Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန္ျမဳိ႕ COVID -19 လူနာအမွတ္ (၂၃) ႏွင့္ (၁၁၃) တုိ႔ ေဆးရုံမွဆင္းျပီ

တီးတိန္ျမဳိ႕ COVID -19 လူနာအမွတ္ (၂၃) ႏွင့္ (၁၁၃) တုိ႔ ေဆးရုံမွဆင္းျပီ

0
By Editor on June 11, 2020 Khonumthung

#Zawgyi

By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ တီးတိန္ျမဳိ႕ ျပည္သူ႔ေဆးရုံတြင္ ကုသမူ႔ခံယူေနသည့္ COVID -19 လူနာအမွတ္ (၂၃) ႏွင့္ (၁၁၃) တုိ႔၏ ဓာတ္ခြဲစစ္ေဆးမူအေျဖ (၂) ၾကိမ္ဆက္တုိက္ Negative ျပျပီး က်န္းမာေရးေကာင္းမြန္သည့္အတြက္ ယေန႔နံနက္ပုိင္းတြင္ ေဆးရုံမွဆင္းျပီဟု သိရသည္။

လူနာအမွတ္ (၂၃) ႏွင့္ (၁၁၃) တို႔သည္ ေဆးရံုးမွ ယေန႔မနက္ပိုင္း ဆင္းခြင့္ေပးလိုက္ျပီျဖစ္ျပီး ေနအိမ္တြင္ Quarantine ဆက္လက္ထားရိွသြားမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“ေဆးရုံကေန ဒီေန႔မနက္ပုိင္းဆင္းမယ္၊ သူ႔တုိ႔ႏွစ္ေယာက္ကုိ အိမ္မွာပဲ Quarantine  ဆက္ထားမယ္၊ သူတို႔ရဲ႕ က်န္းမာေရးက က်န္းက်န္းမာမာ ပါပဲ မေလးရွားျပန္ (၃) ေယာက္က်န္မယ္” ဟု ေျပာသည္။

လူနာအမွတ္ (၂၃) သည္ ျမန္မာႏုိင္ငံတြင္ ပထမဆုံး ကုိဗစ္ႏုိင္တင္း လူနာအမွတ္ (၁) ၏ မိခင္အသက္ (၅၈) ႏွစ္အရြယ္ျဖစ္ျပီး လူနာအမွတ္ (၁၁၃) သည္ လူနာအမွတ္ (၁) ႏွင့္ ထိစပ္မႈ အသက္ (၆၅) ႏွစ္အရြယ္ အမ်ိဳးသမီးတို႔ျဖစ္ၾကသည္။

တီးတိန္ျမိဳ႕ ျပည္သူ႔ေဆးရံုတြင္ မေလးရွားျပန္ႏွစ္ေယာက္လူနာအမွတ္ (၂၀၀)၊ (၂၀၁) ႏွင့္ လူနာအမွတ္ (၁) တည္းခိုခဲ့သည့္ တီးတိန္ျမိဳ႕က အိမ္ရွင္လူနာအမွတ္ (၃၁) တို႔သည္ Positive ျဖစ္ေနဆဲျဖစ္ေၾကာင္းသိရသည္။

ခ်င္းျပည္နယ္တြင္ ကိုရုိနာဗိုင္းရပ္စ္ပိုးေတြ႕ လူနာ (၁၀) ရိွျပီး တီးတိန္ျမိဳ႕တြင္ (၅) ဦး၊ ထန္တလန္ (၁)ဦး၊ ဟားခါး (၁) ဦးႏွင့္ မင္းတပ္ျမိဳ႕တြင္ (၁) ဦးရိွျပီး ၎တို႔ထဲတြင္ လူနာအမွတ္ (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃) ႏွင့္ (၁၅၀)  တို႔မွာ Negative ႏွစ္ၾကိမ္ျပ၍ ေဆးရံုကဆင္းေနၾကျပီျဖစ္ေၾကာင္းသိရသည္။

ကိုရိုနာဗိုင္းရပ္စ္ပိုး Positive ရိွေနဆဲျဖစ္သည့္ လူနာ (၅) ဦးရိွျပီး ဟားခါးျမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ထန္တလန္ျမိဳ႕မွ လူနာအမွတ္ (၁၈၂)၊ မင္းတပ္ျမိဳ႕မွ ပိုးေတြ႕လူနာအမွတ္ (၂၃၂) ႏွင့္ တီးတိန္ျမိဳ႕ျပည္သူ႔ေဆးရုံတြင္ လူနာအမွတ္ (၂၀၀)၊ လူနာအမွတ္ (၂၀၁)၊ လူနာအမွတ္ (၃၁) တို႔ရိွေသးေၾကာင္းသိရသည္။

Photo Crd: Tedim Times

#Unicode

By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကုသမူ့ခံယူနေသည့် COVID -19 လူနာအမှတ် (၂၃) နှင့် (၁၁၃) တို့၏ ဓာတ်ခွဲစစ်ဆေးမူအဖြေ (၂) ကြိမ်ဆက်တိုက် Negative ပြပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းပြီဟု သိရသည်။

လူနာအမှတ် (၂၃) နှင့် (၁၁၃) တို့သည် ဆေးရုံးမှ ယနေ့မနက်ပိုင်း ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး နေအိမ်တွင် Quarantine ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ဆေးရုံကနေ ဒီနေ့မနက်ပိုင်းဆင်းမယ်၊ သူ့တို့နှစ်ယောက်ကို အိမ်မှာပဲ Quarantine ဆက်ထားမယ်၊ သူတို့ရဲ့ ကျန်းမာရေးက ကျန်းကျန်းမာမာ ပါပဲ မလေးရှားပြန် (၃) ယောက်ကျန်မယ်” ဟု ပြောသည်။

လူနာအမှတ် (၂၃) သည် မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်နိုင်တင်း လူနာအမှတ် (၁) ၏ မိခင်အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး လူနာအမှတ် (၁၁၃) သည် လူနာအမှတ် (၁) နှင့် ထိစပ်မှု အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် မလေးရှားပြန်နှစ်ယောက်လူနာအမှတ် (၂၀ဝ)၊ (၂၀၁) နှင့် လူနာအမှတ် (၁) တည်းခိုသည့် တီးတိန်မြို့က အိမ်ရှင်လူနာအမှတ် (၃၁) တို့သည် Positive ဖြစ်နေဆဲဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ (၁၀) ရှိပြီး တီးတိန်မြို့တွင် (၅) ဦး၊ ထန်တလန် (၁)ဦး၊ ဟားခါး (၁) ဦးနှင့် မင်းတပ်မြို့တွင် (၁) ဦးရှိပြီး ၎င်းတို့ထဲတွင် လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃) နှင့် (၁၅၀) တို့မှာ Negative နှစ်ကြိမ်ပြ၍ ဆေးရုံကဆင်းနေကြပြီဖြစ်ကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး Positive ရှိနေဆဲဖြစ်သည့် လူနာ (၅) ဦးရှိပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ထန်တလန်မြို့မှ လူနာအမှတ် (၁၈၂)၊ မင်းတပ်မြို့မှ ပိုးတွေ့လူနာအမှတ် (၂၃၂) နှင့် တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် လူနာအမှတ် (၂၀ဝ)၊ လူနာအမှတ် (၂၀၁)၊ လူနာအမှတ် (၃၁) တို့ရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.