Author: Editor

ချင်းပြည်နယ်တွင် အမျိုးသာင်းအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေးအတွက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီကို အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီတို့မှ ပုဂ္ဂိုလ် (၉)ဦးဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ ချင်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီတွင် ပါဝင်သည့်ပုဂ္ဂိုလ်များမှာ ဒေါက်တာလှအောင် (အစိုးရ)၊ ဗိုလ်မှူးကြီးသန်းနိုင်(တပ်မတော်)၊ ဒေါ်နီရွှေလျန်း(လွှတ်တော်)၊ ချင်းအမျိုးသားတပ်ဦး CNF မှ ဆလိုင်းတလာဟေး၊ ဆလိုင်းထက်နီ၊ ပူးရာနင်း၊ နိုင်ငံရေးပါတီမှ ဦးဇိုဘွေ့၊ ဒေါက်တာမှုထန်၊ ဦးခန့်ဘွန်းတို့ဖြစ်သည်။ ယင်းကော်မတီသည် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအောင်မြင်ရေး၊ စနစ်တကျရှိစေရေး၊ လုပ်ငန်းလမ်းညွန်များ နှင့် ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ပထမအကြိမ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)ကို ပြည်နယ်တွင်း၊ ပြည်နယ်ပြင်ပ မြို့နယ် ၃၀ ခန့်မှ ချင်းကိုယ်စားလှယ်တော် (၅၀၀) ဦးခန့်ဖြင့် ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီလ ၂၇ မှ မတ်လ ၁ ရက်နေ့အထိ ၃ ရက်ကြာကျင်းပကြမည်ဟု ချင်းအမျိုးးသားနိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ- (Chin National Dialogue Joint Committee) က ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(ချင်း)မှ ထွက်ရှိလာသော ချင်းလူမျိုးများ၏ သဘောထားစုစည်းမှုများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီတို့မှတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံညီလာခံသို့ ပြန်လည်တင်သွင်းကြမည်ဖြစ်သည်။

Read More

နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် တစ်ခုတည်းသောလမ်းကြောင်း သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဖလမ်းမြို့တွင် ကျင်းပသော ၆၉ နှစ်မြောက်ချင်း အမျိုးသားနေ့အခမ်းအနားမိန့်ခွန်းတွင်ပြောဆိုလိုက်သည်။ “နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ တစ်ခုတည်းသော လမ်းကြောင်း ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဘဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည် သူတွေနှစ်ပေါင်း များစွာ မျှော်လင့် တောင်းတနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံ ကနေတဆင့်လျှောက်လမ်းရနိုင်မှာဖြစ်ပါတယ်’’ ဟု သမ္မတကပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးလာခံ-၂၁ ရာစုပင်လုံညီလာခံအောင်မြင်နိုင်ရေးနှင့် တိုင်းရင်းသားများလိုလားတောင်းတနေသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းချက်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ်ထွက်ပေါ်လာရေး၊ ပြည်ထောင်စုမျှော်မှန်း ချက် ပြည့်ဝအောင်မြင်ရေးကြိုးပမ်းဆောင်ရွက်ရာတွင် ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံးကလည်း စည်းလုံးညီညွတ်စွာ ၀ိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောဆိုခဲ့သည်။ ထို့အပြင် မကြာခင်ကာလအတွင်း ချင်းပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်မည့်အပေါ် ၀မ်းမြောက်ကြောင်း သမ္မတက ပြောသည်။ ချင်းပြည်နယ်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်နေ့အထိ ထန်တလန်မြို့ နယ်တွင် သုံးရက်ကြာကျင်းပကြမည်ဖြစ်သည်။ ဖလမ်းမြို့ ရာပြည့်ကွင်းတွင် ကျင်းပသော ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချူပ်နှင့် ၀န်ကြီးများ၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌနှင့်အဖွဲ့များ၊ ချင်းနိုင်ငံရေးပါတီများတက်ရောက်ခဲ့ကြသည်။

