Author: Editor

Network for Chin Civil Societies ခေါ် ချင်းလူမှုကွန်ယက် ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ၂၀၁၂ ဇူလိုင်လ ၃၀ – ၃၁ ရက်အတွင်း အောင်မြင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

Read More

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပူး သောန်လွေအာ က အထက (ခွဲ) လက်ပံချောင်း ကျောင်း ရွာငှားကျောင်းဆရာ (၅) ဦးကို ပြီးခဲ့သော ဂျွန်လက ၄င်းတို့ အလုပ်မှ ဖြုတ်ချလိုက်သည်ဟု သိရသည်။

Read More

မြန်မာနိုင်ငံ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ တွင် ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးဌာန မှ မော်တော်ဆိုင်ကယ်ပိုင်ရှင်များကို ဇူလိုင်လ (၂၃)ရက်နေ့ မှစ၍ လိုင်စင် ထုတ်ပေးနေ ကြောင်း သိရသည်။

Read More

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ တွင် တနေ့  (၃)နာရီအတွင်း ပုံမှန် လျှပ်စစ်မီး ရရှိရေးအတွက် ဒေသခံလူထု (၂၇၉) များမှလက် မှတ်ရေးထိုးကြပြီး နိုင်ငံတော် သမ္မတ ဦး သိန်းစိန် ထံပေးပို့ ကြောင်းသိရသည်။

Read More

စီအဲန်အက်ဖ် ဆက်ဆံရုံးစိုက်ရာ ချင်းပြည်နယ်မတူပီမြို့တွင် စီအဲန်အက်ဖ်နဲ့ ချင်းပြည်သူတွေ့ ဆုံဆွေးနွေးမှု ဖော်ဆောင်မည့် ကော်မီတီကို ဇူလိုင် ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိ သည်။

Read More

ချင်းဒေသလူထုများအနေဖြင့် ဗမာပြည်မထဲတွင် ခရိုင်တခုအဖြစ်ပါဝင်လိုခြင်းမရှိခဲ့ပါ၊ ချင်းပြည် နယ်သည် ညီညွတ် သော တောင်တန်းဒေသလူမျိုးများ ဗဟိုကောင်စီထဲတွင်သာ နေ လိုခြင်းဖြစ် သည်။ ၁၉၊ ၄၊ ၄၇ ရက်နေ့ ချင်းကိုယ် စားလှယ် တချို့ တင်ပြချက် များသည် ကျွန်ုပ်တို့ ညီညွတ်သော တောင်တန်းဒေသလူမျိုးများ ဗဟိုကောင်စီမှ ခွဲ ထွက်မည့် သဘော ဟု ယူဆမ ရနိုင်ပါ၊ ချင်းတို့သည် ပင်လုံညီလာခံ၏ဆုံးဖြတ်ချက်အတိုင်းသာ လက်တွဲဆောင်ရွက် မည်ဖြစ်ပါသည်။ ထိုနည်း တူ ဗမာအစိုးရနှင့်လည်း အလားတူဆက်ဆံ မည်ဖြစ်ကြောင်း ဖော်ပြ လိုပါသည်။ ချင်းအချို့တို့ သည် ပြည်ထောင်စု အစိုးရ နှင့် ဖက်ဒရေအစိုးရဆိုသည့် ဆိုလိုရင်း ကိုတိကျစွာနား မလည်သောကြောင့် ကွဲလွဲမှုများဖြစ်ရပါသည်။

Read More

ချင်းပြည်နယ် နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် တွင် ယနေ့နံနက်ပိုင်းက ညလိုင်းပြေးဆွဲသော ခရီးသည်တင် ဘစ်ကားတစီး တိမ်းမှောက်ခဲ့ရာ ချင်းလူမျိုးနှစ်ဦးနှင့် ခရီးသည် ၁၈ ဦး သေဆုံးပြီး ၁၉ ဦး ဒါဏ်ရာ ရရှိကြသည်ဟု သိရသည်။

Read More

ပလက်ဝဒေသ ခူမီးချင်းများ အတွက် စီးပွားဝင်ငွေ အကောင်းဆုံးအဖြစ်အားထားရသည့် သရက်သီး များ ၀ယ်သူ မရှိသော ကြောင့် သရက်ခြံပိုင်ရှင်များ ၀င်ငွေ ထိခိုက်သည်ဟု သိရသည်။

Read More

ချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့ပေါ် လျှပ်စစ်မီးပိုမိုရရှိရေးအတွက် နိုင်ငံတော် သမ္မထံ မကြာခင် အရေးဆိုတင်ပြတော့ မည်ဟု သိရသည်။

Read More

ဇူလိုင် ၁၅ ရက်နေ့ စီအဲန်အက်ဖ်က ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုနဲ့ ပါတ်သက်ပြီး မီဇိုရမ် ပြည်ရောက် ချင်းပြည်သူ များနှင့် တွေ့ဆုံရှင်းလင်းမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

Read More