ချင်းတိုးတက်ရေးပါတီ( CPP)မှ ပူးပေါင်းရေး လိုလားသူများ နှင့် ချင်းအမျိုးသားပါတီ (CNP ) ခေါင်းဆောင်းများ ချင်းအမျိုး သားညီလာခံအပြီး နိုဝင်ဘာ ၁၅ ရက်နေ့ညနေပိုင်းက ဟားခါးမြို့ ကာဆင် ခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ ကြပြီး တစ်ပါတီအဖြစ် ပူးပေါင်းရန် သဘော တူဆုံးဖြတ်ခဲ့ကြသည်။
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့တွင် နိုဝင်ဘာ ၁၂ မှ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပပြုလုပ်ခဲ့ကြသော ချင်းအမျိုးသား ညီလာခံကြီးသည် ယနေ့တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ဘုံသဘောတူညီချက် ၁၃ ချက်ကို သဘောတူရရှိနိုင်ခဲ့ ကြသည်။ ချင်းအမျိုးသားညီလာခံတွင် တက်ရောက်လာကြသော ကိုယ်စားလှယ် ၅၀၀ ကျော်ကို အဖွဲ့ ၁၀ ဖွဲ့ခွဲကာ ညီလာခံမှ ချမှတ်ထားသော ကဏ္ဍ (၁၀) ခုအပေါ် ဆွေးနွေး ၃ ရက်တာဆွေးနွေးစေပြီးနောက် ယနေ့ နိုဝင်ဘာ ၁၅ ရက် ညီလာခံ နောက်ဆုံးနေ့တွင် အားလုံးသဘောတူညီသော ဘုံသဘောတူညီချက် ၁၃ ချက်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကျတော်များ ချင်းပြည်နယ် ထန်တလန်မြို့နယ် Tlangpi ရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိသည်။ ဆင်းရဲမွဲတေမှုကြောင့် တအိမ်လျှင် တဦးနှုန်းသည် ပြည်ပနိုင်ငံတွင် အလုပ်လုပ်ပြီးမိသားစုကို လုပ်ကျွေးမှုပြုကြသည်။ ပြည်ပရောက်ရှိနေကြတဲ့ သားသမီးတွေဟာ ရပ်ရွာအကျိုးကို ရှေ့ရှုပြီး Tlangpi Development Committee ကို ဖွဲ့စည်းပြီး ရပ်ရွာ လူမှုဖုံလှုံရေး အတွက် ထောက်ပံ့ကူညီမှုများပြုနေကြသည်မှာ ၀မ်းသာစရာဖြစ်သည်။ TDC ကျေးဇူးကြောင့် သွပ်မိုးအိမ်တွေနဲ့ တောက်ပ လာသည်။
Mara Literature and Culture Committee, Yangon က ပြုစုသည့် မူလတန်းဆင့် သူငယ်တန်းမှ စတုတ္တတန်းအထိ သင်ကြားမည့် Mara စာပေ သင်ရိုးညွန်းတမ်းကို ယခုလ နိုဝင်ဘာတွင် အုပ်ရေ ၁၀၀၀ စီ ပုံနှိပ်ထုတ်ဝေတော့မည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ချင်းအမျိုးသားတပ်ဦး CNF ၏ စီးပွားရေးရုံးဖွင့်ပွဲကို ၁၉/ ၁၀/ ၂၀၁၃ နေ့  က ရိက္ခရပ်ကွက်ရှိ ခူမီးစာပေနှင့် ယဉ်ကျေးမှု ပြတိုက်ခန်းမတွင် ပြုလုပ်လိုက် ကြောင်း သိသည်။
အယ်ဒီတာ့ချုပ်ထံ ပေးစာ ၁၈၊ ၄၊ ၂၀၁၃ ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ ဆဘောင်းတဲကျေးရွာ နှင့် ဒါရ်လင်းကျေးရွာ အကြားတွင် ခလရ(၁၄၀) တပ်ရင်းမှ ဗိုလ်ကြီးဆက်နိုင်နှင့်အဖွဲ့က မူးယစ်ဆေးဝါးဟု ယူဆရသော ဆေးပြားထည့် ထား သည့်အိတ်(၂၉၈)အိတ်၊ ဆေးပြားပေါင်း ၃၆၅၀၀၀၀ခန့် အလေးချိန် ၄၀၀ ကီလိုဂရမ်နှင့်ဆေးပြားသယ်ဆောင် သည့် ယာဉ်အမှတ် ၃ယ/ ၆၃၂၈၊ အပြာရောင် တိုယိုတာ ဟိုင်းလပ်ဆပ်(ဖ်)တစ်စီးနှင့်အတူ တရားခံများဖြစ်ကြသော ရှောက်ခမ်း(ဘ) ဦးလူလောချန်း၊ အမှတ်(၆)ရပ်ကွက် လားရှိုးမြို့၊ အားတီ(ဘ) ဦးလောက်တာ အမှတ်(၁၂) ရပ်ကွက်၊
ဇလပ်ထက်နီ – လာမည့် ၂၀၁၃ နိုဝင်ဘာ ၌ ချင်းပြည်နယ်မြို့တော်ဟားခါးမှာ ချင်းအမျိုးသားညီလာခံကြီး ကျင်းပရန် ပြင်ဆင် လျက်ရှိ သည်။ ညီလာခံမှာ ချင်းတမျိုးသားလုံးကိုလွှမ်းခြုံပြီး ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားနိုင်ငံရေးပါတီများ၊ ချင်း ပြည်ရှိ တခြားနိုင်ငံရေးပါတီများ၊ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များ၊ လူမှုအသင်းအဖွဲ့များ၊ ဘာသာရေး အသင်း အဖွဲ့များ အပြင် တတ်သိပညာရှင်များ၊ အလွှာ အသီးသီးမှ ကိုယ်စားလှယ်များပါဝင်ဖိတ်ကြားထားမည်မှာ မလွဲပါ။
ဒိန်းမတ်အစိုးရ၏ အကူအညီဖြင့် ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ် အထက်ပိုင်းမြို့နယ် ၅ မြို့နယ်ရှိ အထက်တန်းကျောင်းများတွင် ကွန်ပျူတာနှင့် အင်တာနက်လိုင်းများ တပ်ဆင်ပေးနေပြီဟုသိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့နယ် ပန်းအော့ ကျေးရွာ မှ ဗုဒ္ဒသာသနာပြု ကျောင်းထိုင် ဘုန်းတော်ကြီး ဦး နန္ဒသီရိအား အရေး ယူပေးရေး ဒေသခံ ဖြစ်သူ ဦးနိုင်းထန်းက မြို့နယ်အုပ် ချုပ်ရေးမှူးထံ ယခုလ အောက်တိုဘာ (၉) ရက်နေ့က တိုင်ကြား လိုက်ကြောင်း သိရ သည်။
ချင်းတောင်ထွက် ထင်းရှူးဆီ ၀ယ်ယူရေးလေ့လာရန် ဂျပန်ကုပ္မဏီ နှစ်ခု Mitsubishi နှင့် Marima Co. Ltd တို့ အောက်တိုဘာ ၁၇ ရက်နေ့က ဟားခါးသို့ရောက်ရှိလာကြသည်ဟု သိရသည်။