Read More

ဆိုင်းငံ့ခံခဲ့ရသော ချင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရဘက်မှ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြန်လည်ခွင့်ပြု လိုက်ပြီး ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF ဒုတိယ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။ “ကာချူပ်နဲ့နိုင်ငံတော်အတိုင်ပင်ခံတို့ဘက်က သဘောတူပြီးပြီဆိုပြီးတော့ မနေ့ညကဘဲ ငြိမ်းချမ်းရေးကော်မရှင်က ကျနော့ ဆီကို အကြောင်းကြားထားပါတယ် အကြမ်းဖျင်းကျနော်တို့စဉ်းစားထားတာကတော့ ဖေဖော်ဝါရီလ ၂၃၊ ၂၄၊ ၂၅ မှာ ကျင်းပဖို့ ပြင်ဆင်ထားပါတယ်၊ အတည်တော့မဟုတ်သေးဘူး၊ ဆက်ပြီးတော့ဆွေးနွေးရမှာပါ ဒါပေမယ့်ဖြစ်နိုင်ခြေများပါတယ်၊ ဘာလို့လဲဆိုတော့ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မတ်လ ပထမပတ်အတွင်း မှာ ကျင်းပမယ်ဆိုလို့ရှိရင် အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ပြင်ဆင်မှုလည်းလုပ်ထားပါတယ်’’ ဟု CNF ဒုဥက္ကဌကပြောသည်။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချူပ်အရ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် အဆင်သင့်ဖြစ်ပါက မိမိတို့ဒေသတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်သည်ဟု UPDJC က အစောပိုင်းတုန်းက ဆုံးဖြတ်ထားပြီး၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များအား ကျင်းပခွင့်ပြုခဲ့သော်လည်း နိုင်ငံရေးနှင့် နယ်မြေအနေအထားကြောင့်ဟုဆိုကာ ချင်းနဲ့ ရခိုင်ပြည်နယ်ကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စကြောင့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေး မတက်ရန် စဉ်းစားနေကြောင်း CNF ဘက်မှ ထုတ်ဖော်ပြောဆိုလာသလို ချင်းနိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်များဖြင့် ဖွဲ့စည်းထားသော ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးမှု ပူးပေါင်းကော်မီတီမှလည်း တောင်းဆိုမှုများပြုလုပ်လာသည့်နောက်ပိုင်း တစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၃ နေ့က ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာလျန်မှုန်းဆာခေါင်းက “ ကျနော်တို့ဘက်မှာ ဆောင်ရွက်သင့်တာပြင်ဆင်သင့်တာအားလုံးပြင်ဆင်ခဲ့ပြီးပြီ၊ အဲဒီပြင်ဆင်နေတဲ့ဟာကိုလည်း ကျနော်တို့က ထပ်ပြီးတော့တင်ပြတာဖြစ်တယ်၊ အဲဒီမှာ…

Read More

ချင်းအမျိုးသားနေ့သမိုင်း ဆလိုင်းဗန်ကျုံးလျန် (ယူကေ) ၁.၀နိဒါန်း ချင်းအမျိုးသားနေ့ကိုကျင်းပ သည့်အခါတိုင်းမိန့်ခွန်းများတွင် အဘယ့်ကြောင့်ကျင်းပ ရသနည်းဆို သည်ကိုအမြဲပြောလေ့ ရှိသော်လည်း ဓိပ္ပါယ်ဖွင့် ဆိုပုံချင်းမတူကြပေ။ အချို့က… တိုက်သူကြီး၊ရွာသူကြီးစနစ်မှ စတင်၍ဒီမိုကရေစီစနစ်ပြောင်းလဲ အသုံးပြုရန်ဆုံးဖြတ် သည့်နေ့၊ချင်းပြည်အတွက် တိုက်သူကြီးစနစ် မှဒီမိုကရေစီစနစ် သို့ပြောင်း လဲရန်ဆုံးဖြတ်ရာ တွင်ချင်းပြည်အရပ် ရပ်မှလူ ထုဦးရေ၅၀၀၀ခန့် တက်ရောက်ပြီးဆုံးဖြတ်သည့် အတွက်စည်းလုံးမှုပြယုဂ်ဖြစ် သည့်နေ့၊အချို့ကမူ…ဖေဖော်ဝါရီ ၂၀ရက်နေ့သည်ချင်း သမိုင်းတစ်လျှောက် တွင်ချင်းအမျိုးသားများအတွက် အရေးကြီးသည့်နေ့ ရက်ဖြစ်သောကြောင့် ချင်းအမျိုးသားနေ့ ကျင်းပ ရခြင်းဖြစ်ကြောင်း စသဖြင့်ရေးသားပြောဆိုကြသည်။ အချို့ကလည်း ခေတ် အဆက်ဆက် ချင်းတိုင်းရင်းသား ဘိုးဘွားများ အသုံးပြုခဲ့ကြ သည့်စနစ်ဖြုတ်ချ သည့်နေ့ကို ချင်းအမျိုးသားနေ့ဟု မသတ်မှတ် သင့်ကြောင်း စသည်ဖြင့်ပြော ဆိုကြ သည်။ထို့ကြောင့် ချင်းအမျိုးသားနေ့ ပေါ်ပေါက်လာပုံကို ထိုအချိန်က ချင်းရေးရာ ကောင်စီမှတ်တမ်းများကိုးကား၍ပြန် လည်သုံး သပ်တင်ပြသွား မည်ဖြစ်သည်။ ချင်းအမျိုးသားနေ့ သည်၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့တွင်ကျင်းပသော ချင်းရေးရာ ကောင်စီအစည်းအဝေး မှဖြစ်ပေါ် လာခြင်းဖြစ်သည်။ ထို့ကြောင့်ချင်းအမျိုးသားနေ့ အကြောင်းလေ့လာရာတွင် ကျွန်ုပ်သည် ဖလမ်းမြို့ရှိလွတ်လပ်ရေးအောင်ပွဲ အခမ်းအနားတွင်ချင်းပြည် အုပ်ချုပ်ရေးပြောင်းလဲနိုင်ရန် အတွက်ချင်းရေးရာကောင်စီ ၏ကြိုးပမ်းချက်များသမိုင်း၊ ၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့တွင်ကျင်းပသော ချင်း ရေးရာကောင်စီအစည်းအဝေး ၏ဆွေးနွေးချက်နှင့်ဆုံးဖြတ် ချက်မှတ်တမ်းများ ကိုသာ စူးစိုက်ဖော်ပြသွား မည်ဖြစ်သည်။ ၂.၀လွတ်လပ်ပြီးခေတ်၊ချင်းရေးရာဌာန၏ကြိုးပမ်းမှုများ ၁၉၅၁ခုနှစ်အောက်တိုဘာလ ၉ရက်နေ့ချင်းရေးရာကောင် စီအစည်းအဝေးအကြောင်း မဖော်ပြမီချင်းရေးရာဌာန၏ လွတ်လပ်ပြီးကာလကြိုးပမ်းချက် များအားဖော်ပြလိုပါသည်။ ၁၉၄၈ခုနှစ်ဇန်န၀ါရီလ၄ရက်နေ့ တွင်မြန်မာနိုင်ငံ သည်ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည်။ ၁၉၄၇ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ်– ၅၊ချင်းဝိသေသတိုင်း အခန်း၊ ပုဒ်မ– ၁၉၆၊၁၉၇၊၁၉၈တို့ အရချင်းရေးရာကောင်စီ၊…

