၂၀၁၄ ခုနှစ် မတ်လ အတွင်း အပြီးဖောက်လုပ်ရန် ချမှတ်ထားခြင်းဖြစ်ပြီး လမ်းအကျယ် ပေ ၂၀၊ လမ်းအကွေ့ ၂၄ ပေ ခန့်သာ ရှိကြောင်း The Hakha Post ကို ကိုးကားပြီးရေးသားခြင်းနှင့်ပါတ်သက်၍ ၄င်းတို့သတင်းဌါနအနေဖြင့် သတင်းမှား ရေးမိခြင်း ဖြစ်ကြောင်း ဝန်ခံပြီးဖြစ်သည်။ ၂။ ရေးမြောင်းဖောက်လုပ်မှုအတွက် တာဝန်မရှိကြောင်း Alpha & Omega Company က ငြင်းဆိုထားသည် ဟု ရေးသားခြင်းနှင့်ပါတ်သက်၍ – မိမိတို့ ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ ငြင်းဆိုထားခြင်းမရှိသည့်အပြင် ရေမြောင်းတူး ဖော်ခြင်းလုပ်ငန်းကို ၆၀{241d12fcbf432557e829f91c0d6fd86903ac3e7007e1df33a0cc395ea774cb24} ကျော်ပြီးဆုံးပြီး ဖြစ်သည်။ ၃။ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Pu Lal Maung Cung ကလည်း ချင်းပြည်နယ် အတွင်း ကားလမ်းဖောက်လုပ်မှုများအနက်…
နိုင်ငံတော်အကြီးအကဲ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ချင်းပြည်နယ်ကို ရောက်ရှိလာစဉ်က တီးတိန်မြို့နယ် အတွင်း ပရဟိတလုပ်ငန်းများလုပ်ဆောင်ရန် လူဒါန်းခဲ့သော ကျပ်ငွေ သိန်း၁၀၀ သည် ယနေ့ချိန်ထိ အသုံးပြုခြင်းမရှိ ကြောင်း တီးတိန်မြို့လူငယ်ခေါင်းဆောင်တစ်ဦးကပြောသည်။