Read More

ယခုလကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်မတက်ရောက်မည်ကို ပါတီတွင်း ပြန်လည်ဆွေးနွေးဆုံး ဖြတ်မည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) အထွေထွေအတွင်းရေးမှူး(၂) ဒေါက်တာရွှေခါးကပြောသည်။ နေပြည်တော် သင်္ဂဟဟိုတယ်တွင် ဖေဖော်ဝါရီ ၆ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး မတိုင်ခင် ကြားကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲကို ချင်းနှင့် ရခိုင်ပြည်နယ်တွင် မလုပ်ရန်ဆုံးဖြတ်ခဲ့ကြ သည့်အတွက် CNF အနေဖြင့် ယခုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အခုက Framework for Political Dialogue အရဆိုရင် ၂၁ ပင်လုံညီလာခံမှာက အမျိုးသားအဆင့်နိုင်ငံရေး ဆွေး နွေးပွဲ က ရလဒ်တွေကိုဘဲ ထပ်ပြီးတော့ ဆွေးနွေးကြပြီးတော့ ဘုံသဘောတူညီချက်ရှာကြမှာဖြစ်ပါတယ်၊ တကယ်လို့ကျနော်တို့ CNF အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်ဘဲနဲ့ သွားတက်ရင် ကျနော်တို့မှာ ဆွေးနွေးခွင့်တောင်ရှိပါ့မလား ပေါ့နော်၊ လေ့လာသူနဲ့ ဘာမှထူးမခြားနားပေါ့နော်၊ အမျိုးသား အဆင့် ဆွေးနွေးပွဲမလုပ်ဘဲနဲ့ တော့ အဲဒီပင်လုံညီလာခံမှာ ဘာသွားဆွေးနွေးမှာလဲ၊ အခုထက်ထိကတော့ ကျနော်တို့ဆွေးနွေးနေတုန်းပေါ့၊ အတိကျအဖြေပေးလို့တော့မရသေးဘူး ပါတီတွင်းမှာပြန်ပြီး ဆွေးနွေး ဆုံးဖြတ်ရ မှာပါ’’ ဟု ဒေါက်တာရွှေခါးက ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ ချင်းနှင့်ရခိုင်ပြည်နယ်သည် လက်ရှိနယ်မြေအနေအထား၊ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေတွေအပြင် ကြားကာလတွင် ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းအခြေအနေများကို ကြည့်ကာ ယခုကဲ့သို့ ဆိုင်းငံ့ခြင်းဖြစ် သည် ဟု သမ္မတရုံး ဒုညွန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာများတွင်ပြောဆိုခဲ့သည်။ ထို့အပြင် ချင်းအမျိုးသားတပ်ဦးသည် ချင်းအားလုံးကို ကိုယ်စားမပြုကြောင်း ဆက်ဆံရေးရုံးဖွင့်လှစ်ဖို့တောင်…

Read More

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP) ပါတီက ချင်းပြည်နယ် ထန်တလန်မြို့တွင် မဲဆွယ်စည်းရုံးမှုစတင်နေပြီဟုသိရသည်။ လစ်လပ်မဲဆန္ဒနယ်မြေ တစ်နေရာသာရှိသော ချင်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ထန်တ လန်မြို့နယ် တွင် ကျင်းပမည်ဖြစ်ပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ဒေါ် Za Tlem ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်မှ ဦး Bawi Khing နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဦး Zo Peng တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၎င်းတို့ (၃) ဦးသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ပြီး နိုင်ငံတော်ဒုတိယ သမ္မတ(၂)အဖြစ် တင်မြောက်ခံခဲ့ရသော ဦးဟင်နရီဗန်ထီးယူ၏ လစ်လပ်သွားသည့် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒေါ် Za Tlem သည် ၂၀၁၀ ရွေးကောက်ပွဲတုန်းက ထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေး ကောက်ခံရသည့် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင် ကာ ဆုံးနိမ့်ခဲ့ပြီး ယခုတစ်ခါ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အလားတူ ဦး Zo Peng သည်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုံးနိမ့်ခဲ့သူဖြစ်သည်။ ဦး Bawi Khing မှာမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ လွှတ်တော်ကိုယ်စား လှယ်အသစ်ဖြစ်ပြီး ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများအားလုံးသည် ၎င်းတို့ဝင်ရောက်ယှဉ်ပြိုင်သော မဲဆန္ဒနေရာ အားလုံးတွင် ဆုံးနိမ့်ခဲ့ကြသည့်အတွက် ယခုကြားဖြတ်ရွေးကောက်ပွဲသည်…

Read More

by (ဟွာလ်ငိုသား)  – ချင်းပြည်နယ်၏ အမှတ်သင်္ကေတ တစ်ခုဖြစ်သော အသည်းနှလုံးပုံ “ ရိဒ်’’ ရေကန်အား ထိန်းသိမ်း ကာကွယ်ရန်နှင့် ဖွံဖြိုးတိုးတက်လာရေးကို အလေးထားဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အော င်ဆန်းစုကြည်က မှာကြားခဲ့သည်ဟု ၂ ညအိမ်ခရီးစဉ်ဖြင့် ချင်းပြည်နယ်သို့ ရောက်ရှိလာသော နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီး ယူကပြောသည်။ ဒုသမ္မတနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၄ ရက်နေ့က “ ရိဒ်” ရေကန်သို့ သွားရောက်ပြီး ဒေသတွင်း အစိုးရတာဝန်ရှိ သူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ်တွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဒီခရီးစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရိဒ် ရေကန်ကို သွားရောက်ဖို့ ကျနော်ကိုပြောပါတယ်၊ ထိန်းသိမ်းကာကွယ်တဲ့အပိုင်းမှာလည်း ကျနော့ကို တာဝန်ပေးထားပါတယ်’’ ဟု ဒုသမ္မတက ပြောသည်။ ယင်းတွေ့ဆုံပွဲတွင် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ရဲအောင်မှ ရိဒ်ရေကန်ပတ်ဝန်းကျင်ရှိ သစ်တောမြေအနေအထားများ၊ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးစီမံကိန်းများ ရှင်းလင်းချပြပြီးနောက် ဒုသမ္မတက ရိဒ်ရေကန်အား သဘာဝဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးတို့က အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့သည်။ ထို့အပြင် ဒေသခံပြည်သူများ၏ တောင်းဆိုချက်အရ ရိဒ်ရေကန်သည် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စွဲဆောင်နိုင်သော ခရီးသွားလုပ်ငန်းဒေသအဖြစ်အလေးထားဆောင်ရွက်ကြရန် ပြည်နယ်အစိုးရအဖွဲ့ကို မှာကြားခဲ့သည်။ ယခုလက်ရှိတွင် ရိဒ် ရေကန်သည် ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးဌာနလက်အောက်ရှိ သစ်တောကြိုးဝိုင်းပိုင် နက်အတွင်းတည်ရှိသော်လည်း ရိဒ်ရေကန် နဘေးတွင်ရှိသော တည်းခိုရိပ်သာနှင့် စားသောက်ဆိုင်များကိုမူ ရိဒ်အခြေစိုက် တပ်မတော်တပ်ဖွဲ့လက်အောက်တွင် ရှိနေသည်ဟု ရိဒ်​မြို့ ပြန်​ကြား​ရေးနှင့်​ ပြည်​သူ့ဆက်​ဆံရေးဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ရိဒ်မြို့NLD ဥက္ကဌ Pu Zadawla က “ဒီတည်းခိုရိပ်သာနဲ့ စားသောက်ဆိုင်ကိစ္စကို…

Read More